ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဘယ္အရာမဆို တန္ေဆး လြန္ေဘး ဆိုတဲ့ စကားအရ ဘယ္အရာမွ အလြန္အကၽြံသုံးစြဲျခင္းဟာ မေကာင္းပါဘူး။ ဒီလိုပါပဲ ကဖိန္းဓာတ္ဟာ အသက္အရြယ္အလိုက္ အကန္႔အသတ္နဲ႔ ေသာက္သုံးတဲ့ထဲမွာပါဝင္ပါတယ္။
ေတာ္သင့္႐ုံေသာက္သုံးျခင္းဟာ သင့္က်န္းမာေရးအတြက္ ေကာင္းမြန္ေပမဲ့ အလြန္အကၽြံေသာက္သုံးရင္ေတာ့ မလိုလားအပ္တဲ့ ဆိုးက်ိဳးေတြျဖစ္ေပၚႏိုင္ပါတယ္။ ကဖိန္းဓာတ္ကို လူႀကီးမ်ား က်န္းမာေရးအတြက္ ၄၀၀ မီလီဂရမ္ထက္ေလာက္ပဲစားသုံးသင့္ၿပီး ဆယ္ေက်ာ္သက္အရြယ္မ်ားအတြက္ေတာ့ ၁၀၀ မီလီဂရမ္ေလာက္ပဲ စားသုံးသင့္ပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္နဲ႔ ႏို႔မျပက္ေသးတဲ့ ကေလးရွိေသာ မိခင္မ်ားအတြက္ ၂၀၀ မီလီဂရမ္ေလာက္ပဲ စားသုံးသင့္ပါတယ္။ ဒါေပမဲ့ ကိုယ္ဝန္ေဆာင္မိခင္ေတြအေနနဲ႔ ကဖိန္းဓာတ္လုံေလာက္မႈရွိမရွိဆိုတာ ဆရာဝန္ထံ ေမးျမန္းၾကည့္တာ အေကာင္းဆုံးပါ။ လူႀကိဳက္မ်ားတဲ့ ေကာ္ဖီကေတာ့ ကဖိန္းဓာတ္အမ်ားဆုံးပါဝင္ၿပီး စြမ္းအားျဖည့္အခ်ိဳရည္၊ ေခ်ာကလက္၊ အစိမ္းေရာင္လက္ဖက္ရည္ႏွင့္ အနက္ေရာက္လက္ဖက္ရည္ထဲမွာလဲ ကဖိန္းဓာတ္ အနည္းနဲ႔အမ်ား ပါဝင္ၾကပါတယ္။

ကဖိန္းဓာတ္ပါဝင္ေသာ ပစၥည္းမ်ားမွာ –
၁။ ေကာ္ဖီ ၆ေအာင္စ ရွိတဲ့တစ္ခြက္ကို ကဖိန္းဓာတ္ ၈၀ ကေန ၁၅၀ မီလီဂရမ္ ထိပါဝင္ၿပီး ကဖိန္းဓာတ္အျမင့္ဆုံးျဖစ္ပါတယ္။
၂။ ေရခဲမုန္႔ တစ္ခြက္မွာ ကဖိန္းဓာတ္ ၄၅ မွ ၈၅ မီလီဂရမ္ထိပါဝင္ပါတယ္။
၃။ ပီေက အပိုင္း ၂ခုကို ကဖိန္းဓာတ္ ၂၆ မီလီဂရမ္ထိ ပါဝင္ပါတယ္။
၄။ ပုံမွန္အရြယ္အစားရွိတဲ့ အကိုက္ခဲေပ်ာက္ေဆးတစ္လုံးတြင္ ကဖိန္းဓာတ္ ၅၆ မွ ၁၂၀ မီလီဂရမ္ထိပါဝင္ပါတယ္။
၅။ အဆီက်ေဆး (သို႔) ဝိတ္က်ေစေသာ ေဆးျပား တြင္ ကဖိန္းဓာတ္ ၂၀၀ မီလီဂရမ္ထိပါဝင္ပါတယ္။
၆။ Coke, Cola sodas စတဲ့ အခ်ိဳရည္တြင္ ၁၂ေအာင္စ ကို ကဖိန္းဓာတ္ ၂၃ မွ ၁၀၀ အထိ ပါဝင္ပါတယ္။

ကဖိန္းဓာတ္အလြန္အကၽြံသုံးစြဲသူမ်ားရဲ႕ ေရာဂါလကၡဏာမ်ား –
၁။ စိတ္ဂနာမၿငိမ္ျဖစ္ျခင္း၊ စိတ္တိုျခင္း
၂။ ႏွလုံးခုန္ႏႈန္းပိုျမန္ျခင္း၊ ရင္တုန္ျခင္း
၃။ အစာေၾကစနစ္မ်ား မေကာင္းျခင္း၊ ပ်ိဳ႕အန္ျခင္း
၄။ ေခါင္းကိုက္ျခင္း၊ မူးေဝျခင္း
၅။ ေရခဏခဏငတ္ျခင္း
၆။အသက္႐ႈမဝျခင္း
၇။ ရင္ဘက္ေအာင့္ျခင္း
၈။ ၾကြက္သားမ်ားလႈပ္ရွားမႈကို မထိန္းခ်ဳပ္ႏိုင္ျခင္း
၉။ တက္ျခင္း

