န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

သီခ်င္းျမဴးျမဴးေလး ဖြင့္နားေထာင္လိုက္ပါ

ဒီေန႔ ဘာမွကို လုပ္ခ်င္ကိုင္ခ်င္စိတ္မရွိဘူး ျဖစ္ေနတယ္၊ ထကို မထခ်င္ဘူး ဆိုၿပီး အပ်င္းေရာဂါထၾကြေနတယ္ဆိုရင္ ဒါေလးေတြ လုပ္ၾကည့္ပါ။

(၁) ေပ်ာ္စရာေကာင္းတာတစ္ခုခုလုပ္ဖို႔ ၾကံပါ

စိတ္အားတက္ၾကြမႈ မရွိတာ သင့္ ေန႔စဥ္ တာဝန္နဲ႔ ဝတၱရားေတြက လုပ္ေနက် ျဖစ္ေနေတာ့ ဘာမွကို စိတ္ဝင္စားစရာ ထူးျခားတာမရွိလို႔ပါ။ ဆန္းဆန္းျပားျပား တစ္ခုခုစဥ္းစားၾကည့္ရေအာင္။ နည္းနည္းေတာ့ ေခါင္းစားမယ့္အရာေလးဆို ပ်င္းရမွာ မဟုတ္ေတာ့ဘူးေပါ့။ မ်က္စိကိုမွိတ္ၿပီး ေတြးခ်င္ရာသာေတြးပစ္လိုက္ပါ။ ဒီေန႔ ဘာေလးလုပ္ခ်င္လဲ။ ေန႔စဥ္လႈပ္ရွားေနက် အခ်ိန္ဇယားကိုပဲ အဆန္းအျပား ထြင္လိုက္လို႔ ရတာမ်ားရွိႏိုင္လား။ ေန႔လည္စာကို တစ္ေယာက္တည္းမစားဘဲ သူငယ္ခ်င္းကို ဖုန္းဆက္ၿပီး တူတူစားမလား။ ရုံးကအျပန္ လမ္းမွာေတြ႔ထားတဲ့ ဆိုင္အသစ္ေလး ဝင္ေမႊရင္ေကာင္းမလား။ လမ္းၾကံဳ မုန္႔ဝင္ဝယ္ထားမလား၊ မလွည့္ျဖစ္တဲ့ ဝါသနာပါတဲ့ အရာေတြ အတြက္ ဘာလုပ္ရင္ေကာင္းမလဲ စသျဖင့္ ေတြးမိတာေလးေတြကို မွတ္ထားလိုက္ပါ။ ျဖစ္ မျဖစ္ေတာ့ မသိေသးေပမယ့္ နည္းနည္းေတာ့ စိတ္ပါ လာပါလိမ့္မယ္။

(၂ ) အဖ်က္ ဝင္ႏိုင္တာေတြ

အာရုံေနာက္ေစႏိုင္တဲ့အရာေတြကို ေတြးၿပီး အာရုံေနာက္ရတာမ်ဳိးေတြ ရွိတတ္ပါတယ္။ လုပ္စရာရွိတာကို လုပ္မလို႔ ျပင္ေနရင္းနဲ႔ကို တျခားကို အာရုံကေရာက္ေတာ့ အဲဒီမွာ တဝဲလည္လည္နဲ႔ အာရုံေတြ ပ်က္ျပားသြားတတ္ပါေသးတယ္။ လြယ္မေယာင္န႔ဲ ခက္တဲ့ အဲဒီ ဟုိဟာေယာင္လိုက္၊ ဒီဟာေယာင္လိုက္ မျဖစ္ေအာင္ ကာကြယ္ရမယ္။ နည္းလမ္းေကာင္းတစ္ခုက သူငယ္ခ်င္း ဒါမွမဟုတ္ အလုပ္ေဖာ္တစ္ေယာက္ကို သတိေပးဖို႔ မွာထားလိုက္ပါ။ သတိေပးရင္ေတာ့ သတိထားလိုက္ေပါ့ေနာ္။ မွာထားၿပီးမွ ခဏခဏ လာသတိေပးေနတယ္ဆုိၿပီး ေဒါသထြက္တာကေတာ့ ကိုယ့္အလြန္ပါ။ ေနာက္တစ္နည္းက အင္တာနက္လိုင္းနဲ႔ ဖုန္းကို ခဏပိတ္ထားလိုက္ပါ။

