ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

‘မိန္းကေလးဆိုတာအိမ္မႈကိစၥႏိုင္နင္းရမယ္’၊ ‘မိန္းကေလးဆိုတာသားကိုသခင္လင္ကိုဘုရားအၿမဲဦးထိပ္ထားရမယ္’၊ ‘မိန္းကေလးဆိုတာဟင္းေကာင္းေကာင္းခ်က္တတ္ရမယ္’၊ ‘မိန္းကေလးဆိုတာ….’။ ‘ဘာလဲမိန္းကေလးဆိုတာ?  မိန္းကေလးျဖစ္တိုင္းဟင္းခ်က္ရတတ္ရမွာလား? ဟင္းေကာင္းေကာင္းစားခ်င္ရင္ထမင္းဆိုင္ကမိန္းမယူေပါ့’ ‘အိမ္သန္႔သန္႔ရွင္းရွင္းလိုခ်င္ရင္ အိမ္ေဖာ္မယူေပါ့’ ‘အဝတ္အစားကိုေကာ့ပ်ံေနေအာင္ဝတ္ခ်င္ရင္ အဝတ္ေလွ်ာ္သည္ယူေပါ့’ စသည္ျဖင့္ႏွစ္ဖက္အေတြးမတည့္တဲ့ပိုစ့္ေလးေတြေတြ႕မိေတာ့ မိန္းကေလး၊ေယာက်္ားေလး စသည္ျဖင့္အေနနဲ႔မဟုတ္ဘဲ လူတစ္ေယာက္လို႔ပဲခံယူၿပီး ကိုယ့္ကိုယ္ကိုသံုးသပ္ၾကရေအာင္။

လူတစ္ေယာက္ရဲ႕ဘဝမွာ စားဖို႔ေသာက္ဖို႔ဆိုတာအသက္ရွင္ဖို႔အတြက္ အရမ္းအေရးႀကီးပါတယ္။ ဗိုက္ျပည့္ဖို႔အတြက္ ဆန္ေတြေကာက္စားလို႔မရသလို အသားနဲ႔အရြက္ေတြလဲ အစိမ္းစားလို႔မရပါဘူး။ ဝယ္စားမွာေပါ့ဆိုလဲ အိမ္ထမင္းအိမ္ဟင္းနဲ႔ အျပင္စာ ဘယ္ဟာက က်န္းမာေရးနဲ႔ညီၫြတ္သလဲ ဘယ္ဟာကပိုစားသင့္လဲဆိုတာ ေယာင္းေလးတို႔သိမွာပါေနာ္။ ကိုယ့္ဘာသာကိုယ္ခ်က္တတ္ထားေတာ့ တစ္ေရးႏိုးဗိုက္ဆာရင္ပဲ ထစားမလား? စိတ္ကူးေပါက္တဲ့အခ်ိန္ထစားမလား? ကိုယ့္ဖာသာ ေကာင္းေကာင္းလုပ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ဟင္းခ်က္တတ္ဖို႔လိုသလား? လိုပါတယ္။ ဘယ္သူ႔အတြက္လဲ? ကိုယ့္အတြက္ပါ။ ဒါဟာ ေယာက္်ားေလးအတြက္ေရာ၊ မိန္းကေလးအတြက္ပါ ေျပာတာပါ။

‘ကၽြန္မကအိမ္ေဖာ္ငွားမွာ’ ဟုတ္ကဲ့ငွားလို႔ပါတယ္။ ဒါေပမဲ့သူမ်ားကိုလက္ၫွိဳးထိုးခိုင္းဖို႔ဆိုတာ ကိုယ္ကလက္ၫွိဳးထိုးႏိုင္တဲ့ အားရွိရမွာေပါ့ေယာင္းရဲ႕။ ကိုယ္ကဘာမွမတတ္ရင္ သူမ်ားဂ်င္းထည့္သမွ် ႀကိတ္သာခံေပေတာ့ေနာ္။ ဘာမွအဆင္မေျပတာကို ေနာက္လူရွာရခက္လို႔ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ ေအာင့္အီးေန… ဒါဆိုရင္ေတာ့ အျပင္မွာစီးပြားေတြကုန္း႐ုန္းရွာပီး ထိပ္ထိပ္ႀကဲေနတဲ့မိန္းကေလးရဲ႕ဂုဏ္နဲ႔ အိမ္ကအိမ္ေဖာ္ေလးတစ္ေယာက္ကိုေတာင္ ေကာင္းေကာင္းမထိန္းသိမ္းႏိုင္လို႔ စုတ္ျပတ္ေနတဲ့ဟင္းတစ္ခြက္နဲ႔ ဒဲ့လဲမလား? တန္ရဲ႕လား? ျပန္သံုးသပ္ၾကည့္ပါေနာ္…

