စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အေမရိကန္ႏုိင္ငံ တကၠဆက္ျပည္နယ္ ေအာ္စတင္ၿမိဳ႕က အသက္ ၂၉ ႏွစ္အရြယ္ ဟယ္လီေဝးဆုိတဲ့ ေက်ာင္းဆရာမဟာ ဆယ္ေက်ာ္သက္ ေက်ာင္းသား ၂ ဦးနဲ႔ လိင္ဆက္ဆံမႈျပဳခဲ့တဲ့ ျပစ္မႈအတြက္ နာရီ ၂၀၀ အၾကာ လူမႈဝန္ထမ္းအလုပ္ လုပ္ေဆာင္ရန္ စီရင္ခ်က္ ခ်မွတ္ခံခဲ့ရပါတယ္။

သူမနဲ႔လိင္ဆက္ဆံခဲ့တဲ့ ေက်ာင္းသားတဦးက ၂ လေက်ာ္ အခ်ိန္အတြင္း သူတုိ႔ ၂ ဦးၾကား လိင္ဆက္ဆံမႈ ၁၀ ႀကိမ္ေက်ာ္ရွိခဲ့ေၾကာင္း၊ အျခားေက်ာင္းသားတစ္ဦးက သူမက သူ႔ကို ပန္းၿခံအတြင္း ေသြးေဆာင္ျဖားေယာင္းမႈ အေသးစိတ္အေၾကာင္း ေျပာၿပီးေနာက္ သူမကို ၁၀ ႏွစ္ ခံဝန္ခ်က္ျဖင့္ လႊတ္ေပးလိုက္ၿပီး နာရီ ၂၀၀ အၾကာ လူမႈဝန္ထမ္းအလုပ္ လုပ္ေဆာင္ဖုိ႔ စီရင္ခ်က္ ခ်မွတ္ခဲ့တာပါ။

ေက်ာင္းသား ၂ ဦးစလံုးက အဲ့ဒီအခ်ိန္က အသက္ ၁၇ ႏွစ္အရြယ္ျဖစ္ၿပီး ဝက္စ္လိတ္က္အထက္တန္းေက်ာင္းမွာ ေက်ာင္းတက္ေနၾကတယ္လို႔ ဆုိပါတယ္။ ဌာနက က်င္းပတဲ့ အခမ္းအနားေတြမွာ ဆရာမေဝးကို ပထမဦးဆံုး ေတြ႔ခဲ့ၾကတာလုိ႔ ဆယ္ေက်ာ္သက္ ေက်ာင္းသား ၂ ဦးလံုးက ၂၀၁၅ ခုႏွစ္မွာ အတည္ျပဳေျပာခဲ့ပါတယ္။

သူမရဲ႕ခံဝန္ခ်က္ကို မခ်ိဳးေဖာက္ခဲ့ရင္ ဆယ္ႏွစ္အတြင္းမွာ သူမကို ရာဇဝတ္မွတ္တမ္းမွ ပယ္ဖ်က္ေပးၿပီး အမႈကိုလည္း လံုးဝပိတ္သိမ္းမယ္လုိ႔ သိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလက ေက်ာင္းသားတစ္ဦးနဲ႔ မသင့္ေတာ္တဲ့ လိင္ဆက္ဆံမႈအတြက္ အမႈ ၂ မႈနဲ႔ တရားစြဲဆုိထားတာကို သူမက အယူခံေလွ်ာက္ထားၿပီးေနာက္ မတ္လ ၁၀ ရက္ေန႔က ခ႐ုိင္တရားသူႀကီး ေဒးဗစ္ဝါ့လ္ဘာ့ဂ္က ျပစ္ဒဏ္ကုိ ခ်မွတ္ၿပီး သူမကို (ခံဝန္ခ်က္ျဖင့္) လႊတ္ေပးလိုက္တာပါ။

ဆရာမနဲ႔ ေက်ာင္းသားတို႔ရဲ႕ လိင္ပိုင္းဆုိင္ရာ ဆက္ဆံေရးကို ျမင္ခဲ့တဲ့ ေက်ာင္းသူတစ္ဦးက ေက်ာင္းအာဏာပိုင္ေတြကို သူတုိ႔ ၂ ဦးရဲ႕ ဆက္ဆံေရးအေၾကာင္း သတိေပးခဲ့တာပါ။ အဲ့ဒီေနာက္ ေက်ာင္းအုပ္ခ်ဳပ္ေရးေတြက အာဏာပုိင္ေတြကို ဆက္သြယ္ကာ ေက်ာင္းသားမိဘေတြကို အသိေပးၿပီး ေနာက္ ဒီအမႈျဖစ္ခဲ့တာပါ။