(၃) ေအးေဆးေပါ့

ဒီေန႔ ဘာမွကို မလုပ္ျဖစ္ဘူးဆိုၿပီး စိတ္ပူေနတာမ်ိဳးက အက်ိဳး တစ္စိေလးမွ မရွိတာပါ။ ဘာမွမလုပ္ခ်င္လို႔ မလုပ္တာမို႔ ဘာမွမလုပ္ဘဲ  အက်ိဳးရွိသြားေအာင္ အနားယူၿပီး သက္ေတာင့္သက္သာ ေနရုံပါ။ နက္ျဖန္အတြက္လည္း ေလးပင္တဲ့အေတြးေတြနဲ႔ စိတ္ညစ္တာမ်ိဳး၊ ဘာမွ မလုပ္ဘဲနဲ႔ စိတ္ခ်ည္းသက္သက္ ပူပန္ေနတာမ်ိဳးေတြက သင့္အတြက္ အက်ိဳးမဲ့ေစပါတယ္။ ကမာၻႀကီးလည္း ႏွစ္ျခမ္းမကဲြေသးပါဘူး။ တစ္ေလွ်ာက္လံုး အလုပ္ကို အခ်ိန္ျပည့္လုပ္ရတဲ့အခါမွာ စိတ္ေကာ လူေကာ ပင္ပန္းသြားတတ္တာပါပဲ။ စိတ္အင္အားျပည့္ဝသြားေအာင္ အနားေကာင္းေကာင္းယူျဖစ္ဖို႔သာ လုပ္ပါ။

(၄) လမ္း ထ ေလွ်ာက္လိုက္ပါ

တစ္ခါတစ္ေလက်ေတာ့လည္း ေသြးေလးတာမ်ိဳးေၾကာင့္ အီလည္လည္ ျဖစ္ေနတာပါ။ စားပဲြမွာ မနက္ကေန ညအထိ ငုတ္တုတ္ႀကီးထိုင္ေနမယ္ဆိုရင္ ၾကာလာတဲ့အခါ လူကအေၾကာေတြ မာတင္းၿပီး အေတာင့္လိုက္ႀကီးလို ခံစားရတာပါ။ ေသြးလည္ပတ္မႈေကာင္းသြားေအာင္ ခဏေတာ့ လမ္းထေလွ်ာက္လိုက္ပါ။ သစ္ပင္ေလးေတြ၊ ေကာင္းကင္ၾကီးက တိမ္ေတြကို ဟိုၾကည့္ ဒီၾကည့္လုပ္ၿပီး မ်က္လံုးကို အနားေပးပါ။  (၁၀) မိနစ္ေလာက္ အျပင္ထြက္လမ္းေလွ်ာက္လိုက္တဲ့အခါ အဲယားကြန္းေလမဟုတ္တဲ့ သဘာဝေလကိုလည္း ေကာင္းေကာင္း ရႈခဲ့ပါ။ လက္ေတြ၊ ေျခေတြလည္း အားရပါးရသာ လဲႊခဲ့ဖို႔ မေမ့ပါနဲ႔ဦး။

(၅) ေရထခ်ိဳးလိုက္ပါ

ေရခ်ိဳးတာ ကိုယ္ခႏၶာညစ္ပတ္တာကိုပဲ သန္႔ရွင္းေစတာမဟုတ္ပါဘူး။ စိတ္ညစ္ပတ္ေပပြေနတဲ့အခါမ်ိဳးမွာလည္း သန္႔ရွင္းေစပါတယ္။ လူက သန္႔ရွင္းၾကည္လင္သြားတဲ့အခါ ေမႊးၾကိဳင္ေနမယ္၊ လုပ္ခ်င္ကိုင္ခ်င္စိတ္ေပၚလာမယ္၊ အာရုံေၾကာေတြ ေရနဲ႔ ထိလိုက္လို႔ လန္းဆန္းသြားမယ္၊ ခႏၶာကိုယ္ထဲက အပူေတြထြက္သြားမယ္။ ေရမခ်ိဳးခင္ မႈံေတေတနဲ႔ အလုပ္လုပ္တာထက္ ေရခ်ိဳးၿပီး ၾကည္ၾကည္လင္လင္ အလုပ္လုပ္တာက ပိုလုပ္လို႔ေကာင္းတာေတာ့ အေသအခ်ာပါပဲ။