စတဲ့ ေရာဂါမ်ားျဖစ္ေပၚလာလွ်င္ သင့္အေနနဲ႔ ကဖိန္းဓာတ္ကို ေလ်ာ့ၿပီး စားသုံးသင့္ပါတယ္။ ဒါ့အျပင္ ေရမ်ားမ်ားေသာက္သုံးျခင္း၊ ေသြးပူေလ့က်င့္ခန္းပုံမွန္လုပ္ျခင္း၊ ပိုတက္စီယမ္နဲ႔ မဂၢနီဆီယမ္ၾကယ္ဝတဲ့ အစားအေသာက္မ်ား
စားသုံးျခင္း (ဥပမာ – ငွက္ေပ်ာက္သီး၊ အစိမ္းေရာင္ရွိေသာ အသီးအႏွံမ်ား) ကိုပိုၿပီး စားသုံးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lifestyle_Myanmar

#Unicode Version#
ဘယ်အရာမဆို တန်ဆေး လွန်ဘေး ဆိုတဲ့ စကားအရ ဘယ်အရာမှ အလွန်အကျွံသုံးစွဲခြင်းဟာ မကောင်းပါဘူး။ ဒီလိုပါပဲ ကဖိန်းဓာတ်ဟာ အသက်အရွယ်အလိုက် အကန့်အသတ်နဲ့ သောက်သုံးတဲ့ထဲမှာပါဝင်ပါတယ်။
တော်သင့်ရုံသောက်သုံးခြင်းဟာ သင့်ကျန်းမာရေးအတွက် ကောင်းမွန်ပေမဲ့ အလွန်အကျွံသောက်သုံးရင်တော့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ကဖိန်းဓာတ်ကို လူကြီးများ ကျန်းမာရေးအတွက် ၄၀၀ မီလီဂရမ်ထက်လောက်ပဲစားသုံးသင့်ပြီး ဆယ်ကျော်သက်အရွယ်များအတွက်တော့ ၁၀၀ မီလီဂရမ်လောက်ပဲ စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့မပြက်သေးတဲ့ ကလေးရှိသော မိခင်များအတွက် ၂၀၀ မီလီဂရမ်လောက်ပဲ စားသုံးသင့်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကဖိန်းဓာတ်လုံလောက်မှုရှိမရှိဆိုတာ ဆရာဝန်ထံ မေးမြန်းကြည့်တာ အကောင်းဆုံးပါ။ လူကြိုက်များတဲ့ ကော်ဖီကတော့ ကဖိန်းဓာတ်အများဆုံးပါဝင်ပြီး စွမ်းအားဖြည့်အချိုရည်၊ ချောကလက်၊ အစိမ်းရောင်လက်ဖက်ရည်နှင့် အနက်ရောက်လက်ဖက်ရည်ထဲမှာလဲ ကဖိန်းဓာတ် အနည်းနဲ့အများ ပါဝင်ကြပါတယ်။

ကဖိန်းဓာတ်ပါဝင်သော ပစ္စည်းများမှာ –
၁။ ကော်ဖီ ၆အောင်စ ရှိတဲ့တစ်ခွက်ကို ကဖိန်းဓာတ် ၈၀ ကနေ ၁၅၀ မီလီဂရမ် ထိပါဝင်ပြီး ကဖိန်းဓာတ်အမြင့်ဆုံးဖြစ်ပါတယ်။
၂။ ရေခဲမုန့် တစ်ခွက်မှာ ကဖိန်းဓာတ် ၄၅ မှ ၈၅ မီလီဂရမ်ထိပါဝင်ပါတယ်။
၃။ ပီကေ အပိုင်း ၂ခုကို ကဖိန်းဓာတ် ၂၆ မီလီဂရမ်ထိ ပါဝင်ပါတယ်။
၄။ ပုံမှန်အရွယ်အစားရှိတဲ့ အကိုက်ခဲပျောက်ဆေးတစ်လုံးတွင် ကဖိန်းဓာတ် ၅၆ မှ ၁၂၀ မီလီဂရမ်ထိပါဝင်ပါတယ်။
၅။ အဆီကျဆေး (သို့) ဝိတ်ကျစေသော ဆေးပြား တွင် ကဖိန်းဓာတ် ၂၀၀ မီလီဂရမ်ထိပါဝင်ပါတယ်။
၆။ Coke, Cola sodas စတဲ့ အချိုရည်တွင် ၁၂အောင်စ ကို ကဖိန်းဓာတ် ၂၃ မှ ၁၀၀ အထိ ပါဝင်ပါတယ်။

ကဖိန်းဓာတ်အလွန်အကျွံသုံးစွဲသူများရဲ့ ရောဂါလက္ခဏာများ –
၁။ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်တိုခြင်း
၂။ နှလုံးခုန်နှုန်းပိုမြန်ခြင်း၊ ရင်တုန်ခြင်း
၃။ အစာကြေစနစ်များ မကောင်းခြင်း၊ ပျို့အန်ခြင်း
၄။ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း
၅။ ရေခဏခဏငတ်ခြင်း
၆။အသက်ရှုမဝခြင်း
၇။ ရင်ဘက်အောင့်ခြင်း
၈။ ကြွက်သားများလှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခြင်း
၉။ တက်ခြင်း

စတဲ့ ရောဂါများဖြစ်ပေါ်လာလျှင် သင့်အနေနဲ့ ကဖိန်းဓာတ်ကို လျော့ပြီး စားသုံးသင့်ပါတယ်။ ဒါ့အပြင် ရေများများသောက်သုံးခြင်း၊ သွေးပူလေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ကြယ်ဝတဲ့ အစားအသောက်များ
စားသုံးခြင်း (ဥပမာ – ငှက်ပျောက်သီး၊ အစိမ်းရောင်ရှိသော အသီးအနှံများ) ကိုပိုပြီး စားသုံးသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Lifestyle_Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top