စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္ နမၼားေက်းရြာမွာ ဒီဇင္ဘာ ၁၇ ရက္က တရားမဝင္ ရထားလမ္းကူးကုိ ျဖတ္ေမာင္းလာတဲ့ ေထာ္လာဂ်ီႏွင့္ ျမစ္ႀကီးနားဘက္မွ ေမာင္းႏွင္လာတဲ့ အစုန္ရထား တိုက္မိခ်ိတ္ပါၿပီး ဘူတာမွာ ရပ္တန္႔ထားတဲ့ အဆန္ရထားကိုပါ ထပ္မံခ်ိတ္ဆြဲမႈ ျဖစ္ပြားခဲ့ရာ အမ်ဳိးသားႏွစ္ဦးႏွင့္ အမ်ဳိးသမီးတစ္ဦး ဒဏ္ရာရွိခဲ့ ေၾကာင္း ျမန္မာ့အလင္းသတင္းစာက ေဖာ္ျပထားပါတယ္။

ျဖစ္စဥ္မွာ ျမစ္ႀကီးနားမွ မႏၱေလးဘက္သို႔ စက္ေခါင္းေမာင္း ဦးဝင္းကိုကို ေမာင္းႏွင္လာတဲ့ အမွတ္(၄၂)အစုန္ ဒုတိယအျမန္ရထားဟာ မိုးညႇင္းၿမိဳ႕နယ္ နမၼားဘူတာသို႔ အဝင္ မီးရထား မိုင္တိုင္အမွတ္ (၆၄၁/၂၄ ႏွင့္ ၆၄၁/ ၂၃)အေရာက္မွာ တရားမဝင္ ရထားလမ္းကူးကုိ ျဖတ္ေမာင္းလာတဲ့ ယာဥ္ေမာင္း ပိုင္ၿငိမ္းဦး နမၼားေက်းရြာအုပ္စု နမ္းခမ္းေက်းရြာ၊ ယာဥ္ေနာက္လိုက္ ႏိုင္စိုးဦးႏွင့္ မသဲစုေႏြးတို႔ စီးနင္းလိုက္ပါလာတဲ့ ေထာ္လာဂ်ီႏွင့္ တိုက္မိၿပီး ခ်ိတ္ပါလာရာမွ ဘူတာမွာ ရပ္တန္႔ထားတဲ့ အမွတ္(၄၉)အဆန္ နဘား-ျမစ္ႀကီးနား ေခါက္ျပန္ရထားကုိ ထပ္မံခ်ိတ္မိကာ ရထားႏွစ္စီးၾကားမွာ ေထာ္လာဂ်ီမွာ ညႇပ္မိခဲ့ေၾကာင္း သိရပါတယ္။

ျဖစ္စဥ္ေၾကာင့္ ယာဥ္ေမာင္း ပိုင္ၿငိမ္းဦး၊ ႏိုင္စိုးဦး၊ မသဲစုေႏြးတို႔မွာ ပြန္းပဲ့ဒဏ္ရာရရွိကာ နမၼားတိုက္နယ္ ေဆး႐ုံသို႔ ပို႔ေဆာင္ကုသမႈခံယူၿပီး အမွတ္(၄၂) အစုန္ ရထားစက္ေခါင္း ပ်က္စီးခဲ့ပါတယ္။

တရားမဝင္ရထား လမ္းကူးျဖတ္ေမာင္းသူ ပိုင္ၿငိမ္းဦးကုိ ဥပေဒအရ အေရးယူထားေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ္မားကျေးရွာမှာ ဒီဇင်ဘာ ၁၇ ရက်က တရားမဝင် ရထားလမ်းကူးကို ဖြတ်မောင်းလာတဲ့ ထော်လာဂျီနှင့် မြစ်ကြီးနားဘက်မှ မောင်းနှင်လာတဲ့ အစုန်ရထား တိုက်မိချိတ်ပါပြီး ဘူတာမှာ ရပ်တန့်ထားတဲ့ အဆန်ရထားကိုပါ ထပ်မံချိတ်ဆွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရှိခဲ့ ကြောင်း မြန်မာ့အလင်းသတင်းစာက ဖော်ပြထားပါတယ်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမှ မန္တလေးဘက်သို့ စက်ခေါင်းမောင်း ဦးဝင်းကိုကို မောင်းနှင်လာတဲ့ အမှတ်(၄၂)အစုန် ဒုတိယအမြန်ရထားဟာ မိုးညှင်းမြို့နယ် နမ္မားဘူတာသို့ အဝင် မီးရထား မိုင်တိုင်အမှတ် (၆၄၁/၂၄ နှင့် ၆၄၁/ ၂၃)အရောက်မှာ တရားမဝင် ရထားလမ်းကူးကို ဖြတ်မောင်းလာတဲ့ ယာဉ်မောင်း ပိုင်ငြိမ်းဦး နမ္မားကျေးရွာအုပ်စု နမ်းခမ်းကျေးရွာ၊ ယာဉ်နောက်လိုက် နိုင်စိုးဦးနှင့် မသဲစုနွေးတို့ စီးနင်းလိုက်ပါလာတဲ့ ထော်လာဂျီနှင့် တိုက်မိပြီး ချိတ်ပါလာရာမှ ဘူတာမှာ ရပ်တန့်ထားတဲ့ အမှတ်(၄၉)အဆန် နဘား-မြစ်ကြီးနား ခေါက်ပြန်ရထားကို ထပ်မံချိတ်မိကာ ရထားနှစ်စီးကြားမှာ ထော်လာဂျီမှာ ညှပ်မိခဲ့ကြောင်း သိရပါတယ်။

ဖြစ်စဉ်ကြောင့် ယာဉ်မောင်း ပိုင်ငြိမ်းဦး၊ နိုင်စိုးဦး၊ မသဲစုနွေးတို့မှာ ပွန်းပဲ့ဒဏ်ရာရရှိကာ နမ္မားတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူပြီး အမှတ်(၄၂) အစုန် ရထားစက်ခေါင်း ပျက်စီးခဲ့ပါတယ်။

တရားမဝင်ရထား လမ်းကူးဖြတ်မောင်းသူ ပိုင်ငြိမ်းဦးကို ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top