(၆) (၁၀) မိနစ္စာ တစ္ေရးေလာက္ အိပ္လိုက္ပါ

တစ္ေရးႏိုးေသာ္ အၾကံေပၚ ဆိုသလိုေပါ့။ အလုပ္မ်ားလို႔ ေခါင္းေတြ မူးေနာက္လာၿပီ၊ ဘာမွကို ညွစ္ထုတ္လို႔မရ၊ စဥ္းစားလို႔ မရ၊ မေက်မနပ္ျဖစ္ေနရင္ တစ္ေရးေလာက္ေမွးလိုက္တာ အေကာင္းဆံုးပါပဲ။ ကားဘက္ထရီေဒါင္းသြားရင္ တျခားဘက္ထရီအိုးနဲ႔ ေထာက္ႏႈိးရသလိုပါပဲ။ အားျပန္ျဖည့္ေပးသလို ျဖစ္ေစေတာ့ သင့္မ်က္လံုးေတြ၊ အာရုံေၾကာေတြက ျပန္လည္ႏိုးၾကားသြားပါလိမ့္မယ္။

(၇) သီခ်င္းျမဴးျမဴးေလး ဖြင့္နားေထာင္လိုက္ပါ

ဂီတအစြမ္း အလြန္ လန္းပါတယ္။ နားေထာင္လိုက္တာနဲ႔ စိတ္ေတြထၾကြသြားေစႏိုင္ေလာက္တဲ့ အထိ ျမဴးတဲ့သီခ်င္းေတြမွ အပံုၾကီးပါ။ မလြမ္းမေဆြးဘဲ တီးလံုးကျမဴးေနရင္ ၿပီးတာပါပဲ။ ေပါ့ပ္သီခ်င္းေတြထက္ အီးဒီအမ္လို၊ ဘားေတြမွာဖြင့္တဲ့ ကလပ္သီခ်င္းေတြကို ေရြးပါ။ ေရာ့ခ္ဂီတႀကိဳက္ႏွစ္သက္သူေတြအတြက္ဆိုရင္ေတာ့ ဂစ္တာသံအေကာင္းစားႀကီးေတြနဲ႔ ေရာ့ခ္သီခ်င္းေတြက ခ်က္ခ်င္းထၾကြသြားေစတာေတာ့ ေသခ်ာပါတယ္။

Source : ZenHabits

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
သီချင်းမြူးမြူးလေး ဖွင့်နားထောင်လိုက်ပါ

ဒီနေ့ ဘာမှကို လုပ်ချင်ကိုင်ချင်စိတ်မရှိဘူး ဖြစ်နေတယ်၊ ထကို မထချင်ဘူး ဆိုပြီး အပျင်းရောဂါထကြွနေတယ်ဆိုရင် ဒါလေးတွေ လုပ်ကြည့်ပါ။

(၁) ပျော်စရာကောင်းတာတစ်ခုခုလုပ်ဖို့ ကြံပါ

စိတ်အားတက်ကြွမှု မရှိတာ သင့် နေ့စဉ် တာဝန်နဲ့ ဝတ္တရားတွေက လုပ်နေကျ ဖြစ်နေတော့ ဘာမှကို စိတ်ဝင်စားစရာ ထူးခြားတာမရှိလို့ပါ။ ဆန်းဆန်းပြားပြား တစ်ခုခုစဉ်းစားကြည့်ရအောင်။ နည်းနည်းတော့ ခေါင်းစားမယ့်အရာလေးဆို ပျင်းရမှာ မဟုတ်တော့ဘူးပေါ့။ မျက်စိကိုမှိတ်ပြီး တွေးချင်ရာသာတွေးပစ်လိုက်ပါ။ ဒီနေ့ ဘာလေးလုပ်ချင်လဲ။ နေ့စဉ်လှုပ်ရှားနေကျ အချိန်ဇယားကိုပဲ အဆန်းအပြား ထွင်လိုက်လို့ ရတာများရှိနိုင်လား။ နေ့လည်စာကို တစ်ယောက်တည်းမစားဘဲ သူငယ်ချင်းကို ဖုန်းဆက်ပြီး တူတူစားမလား။ ရုံးကအပြန် လမ်းမှာတွေ့ထားတဲ့ ဆိုင်အသစ်လေး ဝင်မွှေရင်ကောင်းမလား။ လမ်းကြုံ မုန့်ဝင်ဝယ်ထားမလား၊ မလှည့်ဖြစ်တဲ့ ဝါသနာပါတဲ့ အရာတွေ အတွက် ဘာလုပ်ရင်ကောင်းမလဲ စသဖြင့် တွေးမိတာလေးတွေကို မှတ်ထားလိုက်ပါ။ ဖြစ် မဖြစ်တော့ မသိသေးပေမယ့် နည်းနည်းတော့ စိတ်ပါ လာပါလိမ့်မယ်။

