ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အစားေလွ်ာ႕စားသူမ်ားႏွင့္ က်န္းမာေရးလိုက္စားသူမ်ားအတြက္ ဆာေလာင္ျခင္းက အဆိုးရြားဆံုးေသာ ရန္သူတစ္ပါးပါပဲ။ အခ်ိန္မွန္ဗိုက္ဆာျခင္းက သင့္ခႏၶာကိုယ္ပံုမွန္အလုပ္လုပ္ႏိုင္ရန္အတြက္ လိုအပ္သည့္အစာကိုေတာင့္တတာျဖစ္ေပမယ့္လည္း အစားစားၿပီးသည့္ေနာက္မွာမွ ဗိုက္ဆာေနေသးလွ်င္ေတာ့ ေကာင္းသည့္လကၡဏာမဟုတ္ေတာ့ပါဘူး။ ထုိ႕မွတဆင့္ ေနာက္ဆက္တြဲဆိုးရြားသည့္ေရာဂါမ်ားထပ္မံမျဖစ္လာေစေရးအတြက္ ယခုကတည္းကႀကိဳတင္ကာ ကာကြယ္ႏိုင္ရန္ အေႀကာင္းအရင္းမ်ားကို ေဖာ္ျပေပးလုိက္ရပါတယ္။

အိပ္စက္ခ်ိန္နည္းပါးျခင္း

အိပ္ခ်ိန္မမွန္သူမ်ားႏွင့္ တေန႕လွ်င္ ခုႏွစ္နာရီမွ ရွစ္နာရီအထိ အိပ္ခ်ိန္လံုလံုေလာက္ေလာက္မရရွိသူမ်ားဟာ အခ်ိန္ျပည့္ဗိုက္ဆာေနႏိုင္ပါတယ္။ တစ္ရက္ေလာက္အိပ္ေရးပ်က္လိုက္ရံုျဖင့္ အစာစားခ်င္စိတ္ႏွင့္ ဆက္စပ္ေနသည့္ ေဟာ္မုန္းႏွစ္ခုအေပၚထိေရာက္မႈရွိႏိုင္ေသာေႀကာင့္ ဗိုက္ျပည့္သည့္ခံစားခ်က္ကို ေပ်ာက္ရွသြားေစႏိုင္ပါတယ္။

စိတ္ဖိစီးမႈလြန္ကဲျခင္း

စိတ္ဖိစီးမႈဒဏ္ကို အစားပိုစား၍ ေျဖေဖ်ာက္ရန္ႀကိဳးစားျခင္းသည္ ခံစားေနရသည့္စိတ္ဒဏ္ရာမ်ားကို မသက္သာေစႏိုင္သည့္အျပင္ ကိုယ္အေလးခ်ိန္တက္လာေစကာ အျခားက်န္းမာေရးဆိုင္ရာျပႆနာမ်ားကို ျဖစ္ေပၚလာေစႏိုင္ပါတယ္။ ထို႕ေႀကာင့္ အစားပိုုစားမည့္အစား ေလ့က်င့္ခန္းလုပ္ျခင္း၊ တရားထိုင္ျခင္း၊ သီခ်င္းနားေထာင္ျခင္းတုိ႕ကို ျပဳလုပ္ေပးႏိုင္ပါတယ္။

ေသြးခ်ိဳပမာဏနည္းပါးျခင္း

ခႏၶာကိုယ္အတြင္းရွိ ဂလူးကို႕စ္ပမာဏသည္ အင္မတန္နည္းပါးသြားသည့္အတြက္ ဗိုက္ဆာလာေစတာျဖစ္ပါတယ္။ ဆာေလာင္မႈအျပင္ စိုးရိမ္ေႀကာင့္ႀကျခင္း၊ ျဖဴဖပ္ျဖဴေရာ္ျဖစ္ျခင္း၊ ေခၽြးထြက္ျခင္း၊ ေနထုိင္မေကာင္းျခင္း စသည့္ေရာဂါလကၡဏာမ်ားကိုလည္း ေနာက္ဆက္တြဲအေနျဖင့္ ခံစားလာရႏိုင္ပါတယ္။

