မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×



သံလွင်ဆီ





မုန့်ဖုတ်ဆိုဒါ


ပြုလုပ်နည်း


Credit: MyStyle
#Unicode Version#
ဗောက်ပြဿနာက အမျိုးသား အမျိုးသမီးမရွေးကြုံတွေ့ရတဲ့အဓိကပြဿနာတစ်ခုပါ။ အခုလိုဆောင်းရာသီမျိုးဆို ပိုဆိုးတာပေါ့။ ဗောက်ပျောက်တဲ့ခေါင်းလျှော်ရည်တွေဝယ်သုံးပေမဲ့ ဆံပင်ကျွတ်တာတွေ ရှိသလို တစ်ချို့ခေါင်းလျှော်ရည်တွေက ထင်သလောက် ထိရောက်မှုမရှိပါဘူး။

အလှကုန်ပစ္စည်းတွေကို ခဏမေ့ပြီး သဘာဝနည်းလမ်းလေးနဲ့ အဖြေရှာရအောင်ပါ။ ပြုလုပ်ရတာလွယ်ကူတဲ့အပြင် ဘေးထွက်ဆိုးကျိုးလည်းမရှိတာမို့ စာဖတ်သူတို့အကြိုက်တွေ့ကြမှာပါ။

သံလွင်ဆီ

သံလွင်ဆီဟာ ခြောက်သွေ့တဲ့ဦးရေပြားရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ဗောက်ပြဿနာကျုဖြေရှင်းရာမှာလည်း တကယ်ကိုကောင်းမွန်ပါတယ်။

သံလွင်ဆီကို အပူပေးပြီး နွေးအောင်ထားပါ။ ပြီးရင် ဆံပင်နဲ့ ဦးရေပြားပေါ် ပွတ်လိမ်းပေးပြီး ၁၀ မိနစ် ၁၅ မိနစ်လောက်ထားကာ ခေါင်းလျှော်ပါ။

နောက်တစ်နည်းကတော့ အိပ်ယာမဝင်ခင် သံလွင်ဆီကို လိမ်းပြီး နှပ်ထားပါ။

မနက်မိုးလင်းမှ ခေါင်းလျှော်ချပါ။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါက ဦးရေပြားကို သန့်ရှင်းစေပြီး ဗောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဗောက်ပြဿနာကိုဖြေရှင်းရာမှာအထူးသင့်တော်ပါတယ်။

ပြုလုပ်နည်း

မုန့်ဖုတ်ဆိုဒါကို ရေအနည်းငယ်နဲ့ရောပြီး ဦးရေပြားနဲ့ ဆံသားတွေပေါ်လိမ်းပေးပါ။ ၁၀ မိနစ် လောက်ထားပြီးခေါင်းလျှော်ချပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top