(၂ ) အဖျက် ဝင်နိုင်တာတွေ

အာရုံနောက်စေနိုင်တဲ့အရာတွေကို တွေးပြီး အာရုံနောက်ရတာမျိုးတွေ ရှိတတ်ပါတယ်။ လုပ်စရာရှိတာကို လုပ်မလို့ ပြင်နေရင်းနဲ့ကို တခြားကို အာရုံကရောက်တော့ အဲဒီမှာ တဝဲလည်လည်နဲ့ အာရုံတွေ ပျက်ပြားသွားတတ်ပါသေးတယ်။ လွယ်မယောင်နဲ့ ခက်တဲ့ အဲဒီ ဟိုဟာယောင်လိုက်၊ ဒီဟာယောင်လိုက် မဖြစ်အောင် ကာကွယ်ရမယ်။ နည်းလမ်းကောင်းတစ်ခုက သူငယ်ချင်း ဒါမှမဟုတ် အလုပ်ဖော်တစ်ယောက်ကို သတိပေးဖို့ မှာထားလိုက်ပါ။ သတိပေးရင်တော့ သတိထားလိုက်ပေါ့နော်။ မှာထားပြီးမှ ခဏခဏ လာသတိပေးနေတယ်ဆိုပြီး ဒေါသထွက်တာကတော့ ကိုယ့်အလွန်ပါ။ နောက်တစ်နည်းက အင်တာနက်လိုင်းနဲ့ ဖုန်းကို ခဏပိတ်ထားလိုက်ပါ။

(၃) အေးဆေးပေါ့

ဒီနေ့ ဘာမှကို မလုပ်ဖြစ်ဘူးဆိုပြီး စိတ်ပူနေတာမျိုးက အကျိုး တစ်စိလေးမှ မရှိတာပါ။ ဘာမှမလုပ်ချင်လို့ မလုပ်တာမို့ ဘာမှမလုပ်ဘဲ  အကျိုးရှိသွားအောင် အနားယူပြီး သက်တောင့်သက်သာ နေရုံပါ။ နက်ဖြန်အတွက်လည်း လေးပင်တဲ့အတွေးတွေနဲ့ စိတ်ညစ်တာမျိုး၊ ဘာမှ မလုပ်ဘဲနဲ့ စိတ်ချည်းသက်သက် ပူပန်နေတာမျိုးတွေက သင့်အတွက် အကျိုးမဲ့စေပါတယ်။ ကမ္ဘာကြီးလည်း နှစ်ခြမ်းမကွဲသေးပါဘူး။ တစ်လျှောက်လုံး အလုပ်ကို အချိန်ပြည့်လုပ်ရတဲ့အခါမှာ စိတ်ကော လူကော ပင်ပန်းသွားတတ်တာပါပဲ။ စိတ်အင်အားပြည့်ဝသွားအောင် အနားကောင်းကောင်းယူဖြစ်ဖို့သာ လုပ်ပါ။

