ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကိုယ္အေလးခ်ိန္ေလ်ာ႕က်ဖို႕ စိတ္ဆံုးျဖတ္လိုက္တယ္ဆိုတာနဲ႕ Gym ေတြမွာစာရင္း၀င္ရမယ္၊ ေငြကုန္ေႀကးက်မ်ားလြန္းတဲ့ အေထာက္အကူပစၥည္းေတြကို အသံုးျပဳရမယ္လို႕မဆိုလိုပါဘူး။ သင့္တင့္မွ်တတဲ့ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းထားႏိုင္ဖို႕ အေကာင္းဆံုးနည္းလမ္းေတြထဲမွာ အစားေလွ်ာ႕စားျခင္းကလည္း ထိေရာက္မႈရွိလွတဲ့ နည္းလမ္းတစ္ခုပဲျဖစ္ပါတယ္။ မိမိစားသံုးသည့္အစားအေသာက္မ်ားႏွင့္ မည္သို႕မည္ပံုစားသံုးသည္ကို အနည္းငယ္မွ် ေျပာင္းလဲလုိက္ရံုျဖင့္ ေပါင္ခ်ိန္အခ်ိဳ႕ကိုက်သြားေစႏိုင္မွာျဖစ္ပါတယ္။

ကိုယ္အေလးခ်ိန္ေလွ်ာ႕က်ေအာင္ ျပဳလုပ္ျခင္းသည္ ပင္ပန္းခက္ခဲေသာအလုပ္တစ္ခုျဖစ္ေသာ္ျငားလည္း မိမိအတြက္မည္သည့္အစားအစာမ်ားက ေကာင္းမြန္သင့္ေတာ္သလဲဆိုတာ သိဖို႕ရန္မွာလည္း အင္မတန္အေရးႀကီးပါတယ္။ ထို႕ေႀကာင့္ ေစ်းႀကီးေပး၀ယ္စရာမလိုဘဲ အလြယ္တကူရွာေဖြ၀ယ္ယူႏိုင္၍ က်န္းမာေရးႏွင့္ညီညြတ္စြာစားသံုးႏိုင္သည့္ အစားအစာမ်ားကို သိရွိႏိုင္ရန္အတြက္ ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ အုတ္ဂ်ံဳမႈန္႕မ်ား

ကိုယ္အေလးခ်ိန္ေလ်ာ႕က်လိုသူမ်ား အေရးတႀကီးသိထားသင့္သည့္အခ်က္တစ္ခ်က္မွာ မနက္စာကိုေသခ်ာေပါက္စားသံုးေပးရမွာပဲ ျဖစ္ပါတယ္။ အုတ္ဂ်ံဳမႈန္႕မ်ားသည္ ဖိုက္ဘာဓာတ္ႀကြယ္၀စြာပါ၀င္ၿပီး သင့္ကိုအခ်ိန္ႀကာႀကာဗိုက္ၿပည့္ေနေစမွာျဖစ္သည့္အတြက္ အရသာလည္းရွိ၍ က်န္းမာေရးႏွင့္ညီညြတ္သည့္မနက္စာတစ္မ်ိဳးပဲျဖစ္ပါတယ္။

၂။ ဒိန္ခ်ဥ္

ေစ်းႏႈန္းခ်ိဳသာစြာျဖင့္ အလြယ္တကူ၀ယ္ယူရရွိႏိုင္သည့္ ဒိန္ခ်ဥ္တြင္ပါ၀င္သည့္ ကယ္လ္စီယမ္ပမာဏသည္ ကိုယ္အေလးခ်ိန္ေလ်ာ႕က်မႈကို ျဖစ္ေပၚေစပါတယ္။ ဒိန္ခ်ဥ္ကုိစားသံုးေပးျခင္းက ဆာေလာင္မႈမႀကာခဏျဖစ္ေပၚျခင္းကို ေရွာင္ရွားႏိုင္ကာ ဗိုက္ၿပည့္ေနသည့္ခံစားခ်က္ကို ေပးစြမ္းမွာျဖစ္ပါတယ္။

