ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ငါးလအတြင္း အၿပီးတည္ေဆာက္သြားမယလုိ႔ ဆိုပါတယ္။

ရန္ကုန္ၿမိဳ႕အတြင္း ေျမေအာက္လူသြားလမ္း (Underpass) သံုးစင္းကို ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္အတြင္း အၿပီးတည္ေဆာက္သြားမယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန(လမ္းတံတား) ကေန သိရပါတယ္။

အဆိုပါေျမေအာက္လူသြားလမ္းကို ဗဟန္းၿမိဳ႕နယ္ ဦး၀ိစာရလမ္း (ေရႊတိဂံုဘုရား အေနာက္ဘက္မုခ္အနီး)၊ ကမာရြတ္ ၿမိဳ႕နယ္၊ ျပည္လမ္း (ပညာေရးတကၠသိုလ္ေရွ႕)နဲ႔ မရမ္းကုန္းၿမိဳ႕နယ္၊ ျပည္လမ္း (ရွစ္မိုင္ခံုးေက်ာ္တံတားအနီး) တို႔မွာ တည္ေဆာက္သြားမယ္လုိ႔ သိရပါတယ္။

‘‘ရန္ကုန္မွာ တစ္ခါမွမ ေဆာက္ရေသးဘူး။  အခုလိုေျမ ေအာက္လမ္းေတြ ၿပီးရင္ ႏိုင္ငံျခားမွာလို ေျမေအာက္ေစ်းေတြလည္း ဆက္ၿပီး လုပ္ႏိုင္ေအာင္ဖို႔ပါ’’လုိ႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာ ေရး ေကာ္မတီ လမ္းတံတားဌာန လက္ေထာက္ဌာနမွဴး ဦးက်င္အုန္းက ေျပာပါတယ္။

ယာဥ္တိုက္မႈေတြ ေလ်ာ့က်ေစေရး၊ လူအမ်ားလမ္းျဖတ္ကူးရာမွာ ေဘးအႏၲရာယ္ကင္းရွင္းေစေရးအတြက္ ေျမေအာက္လူကူးလမ္းေတြ တည္ေဆာက္တာျဖစ္လို႔ ဦးက်င္အုန္းက ဆိုပါတယ္။

ဦးသိန္းစိန္အစိုးရ သက္တမ္း ကုန္ဆံုးခါနီးမွာ ကမာရြတ္ၿမိဳ႕နယ္ ပညာေရးတကၠသိုလ္ေရွ႕က ျပည္လမ္းမေအာက္မွာ ေျမေအာက္လူကူးလမ္း စီမံ ကိန္းတစ္ခု အေကာင္အထည္ေဖာ္ဖုိ႔ စီစဥ္ခဲ့ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ငါးလအတွင်း အပြီးတည်ဆောက်သွားမယလို့ ဆိုပါတယ်။

ရန်ကုန်မြို့အတွင်း မြေအောက်လူသွားလမ်း (Underpass) သုံးစင်းကို ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းတံတား) ကနေ သိရပါတယ်။

အဆိုပါမြေအောက်လူသွားလမ်းကို ဗဟန်းမြို့နယ် ဦးဝိစာရလမ်း (ရွှေတိဂုံဘုရား အနောက်ဘက်မုခ်အနီး)၊ ကမာရွတ် မြို့နယ်၊ ပြည်လမ်း (ပညာရေးတက္ကသိုလ်ရှေ့)နဲ့ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း (ရှစ်မိုင်ခုံးကျော်တံတားအနီး) တို့မှာ တည်ဆောက်သွားမယ်လို့ သိရပါတယ်။

‘‘ရန်ကုန်မှာ တစ်ခါမှမ ဆောက်ရသေးဘူး။  အခုလိုမြေ အောက်လမ်းတွေ ပြီးရင် နိုင်ငံခြားမှာလို မြေအောက်ဈေးတွေလည်း ဆက်ပြီး လုပ်နိုင်အောင်ဖို့ပါ’’လို့ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီ လမ်းတံတားဌာန လက်ထောက်ဌာနမှူး ဦးကျင်အုန်းက ပြောပါတယ်။

ယာဉ်တိုက်မှုတွေ လျော့ကျစေရေး၊ လူအများလမ်းဖြတ်ကူးရာမှာ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြေအောက်လူကူးလမ်းတွေ တည်ဆောက်တာဖြစ်လို့ ဦးကျင်အုန်းက ဆိုပါတယ်။

ဦးသိန်းစိန်အစိုးရ သက်တမ်း ကုန်ဆုံးခါနီးမှာ ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ်ရှေ့က ပြည်လမ်းမအောက်မှာ မြေအောက်လူကူးလမ်း စီမံ ကိန်းတစ်ခု အကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top