ဆရာမ ဟယ္လီေဝးက သူမနဲ႔ ဆယ္ေက်ာ္သက္ ေက်ာင္းသား ၂ ဦးရဲ႕ ဆက္ဆံေရးကို ဘယ္ေတာ့မွ လူသိရွင္ၾကားမေျပာခဲ့ပါဘူး၊ ဒါေပမယ့္ သူမရဲ႕ ေရွ႕ေနက ဒီလုိျဖစ္တာက အဲ့ဒီအခ်ိန္တုန္းက သူမခံစားရတဲ့ ဝမ္းနည္းစရာ ကိစၥေတြေၾကာင့္ ဒီလုိ အျပဳအမူေတြ လုပ္ခဲ့တာလုိ႔ ေျပာပါတယ္။

ေႏြရာသီအတြင္း ေအာ္စတင္ရစ္ခ်္ဘုိင္ဘယ္လ္ဘုရာေက်ာင္းမွာ ဆရာမက အုပ္စုေဆြးေႏြးသူအျဖစ္ လုပ္ေဆာင္ခဲ့စဥ္ ေလွေမွာက္မႈျဖစ္ရာကေန ဆယ္ေက်ာ္သက္ တစ္ဦးေသဆံုးသြားတာကို ျမင္ေတြ႕ၿပီး စိတ္ထိခိုက္ရာကေန သူမ ကိုယ့္ကို မထိန္းသိမ္းႏုိင္ပဲ ဒီလုိကိစၥေတြ ျဖစ္လာခဲ့တာလုိ႔ ဆရာမရဲ႕ ေရွ႕ေန လာရီက ေျပာခဲ့ပါတယ္။

“ဆရာမတဦးအေနနဲ႔ ေက်ာင္းသားေတြနဲ႔ မဆက္စပ္ရဘူးဆုိတာ သူ႔တာဝန္ပါ။ သူမနဲ႔လိင္ဆက္ဆံခဲ့တဲ့ ေက်ာင္းသားေတြက အာဏာပိုင္ေတြကို ဖြင့္ေျပာၿပီးေနာက္ သူမက အလုပ္က ႏုတ္ထြက္ခဲ့ပါတယ္” လုိ႔ သူမရဲ႕ ေရွ႕ေနက ေျပာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  dvb

# Unicode Version ျဖင့္ဖတ္ပါ #
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အော်စတင်မြို့က အသက် ၂၉ နှစ်အရွယ် ဟယ်လီဝေးဆိုတဲ့ ကျောင်းဆရာမဟာ ဆယ်ကျော်သက် ကျောင်းသား ၂ ဦးနဲ့ လိင်ဆက်ဆံမှုပြုခဲ့တဲ့ ပြစ်မှုအတွက် နာရီ ၂၀၀ အကြာ လူမှုဝန်ထမ်းအလုပ် လုပ်ဆောင်ရန် စီရင်ချက် ချမှတ်ခံခဲ့ရပါတယ်။

သူမနဲ့လိင်ဆက်ဆံခဲ့တဲ့ ကျောင်းသားတဦးက ၂ လကျော် အချိန်အတွင်း သူတို့ ၂ ဦးကြား လိင်ဆက်ဆံမှု ၁၀ ကြိမ်ကျော်ရှိခဲ့ကြောင်း၊ အခြားကျောင်းသားတစ်ဦးက သူမက သူ့ကို ပန်းခြံအတွင်း သွေးဆောင်ဖြားယောင်းမှု အသေးစိတ်အကြောင်း ပြောပြီးနောက် သူမကို ၁၀ နှစ် ခံဝန်ချက်ဖြင့် လွှတ်ပေးလိုက်ပြီး နာရီ ၂၀၀ အကြာ လူမှုဝန်ထမ်းအလုပ် လုပ်ဆောင်ဖို့ စီရင်ချက် ချမှတ်ခဲ့တာပါ။

