×

ဝိုင္းစုခိုင္သိန္းက ၎၏ တတိယေျမာက္ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲကို ဒီဇင္ဘာ ၂၄ ရက္ တြင္ က်ေရာက္သည့္ ေမြးေန႔ တြင္ က်င္းပခဲ့ၿပီး ယင္းေဖ်ာ္ ေျဖပြဲအား အေခြအေနျဖင့္ ျပန္ လည္ထြက္ရွိရန္ စီစဥ္ထားသည္။

အဆိုပါ ေဖ်ာ္ေျဖပြဲကို မၾကည့္ရသည့္ ပရိသတ္မ်ားအ တြက္ Legacy ထုတ္လုပ္ေရးမွ ဒီဗီဒီအေခြအျဖစ္ ျဖန္႔ခ်ိမည္ျဖစ္ ေၾကာင္း ဝိုင္းစုခိုင္သိန္းက ေဖ်ာ္ေျဖပြဲတြင္ ေျပာၾကားခဲ့သည္။

ေဖ်ာ္ေျဖပြဲတြင္ ဝိုင္းစုခုိင္ သိန္းက ပထမဆံုးတစ္ကိုယ္ေတာ္ အေခြ ‘မက္ေလာက္စရာ’မွ ေနာက္ဆံုးထြက္ရွိထားသည့္ မယ္ သီတာအေခြတြင္ ပါဝင္ခဲ့သည့္ ပရိသတ္အားေပးမႈရရွိသည့္ သီခ်င္းမ်ား ေဖ်ာ္ေျဖေပးခဲ့သည္။

ေဖ်ာ္ေျဖသည့္ သီခ်င္းတုိင္း ကို ေသေသခ်ာခ်ာျပင္ဆင္၍ အကအဖြဲ႕မ်ားႏွင့္အတူ သီခ်င္း မ်ားႏွင့္ လုိက္ဖက္သည့္ ပါေဖာ့ မန္႔မ်ား တင္ဆက္ေပးခဲ့သည္။

စံုတြဲေဖ်ာ္ေျဖမႈမ်ားအေန ျဖင့္ ေအာင္လ၊ ႏိုင္းဝမ္း၊ X Box တို႔ႏွင့္ သီခ်င္းတစ္ပုဒ္စီ ေဖ်ာ္ေျဖ ေပးခဲ့ၿပီး ေဖ်ာ္ေျဖပြဲအစီအစဥ္ တစ္ခုႏွင့္တစ္ခုအၾကားတြင္ ပရိ သတ္မ်ားအတြက္ ကံစမ္းမဲအစီ အစဥ္မ်ားျပဳလုပ္၍ ခရစၥမတ္ လက္ေဆာင္မ်ား ေပးအပ္ခဲ့ သည္။

ခရစၥမတ္ပြဲေတာ္ကာလျဖစ္ ၿပီး ေပ်ာ္ပြဲရႊင္ပြဲမ်ားလည္းရွိေန၍ ၎၏ ေဖ်ာ္ေျဖပြဲမွာ ထင္သ ေလာက္မမ်ားေသာ္လည္း ဝိုင္းစု ခိုင္သိန္း၏ အမာခံပရိသတ္မ်ား က သီခ်င္းတုိင္းကို လိုက္ပါသီဆို ၍ အားေပးခဲ့သည္။

ၿပီးခဲ့သည့္ရက္ပိုင္းက ေဖ်ာ္ ေျဖပြဲအတြက္ သီခ်င္းတုိက္ရင္း ေနမေကာင္းျဖစ္ခဲ့ေသာေၾကာင့္ ေဆးေသာက္၍ ေဖ်ာ္ေျဖျခင္းျဖစ္ ေၾကာင္း ဝိုင္းစုခုိင္သိန္းက ေျပာ ၾကားခဲ့သည္။

ဝိုင္းစုခိုင္သိန္းက ပရိသတ္ မ်ား၏ ေတာင္းဆိုမႈေၾကာင့္ မႏၲ ေလးၿမိဳ႕တြင္ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲကို ဇန္နဝါရီ ၂၆ ရက္ တြင္ Golden City Event Park ၌ ျပဳလုပ္မည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #
ဝိုင်းစုခိုင်သိန်းက ၎င်း၏ တတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၄ ရက် တွင် ကျရောက်သည့် မွေးနေ့ တွင် ကျင်းပခဲ့ပြီး ယင်းဖျော် ဖြေပွဲအား အခွေအနေဖြင့် ပြန် လည်ထွက်ရှိရန် စီစဉ်ထားသည်။

အဆိုပါ ဖျော်ဖြေပွဲကို မကြည့်ရသည့် ပရိသတ်များအ တွက် Legacy ထုတ်လုပ်ရေးမှ ဒီဗီဒီအခွေအဖြစ် ဖြန့်ချိမည်ဖြစ် ကြောင်း ဝိုင်းစုခိုင်သိန်းက ဖျော်ဖြေပွဲတွင် ပြောကြားခဲ့သည်။

ဖျော်ဖြေပွဲတွင် ဝိုင်းစုခိုင် သိန်းက ပထမဆုံးတစ်ကိုယ်တော် အခွေ ‘မက်လောက်စရာ’မှ နောက်ဆုံးထွက်ရှိထားသည့် မယ် သီတာအခွေတွင် ပါဝင်ခဲ့သည့် ပရိသတ်အားပေးမှုရရှိသည့် သီချင်းများ ဖျော်ဖြေပေးခဲ့သည်။

ဖျော်ဖြေသည့် သီချင်းတိုင်း ကို သေသေချာချာပြင်ဆင်၍ အကအဖွဲ့များနှင့်အတူ သီချင်း များနှင့် လိုက်ဖက်သည့် ပါဖော့ မန့်များ တင်ဆက်ပေးခဲ့သည်။

စုံတွဲဖျော်ဖြေမှုများအနေ ဖြင့် အောင်လ၊ နိုင်းဝမ်း၊ X Box တို့နှင့် သီချင်းတစ်ပုဒ်စီ ဖျော်ဖြေ ပေးခဲ့ပြီး ဖျော်ဖြေပွဲအစီအစဉ် တစ်ခုနှင့်တစ်ခုအကြားတွင် ပရိ သတ်များအတွက် ကံစမ်းမဲအစီ အစဉ်များပြုလုပ်၍ ခရစ္စမတ် လက်ဆောင်များ ပေးအပ်ခဲ့ သည်။

ခရစ္စမတ်ပွဲတော်ကာလဖြစ် ပြီး ပျော်ပွဲရွှင်ပွဲများလည်းရှိနေ၍ ၎င်း၏ ဖျော်ဖြေပွဲမှာ ထင်သ လောက်မများသော်လည်း ဝိုင်းစု ခိုင်သိန်း၏ အမာခံပရိသတ်များ က သီချင်းတိုင်းကို လိုက်ပါသီဆို ၍ အားပေးခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဖျော် ဖြေပွဲအတွက် သီချင်းတိုက်ရင်း နေမကောင်းဖြစ်ခဲ့သောကြောင့် ဆေးသောက်၍ ဖျော်ဖြေခြင်းဖြစ် ကြောင်း ဝိုင်းစုခိုင်သိန်းက ပြော ကြားခဲ့သည်။

ဝိုင်းစုခိုင်သိန်းက ပရိသတ် များ၏ တောင်းဆိုမှုကြောင့် မန္တ လေးမြို့တွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဇန်နဝါရီ ၂၆ ရက် တွင် Golden City Event Park ၌ ပြုလုပ်မည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top