(၄) လမ်း ထ လျှောက်လိုက်ပါ

တစ်ခါတစ်လေကျတော့လည်း သွေးလေးတာမျိုးကြောင့် အီလည်လည် ဖြစ်နေတာပါ။ စားပွဲမှာ မနက်ကနေ ညအထိ ငုတ်တုတ်ကြီးထိုင်နေမယ်ဆိုရင် ကြာလာတဲ့အခါ လူကအကြောတွေ မာတင်းပြီး အတောင့်လိုက်ကြီးလို ခံစားရတာပါ။ သွေးလည်ပတ်မှုကောင်းသွားအောင် ခဏတော့ လမ်းထလျှောက်လိုက်ပါ။ သစ်ပင်လေးတွေ၊ ကောင်းကင်ကြီးက တိမ်တွေကို ဟိုကြည့် ဒီကြည့်လုပ်ပြီး မျက်လုံးကို အနားပေးပါ။  (၁၀) မိနစ်လောက် အပြင်ထွက်လမ်းလျှောက်လိုက်တဲ့အခါ အဲယားကွန်းလေမဟုတ်တဲ့ သဘာဝလေကိုလည်း ကောင်းကောင်း ရှုခဲ့ပါ။ လက်တွေ၊ ခြေတွေလည်း အားရပါးရသာ လွဲှခဲ့ဖို့ မမေ့ပါနဲ့ဦး။

(၅) ရေထချိုးလိုက်ပါ

ရေချိုးတာ ကိုယ်ခန္ဓာညစ်ပတ်တာကိုပဲ သန့်ရှင်းစေတာမဟုတ်ပါဘူး။ စိတ်ညစ်ပတ်ပေပွနေတဲ့အခါမျိုးမှာလည်း သန့်ရှင်းစေပါတယ်။ လူက သန့်ရှင်းကြည်လင်သွားတဲ့အခါ မွှေးကြိုင်နေမယ်၊ လုပ်ချင်ကိုင်ချင်စိတ်ပေါ်လာမယ်၊ အာရုံကြောတွေ ရေနဲ့ ထိလိုက်လို့ လန်းဆန်းသွားမယ်၊ ခန္ဓာကိုယ်ထဲက အပူတွေထွက်သွားမယ်။ ရေမချိုးခင် မှုံတေတေနဲ့ အလုပ်လုပ်တာထက် ရေချိုးပြီး ကြည်ကြည်လင်လင် အလုပ်လုပ်တာက ပိုလုပ်လို့ကောင်းတာတော့ အသေအချာပါပဲ။

(၆) (၁၀) မိနစ်စာ တစ်ရေးလောက် အိပ်လိုက်ပါ

တစ်ရေးနိုးသော် အကြံပေါ် ဆိုသလိုပေါ့။ အလုပ်များလို့ ခေါင်းတွေ မူးနောက်လာပြီ၊ ဘာမှကို ညှစ်ထုတ်လို့မရ၊ စဉ်းစားလို့ မရ၊ မကျေမနပ်ဖြစ်နေရင် တစ်ရေးလောက်မှေးလိုက်တာ အကောင်းဆုံးပါပဲ။ ကားဘက်ထရီဒေါင်းသွားရင် တခြားဘက်ထရီအိုးနဲ့ ထောက်နှိုးရသလိုပါပဲ။ အားပြန်ဖြည့်ပေးသလို ဖြစ်စေတော့ သင့်မျက်လုံးတွေ၊ အာရုံကြောတွေက ပြန်လည်နိုးကြားသွားပါလိမ့်မယ်။

(၇) သီချင်းမြူးမြူးလေး ဖွင့်နားထောင်လိုက်ပါ

ဂီတအစွမ်း အလွန် လန်းပါတယ်။ နားထောင်လိုက်တာနဲ့ စိတ်တွေထကြွသွားစေနိုင်လောက်တဲ့ အထိ မြူးတဲ့သီချင်းတွေမှ အပုံကြီးပါ။ မလွမ်းမဆွေးဘဲ တီးလုံးကမြူးနေရင် ပြီးတာပါပဲ။ ပေါ့ပ်သီချင်းတွေထက် အီးဒီအမ်လို၊ ဘားတွေမှာဖွင့်တဲ့ ကလပ်သီချင်းတွေကို ရွေးပါ။ ရော့ခ်ဂီတကြိုက်နှစ်သက်သူတွေအတွက်ဆိုရင်တော့ ဂစ်တာသံအကောင်းစားကြီးတွေနဲ့ ရော့ခ်သီချင်းတွေက ချက်ချင်းထကြွသွားစေတာတော့ သေချာပါတယ်။

Source : ZenHabits

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top