မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ကမၻာ့အေမြအႏွစ္စာရင္း ဝင္ သေရေခတၱရာပ်ဴၿမိဳ႕ေဟာင္း ကို အေျခခံၿပီး ျပည္ေဒသ ဖြံ႕ၿဖိဳး တုိးတက္ေရး အလုပ္႐ံုေဆြးေႏြးပြဲ ကို ဒီဇင္ဘာ ၉ ရက္က ျပဳလုပ္ခဲ့ သည္။

      သေရေခတၱရာပ်ဴၿမိဳ႕ေဟာင္းသည္ ၂၀၀၄ ကစတင္ကာ ကမၻာ့အေမြအႏွစ္စာရင္း  ဝင္ခဲ့ၿပီး ေနာက္သံုးႏွစ္ေက်ာ္ ၾကာေသာ္ လည္း ယင္းေဒသကို အေျခခံၿပီး ျပည္ၿမိဳ႕ ေဒသတြင္း ဖြံ႕ၿဖိဳးတုိး တက္ေရး လုိအပ္ခ်က္မ်ားရွိေန သျဖင့္ အလုပ္႐ံုေဆြးေႏြးပြဲ ျပဳ လုပ္ျခင္းျဖစ္ေၾကာင္း ျပည္ၿမိဳ႕နယ္တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္ စားလွယ္ ဦးေက်ာ္ေဇယ်က ေျပာ သည္။ ‘‘လက္ရွိ အေျခအေနက ေတာ့ အားရစရာကို မရွိတာပါ။ ဒါေၾကာင့္ အစိုးရအေနနဲ႔ လုပ္ ေဆာင္ေပးရမယ့္ အခ်က္ေတြ၊ ေဒသခံေတြအေနနဲ႔ လုပ္ေဆာင္ သင့္တာေတြ၊ စီးပြားေရးလုပ္ငန္း ရွင္ေတြဘက္က ကူညီပံ့ပိုးေပး သင့္တာေတြ စတဲ့အရာေတြကို ပူးေပါင္းေဆာင္ရြက္ႏုိင္ဖို႔ ေဆြး ေႏြးပါတယ္’’ ဟု ၎က ေျပာ ၾကားသည္။

အဆုိပါ အလုပ္႐ံုေဆြးေႏြး ပြဲသုိ႔ လႊတ္ေတာ္ကိုယ္စားလွယ္ မ်ား၊ သေရေခတၱရာေရွးေဟာင္း ဌာနစုမွ ဝန္ထမ္းမ်ား၊ ဌာနဆုိင္ ရာမ်ား၊ ျမန္မာႏုိင္ငံ အင္ဂ်င္နီ ယာအသင္း (ျပည္)၊ စီးပြားေရး လုပ္ငန္းရွင္မ်ား၊ ပ်ဴၿမိဳ႕ေဟာင္း မ်ား ထိန္းသိမ္းေစာင့္ေရွာက္ေရး အဖြဲ႕ႏွင့္ ေဒသခံအခ်ိဳ႕ တက္ေရာက္ခဲ့သည္။

‘‘ကမၻာ့အေမြအႏွစ္စာရင္း ဝင္လိုက္လို႔ ရရွိတဲ့အကူအညီအ ေထာက္အပံ့ေတြေၾကာင့္ေတာ့ ေဒသတြင္း ဖြံ႕ၿဖိဳးတိုးတက္တာ မရွိသေလာက္ပါပဲ။ ကိုယ္ေတြ ဘာသာလုပ္လို႔ ကိုယ္ပိုင္စီးပြား ေရးအနည္းငယ္ဖြံ႕ၿဖိဳးတုိးတက္ တာေလာက္ပဲရွိတယ္’’ဟု သေရ ေခတၱရာပ်ဴၿမိဳ႕ေဟာင္းအတြင္းရွိ ေမွာ္ဇာေက်းရြာေဒသခံ ဦးေနဦး က ေျပာသည္။

