န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

 ကေလးဘဝမွာ ခုန္ေပါက္ ေဆာ့ကစားရာက ႀကီးျပင္းလာတဲ့ သမီးမိန္းကေလးေတြဟာ တစ္ႀကိမ္တစ္ခါမွ ရာသီမလာဖူးေသးတဲ့အတြက္ ရာသီအႀကိဳ ေဝဒနာ အေၾကာင္းကို ႀကိဳတင္ သိရွိမထားရင္ အထိတ္တလန္႔ ရင္ဆိုင္ရႏိုင္ပါတယ္။ ရာသီစတင္ လာတဲ့အခါ ျမင္လိုက္ရတဲ့ ေသြးစေသြးနေတြေၾကာင့္ ဘာမ်ား ျဖစ္တာလဲဆိုၿပီး လန္႔ဖ်ပ္သြားႏိုင္သလို ရာသီအႀကိဳ ေဝဒနာေၾကာင့္ ဘာမ်ား ျဖစ္ေနသလဲဆိုၿပီး စိတ္ဓာတ္က် ေနႏိုင္ပါတယ္။ ဒါေၾကာင့္ အပ်ဳိေဖာ္ ဝင္ေတာ့မယ့္ သမီးမိန္းကေလးေတြ သိထားသင့္တဲ့ ရာသီအႀကိဳ ေဝဒနာအေၾကာင္းကို ေရးသား လိုက္ရပါတယ္။

ရာသီအႀကိဳေဝဒနာ ဆုိသည္မွာ
လစဥ္ ရာသီစတင္ မလာခင္မွာ မိန္းကေလး တခ်ဳိ႕ဟာ စိတ္ပိုင္းနဲ႔ ႐ုပ္ပိုင္းဆိုင္ရာ ေဝဒနာေတြ ရရွိတတ္ပါတယ္။ ဒါကို ရာသီအႀကိဳ ေဝဒနာလို႔ ေခၚပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာ ေဝဒနာေတြကေတာ့ ဝက္ၿခံေပါက္တာ၊ ေလပြတာ၊ ေညာင္းညာတာ၊ ခါးကိုက္တာ၊ ရင္သားနာတာ၊ ေခါင္းကိုက္တာ၊ ဝမ္းခ်ဳပ္တာ ဒါမွမဟုတ္ ဝမ္းေလွ်ာတာ၊ တခ်ဳိ႕အစာေတြကို စားခ်င္စိတ္ ျပင္းျပတာတို႔ ျဖစ္ၾကပါတယ္။ စိတ္ပိုင္းဆိုင္ရာ ေဝဒနာေတြကေတာ့ စိတ္ဓာတ္က်တာ၊ အာ႐ံုစူးစိုက္ႏိုင္ဖို႔ ခက္ခဲတာ၊ စိတ္ဖိစီးမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ခက္ခဲတာ၊ အိပ္မေပ်ာ္တာ၊ ဖိစီးမႈမ်ားတာ၊ စိတ္ဂနာမၿငိမ္ ျဖစ္တာတို႔ ျဖစ္ၾကပါတယ္။ ရာသီအႀကိဳေဝဒနာက မိန္းကေလးတစ္ဦး ရာသီစမလာခင္ တစ္ပတ္-ႏွစ္ပတ္ခန္႔ ႀကိဳၿပီး ျဖစ္ေပၚတတ္ေပမယ့္ ရာသီစလာတာနဲ႔ သက္သာ သြားတတ္ပါတယ္။

ရာသီအႀကိဳ ေဝဒနာကို ဘာေၾကာင့္ မိန္းကေလး တခ်ဳိ႕ကပဲ ခံစားရတာလဲ
ဒါက ေဟာ္မုန္းပမာဏ အေျပာင္းအလဲနဲ႔ ဆက္စပ္ေနတယ္လို႔ အမ်ားစုက ယံုၾကည္ၾကပါတယ္။ မိန္းကေလးတစ္ဦး ရာသီလာတဲ့အခါ သူ႔ခႏၶာကိုယ္ထဲက အမ်ဳိးသမီးေဟာ္မုန္း အီစထ႐ိုဂ်င္နဲ႔ ပ႐ိုဂ်က္စတီ႐ုန္းေတြ တိုးလာပါတယ္။ ဒီလို ေဟာ္မုန္း အေျပာင္းအလဲေတြက ရာသီအႀကိဳ ေဝဒနာနဲ႔ ဆက္စပ္မႈ ရွိတယ္လို႔ ဆိုၾကတာပါ။ ရာသီမလာခင္ စားေသာက္တဲ့ တခ်ဳိ႕ အစားအေသာက္ေတြေၾကာင့္လည္း ေဝဒနာ ျဖစ္ေပၚတယ္လို႔ ဆိုၾကပါတယ္။

