×

"လႊတ္ထားလုိက္ပါ"

ကုိယ့္ကုိ စကား မေျပာခ်င္သူ တစ္ေယာက္ကုိ စကား သြားမေျပာပါနဲ႔။ ဘာလုိ႔လဲဆုိေတာ့ လူတစ္ခ်ိဳ႕က ေလ်ာ့ေပးလြန္းရင္ ေရာင့္တက္ၾကသလုိ ေရာလြန္းရင္လည္း ကုိယ့္ကုိ ျပန္ပတ္လာတတ္တယ္။

ကုိယ့္ကုိ မတူသလုိ မတန္သလုိ ဆက္ဆံသူကုိ ေအာက္က် မေပးလုိက္ပါနဲ႔။ တန္ဖုိးဆုိတာ တန္ဖုိး သိတတ္သူတစ္ေယာက္ကုိ ေပးဆပ္လုိ႔ အက်ဳိး႐ွိေပမယ့္ တန္ဖုိး မထားတတ္သူကုိ ကုိယ့္အခ်ိန္ေတြ ေပးျခင္းက သူ႔အမွား မဟုတ္ဘူး။ ကုိယ့္အမွားပါ လႊတ္ထားလုိက္ပါ။

ကုိယ့္ထက္ သာတယ္ ထင္လုိ႔ ေနာက္ ရင္ခြင္တစ္ခုမွာ ေပ်ာ္ေနသူကုိ ဒူးေထာက္ဖုိ႔ မစဥ္းစား လုိက္ပါနဲ႔။ မိဘက ကုိယ့္ကုိ လူေလာကထဲ သြင္းေပးတာက ဒူးေထာက္ဖုိ႔ မဟုတ္ဘူး။ လက္မေထာင္ပီး မိသားစု ဂုဏ္သိကၡာကုိျမႇင့္တင္ပီး လူသားေကာင္းက်ဳိးကုိ ထမ္းရြက္ဖုိ႔ပါ။

ဘာမဟုတ္တဲ့ စိတ္ခံစားမူွေၾကာင့္ မိဘမ်က္ရည္ကုိ ေျခမေဆးလုိက္ပါနဲ႔ လႊတ္ထားလုိက္ပါ။ ကုိယ့္တန္ဖုိး သိလာတဲ့တစ္ေန႔ " သူ" ေနာင္တ တေပြ႔တပုိက္ႀကီးနဲ႔ ကုိယ္ ခံစားခဲ့ရတာထက္ အဆေပါင္းမ်ားစြာ ပုိခံစား ေနရပါလိမ့္မယ္။

ခုလတ္တေလာ ေျဖ႐ွင္းလုိ႔ မရတဲ့ အခက္အခဲေတြကုိ သိမ္းပုိက္မထားပါနဲ႔ လႊတ္ထားလုိက္ပါ။ တစ္ခ်ဳိ့ေသာ အခက္အခဲေတြက အေျဖ႐ွိေနတယ္ ဆုိအုံးေတာ့ အခ်ိန္တစ္ခုေတာ့ ေစာင့္စားရတာေတြ ႐ွိေနတတ္လုိ႔ပါ။ တစ္ခ်ဳိ့ေသာ အခက္​အခဲေတြက ပုိပီး လုံျခဳံစိတ္ခ်ရတဲ့ အေျဖကုိ ေျဖးေျဖးခ်င္း စဥ္းစားမွ အေျဖ ရတတ္ပါတယ္။


ကုိယ့္ဘက္က ေစတနာမွန္ပါလ်က္ အေမေက်ာ္ပီး ေဒြးေတာ္ လြမ္းေနတတ္သူကုိ လႊတ္ထားလုိက္ပါ။ ေစတနာဆုိတာ ျပန္ရဖုိ႔ ေမ်ွာ္လင့္မထားတဲ့အတြက္ ခံယူသူဘက္က တန္ဖုိးထားတယ္ မထားဘူးဆုိတာက သူ႔သမုိင္းပါ။

မိဘက မိဘပီသစြာ ေစာင့္ေ႐ွာက္ ထိန္းေက်ာင္းေနပါလ်က္နဲ႔ အရြယ္ေရာက္ပီးသား သားသမီးက မုိက္မွားေနေသးတယ္ ဆုိရင္ လႊတ္ထားလုိက္ပါ။ တစ္ခ်ဳိ့ေသာ ေမတၱာ ေစတနာေတြက အခ်ိန္ကာလနဲ႔ ကုိယ္တုိင္ ႀကဳံေတြ႔ရမွ မိဘေစတနာကုိ နားလည္လာတတ္ၾကသလုိ ခလုတ္ထိမွ အမိတ တတ္ၾကတာ သဘာဝပါ။

လႊတ္ခ်သင့္တာကုိ လႊတ္ခ်ထားႏူိင္မွ ၊ ဥေပကၡာျပဳသင့္တာကုိ ဥေပကၡာျပဳထားႏိုင္မွ ၊ ျပတ္သားသင့္တာကုိ ျပတ္သားႏူိင္မွ ၊ ျဖတ္ေတာက္သင့္တာကုိ ျဖတ္ေတာက္ထားမွ ဘဝက ေနေပ်ာ္လာပီး ကုိယ့္တန္ဖုိးလည္းအေရာင္ ေတာက္လာသလုိ လမ္းမွားေနသူကုိ လမ္းမွန္ ေရာက္ေစမွာပါ။ လႊတ္ထားသင့္တာကုိ လႊတ္သာထားလုိက္ပါေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  original