၃။ ေပါက္ေပါက္ဆုပ္

ေပါက္ေပါက္ဆုပ္စားသံုးရသည္ကို ႀကိဳက္ႏွစ္သက္သူမ်ား အခ်ိဳဓာတ္ထည့္သြင္းထားသည့္ ေပါက္ေပါက္ဆုပ္မ်ားမဟုတ္ဘဲ အိမ္လုပ္အမ်ိဳးအစားကို စမ္း၍စားသံုးႀကည့္ပါ။ ကယ္လိုရီပါ၀င္မႈပမာဏ နည္းပါးသည့္အတြက္ ကိုယ္အေလးခ်ိန္ေလ်ာ႕က်ေစကာ ေငြကုန္ေႀကးက်လည္းသက္သာေစမွာျဖစ္ပါတယ္။

၄။ ေရွာက္ခါးသီး

ဗီတာမင္စီ၊ ဖိုက္ဘာဓာတ္၊ ေရဓာတ္ အစံုအလင္ပါ၀င္သည့္ ေရွာက္ခါးသီးသည္ ကိုယ္အေလးခ်ိန္ေလ်ာ႕က်ဖို႕အတြက္ အေထာက္အကူေပးႏိုင္ပါတယ္။ ကယ္လိုရီပါ၀င္မႈနည္းပါး၍ သင့္ကိုအခ်ိန္ႀကာႀကာ ဗိုက္၀ေနေစမွာျဖစ္ပါတယ္။

၅။ ပန္းသီး

ကယ္လိုရီပါ၀င္မႈနည္းပါးရံုသာမက ဖိုက္ဘာအရင္းအျမစ္ႀကြယ္၀သည့္အတြက္ သင့္အစာအိမ္ကို အခ်ိန္အတိုင္းအတာတစ္ခုအထိ ဗိုက္ၿပည့္ေနေစကာ အလြန္အကၽြံစားသံုးမႈမွလည္း ကာကြယ္ေပးမွာျဖစ္ပါတယ္။ ထုိ႕အျပင္ ပန္းသီးတြင္ပါ၀င္သည့္ Antioxidant မ်ားသည္ ခႏၶာကိုယ္အတြင္းရွိ အဆီပိုမ်ားကိုလည္း ဖယ္ရွားေပးႏိုင္ပါတယ္။

၆။ လက္ဖက္ရည္ႀကမ္း

ေကာ္ဖီေသာက္ေလ့ေသာက္ထရွိပါက လက္ဖက္ရည္ႀကမ္းကို ေျပာင္းလဲေသာက္သံုးႀကည့္ပါ။ ေကာ္ဖီထက္က်န္းမာေရးႏွင့္ ပိုမိုညီညြတ္ကာ ကိုယ္အေလးခ်ိန္ေလ်ာ႕က်ဖို႕အတြက္လည္း ကူညီေပးႏိုင္ပါတယ္။

၇။ ဟင္းႏုႏြယ္ရြက္

ေငြေႀကးအနည္းငယ္သာေပး၀ယ္ရေသာ္လည္း အာဟာရဓာတ္ပါ၀င္မႈမွာ ျမင့္မားလွသည့္အတြက္ ကိုယ္အေလးခ်ိန္ေလ်ာ႕က်လိုသူမ်ား စားသံုးရမည့္အစားအစာမ်ားထဲတြင္ တစ္ခုအပါအ၀င္ျဖစ္ပါတယ္။ အဆီမ်ားကိုေလာင္ကၽြမ္းေစသည့္ ကယ္လ္စီယမ္ဓာတ္လည္း ပါ၀င္ပါေသးတယ္။

၈။ ပဲမ်ိဳးစံု

ဖိုက္ဘာ၊ ပရိုတင္းဓာတ္တုိ႕ႀကြယ္၀စြာပါ၀င္ၿပီး အဆီႏွင့္ ကိုလက္စထေရာလည္းလံုး၀မပါ၀င္သည့္အတြက္ တစ္ပန္းကန္စားထားရံုႏွင့္ အခ်ိန္ႀကာႀကာဗိုက္ၿပည့္ေနေစမွာျဖစ္ပါတယ္။

၉။ ဒိန္ခဲအေပ်ာ႕

ႏို႕ထြက္ပစၥည္းျဖစ္သည့္ ဒိန္ခဲအေပ်ာ႕တြင္ ပရိုတင္းျမင့္မားစြာပါ၀င္၍ သင့္ကိုဗိုက္ၿပည့္ေနေစမွာျဖစ္ပါတယ္။ အဆီမ်ားကိုေလာင္ကၽြမ္းေစႏိုင္သည့္ ကယ္လ္စီယမ္လည္းျမင့္မားစြာ ပါ၀င္၍ လတ္ဆတ္ခ်ိဳျမေသာအရသာေႀကာင့္ လူမ်ားအထူးႀကိဳက္ႏွစ္သက္မွာျဖစ္ပါတယ္။

