စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ဒီစက္ခ်ဳပ္ဆိုင္ကို အေ၀းကၾကည့္လိုက္ရင္ေတာ့ လွပေနမွာပါ..၊ ဒါေပမယ့္ ေသခ်ာ အနီးကပ္ၾကည့္လိုက္ မယ္ဆိုရင္ ဆုိင္ေရွ႕မွာရွိတဲ့ အလွျပထားတဲ့ ေမာ္ဒယ္ အရုပ္က တစ္ခုခုထူးျခားေနတယ္ဆိုတာကို သင္သတိထားမိမွာပါ..၊ ဒီအရုပ္ကို Little Pascuala လို႕ေခၚၿပီး Mexico ႏိုင္ငံ Chihuahua မွာေတာ့ သူက star ပါပဲ..၊ ဘာလုိ႕မ်ား ဒီလိုအရုပ္တစ္အရုပ္က ေက်ာ္ၾကားေနတာပါလိမ့္..?

အေၾကာင္းရွိပါတယ္..။ ပထမ တစ္ခ်က္က သူမဟာ ဒီေနရာမွာ ရွိေနတာ ႏွစ္ေပါင္း ၈၀ေလာက္ရွိေနပါၿပီ…။
Image may contain: 1 person
ေနာက္တစ္ခ်က္ကေတာ့ သူဟာ အရုပ္တစ္ရုပ္မဟုတ္ပါဘူး..၊ Little Pascuala ဆိုတဲ့ သူမဟာ ဒီဆိုင္ရဲ႕ ပထမဦးဆံုး ပိုင္ရွင္ျဖစ္ၿပီး သူရဲ႕အေလာင္းကို ေသခ်ာျပင္ဆင္ထားတာပဲ ျဖစ္ပါတယ္..။

ဆိုင္က အလုပ္သမားေတြက တစ္ခါတစ္ေလ Little Pascuala က သူတို႕ေတြကို စိုက္ၾကည့္ေနတတ္သလို တစ္ခ်ိဳ႕ကလည္း သူမရဲ႕အသားဟာ ေႏြးေနတယ္လို႕ေျပာၾကပါတယ္..။ တစ္ေယာက္ကဆိုရင္ သူမရဲ႕လက္ မွာ တစ္ခါတစ္ေလ ေခၽြးေလးေတြထြက္ေနတတ္တယ္လို႕ေတာင္ ေျပာပါတယ္..။ ေအာက္က ပံုမွာ သူမရဲ႕ လက္ကိုၾကည့္လိုက္ပါ..။ တစ္ကယ့္ သက္ရွိတစ္ေယာက္ရဲ႕ လက္ပံုစံပါပဲ။
No automatic alt text available.
ဒီအရုပ္ကို မတ္လ ၂၅ ရက္ေန႕ ၁၉၃၀ မွာ စတင္ျပသခဲ့ပါတယ္..၊ သတို႕သမီး ၀တ္စံုေလးနဲ႕ေပါ့..၊ အဲ့ဒီ အခ်ိန္ကတည္းကစၿပီး သူမကို လူေတြ စိတ္၀င္စားခဲ့တာပါ..၊ ဒီအစီအစဥ္ကိုေတာ့ Little Pascuala ရဲ႕ သမီးျဖစ္သူက ျပဳလုပ္တာျဖစ္ၿပီး အျမဲတမ္း သူမကို သတိရေနေအာင္လို႕ ဆိုပါတယ္..။
သူမ လက္မွာ ေခၽြးေတြရွိေနၿပီး လက္ထဲမွာ ေသြးေတြ လည္ပတ္စီးဆင္းေနတယ္လို႕ေတာင္ ထင္မိပါတယ္..၊ ကၽြန္မကေတာ့ သူ႕ကို သက္ရွိလူတစ္ေယာက္လို႕ပဲ ထင္ပါတယ္..။

Little Pascuala ကို တစ္ပတ္ႏွစ္ၾကိမ္ အ၀တ္လဲေပးပါတယ္..၊ ဒီလိုအ၀တ္လဲေပးတဲ့ တာ၀န္ကိုယူထား တဲ့ Burciaga က သူမကို အ၀တ္လဲေပးတဲ့အခါတိုင္း သူမရဲ႕လက္ေတြကို သတိထားၾကည့္မိပါတယ္..။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myawady