ကမၻာ့အေမြအႏွစ္စာရင္းဝင္ သေရေခတၱရာပ်ဴၿမိဳ႕ေဟာင္းကို အေျခခံၿပီး ျပည္ၿမိဳ႕ေဒသတြင္း ဖြံ႕ၿဖိဳးတုိးတက္ေရး တကၠသိုလ္ မ်ား၊ စာသင္ေက်ာင္းမ်ား၊ ၿမိဳ႕အ ဝင္အထြက္ေနရာမ်ားႏွင့္ လူစည္ ကားရာေနရာမ်ားတြင္ ၿမိဳ႕ေဟာင္းႏွင့္ သက္ဆုိင္သည့္ ယဥ္ေက်းမႈ အေမြအႏွစ္ဓာတ္ပံုမ်ား၊ ႐ုပ္တုမ်ား ျပသထားျခင္းျဖင့္ သတင္းေပးေဆာင္ရြက္မႈမ်ား ထားရွိသင့္ေၾကာင္း ျမန္မာႏုိင္ငံ အင္ဂ်င္နီ ယာအသင္း (ျပည္)မွ ဦးလွကိုကအႀကံျပဳေဆြးေႏြးသည္။

     ‘‘သေရခတၱရာပ်ဴၿမိဳ႕ေဟာင္း မွာ ကမၻာ့အေမြအႏွစ္စာရင္းဝင္ ၿပီးတဲ့ေနာက္ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတုိးတက္လာပါတယ္။ ႏုိင္ငံ ျခားသားခရီးသည္ေတြဆီက ဝင္ ေငြလည္း တုိးလာတယ္။ တျခား ဖြံ႕ၿဖိဳးတုိးတက္ေရးေတြ ေဆာင္ ရြက္ရာမွာလည္း ထိခိုက္နစ္နာမႈ ေတြ အနည္းဆံုးျဖစ္ေအာင္ လုပ္ ေဆာင္ေနရတာေတြလည္း ရွိပါ တယ္’’ ဟု သေရေခတၱရာ ေရွး ေဟာင္းဌာနစု လက္ေထာက္ ၫႊန္ၾကားေရးမွဴး ဦးစိုးမင္းက ေျပာသည္။

ဆက္လက္၍ ‘‘ျပည္ၿမိဳ႕ကို ခရီးသြားဧည့္သည္ေတြေရာက္ လာရင္ နဝေဒးတံတားႀကီးဆီသြား ဖို႔ေတာင္ မသိၾကတာေတြရွိတယ္။ လမ္းၫႊန္နဲ႔ သတင္းေပးက႑ေတြ အားနည္းတယ္။ ၿမိဳ႕ေဟာင္းထဲက လမ္းေတြ အဆင္ေျပေခ်ာေမြ႕စြာ သြားႏုိင္ဖို႔၊ ၿမိဳ႕ေဟာင္းနဲ႔ ျပည္ ေဒသတြင္း ဖြံ႕ၿဖိဳးတုိးတက္ႏုိင္ မယ့္ ကိစၥရပ္မ်ားကို ကူညီေပးႏုိင္ ဖို႔ အႀကံျပဳေပးႏုိင္ပါတယ္’’ဟု ၎က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ကမ္ဘာ့အမွေအနှစ်စာရင်း ဝင် သရေခေတ္တရာပျူမြို့ဟောင်း ကို အခြေခံပြီး ပြည်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကို ဒီဇင်ဘာ ၉ ရက်က ပြုလုပ်ခဲ့ သည်။