၁၀။ မုန္လာဥနီ

မ်က္လံုးအတြက္ အထူးေကာင္းမြန္ရံုသာမက ကိုယ္အေလးခ်ိန္အတြက္လည္း အလြန္သင့္ေတာ္ပါတယ္။ ဖုိက္ဘာဓာတ္ႏွင့္ ေရဓာတ္အမ်ားအျပားပါ၀င္သည့္အတြက္ ျပည့္အင့္မႈကိုျဖစ္ေပၚေစကာ ကယ္လ္လိုရီစားသံုးမႈကိုလည္း ေလ်ာ႕က်ေစမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyFood
#Unicode Version#
ကိုယ်အလေးချိန်လျော့ကျဖို့ စိတ်ဆုံးဖြတ်လိုက်တယ်ဆိုတာနဲ့ Gym တွေမှာစာရင်းဝင်ရမယ်၊ ငွေကုန်ကြေးကျများလွန်းတဲ့ အထောက်အကူပစ္စည်းတွေကို အသုံးပြုရမယ်လို့မဆိုလိုပါဘူး။ သင့်တင့်မျှတတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတွေထဲမှာ အစားလျှော့စားခြင်းကလည်း ထိရောက်မှုရှိလှတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ မိမိစားသုံးသည့်အစားအသောက်များနှင့် မည်သို့မည်ပုံစားသုံးသည်ကို အနည်းငယ်မျှ ပြောင်းလဲလိုက်ရုံဖြင့် ပေါင်ချိန်အချို့ကိုကျသွားစေနိုင်မှာဖြစ်ပါတယ်။

ကိုယ်အလေးချိန်လျှော့ကျအောင် ပြုလုပ်ခြင်းသည် ပင်ပန်းခက်ခဲသောအလုပ်တစ်ခုဖြစ်သော်ငြားလည်း မိမိအတွက်မည်သည့်အစားအစာများက ကောင်းမွန်သင့်တော်သလဲဆိုတာ သိဖို့ရန်မှာလည်း အင်မတန်အရေးကြီးပါတယ်။ ထို့ကြောင့် ဈေးကြီးပေးဝယ်စရာမလိုဘဲ အလွယ်တကူရှာဖွေဝယ်ယူနိုင်၍ ကျန်းမာရေးနှင့်ညီညွတ်စွာစားသုံးနိုင်သည့် အစားအစာများကို သိရှိနိုင်ရန်အတွက် ဖော်ပြပေးလိုက်ရပါတယ်။

၁။ အုတ်ဂျုံမှုန့်များ

ကိုယ်အလေးချိန်လျော့ကျလိုသူများ အရေးတကြီးသိထားသင့်သည့်အချက်တစ်ချက်မှာ မနက်စာကိုသေချာပေါက်စားသုံးပေးရမှာပဲ ဖြစ်ပါတယ်။ အုတ်ဂျုံမှုန့်များသည် ဖိုက်ဘာဓာတ်ကြွယ်ဝစွာပါဝင်ပြီး သင့်ကိုအချိန်ကြာကြာဗိုက်ပြည့်နေစေမှာဖြစ်သည့်အတွက် အရသာလည်းရှိ၍ ကျန်းမာရေးနှင့်ညီညွတ်သည့်မနက်စာတစ်မျိုးပဲဖြစ်ပါတယ်။

၂။ ဒိန်ချဉ်

ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်သည့် ဒိန်ချဉ်တွင်ပါဝင်သည့် ကယ်လ်စီယမ်ပမာဏသည် ကိုယ်အလေးချိန်လျော့ကျမှုကို ဖြစ်ပေါ်စေပါတယ်။ ဒိန်ချဉ်ကိုစားသုံးပေးခြင်းက ဆာလောင်မှုမကြာခဏဖြစ်ပေါ်ခြင်းကို ရှောင်ရှားနိုင်ကာ ဗိုက်ပြည့်နေသည့်ခံစားချက်ကို ပေးစွမ်းမှာဖြစ်ပါတယ်။