ရာသီအႀကိဳေဝဒနာ သက္သာေစဖို႔ ဘယ္လိုအခ်က္ေတြ လိုက္နာသင့္သလဲ

- သစ္သီးဝလံ မ်ားမ်ား၊ ဟင္းသီးဟင္းရြက္ မ်ားမ်ားပါတဲ့ မွ်တတဲ့ အစာကို စားေပးပါ။

- အာလူးေခ်ာင္းေၾကာ္၊ ခရက္ကာမုန္႔ စတဲ့ ျပဳျပင္ထားတဲ့ အစာေတြကို ေလွ်ာ့စားပါ။ ဆားဟာ ေရဓာတ္ကို စြဲတာေၾကာင့္ ေလပြတာကို ပိုျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဆားကို ေလွ်ာ့စားၿပီး ေရမ်ားမ်ား ေသာက္ပါ။

- ကဖင္းဓာတ္ကို ေလွ်ာ့ခ်ၿပီး အိပ္ေရးဝဝ အိပ္စက္ အနားယူပါ။ ကယ္လ္စီယမ္ အလံုအေလာက္ မွီဝဲတာက တခ်ဳိ႕မိန္းကေလးေတြကို ရာသီအႀကိဳေဝဒနာ မျဖစ္ေအာင္ ကူညီႏိုင္တယ္လို႔ သိရပါတယ္။

- ေန႔စဥ္ ေလ့က်င့္ခန္း လုပ္တာနဲ႔ တရားထိုင္တာလို စိတ္ဖိစီးမႈ သက္သာေစေရး နည္းလမ္းေတြကို လုပ္ေဆာင္ေပးပါ။ ေလ့က်င့္ခန္း လုပ္တာေၾကာင့္ ခႏၶာကိုုယ္ထဲမွာ အန္ေဒၚဖင္ ဓာတ္ထြက္ေစၿပီး စိတ္ခံစားမႈ ေကာင္းမြန္ေစပါတယ္။

- ေရပူထဲ စိမ္ခ်ဳိးတာ ဒါမွမဟုတ္ ဝမ္းဗိုက္ေပၚ ေရေႏြးအိတ္ တင္ေပးတာေၾကာင့္ ႂကြက္သားေတြကို အနားရေစၿပီး ဗိုက္ေအာင့္တာကို သက္သာေစပါတယ္။

- ရာသီအႀကိဳ ေဝဒနာေၾကာင့္ ကိုက္ခဲနာက်င္မႈ သက္သာေစဖို႔ အိုင္ဗ်ဴပ႐ိုဖင္လို အကိုက္အခဲေပ်ာက္ ေဆးကို ေဆာင္ထားပါ။

- ရာသီအႀကိဳ ေဝဒနာေၾကာင့္ စိတ္ေရာကိုယ္ပါ ပင္ပန္းႏြမ္းနယ္ကာ ဘာကိုမွ လုပ္ခ်င္ကိုင္ခ်င္စိတ္ မရွိရင္ မိဘနဲ႔ အုပ္ထိန္းသူေတြကို ေျပာျပပါ။

ရာသီေသြး ဆင္းမႈအတြက္ ဘယ္လုိ ျပင္ဆင္ထားသင့္သလဲ
ရာသီအႀကိဳ ေဝဒနာအေၾကာင္း သိနားလည္ၿပီး သက္သာေအာင္ လုပ္ေဆာင္ရမယ့္ နည္းလမ္းေတြကို သိနားလည္ၿပီးၿပီဆိုရင္ ရာသီေသြး ဆင္းတဲ့အခါ ပ်ဳိေမတို႔ ေအးေအးေဆးေဆး ရင္ဆိုင္ ေက်ာ္လႊားႏိုင္ဖို႔ သိထားသင့္တဲ့ အခ်က္ေတြ ရွိပါတယ္။