      သရေခေတ္တရာပျူမြို့ဟောင်းသည် ၂၀၀၄ ကစတင်ကာ ကမ္ဘာ့အမွေအနှစ်စာရင်း  ဝင်ခဲ့ပြီး နောက်သုံးနှစ်ကျော် ကြာသော် လည်း ယင်းဒေသကို အခြေခံပြီး ပြည်မြို့ ဒေသတွင်း ဖွံ့ဖြိုးတိုး တက်ရေး လိုအပ်ချက်များရှိနေ သဖြင့် အလုပ်ရုံဆွေးနွေးပွဲ ပြု လုပ်ခြင်းဖြစ်ကြောင်း ပြည်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးကျော်ဇေယျက ပြော သည်။ ‘‘လက်ရှိ အခြေအနေက တော့ အားရစရာကို မရှိတာပါ။ ဒါကြောင့် အစိုးရအနေနဲ့ လုပ် ဆောင်ပေးရမယ့် အချက်တွေ၊ ဒေသခံတွေအနေနဲ့ လုပ်ဆောင် သင့်တာတွေ၊ စီးပွားရေးလုပ်ငန်း ရှင်တွေဘက်က ကူညီပံ့ပိုးပေး သင့်တာတွေ စတဲ့အရာတွေကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေး နွေးပါတယ်’’ ဟု ၎င်းက ပြော ကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေး ပွဲသို့ လွှတ်တော်ကိုယ်စားလှယ် များ၊ သရေခေတ္တရာရှေးဟောင်း ဌာနစုမှ ဝန်ထမ်းများ၊ ဌာနဆိုင် ရာများ၊ မြန်မာနိုင်ငံ အင်ဂျင်နီ ယာအသင်း (ပြည်)၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပျူမြို့ဟောင်း များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နှင့် ဒေသခံအချို့ တက်ရောက်ခဲ့သည်။

‘‘ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်လိုက်လို့ ရရှိတဲ့အကူအညီအ ထောက်အပံ့တွေကြောင့်တော့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်တာ မရှိသလောက်ပါပဲ။ ကိုယ်တွေ ဘာသာလုပ်လို့ ကိုယ်ပိုင်စီးပွား ရေးအနည်းငယ်ဖွံ့ဖြိုးတိုးတက် တာလောက်ပဲရှိတယ်’’ဟု သရေ ခေတ္တရာပျူမြို့ဟောင်းအတွင်းရှိ မှော်ဇာကျေးရွာဒေသခံ ဦးနေဦး က ပြောသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာပျူမြို့ဟောင်းကို အခြေခံပြီး ပြည်မြို့ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ် များ၊ စာသင်ကျောင်းများ၊ မြို့အ ဝင်အထွက်နေရာများနှင့် လူစည် ကားရာနေရာများတွင် မြို့ဟောင်းနှင့် သက်ဆိုင်သည့် ယဉ်ကျေးမှု အမွေအနှစ်ဓာတ်ပုံများ၊ ရုပ်တုများ ပြသထားခြင်းဖြင့် သတင်းပေးဆောင်ရွက်မှုများ ထားရှိသင့်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီ ယာအသင်း (ပြည်)မှ ဦးလှကိုကအကြံပြုဆွေးနွေးသည်။

     ‘‘သရေခတ္တရာပျူမြို့ဟောင်း မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပြီးတဲ့နောက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပါတယ်။ နိုင်ငံ ခြားသားခရီးသည်တွေဆီက ဝင် ငွေလည်း တိုးလာတယ်။ တခြား ဖွံ့ဖြိုးတိုးတက်ရေးတွေ ဆောင် ရွက်ရာမှာလည်း ထိခိုက်နစ်နာမှု တွေ အနည်းဆုံးဖြစ်အောင် လုပ် ဆောင်နေရတာတွေလည်း ရှိပါ တယ်’’ ဟု သရေခေတ္တရာ ရှေး ဟောင်းဌာနစု လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးမင်းက ပြောသည်။

ဆက်လက်၍ ‘‘ပြည်မြို့ကို ခရီးသွားဧည့်သည်တွေရောက် လာရင် နဝဒေးတံတားကြီးဆီသွား ဖို့တောင် မသိကြတာတွေရှိတယ်။ လမ်းညွှန်နဲ့ သတင်းပေးကဏ္ဍတွေ အားနည်းတယ်။ မြို့ဟောင်းထဲက လမ်းတွေ အဆင်ပြေချောမွေ့စွာ သွားနိုင်ဖို့၊ မြို့ဟောင်းနဲ့ ပြည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်နိုင် မယ့် ကိစ္စရပ်များကို ကူညီပေးနိုင် ဖို့ အကြံပြုပေးနိုင်ပါတယ်’’ဟု ၎င်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top