စီးပြားလည္းရွာ၊ အိမ္မႈကိစၥလည္းႏိုင္နင္း္မယ္ဆိုရင္ေတာ့ ပိုေကာင္းတာေပါ့။ သူ႔အတြက္၊ သူမ်ားအတြက္ဆိုတာေတြ ေနာက္ထား အာဟာရျပည့္ဝတဲ့ ဟင္းတစ္ခြက္ကို ကိုယ္စားရမွာပါ။ အိမ္ေထာင္ျပဳၿပီးသားဆိုရင္ေတာ့ သူ႔ကိုလည္းကူခိုင္းေပါ့ ငါေယာက်္ားပဲဆိုၿပီး အလကားေတာ့ ဘယ္ထိုင္စားလို႔ရမလဲ? ကိုယ့္အေပၚလႊမ္းမိုးတာမႀကိဳက္ရင္ ႏွစ္ဦးႏွစ္ဖက္ၫွိႏႈိင္းရမယ္ေလ။ ထမင္းဆိုင္ကလူကိုသြားယူဆိုေတာ့ သူကေယာင္းကိုခ်စ္လို႔ယူထားတာေလ ဟုတ္ဘူးလား။ ဒါမ်ိဳးေလးေတြလည္း ႏွစ္ဦးႏွစ္ဘက္ေတြးၾကပါလို႔ ႏွင္းကအႀကံျပဳပါတယ္ရွင္။ ဒါေၾကာင့္ ဟင္းကို လန္ထြက္ပ်ံတက္ေနေအာင္ မခ်က္တတ္ရင္ေတာင္မွ ကိုယ္စားေပ်ာ္တဲ့ အေျခအေနအထိေလးေတာ့ ခ်က္တတ္ထားသင့္ပါတယ္ေနာ္… ဘယ္သူ႔အတြက္လဲဆိုရင္ ကိုယ့္အတြက္ပါလို႔…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hnin Ei Oo ( For Her Myanmar )


# Unicode Version ျဖင့္ ဖတ္ပါ #
‘မိန်းကလေးဆိုတာအိမ်မှုကိစ္စနိုင်နင်းရမယ်’၊ ‘မိန်းကလေးဆိုတာသားကိုသခင်လင်ကိုဘုရားအမြဲဦးထိပ်ထားရမယ်’၊ ‘မိန်းကလေးဆိုတာဟင်းကောင်းကောင်းချက်တတ်ရမယ်’၊ ‘မိန်းကလေးဆိုတာ….’။ ‘ဘာလဲမိန်းကလေးဆိုတာ?  မိန်းကလေးဖြစ်တိုင်းဟင်းချက်ရတတ်ရမှာလား? ဟင်းကောင်းကောင်းစားချင်ရင်ထမင်းဆိုင်ကမိန်းမယူပေါ့’ ‘အိမ်သန့်သန့်ရှင်းရှင်းလိုချင်ရင် အိမ်ဖော်မယူပေါ့’ ‘အဝတ်အစားကိုကော့ပျံနေအောင်ဝတ်ချင်ရင် အဝတ်လျှော်သည်ယူပေါ့’ စသည်ဖြင့်နှစ်ဖက်အတွေးမတည့်တဲ့ပိုစ့်လေးတွေတွေ့မိတော့ မိန်းကလေး၊ယောကျ်ားလေး စသည်ဖြင့်အနေနဲ့မဟုတ်ဘဲ လူတစ်ယောက်လို့ပဲခံယူပြီး ကိုယ့်ကိုယ်ကိုသုံးသပ်ကြရအောင်။