# Unicode Version ျဖင့္ ဖတ္ပါ #
ဒီစက်ချုပ်ဆိုင်ကို အဝေးကကြည့်လိုက်ရင်တော့ လှပနေမှာပါ..၊ ဒါပေမယ့် သေချာ အနီးကပ်ကြည့်လိုက် မယ်ဆိုရင် ဆိုင်ရှေ့မှာရှိတဲ့ အလှပြထားတဲ့ မော်ဒယ် အရုပ်က တစ်ခုခုထူးခြားနေတယ်ဆိုတာကို သင်သတိထားမိမှာပါ..၊ ဒီအရုပ်ကို Little Pascuala လို့ခေါ်ပြီး Mexico နိုင်ငံ Chihuahua မှာတော့ သူက star ပါပဲ..၊ ဘာလို့များ ဒီလိုအရုပ်တစ်အရုပ်က ကျော်ကြားနေတာပါလိမ့်..?

အကြောင်းရှိပါတယ်..။ ပထမ တစ်ချက်က သူမဟာ ဒီနေရာမှာ ရှိနေတာ နှစ်ပေါင်း ၈၀လောက်ရှိနေပါပြီ…။

နောက်တစ်ချက်ကတော့ သူဟာ အရုပ်တစ်ရုပ်မဟုတ်ပါဘူး..၊ Little Pascuala ဆိုတဲ့ သူမဟာ ဒီဆိုင်ရဲ့ ပထမဦးဆုံး ပိုင်ရှင်ဖြစ်ပြီး သူရဲ့အလောင်းကို သေချာပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်..။

ဆိုင်က အလုပ်သမားတွေက တစ်ခါတစ်လေ Little Pascuala က သူတို့တွေကို စိုက်ကြည့်နေတတ်သလို တစ်ချို့ကလည်း သူမရဲ့အသားဟာ နွေးနေတယ်လို့ပြောကြပါတယ်..။ တစ်ယောက်ကဆိုရင် သူမရဲ့လက် မှာ တစ်ခါတစ်လေ ချွေးလေးတွေထွက်နေတတ်တယ်လို့တောင် ပြောပါတယ်..။ အောက်က ပုံမှာ သူမရဲ့ လက်ကိုကြည့်လိုက်ပါ..။ တစ်ကယ့် သက်ရှိတစ်ယောက်ရဲ့ လက်ပုံစံပါပဲ။

ဒီအရုပ်ကို မတ်လ ၂၅ ရက်နေ့ ၁၉၃၀ မှာ စတင်ပြသခဲ့ပါတယ်..၊ သတို့သမီး ဝတ်စုံလေးနဲ့ပေါ့..၊ အဲ့ဒီ အချိန်ကတည်းကစပြီး သူမကို လူတွေ စိတ်ဝင်စားခဲ့တာပါ..၊ ဒီအစီအစဉ်ကိုတော့ Little Pascuala ရဲ့ သမီးဖြစ်သူက ပြုလုပ်တာဖြစ်ပြီး အမြဲတမ်း သူမကို သတိရနေအောင်လို့ ဆိုပါတယ်..။
သူမ လက်မှာ ချွေးတွေရှိနေပြီး လက်ထဲမှာ သွေးတွေ လည်ပတ်စီးဆင်းနေတယ်လို့တောင် ထင်မိပါတယ်..၊ ကျွန်မကတော့ သူ့ကို သက်ရှိလူတစ်ယောက်လို့ပဲ ထင်ပါတယ်..။

Little Pascuala ကို တစ်ပတ်နှစ်ကြိမ် အဝတ်လဲပေးပါတယ်..၊ ဒီလိုအဝတ်လဲပေးတဲ့ တာဝန်ကိုယူထား တဲ့ Burciaga က သူမကို အဝတ်လဲပေးတဲ့အခါတိုင်း သူမရဲ့လက်တွေကို သတိထားကြည့်မိပါတယ်..။

ဖိုးသူတော် (www.phothutaw.com)
Credit: Myawady
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top