ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မေလးရွားႏိုင္ငံမွာ ဆယ္ေက်ာ္သက္အရြယ္ သမီးရင္းကို ၄ ႏွစ္ၾကာ အဓမၼျပဳက်င့္ခဲ့တဲ့ ဖခင္ကို တရား႐ုံးက ေထာင္ဒဏ္ ၁၁၅ ႏွစ္နဲ႔ ႀကိမ္ဒဏ္ ၂၄ ခ်က္ က်ခံေစဖို႔ ဒီကေန႔ အမိန္႔ခ်မွတ္လိုက္ပါတယ္။

အသက္ ၅၃ ႏွစ္အရြယ္ အဲဒီအမ်ိဳးသားဟာ တံငါသည္တဦးျဖစ္ၿပီး ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားတဲ့အတြက္ ပထမစီရင္ခ်က္မွာ ေထာင္ဒဏ္အႏွစ္ ၄၀၊ ဒုတိယစီရင္ခ်က္မွာ ေထာင္ဒဏ္ ၇၅ ႏွစ္နဲ႔ ႀကိမ္ဒဏ္ ၂၄ ခ်က္ ခ်မွတ္လိုက္တာပါ။

အဓမၼျပဳက်င့္ခံရသူ ဆယ္ေက်ာ္သက္မိန္းကေလးဟာ သူ႔ရဲ႕ သမီးအႀကီးဆံုးျဖစ္ၿပီး လြန္ခဲ့တဲ့ ၂၀၁၃ ခုႏွစ္၊ ေအာက္တိုဘာ ၂၀ ရက္ေန႔က ဒီအျဖစ္အပ်က္ စတင္ခဲ့တာလို႔ ဆိုပါတယ္။အဲဒီအခ်ိ္န္မွာ မိန္းကေလးရဲ႕အသက္ဟာ ၁၆ ႏွစ္သာရွိေသးၿပီး ပါဟန္းျမစ္ကမ္းပါးမွ ဝါးေဖာင္အိမ္တြင္းမွာ အဓမၼျပဳက်င့္ခံခဲ့ရတာ ျဖစ္ပါတယ္။

ဒါဟာ ေသြးသားရင္းခ်င္း ကာမစပ္ယွက္က်ဴးလြန္မႈျဖစ္ကာ လက္ရွိမွာ အသက္ ၂၀ အရြယ္ ရွိၿပီျဖစ္တဲ့ သမီးျဖစ္သူက ဘယ္လိုမွ သည္းမခံႏိုင္ေတာ့တဲ့အတြက္ ရဲေတြကို တိုင္ၾကားခဲ့ရာမွ ခုလို အမႈမွန္ ေပၚေပါက္ခဲ့တာ ျဖစ္ပါတယ္။

သမီးျဖစ္သူက ဒီဇင္ဘာ ၁၃ ရက္ေန႔မွာ တိုင္ၾကားအၿပီး ဖခင္ျဖစ္သူကို ရဲေတြက ဖမ္းဆီးစစ္ေဆးခဲ့ကာ လက္ရွိမွာေတာ့ ျပစ္ဒဏ္အတြက္ အမိန္႔ခ်မွတ္ႏိုင္ခဲ့ၿပီျဖစ္တယ္လို႔ ခ်န္နယ္နယူးစ္ေအးရွား သတင္းမွာ ေဖာ္ျပပါတယ္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version#
မလေးရှားနိုင်ငံမှာ ဆယ်ကျော်သက်အရွယ် သမီးရင်းကို ၄ နှစ်ကြာ အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင်ကို တရားရုံးက ထောင်ဒဏ် ၁၁၅ နှစ်နဲ့ ကြိမ်ဒဏ် ၂၄ ချက် ကျခံစေဖို့ ဒီကနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

အသက် ၅၃ နှစ်အရွယ် အဲဒီအမျိုးသားဟာ တံငါသည်တဦးဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် ပထမစီရင်ချက်မှာ ထောင်ဒဏ်အနှစ် ၄၀၊ ဒုတိယစီရင်ချက်မှာ ထောင်ဒဏ် ၇၅ နှစ်နဲ့ ကြိမ်ဒဏ် ၂၄ ချက် ချမှတ်လိုက်တာပါ။

အဓမ္မပြုကျင့်ခံရသူ ဆယ်ကျော်သက်မိန်းကလေးဟာ သူ့ရဲ့ သမီးအကြီးဆုံးဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့က ဒီအဖြစ်အပျက် စတင်ခဲ့တာလို့ ဆိုပါတယ်။အဲဒီအချိန်မှာ မိန်းကလေးရဲ့အသက်ဟာ ၁၆ နှစ်သာရှိသေးပြီး ပါဟန်းမြစ်ကမ်းပါးမှ ဝါးဖောင်အိမ်တွင်းမှာ အဓမ္မပြုကျင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါဟာ သွေးသားရင်းချင်း ကာမစပ်ယှက်ကျူးလွန်မှုဖြစ်ကာ လက်ရှိမှာ အသက် ၂၀ အရွယ် ရှိပြီဖြစ်တဲ့ သမီးဖြစ်သူက ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အတွက် ရဲတွေကို တိုင်ကြားခဲ့ရာမှ ခုလို အမှုမှန် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

သမီးဖြစ်သူက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ တိုင်ကြားအပြီး ဖခင်ဖြစ်သူကို ရဲတွေက ဖမ်းဆီးစစ်ဆေးခဲ့ကာ လက်ရှိမှာတော့ ပြစ်ဒဏ်အတွက် အမိန့်ချမှတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ ချန်နယ်နယူးစ်အေးရှား သတင်းမှာ ဖော်ပြပါတယ်။
 ဖိုးသူတော် (www.phothutaw.com)
Credit: DVB

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top