iMyanmarHouse.com - Best Property Website for Myanmar
×
# Zawgyi Version ဖြင့် ဖတ်ပါ #
၆။ အမြင်အာရုံပြဿနာများ
၁၂။ ခေါင်းကိုက်ခြင်း
# Unicode Version ဖြင့် ဖတ်ပါ #
စားသောက်နေထိုင်မှု ပုံစံပြောင်းလဲလာတဲ့အတွက် ဒီနေ့ခေတ်မှာ အသက်ငယ်ငယ်နဲ့ ဆီးချိုရောဂါ ဖြစ်သူတွေ များပြားလာပါတယ်။ ယနေ့ခေတ်တွင် ဆီးချိုအမျိုးအစား ၂ က များသောအားဖြင့် အလွယ်တကူသတိမပြုမိတတ်တဲ့ လက္ခဏာ အနည်းငယ်သာ ပြသပြီး အဖြစ်များသော ရောဂါတစ်ခုဖြစ်ပါတယ်။
သို့သော် ကျွန်တော်တို့သည် ဆီးချိုရောဂါဟာ နှလုံးသွေးကြောဆိုင်ရာနှင့် အာရုံကြောပျက်စီးမှုကဲ့သို့ နောက်ဆက်တွဲရောဂါများကို ဖြစ်ပေါ်စေတဲ့ ဆိုးရွားသောအခြေအနေတစ်ခုဆိုတာ သိထားသင့်ပါတယ်။ သင့်လျော်တဲ့အစားအစာ၊ လေ့ကျင့်ခန်း၊ ဆေးဝါးများနှင့်အတူ ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ ကံကောင်းတာက ကျွန်တော်တို့သည် နောက်ဆက်တွဲရောဂါများကို တားဆီးနိုင်တာကြောင့် ဆီးချိုရောဂါရဲ့အစောပိုင်းလက္ခဏာတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အလွန်အမင်း ရေငတ်ခြင်း(Polydipsia)
ဆီးမကြာခဏသွားတဲ့အတွက် ရေငတ်တဲ့ဒဏ်ကို အရင်ထက်ပိုပြီး ခံစားရတတ်ပါတယ်။ ဆီးမကြာခဏသွားတဲ့အတွက် သင့်ခန္ဓာကိုယ်က အရည်ပိုမိုဆုံးရှုံးတာကြောင့် ရေငတ်တိုင်း ဖျော်ရည်၊ ဆိုဒါစတာတွေကို သောက်သုံးဖို့ ကြိုးစားပါလိမ့်မယ်။ ဆီးချိုရှိမှန်း မသိဘဲ သောက်သုံးမိတဲ့အတွက် သွေးထဲမှာ သကြားဓာတ်တွေ ပိုများလာကာ ဆီးမကြာခဏသွားခြင်း၊ ရေငတ်ခြင်းတို့ကို တဖန်ပြန်ပြီး ခံစားရတတ်ပါတယ်။
၂။ မကြာခဏ ဆီးသွားခြင်း (Polyuria)
သင်မကြာခဏ ပိုပြီး ဆီးသွားလျှင်၊ ညဘက်မှာ ဆီးသွားဖို့ ခဏခဏနိုးလျှင် ဒါက ကြိုတင်သတိပေးတဲ့ နိမိတ်လက္ခဏာ ဖြစ်နိုင်ပါတယ်။
၃။ ဆာလောင်မှု တိုးပွားလာခြင်း (Polyphagia)
သွေးတွင်းသကြားဓါတ် နိမ့်ကျခြင်းနှင့် အလွန်မြင့်မားခြင်းတို့ကြောင့် ခန္ဓာကိုယ်က စားချင်စိတ်တွေ ရုတ်တရက် တိုးပွားလာစေနိုင်ပါတယ်။
၄။ ခံတွင်းခြောက်သွေ့ခြင်း
မနှစ်မြို့စရာနှင့် အန္တရာယ်နှစ်ခုစလုံးဖြစ်နိုင်တဲ့ ခံတွင်းထဲမှာ အစိုဓါတ်မရှိခြင်းကို တွေ့ကြုံခံစားရနိုင်ပါတယ်။
၅။ ပင်ပန်းနွမ်းနယ်ခြင်း