ဆီးခ်ိဳေရာဂါခံစားရျခင္း

ပံုမွန္အခ်ိန္မ်ားတြင္ စားသံုးလုိက္သည့္အစာတြင္ပါ၀င္ေသာ သႀကားဓာတ္ကို ခႏၶာကိုယ္မွ ဂလူးကို႕စ္အျဖစ္သို႕ေျပာင္းလဲေပးေသာ္လည္း ဆီးခ်ိဳေရာဂါခံစားေနရၿပီဆိုလွ်င္ေတာ့ ထုိသႀကားဓာတ္သည္ အားအင္ကိုျဖစ္ေပၚေစမည့္ တစ္သွ်ဴးမ်ားအတြင္းသို႕ ၀င္ေရာက္ႏိုင္ေတာ့မည္မဟုတ္ေပ။ ထိုသုိ႕ျဖစ္ေပၚျခင္းက သင့္ႀကြက္သားမ်ား ႏွင့္ အျခားတစ္သွ်ဴးမ်ားအား အစာေတာင့္တမႈကိုျဖစ္ေပၚေစမွာျဖစ္ပါတယ္။

ရာသီခ်ိန္ခါလကၡဏာသြင္ျပင္မ်ား

မိန္းကေလးမ်ားသဘာ၀ ျဖစ္ေပၚေလ့ရွိေသာ ရာသီခ်ိန္နီးကပ္လာၿပီဆိုလွ်င္ အစာစားခ်င္စိတ္ျဖစ္ေပၚလာတာကို သတိထားမိမွာပါ။ ရာသီျဖစ္ေပၚေနပါက မႀကာခဏဗိုက္ဆာျခင္းအျပင္ ေဖာေရာင္ျခင္း၊ ေခါင္းကိုက္ျခင္း၊ ရင္သားနာက်င္ျခင္း၊ စိတ္အေျပာင္းအလဲျဖစ္ျခင္း၊ အိပ္စက္မႈဆိုင္ရာျပႆနာ အမ်ိဳးမ်ိဳးတို႕ကို ခံစားႀကံဳေတြ႕လာရႏိုင္ပါတယ္။

ကိုယ္၀န္ေဆာင္သည့္အခ်ိန္ကာလမ်ား

မႀကာမွီအခ်ိန္ကာလတြင္ မိခင္ျဖစ္ေတာ့မည့္သူမ်ား ပါးစပ္ခံတြင္းေတြ႕လာျခင္းသည္ ႀကီးထြားဖြံ႕ၿဖိဳးရန္လိုအပ္ေနသည့္ အာဟာရဓာတ္ကို ဗိုက္အတြင္းရွိကေလးမွ လံုလံုေလာက္ေလာက္ရရွိေနျခင္းအား ျပသေနျခင္းပဲျဖစ္ပါတယ္။ သုိ႕ေသာ္လည္း က်န္းမာေရးႏွင့္ညီညြတ္မႈရွိသည့္ အစားအစာမ်ား၊ အစိမ္းေရာင္ရွိအသီးအရြက္မ်ား၊ လတ္ဆတ္သည့္အသီးအႏွံမ်ား ႏွင့္ အခြံမာသီးမ်ားကို အဓိကစားေသာက္ေပးဖုိ႕ လိုအပ္ပါတယ္။

ေရဓာတ္ကုန္ခမ္းျခင္း

ခႏၶာကိုယ္သည္ အခ်ိန္ႀကာျမင့္ေအာင္ ေရဓာတ္ကုန္ခမ္းလာပါက ဆာေလာင္မႈကိုခံစားလာရႏိုင္ပါတယ္။ အမွန္တကယ္မွာ လူအမ်ားစုသည္ ေရဆာမႈကို အစာစားခ်င္စိတ္ႏွင့္ မွားယြင္းေတြးေတာမိတတ္ပါတယ္။ စားသံုးလိုက္သည့္ အစာအတြင္းရွိအာဟာရဓာတ္ကို ဆဲလ္မ်ားအသံုးျပဳႏိုင္ရန္အတြက္ ေရကိုအထူးလိုအပ္ေသာေႀကာင့္ အာဟာရခ်ိဳ႕တဲ့ပါက အစာစားခ်င္စိတ္ကို ပိုမိုျဖစ္ေပၚေစပါတယ္။