ကျောင်းသား ၂ ဦးစလုံးက အဲ့ဒီအချိန်က အသက် ၁၇ နှစ်အရွယ်ဖြစ်ပြီး ဝက်စ်လိတ်က်အထက်တန်းကျောင်းမှာ ကျောင်းတက်နေကြတယ်လို့ ဆိုပါတယ်။ ဌာနက ကျင်းပတဲ့ အခမ်းအနားတွေမှာ ဆရာမဝေးကို ပထမဦးဆုံး တွေ့ခဲ့ကြတာလို့ ဆယ်ကျော်သက် ကျောင်းသား ၂ ဦးလုံးက ၂၀၁၅ ခုနှစ်မှာ အတည်ပြုပြောခဲ့ပါတယ်။

သူမရဲ့ခံဝန်ချက်ကို မချိုးဖောက်ခဲ့ရင် ဆယ်နှစ်အတွင်းမှာ သူမကို ရာဇဝတ်မှတ်တမ်းမှ ပယ်ဖျက်ပေးပြီး အမှုကိုလည်း လုံးဝပိတ်သိမ်းမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ကျောင်းသားတစ်ဦးနဲ့ မသင့်တော်တဲ့ လိင်ဆက်ဆံမှုအတွက် အမှု ၂ မှုနဲ့ တရားစွဲဆိုထားတာကို သူမက အယူခံလျှောက်ထားပြီးနောက် မတ်လ ၁၀ ရက်နေ့က ခရိုင်တရားသူကြီး ဒေးဗစ်ဝါ့လ်ဘာ့ဂ်က ပြစ်ဒဏ်ကို ချမှတ်ပြီး သူမကို (ခံဝန်ချက်ဖြင့်) လွှတ်ပေးလိုက်တာပါ။

ဆရာမနဲ့ ကျောင်းသားတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးကို မြင်ခဲ့တဲ့ ကျောင်းသူတစ်ဦးက ကျောင်းအာဏာပိုင်တွေကို သူတို့ ၂ ဦးရဲ့ ဆက်ဆံရေးအကြောင်း သတိပေးခဲ့တာပါ။ အဲ့ဒီနောက် ကျောင်းအုပ်ချုပ်ရေးတွေက အာဏာပိုင်တွေကို ဆက်သွယ်ကာ ကျောင်းသားမိဘတွေကို အသိပေးပြီး နောက် ဒီအမှုဖြစ်ခဲ့တာပါ။

ဆရာမ ဟယ်လီဝေးက သူမနဲ့ ဆယ်ကျော်သက် ကျောင်းသား ၂ ဦးရဲ့ ဆက်ဆံရေးကို ဘယ်တော့မှ လူသိရှင်ကြားမပြောခဲ့ပါဘူး၊ ဒါပေမယ့် သူမရဲ့ ရှေ့နေက ဒီလိုဖြစ်တာက အဲ့ဒီအချိန်တုန်းက သူမခံစားရတဲ့ ဝမ်းနည်းစရာ ကိစ္စတွေကြောင့် ဒီလို အပြုအမူတွေ လုပ်ခဲ့တာလို့ ပြောပါတယ်။

နွေရာသီအတွင်း အော်စတင်ရစ်ချ်ဘိုင်ဘယ်လ်ဘုရာကျောင်းမှာ ဆရာမက အုပ်စုဆွေးနွေးသူအဖြစ် လုပ်ဆောင်ခဲ့စဉ် လှေမှောက်မှုဖြစ်ရာကနေ ဆယ်ကျော်သက် တစ်ဦးသေဆုံးသွားတာကို မြင်တွေ့ပြီး စိတ်ထိခိုက်ရာကနေ သူမ ကိုယ့်ကို မထိန်းသိမ်းနိုင်ပဲ ဒီလိုကိစ္စတွေ ဖြစ်လာခဲ့တာလို့ ဆရာမရဲ့ ရှေ့နေ လာရီက ပြောခဲ့ပါတယ်။

“ဆရာမတဦးအနေနဲ့ ကျောင်းသားတွေနဲ့ မဆက်စပ်ရဘူးဆိုတာ သူ့တာဝန်ပါ။ သူမနဲ့လိင်ဆက်ဆံခဲ့တဲ့ ကျောင်းသားတွေက အာဏာပိုင်တွေကို ဖွင့်ပြောပြီးနောက် သူမက အလုပ်က နုတ်ထွက်ခဲ့ပါတယ်” လို့ သူမရဲ့ ရှေ့နေက ပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top