(၁) တစ္ကိုယ္ေရ သန္႔ရွင္းေရးကို အေလးထားပါ
- ေန႔စဥ္ ေရမွန္မွန္ခ်ဳိးကာ အဝတ္အစား အသစ္လဲပါ။ အထူးသျဖင့္ အတြင္းခံ အဝတ္အစားေတြကို စနစ္တက် ေလွ်ာ္ဖြပ္ကာ မီးပူတိုက္ၿပီး ဝတ္ပါ။

(၂) အိပ္ေရးဝဝ အိပ္ပါ
- ရာသီလာစဥ္ ပင္ပန္းႏြမ္းနယ္မႈ ေျပေလ်ာ့ေစဖို႔ အိပ္ေရးဝဝ အိပ္စက္အနားယူပါ။

(၃) အာဟာရ ျပည့္ဝေအာင္ စားပါ
- ရာသီေသြးဆင္းခ်ိန္မွာ သံဓာတ္ဆံုး႐ႈံးမႈ အျဖစ္မ်ားပါတယ္။ ဒါေၾကာင့္ သံဓာတ္ခ်ဳိ႕တဲ့မႈကို ျပန္လည္ ျဖည့္တင္းႏိုင္ေအာင္ အစိမ္းေရာင္ ဟင္းရြက္၊ အနီေရာင္ အသား၊ တိရစၧာန္ကလီစာ စတာေတြကို စားပါ။ သံဓာတ္စုပ္ယူမႈ အားေကာင္းေအာင္ ဗီတာမင္စီပါဝင္တဲ့ လိေမၼာ္ရည္၊ သံပရာရည္တို႔နဲ႔ တြဲစားပါ။

(၄) လစဥ္သံုး ပစၥည္းကို အျမဲေဆာင္ထားပါ
- ရာသီေသြးဆင္းခ်ိန္မွာ အမ်ဳိးသမီး လစဥ္သံုးပစၥည္း အဆင္သင့္ မရွိတာေၾကာင့္ ေက်ာင္းတက္ေနတဲ့ ဆယ္ေက်ာ္သက္ မိန္းကေလးေတြ အခက္အခဲ ေတြ႕ရတတ္ပါတယ္။ ဒီလို မျဖစ္ေစဖို႔ အျမဲတမ္း ေက်ာင္းလြယ္အိတ္ထဲမွာ Non-Recyle Material နဲ႔ ျပဳလုပ္ထားတဲ့ အမ်ဳိးသမီးလစဥ္သံုး ပစၥည္းကို အျမဲေဆာင္ထားပါ။ ၿပီးရင္ အမ်ဳိးသမီး လစဥ္သံုးပစၥည္းကို ဘယ္လို အသံုးျပဳရမလဲဆိုတာ မိခင္ထံမွ သင္ယူပါ။ အမ်ဳိးသမီးလစဥ္သံုး ပစၥည္းကို ေလးနာရီ ေျခာက္နာရီျခားၿပီး တစ္ႀကိမ္ အသစ္လဲလွယ္ဖို႔လည္း မေမ့ပါနဲ႔။

္Ref: By Good Health

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဇြန္

# Unicode Version ျဖင့္ ဖတ္ပါ #
 ကလေးဘဝမှာ ခုန်ပေါက် ဆော့ကစားရာက ကြီးပြင်းလာတဲ့ သမီးမိန်းကလေးတွေဟာ တစ်ကြိမ်တစ်ခါမှ ရာသီမလာဖူးသေးတဲ့အတွက် ရာသီအကြို ဝေဒနာ အကြောင်းကို ကြိုတင် သိရှိမထားရင် အထိတ်တလန့် ရင်ဆိုင်ရနိုင်ပါတယ်။ ရာသီစတင် လာတဲ့အခါ မြင်လိုက်ရတဲ့ သွေးစသွေးနတွေကြောင့် ဘာများ ဖြစ်တာလဲဆိုပြီး လန့်ဖျပ်သွားနိုင်သလို ရာသီအကြို ဝေဒနာကြောင့် ဘာများ ဖြစ်နေသလဲဆိုပြီး စိတ်ဓာတ်ကျ နေနိုင်ပါတယ်။ ဒါကြောင့် အပျိုဖော် ဝင်တော့မယ့် သမီးမိန်းကလေးတွေ သိထားသင့်တဲ့ ရာသီအကြို ဝေဒနာအကြောင်းကို ရေးသား လိုက်ရပါတယ်။