အရက္ေသာက္သံုးျခင္း

အရက္ေသစာေသာက္သံုးျခင္းသည္ ghrelin ေဟာ္မုန္းကို တိုးတက္ေစသည့္အတြက္ ဗိုက္ၿပည့္ေနသည့္အခ်ိန္တြင္ေတာင္မွ ဆာေလာင္မႈကိုျဖစ္ေပၚေစႏိုင္ပါတယ္။ ထုိ႕အျပင္ လူမ်ားသည္ အရက္ေသာက္ေနစဥ္အတြင္း အစာပိုစားတတ္ႀကၿပီး ထိုဆာေလာင္စိတ္က ေနာက္ဆက္တြဲအစာစားခ်ိန္ေတြကိုပါ ဆက္ကူးသြားႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar

#Unicode Version#
အစားလျှော့စားသူများနှင့် ကျန်းမာရေးလိုက်စားသူများအတွက် ဆာလောင်ခြင်းက အဆိုးရွားဆုံးသော ရန်သူတစ်ပါးပါပဲ။ အချိန်မှန်ဗိုက်ဆာခြင်းက သင့်ခန္ဓာကိုယ်ပုံမှန်အလုပ်လုပ်နိုင်ရန်အတွက် လိုအပ်သည့်အစာကိုတောင့်တတာဖြစ်ပေမယ့်လည်း အစားစားပြီးသည့်နောက်မှာမှ ဗိုက်ဆာနေသေးလျှင်တော့ ကောင်းသည့်လက္ခဏာမဟုတ်တော့ပါဘူး။ ထို့မှတဆင့် နောက်ဆက်တွဲဆိုးရွားသည့်ရောဂါများထပ်မံမဖြစ်လာစေရေးအတွက် ယခုကတည်းကကြိုတင်ကာ ကာကွယ်နိုင်ရန် အကြောင်းအရင်းများကို ဖော်ပြပေးလိုက်ရပါတယ်။

အိပ်စက်ချိန်နည်းပါးခြင်း

အိပ်ချိန်မမှန်သူများနှင့် တနေ့လျှင် ခုနှစ်နာရီမှ ရှစ်နာရီအထိ အိပ်ချိန်လုံလုံလောက်လောက်မရရှိသူများဟာ အချိန်ပြည့်ဗိုက်ဆာနေနိုင်ပါတယ်။ တစ်ရက်လောက်အိပ်ရေးပျက်လိုက်ရုံဖြင့် အစာစားချင်စိတ်နှင့် ဆက်စပ်နေသည့် ဟော်မုန်းနှစ်ခုအပေါ်ထိရောက်မှုရှိနိုင်သောကြောင့် ဗိုက်ပြည့်သည့်ခံစားချက်ကို ပျောက်ရှသွားစေနိုင်ပါတယ်။

စိတ်ဖိစီးမှုလွန်ကဲခြင်း

စိတ်ဖိစီးမှုဒဏ်ကို အစားပိုစား၍ ဖြေဖျောက်ရန်ကြိုးစားခြင်းသည် ခံစားနေရသည့်စိတ်ဒဏ်ရာများကို မသက်သာစေနိုင်သည့်အပြင် ကိုယ်အလေးချိန်တက်လာစေကာ အခြားကျန်းမာရေးဆိုင်ရာပြဿနာများကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ထို့ကြောင့် အစားပိုုစားမည့်အစား လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။

သွေးချိုပမာဏနည်းပါးခြင်း

ခန္ဓာကိုယ်အတွင်းရှိ ဂလူးကို့စ်ပမာဏသည် အင်မတန်နည်းပါးသွားသည့်အတွက် ဗိုက်ဆာလာစေတာဖြစ်ပါတယ်။ ဆာလောင်မှုအပြင် စိုးရိမ်ကြောင့်ကြခြင်း၊ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ ချွေးထွက်ခြင်း၊ နေထိုင်မကောင်းခြင်း စသည့်ရောဂါလက္ခဏာများကိုလည်း နောက်ဆက်တွဲအနေဖြင့် ခံစားလာရနိုင်ပါတယ်။