လူတစ်ယောက်ရဲ့ဘဝမှာ စားဖို့သောက်ဖို့ဆိုတာအသက်ရှင်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ ဗိုက်ပြည့်ဖို့အတွက် ဆန်တွေကောက်စားလို့မရသလို အသားနဲ့အရွက်တွေလဲ အစိမ်းစားလို့မရပါဘူး။ ဝယ်စားမှာပေါ့ဆိုလဲ အိမ်ထမင်းအိမ်ဟင်းနဲ့ အပြင်စာ ဘယ်ဟာက ကျန်းမာရေးနဲ့ညီညွတ်သလဲ ဘယ်ဟာကပိုစားသင့်လဲဆိုတာ ယောင်းလေးတို့သိမှာပါနော်။ ကိုယ့်ဘာသာကိုယ်ချက်တတ်ထားတော့ တစ်ရေးနိုးဗိုက်ဆာရင်ပဲ ထစားမလား? စိတ်ကူးပေါက်တဲ့အချိန်ထစားမလား? ကိုယ့်ဖာသာ ကောင်းကောင်းလုပ်နိုင်ပါတယ်။ ဒါကြောင့် ဟင်းချက်တတ်ဖို့လိုသလား? လိုပါတယ်။ ဘယ်သူ့အတွက်လဲ? ကိုယ့်အတွက်ပါ။ ဒါဟာ ယောက်ျားလေးအတွက်ရော၊ မိန်းကလေးအတွက်ပါ ပြောတာပါ။

‘ကျွန်မကအိမ်ဖော်ငှားမှာ’ ဟုတ်ကဲ့ငှားလို့ပါတယ်။ ဒါပေမဲ့သူများကိုလက်ညှိုးထိုးခိုင်းဖို့ဆိုတာ ကိုယ်ကလက်ညှိုးထိုးနိုင်တဲ့ အားရှိရမှာပေါ့ယောင်းရဲ့။ ကိုယ်ကဘာမှမတတ်ရင် သူများဂျင်းထည့်သမျှ ကြိတ်သာခံပေတော့နော်။ ဘာမှအဆင်မပြေတာကို နောက်လူရှာရခက်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ အောင့်အီးနေ… ဒါဆိုရင်တော့ အပြင်မှာစီးပွားတွေကုန်းရုန်းရှာပီး ထိပ်ထိပ်ကြဲနေတဲ့မိန်းကလေးရဲ့ဂုဏ်နဲ့ အိမ်ကအိမ်ဖော်လေးတစ်ယောက်ကိုတောင် ကောင်းကောင်းမထိန်းသိမ်းနိုင်လို့ စုတ်ပြတ်နေတဲ့ဟင်းတစ်ခွက်နဲ့ ဒဲ့လဲမလား? တန်ရဲ့လား? ပြန်သုံးသပ်ကြည့်ပါနော်…

စီးပွားလည်းရှာ၊ အိမ်မှုကိစ္စလည်းနိုင်နင်းမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ သူ့အတွက်၊ သူများအတွက်ဆိုတာတွေ နောက်ထား အာဟာရပြည့်ဝတဲ့ ဟင်းတစ်ခွက်ကို ကိုယ်စားရမှာပါ။ အိမ်ထောင်ပြုပြီးသားဆိုရင်တော့ သူ့ကိုလည်းကူခိုင်းပေါ့ ငါယောကျ်ားပဲဆိုပြီး အလကားတော့ ဘယ်ထိုင်စားလို့ရမလဲ? ကိုယ့်အပေါ်လွှမ်းမိုးတာမကြိုက်ရင် နှစ်ဦးနှစ်ဖက်ညှိနှိုင်းရမယ်လေ။ ထမင်းဆိုင်ကလူကိုသွားယူဆိုတော့ သူကယောင်းကိုချစ်လို့ယူထားတာလေ ဟုတ်ဘူးလား။ ဒါမျိုးလေးတွေလည်း နှစ်ဦးနှစ်ဘက်တွေးကြပါလို့ နှင်းကအကြံပြုပါတယ်ရှင်။ ဒါကြောင့် ဟင်းကို လန်ထွက်ပျံတက်နေအောင် မချက်တတ်ရင်တောင်မှ ကိုယ်စားပျော်တဲ့ အခြေအနေအထိလေးတော့ ချက်တတ်ထားသင့်ပါတယ်နော်… ဘယ်သူ့အတွက်လဲဆိုရင် ကိုယ့်အတွက်ပါလို့…

ဖိုးသူတော် (www.phothutaw.com)
Credit: Hnin Ei Oo ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top