iMyanmarHouse.com - Best Property Website for Myanmar
×





PN

Credit: Tun Min Naing

# Unicode Version ဖြင့် ဖတ်ပါ #
နေပြည်တော်-ရန်ကုန် အမှတ် ၆ အစုန် ရထား ပေါ်တွင် ခရီးသည်တစ်ဦး မေ့ကျန်ခဲ့သော ရွှေထည်များပါသည့် ပိုက်ဆံအိတ်ကို မြန်မာ့မီးရထားဝန်ထမ်းတစ်ဦးက တွေ့ရှိခဲ့၍ ပိုင်ရှင်ကိုရှာဖွေပြီး အပ်နှံခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၅ရက်နေ့ က ယင်းရထားကို စီးနင်းလာသည့် ဒေါ်ခင်အုန်းဆိုသူသည် ၎င်းစီးနင်းလိုက်ပါခဲ့သည့် ထိုင်ခုံပေါ်တွင် ပိုက်ဆံအိတ် မေ့ကျန်ခဲ့သည်။

ယင်းပိုက်ဆံအိတ်ကို တာဝန်ကျတွဲထိန်းက တွေ့ရှိခဲ့၍ ဌာနအကြီးအကဲများမှ တဆင့် ပိုင်ရှင်ကိုရှာဖွေပြီး ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်သည်။

ပိုက်ဆံအိတ်အတွင်း တွင် လက်ကောက် ၂ ကွင်း ၊ လက်စွပ် ၂ ကွင်း၊ ဆွဲကြိုး ၁ကုံး ၊ လော့ကတ်သီး တခု ၊ ငွေသား ၂ သိန်းကျော် နှင့် မှတ်စု စာအုပ် သော့တွဲ တစ်တွဲ တို့ပါဝင်သည်။

PN

ဖိုးသူတော် (www.phothutaw.com)
Credit: Tun Min Naing
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top