ရာသီအကြိုဝေဒနာ ဆိုသည်မှာ
လစဉ် ရာသီစတင် မလာခင်မှာ မိန်းကလေး တချို့ဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ရရှိတတ်ပါတယ်။ ဒါကို ရာသီအကြို ဝေဒနာလို့ ခေါ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ ဝက်ခြံပေါက်တာ၊ လေပွတာ၊ ညောင်းညာတာ၊ ခါးကိုက်တာ၊ ရင်သားနာတာ၊ ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာ၊ တချို့အစာတွေကို စားချင်စိတ် ပြင်းပြတာတို့ ဖြစ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ စိတ်ဓာတ်ကျတာ၊ အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲတာ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲတာ၊ အိပ်မပျော်တာ၊ ဖိစီးမှုများတာ၊ စိတ်ဂနာမငြိမ် ဖြစ်တာတို့ ဖြစ်ကြပါတယ်။ ရာသီအကြိုဝေဒနာက မိန်းကလေးတစ်ဦး ရာသီစမလာခင် တစ်ပတ်-နှစ်ပတ်ခန့် ကြိုပြီး ဖြစ်ပေါ်တတ်ပေမယ့် ရာသီစလာတာနဲ့ သက်သာ သွားတတ်ပါတယ်။

ရာသီအကြို ဝေဒနာကို ဘာကြောင့် မိန်းကလေး တချို့ကပဲ ခံစားရတာလဲ
ဒါက ဟော်မုန်းပမာဏ အပြောင်းအလဲနဲ့ ဆက်စပ်နေတယ်လို့ အများစုက ယုံကြည်ကြပါတယ်။ မိန်းကလေးတစ်ဦး ရာသီလာတဲ့အခါ သူ့ခန္ဓာကိုယ်ထဲက အမျိုးသမီးဟော်မုန်း အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းတွေ တိုးလာပါတယ်။ ဒီလို ဟော်မုန်း အပြောင်းအလဲတွေက ရာသီအကြို ဝေဒနာနဲ့ ဆက်စပ်မှု ရှိတယ်လို့ ဆိုကြတာပါ။ ရာသီမလာခင် စားသောက်တဲ့ တချို့ အစားအသောက်တွေကြောင့်လည်း ဝေဒနာ ဖြစ်ပေါ်တယ်လို့ ဆိုကြပါတယ်။

ရာသီအကြိုဝေဒနာ သက်သာစေဖို့ ဘယ်လိုအချက်တွေ လိုက်နာသင့်သလဲ

- သစ်သီးဝလံ များများ၊ ဟင်းသီးဟင်းရွက် များများပါတဲ့ မျှတတဲ့ အစာကို စားပေးပါ။

- အာလူးချောင်းကြော်၊ ခရက်ကာမုန့် စတဲ့ ပြုပြင်ထားတဲ့ အစာတွေကို လျှော့စားပါ။ ဆားဟာ ရေဓာတ်ကို စွဲတာကြောင့် လေပွတာကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆားကို လျှော့စားပြီး ရေများများ သောက်ပါ။

- ကဖင်းဓာတ်ကို လျှော့ချပြီး အိပ်ရေးဝဝ အိပ်စက် အနားယူပါ။ ကယ်လ်စီယမ် အလုံအလောက် မှီဝဲတာက တချို့မိန်းကလေးတွေကို ရာသီအကြိုဝေဒနာ မဖြစ်အောင် ကူညီနိုင်တယ်လို့ သိရပါတယ်။