#Unicode Version#
"လွှတ်ထားလိုက်ပါ"

ကိုယ့်ကို စကား မပြောချင်သူ တစ်ယောက်ကို စကား သွားမပြောပါနဲ့။ ဘာလို့လဲဆိုတော့ လူတစ်ချို့က လျော့ပေးလွန်းရင် ရောင့်တက်ကြသလို ရောလွန်းရင်လည်း ကိုယ့်ကို ပြန်ပတ်လာတတ်တယ်။

ကိုယ့်ကို မတူသလို မတန်သလို ဆက်ဆံသူကို အောက်ကျ မပေးလိုက်ပါနဲ့။ တန်ဖိုးဆိုတာ တန်ဖိုး သိတတ်သူတစ်ယောက်ကို ပေးဆပ်လို့ အကျိုးရှိပေမယ့် တန်ဖိုး မထားတတ်သူကို ကိုယ့်အချိန်တွေ ပေးခြင်းက သူ့အမှား မဟုတ်ဘူး။ ကိုယ့်အမှားပါ လွှတ်ထားလိုက်ပါ။

ကိုယ့်ထက် သာတယ် ထင်လို့ နောက် ရင်ခွင်တစ်ခုမှာ ပျော်နေသူကို ဒူးထောက်ဖို့ မစဉ်းစား လိုက်ပါနဲ့။ မိဘက ကိုယ့်ကို လူလောကထဲ သွင်းပေးတာက ဒူးထောက်ဖို့ မဟုတ်ဘူး။ လက်မထောင်ပီး မိသားစု ဂုဏ်သိက္ခာကိုမြှင့်တင်ပီး လူသားကောင်းကျိုးကို ထမ်းရွက်ဖို့ပါ။

ဘာမဟုတ်တဲ့ စိတ်ခံစားမူှကြောင့် မိဘမျက်ရည်ကို ခြေမဆေးလိုက်ပါနဲ့ လွှတ်ထားလိုက်ပါ။ ကိုယ့်တန်ဖိုး သိလာတဲ့တစ်နေ့ " သူ" နောင်တ တပွေ့တပိုက်ကြီးနဲ့ ကိုယ် ခံစားခဲ့ရတာထက် အဆပေါင်းများစွာ ပိုခံစား နေရပါလိမ့်မယ်။

ခုလတ်တလော ဖြေရှင်းလို့ မရတဲ့ အခက်အခဲတွေကို သိမ်းပိုက်မထားပါနဲ့ လွှတ်ထားလိုက်ပါ။ တစ်ချို့သော အခက်အခဲတွေက အဖြေရှိနေတယ် ဆိုအုံးတော့ အချိန်တစ်ခုတော့ စောင့်စားရတာတွေ ရှိနေတတ်လို့ပါ။ တစ်ချို့သော အခက်အခဲတွေက ပိုပီး လုံခြုံစိတ်ချရတဲ့ အဖြေကို ဖြေးဖြေးချင်း စဉ်းစားမှ အဖြေ ရတတ်ပါတယ်။


ကိုယ့်ဘက်က စေတနာမှန်ပါလျက် အမေကျော်ပီး ဒွေးတော် လွမ်းနေတတ်သူကို လွှတ်ထားလိုက်ပါ။ စေတနာဆိုတာ ပြန်ရဖို့ မျှော်လင့်မထားတဲ့အတွက် ခံယူသူဘက်က တန်ဖိုးထားတယ် မထားဘူးဆိုတာက သူ့သမိုင်းပါ။

မိဘက မိဘပီသစွာ စောင့်ရှောက် ထိန်းကျောင်းနေပါလျက်နဲ့ အရွယ်ရောက်ပီးသား သားသမီးက မိုက်မှားနေသေးတယ် ဆိုရင် လွှတ်ထားလိုက်ပါ။ တစ်ချို့သော မေတ္တာ စေတနာတွေက အချိန်ကာလနဲ့ ကိုယ်တိုင် ကြုံတွေ့ရမှ မိဘစေတနာကို နားလည်လာတတ်ကြသလို ခလုတ်ထိမှ အမိတ တတ်ကြတာ သဘာဝပါ။

လွှတ်ချသင့်တာကို လွှတ်ချထားနိူင်မှ ၊ ဥပေက္ခာပြုသင့်တာကို ဥပေက္ခာပြုထားနိုင်မှ ၊ ပြတ်သားသင့်တာကို ပြတ်သားနိူင်မှ ၊ ဖြတ်တောက်သင့်တာကို ဖြတ်တောက်ထားမှ ဘဝက နေပျော်လာပီး ကိုယ့်တန်ဖိုးလည်းအရောင် တောက်လာသလို လမ်းမှားနေသူကို လမ်းမှန် ရောက်စေမှာပါ။ လွှတ်ထားသင့်တာကို လွှတ်သာထားလိုက်ပါနော်။


ဖိုးသူတော် (www.phothutaw.com)
Credit:  original
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top