ဆီးချိုရောဂါခံစားရခြင်း

ပုံမှန်အချိန်များတွင် စားသုံးလိုက်သည့်အစာတွင်ပါဝင်သော သကြားဓာတ်ကို ခန္ဓာကိုယ်မှ ဂလူးကို့စ်အဖြစ်သို့ပြောင်းလဲပေးသော်လည်း ဆီးချိုရောဂါခံစားနေရပြီဆိုလျှင်တော့ ထိုသကြားဓာတ်သည် အားအင်ကိုဖြစ်ပေါ်စေမည့် တစ်သျှူးများအတွင်းသို့ ဝင်ရောက်နိုင်တော့မည်မဟုတ်ပေ။ ထိုသို့ဖြစ်ပေါ်ခြင်းက သင့်ကြွက်သားများ နှင့် အခြားတစ်သျှူးများအား အစာတောင့်တမှုကိုဖြစ်ပေါ်စေမှာဖြစ်ပါတယ်။

ရာသီချိန်ခါလက္ခဏာသွင်ပြင်များ

မိန်းကလေးများသဘာ၀ ဖြစ်ပေါ်လေ့ရှိသော ရာသီချိန်နီးကပ်လာပြီဆိုလျှင် အစာစားချင်စိတ်ဖြစ်ပေါ်လာတာကို သတိထားမိမှာပါ။ ရာသီဖြစ်ပေါ်နေပါက မကြာခဏဗိုက်ဆာခြင်းအပြင် ဖောရောင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားနာကျင်ခြင်း၊ စိတ်အပြောင်းအလဲဖြစ်ခြင်း၊ အိပ်စက်မှုဆိုင်ရာပြဿနာ အမျိုးမျိုးတို့ကို ခံစားကြုံတွေ့လာရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်သည့်အချိန်ကာလများ

မကြာမှီအချိန်ကာလတွင် မိခင်ဖြစ်တော့မည့်သူများ ပါးစပ်ခံတွင်းတွေ့လာခြင်းသည် ကြီးထွားဖွံ့ဖြိုးရန်လိုအပ်နေသည့် အာဟာရဓာတ်ကို ဗိုက်အတွင်းရှိကလေးမှ လုံလုံလောက်လောက်ရရှိနေခြင်းအား ပြသနေခြင်းပဲဖြစ်ပါတယ်။ သို့သော်လည်း ကျန်းမာရေးနှင့်ညီညွတ်မှုရှိသည့် အစားအစာများ၊ အစိမ်းရောင်ရှိအသီးအရွက်များ၊ လတ်ဆတ်သည့်အသီးအနှံများ နှင့် အခွံမာသီးများကို အဓိကစားသောက်ပေးဖို့ လိုအပ်ပါတယ်။

ရေဓာတ်ကုန်ခမ်းခြင်း

ခန္ဓာကိုယ်သည် အချိန်ကြာမြင့်အောင် ရေဓာတ်ကုန်ခမ်းလာပါက ဆာလောင်မှုကိုခံစားလာရနိုင်ပါတယ်။ အမှန်တကယ်မှာ လူအများစုသည် ရေဆာမှုကို အစာစားချင်စိတ်နှင့် မှားယွင်းတွေးတောမိတတ်ပါတယ်။ စားသုံးလိုက်သည့် အစာအတွင်းရှိအာဟာရဓာတ်ကို ဆဲလ်များအသုံးပြုနိုင်ရန်အတွက် ရေကိုအထူးလိုအပ်သောကြောင့် အာဟာရချို့တဲ့ပါက အစာစားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပါတယ်။

အရက်သောက်သုံးခြင်း

အရက်သေစာသောက်သုံးခြင်းသည် ghrelin ဟော်မုန်းကို တိုးတက်စေသည့်အတွက် ဗိုက်ပြည့်နေသည့်အချိန်တွင်တောင်မှ ဆာလောင်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ထို့အပြင် လူများသည် အရက်သောက်နေစဉ်အတွင်း အစာပိုစားတတ်ကြပြီး ထိုဆာလောင်စိတ်က နောက်ဆက်တွဲအစာစားချိန်တွေကိုပါ ဆက်ကူးသွားနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top