- နေ့စဉ် လေ့ကျင့်ခန်း လုပ်တာနဲ့ တရားထိုင်တာလို စိတ်ဖိစီးမှု သက်သာစေရေး နည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။ လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုုယ်ထဲမှာ အန်ဒေါ်ဖင် ဓာတ်ထွက်စေပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။

- ရေပူထဲ စိမ်ချိုးတာ ဒါမှမဟုတ် ဝမ်းဗိုက်ပေါ် ရေနွေးအိတ် တင်ပေးတာကြောင့် ကြွက်သားတွေကို အနားရစေပြီး ဗိုက်အောင့်တာကို သက်သာစေပါတယ်။

- ရာသီအကြို ဝေဒနာကြောင့် ကိုက်ခဲနာကျင်မှု သက်သာစေဖို့ အိုင်ဗျူပရိုဖင်လို အကိုက်အခဲပျောက် ဆေးကို ဆောင်ထားပါ။

- ရာသီအကြို ဝေဒနာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ကာ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိရင် မိဘနဲ့ အုပ်ထိန်းသူတွေကို ပြောပြပါ။

ရာသီသွေး ဆင်းမှုအတွက် ဘယ်လို ပြင်ဆင်ထားသင့်သလဲ
ရာသီအကြို ဝေဒနာအကြောင်း သိနားလည်ပြီး သက်သာအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို သိနားလည်ပြီးပြီဆိုရင် ရာသီသွေး ဆင်းတဲ့အခါ ပျိုမေတို့ အေးအေးဆေးဆေး ရင်ဆိုင် ကျော်လွှားနိုင်ဖို့ သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။

(၁) တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားပါ
- နေ့စဉ် ရေမှန်မှန်ချိုးကာ အဝတ်အစား အသစ်လဲပါ။ အထူးသဖြင့် အတွင်းခံ အဝတ်အစားတွေကို စနစ်တကျ လျှော်ဖွပ်ကာ မီးပူတိုက်ပြီး ဝတ်ပါ။

(၂) အိပ်ရေးဝဝ အိပ်ပါ
- ရာသီလာစဉ် ပင်ပန်းနွမ်းနယ်မှု ပြေလျော့စေဖို့ အိပ်ရေးဝဝ အိပ်စက်အနားယူပါ။

(၃) အာဟာရ ပြည့်ဝအောင် စားပါ
- ရာသီသွေးဆင်းချိန်မှာ သံဓာတ်ဆုံးရှုံးမှု အဖြစ်များပါတယ်။ ဒါကြောင့် သံဓာတ်ချို့တဲ့မှုကို ပြန်လည် ဖြည့်တင်းနိုင်အောင် အစိမ်းရောင် ဟင်းရွက်၊ အနီရောင် အသား၊ တိရစ္ဆာန်ကလီစာ စတာတွေကို စားပါ။ သံဓာတ်စုပ်ယူမှု အားကောင်းအောင် ဗီတာမင်စီပါဝင်တဲ့ လိမ္မော်ရည်၊ သံပရာရည်တို့နဲ့ တွဲစားပါ။

(၄) လစဉ်သုံး ပစ္စည်းကို အမြဲဆောင်ထားပါ
- ရာသီသွေးဆင်းချိန်မှာ အမျိုးသမီး လစဉ်သုံးပစ္စည်း အဆင်သင့် မရှိတာကြောင့် ကျောင်းတက်နေတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေ အခက်အခဲ တွေ့ရတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ အမြဲတမ်း ကျောင်းလွယ်အိတ်ထဲမှာ Non-Recyle Material နဲ့ ပြုလုပ်ထားတဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းကို အမြဲဆောင်ထားပါ။ ပြီးရင် အမျိုးသမီး လစဉ်သုံးပစ္စည်းကို ဘယ်လို အသုံးပြုရမလဲဆိုတာ မိခင်ထံမှ သင်ယူပါ။ အမျိုးသမီးလစဉ်သုံး ပစ္စည်းကို လေးနာရီ ခြောက်နာရီခြားပြီး တစ်ကြိမ် အသစ်လဲလှယ်ဖို့လည်း မမေ့ပါနဲ့။

်Ref: By Good Health

ဖိုးသူတော် (www.phothutaw.com)
Credit: ဇွန်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top