၃။ ပေါက်ပေါက်ဆုပ်

ပေါက်ပေါက်ဆုပ်စားသုံးရသည်ကို ကြိုက်နှစ်သက်သူများ အချိုဓာတ်ထည့်သွင်းထားသည့် ပေါက်ပေါက်ဆုပ်များမဟုတ်ဘဲ အိမ်လုပ်အမျိုးအစားကို စမ်း၍စားသုံးကြည့်ပါ။ ကယ်လိုရီပါဝင်မှုပမာဏ နည်းပါးသည့်အတွက် ကိုယ်အလေးချိန်လျော့ကျစေကာ ငွေကုန်ကြေးကျလည်းသက်သာစေမှာဖြစ်ပါတယ်။

၄။ ရှောက်ခါးသီး

ဗီတာမင်စီ၊ ဖိုက်ဘာဓာတ်၊ ရေဓာတ် အစုံအလင်ပါဝင်သည့် ရှောက်ခါးသီးသည် ကိုယ်အလေးချိန်လျော့ကျဖို့အတွက် အထောက်အကူပေးနိုင်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပါး၍ သင့်ကိုအချိန်ကြာကြာ ဗိုက်ဝနေစေမှာဖြစ်ပါတယ်။

၅။ ပန်းသီး

ကယ်လိုရီပါဝင်မှုနည်းပါးရုံသာမက ဖိုက်ဘာအရင်းအမြစ်ကြွယ်ဝသည့်အတွက် သင့်အစာအိမ်ကို အချိန်အတိုင်းအတာတစ်ခုအထိ ဗိုက်ပြည့်နေစေကာ အလွန်အကျွံစားသုံးမှုမှလည်း ကာကွယ်ပေးမှာဖြစ်ပါတယ်။ ထို့အပြင် ပန်းသီးတွင်ပါဝင်သည့် Antioxidant များသည် ခန္ဓာကိုယ်အတွင်းရှိ အဆီပိုများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

၆။ လက်ဖက်ရည်ကြမ်း

ကော်ဖီသောက်လေ့သောက်ထရှိပါက လက်ဖက်ရည်ကြမ်းကို ပြောင်းလဲသောက်သုံးကြည့်ပါ။ ကော်ဖီထက်ကျန်းမာရေးနှင့် ပိုမိုညီညွတ်ကာ ကိုယ်အလေးချိန်လျော့ကျဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။

၇။ ဟင်းနုနွယ်ရွက်

ငွေကြေးအနည်းငယ်သာပေးဝယ်ရသော်လည်း အာဟာရဓာတ်ပါဝင်မှုမှာ မြင့်မားလှသည့်အတွက် ကိုယ်အလေးချိန်လျော့ကျလိုသူများ စားသုံးရမည့်အစားအစာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဆီများကိုလောင်ကျွမ်းစေသည့် ကယ်လ်စီယမ်ဓာတ်လည်း ပါဝင်ပါသေးတယ်။

၈။ ပဲမျိုးစုံ

ဖိုက်ဘာ၊ ပရိုတင်းဓာတ်တို့ကြွယ်ဝစွာပါဝင်ပြီး အဆီနှင့် ကိုလက်စထရောလည်းလုံးဝမပါဝင်သည့်အတွက် တစ်ပန်းကန်စားထားရုံနှင့် အချိန်ကြာကြာဗိုက်ပြည့်နေစေမှာဖြစ်ပါတယ်။

၉။ ဒိန်ခဲအပျော့

နို့ထွက်ပစ္စည်းဖြစ်သည့် ဒိန်ခဲအပျော့တွင် ပရိုတင်းမြင့်မားစွာပါဝင်၍ သင့်ကိုဗိုက်ပြည့်နေစေမှာဖြစ်ပါတယ်။ အဆီများကိုလောင်ကျွမ်းစေနိုင်သည့် ကယ်လ်စီယမ်လည်းမြင့်မားစွာ ပါဝင်၍ လတ်ဆတ်ချိုမြသောအရသာကြောင့် လူများအထူးကြိုက်နှစ်သက်မှာဖြစ်ပါတယ်။

၁၀။ မုန်လာဥနီ

မျက်လုံးအတွက် အထူးကောင်းမွန်ရုံသာမက ကိုယ်အလေးချိန်အတွက်လည်း အလွန်သင့်တော်ပါတယ်။ ဖိုက်ဘာဓာတ်နှင့် ရေဓာတ်အများအပြားပါဝင်သည့်အတွက် ပြည့်အင့်မှုကိုဖြစ်ပေါ်စေကာ ကယ်လ်လိုရီစားသုံးမှုကိုလည်း လျော့ကျစေမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: MyFood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top