ဒါက ဆဲလ်ထဲမှာ ဂလူးကို့စ် မရှိခြင်းအတွက် ခန္ဓာကိုယ်က အဆက်မပြတ် အစားထိုးတဲ့အခါမှာ ဖြစ်ပေါ်လာနိုင်ပါတယ်။ သွေးထဲမှာ သကြားဓာတ်တွေရှိပေမယ့် ကြွက်သားတွေ၊ တစ်သျှူးတွေက မသုံးနိုင်တဲ့အတွက် ဆဲလ်တွေအတွက် လိုအပ်တဲ့ စွမ်းအင်ကို မရရှိပဲ ဖြစ်နေပါတယ်။ ဒါ့ကြောင့် အချိန်တိုင်း ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရတာပါ။
၆။ အမြင်အာရုံပြဿနာများ
သွေးတွင်းသကြားဓါတ်က မျက်စိများကိုလည်း သက်ရောက်စေပါတယ်။ မျက်စိထဲမှာ ဂလူးကို့စ်တွေ စုပုံနေလို့ ယာယီအားဖြင့် အမြင်အာရုံပြောင်းလဲသွားခြင်း ဖြစ်ပါတယ်။ ဆီးချိုကြောင့် မျက်စိမှုန်တော့မှာမျိုး မဟုတ်ပါဘူး။
၇။ ကိုယ်အလေးချိန်ကျခြင်း သို့မဟုတ် တိုးလာခြင်း
အင်ဆူလင်က ဆဲလ်ထဲသို့ ဂလူးကို့စအလုံအလောက် မရယူနိုင်တဲ့အခါ ခန္ဓာကိုယ်က ဓါတ်ပြုပြီး ကြွက်သားများကနေ ပရိုတိန်းကို အသုံးပြုခြင်း စတင်ပါတယ်။
၈။ ခြေလက်တွေ ထုံကျင်ခြင်း
ဒါက ဆီးချိုရောဂါနှင့်အတူ ချိတ်ဆက်ထားတဲ့ neuropathy အာရုံကြော ပျက်စီးမှုတစ်ခုရဲ့ ရလဒ်ဖြစ်ပါတယ်။ အာရုံကြောအားနည်းသွားပြီး ခြေဖျားလက်ဖျားမှာ ထုံနာ၊ ကျင်နာ ခံစားလာရခြင်းဖြစ်ပါတယ်။
၉။ မကြာခဏဆီးပူ၊ ဆီးအောင့်ခြင်း
ဆီးထဲမှာ သကြားဓာတ်များနေရင် အမျိုးသမီးတွေရဲ့ မိန်းမကိုယ်အတွင်းပိုင်းဟာ ဘတ်တီးရီးယားနဲ့ မှိုပိုးတွေ ပေါက်ဖွားရာနေရာ ဖြစ်လာပါတယ်။ ဒါ့ကြောင့် ဆီးလမ်းကြောင်းပိုးဝင်ပြီး ဆီးပူဆီးအောင့်ခြင်းကို မကြာခဏ ခံစားလာရတတ်ပါတယ်။
၁၀။ အနာမဟုတ်တဲ့ အတွင်းကြေ၊ ထိခိုက်ရှနာများနှင့် ကူးစက်မှု
ဆီးချိုရောဂါရဲ့ ဒီအဖြစ်များတဲ့ လက္ခဏာတွေက သွေးကြော ထိခိုက်မှုရဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့အခါ တော်တော်နှင့် အနာမကျက်တော့ပါဘူး။
၁၁။ လိင်ပိုင်းဆိုင်ရာ ကမောက်ကမဖြစ်ခြင်း
ဆီးချိုရောဂါကလည်း လိင်ကိုယ်တွင်းအင်္ဂါထဲက အာရုံကြောများနှင့် သွေးကြောများကို ထိခိုက်စေပါတယ်။
၁၂။ ခေါင်းကိုက်ခြင်း
ဒါက သွေးတွင်းသကြားဓါတ်မြင့်မားခြင်းကြောင့် ခေါင်းကိုက်ခြင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလက္ခဏာများက အခြေအနေကို ပိုမိုဆိုးဝါးစေပါတယ်။
၁၃။ အသားအရေပြောင်းလဲခြင်း
သင့် ပေါင်ခြံ၊ ဂျိုင်းကြားနှင့် လည်ပင်းပေါ်က အသားအရေမည်းလာတာကို သတိထားမိပါလိမ့်မယ်။
Source-womansbeautyextra
ဖိုးသူတော် (www.phothutaw.com)
Credit: Lifestyle_Myanmar (TB_Nandar)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top