ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဂ်ိဳလီနဲ႕ပစ္တို႕ လမ္းခြဲျပတ္စဲလိုက္ၿပီဆုိတဲ့ သတင္းေၾကာင့္ ပရိသတ္ေတြအားလံုး အံ့အားသင့္စိတ္မေကာင္းျဖစ္ခဲ့ၾကရျပီးတဲ့ေနာက္မွာေတာ့ အခုဂ်ိဳလီက သူတို႕ႏွစ္ေယာက္ အလုပ္အတူတူတြဲလုပ္ျဖစ္တာမ်ိဳးထပ္ရွိခဲ့ရင္ေတာ့ ႏွစ္ေယာက္ၾကားကအေျခအေနေတြ ျပန္ေကာင္းလာႏုိင္တယ္လို႕ ဆိုလာပါတယ္။

၂၀၁၆ စက္တင္ဘာမွာစတင္ျပီး ခြဲခြာေနၾကတဲ့ သူတို႕ႏွစ္ေယာက္ဟာ အရင္က By The Sea ႏွစ္ေယာက္တြဲ ဒရာမာဇာတ္ကားတစ္ကားရိုက္ခဲ့ဖူးျပီး အဲ့လိုရိုက္ခဲ့တုန္းကလည္း အဲ့လိုရိုက္ျဖစ္ခဲ့တဲ့အတြက္ ႏွစ္ဦးၾကားကဆက္ဆံေရးနဲ႕နားလည္မႈအေျခအေနေတြ ေကာင္းလာခဲ့ဖူးတယ္လို႕ ဂ်ိဳလီက ေျပာျပပါေသးတယ္။

'သရုပ္ေဆာင္ေနရတာဆိုေပမယ့္ ႏွစ္ေယာက္တူတူအလုပ္လုပ္တဲ့အခါ၊ သရုပ္ေဆာင္ျဖစ္တဲ့အခါမွာ ကြ်န္မတိုကႏွစ္ေယာက္ၾကားမွာ ရင္းႏွီးနားလည္မႈပိုတိုးလာတာေတာ့ ေသခ်ာပါတယ္။' လို႕လည္း ဂ်ိဳလီကရွင္းျပခဲ့ပါတယ္။

သရုပ္ေဆာင္ပိုင္းတင္မဟုတ္ဘဲ ဒါရုိက္တာအျဖစ္ပါ အႏုပညာအလုပ္ေတြလုပ္ကိုင္ေနျပီျဖစ္တဲ့ ဂ်ိဳလီဟာ ပစ္နဲ႕ဇာတ္ကားတစ္ခုခုမွာတူတူထပ္သရုပ္ေဆာင္ျဖစ္မလား၊ ဒါရိုက္တာအျဖစ္နဲ႕ပဲရုပ္ရွင္ဇာတ္ကားေတြရိုက္ျဖစ္မလားဆိုတာေတာ့ မေသခ်ာေသးဘူးလို႕ဆိုပါေသးတယ္။

၂၀၀၅ ခုႏွစ္မွာရံုတင္ျပသခဲ့ Mr. & Mrs. Smith အက္ရွင္ဒရာမာကားကို စတင္ရိုက္ကူးခ်ိန္ကစျပီး ႏွစ္ဦးသားခ်စ္ၾကည္ရင္းႏွီးမႈေတြစတင္လာခဲ့တဲ့သူတုိ႕ဟာ ၂၀၁၅မွာ By The Sea ရိုက္ကူးျပသျပီး ၁ႏွစ္ၾကာျပီးမွ လမ္းခြဲျပတ္စဲဖို႕ျဖစ္ခဲ့တာပါ။ အခုလိုဂ်ိဳလီ့ဘက္က ရင္ဖြင့္ေျပာျပလာတဲ့ေနာက္မွာေတာ့ Fans ေတြက ႏွစ္ေယာက္သားျပန္လက္တြဲေပါင္းထုပ္ဖို႕ကို အေမွ်ာ္လင့္ၾကီးေမွ်ာ္လင့္ေနၾကတယ္လို႕လည္း ဂ်ိဳလီ့ဘက္ကတာ၀န္ရွိသူေတြက ေျပာျပခဲ့ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ဂျိုလီနဲ့ပစ်တို့ လမ်းခွဲပြတ်စဲလိုက်ပြီဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေအားလုံး အံ့အားသင့်စိတ်မကောင်းဖြစ်ခဲ့ကြရပြီးတဲ့နောက်မှာတော့ အခုဂျိုလီက သူတို့နှစ်ယောက် အလုပ်အတူတူတွဲလုပ်ဖြစ်တာမျိုးထပ်ရှိခဲ့ရင်တော့ နှစ်ယောက်ကြားကအခြေအနေတွေ ပြန်ကောင်းလာနိုင်တယ်လို့ ဆိုလာပါတယ်။

၂၀၁၆ စက်တင်ဘာမှာစတင်ပြီး ခွဲခွာနေကြတဲ့ သူတို့နှစ်ယောက်ဟာ အရင်က By The Sea နှစ်ယောက်တွဲ ဒရာမာဇာတ်ကားတစ်ကားရိုက်ခဲ့ဖူးပြီး အဲ့လိုရိုက်ခဲ့တုန်းကလည်း အဲ့လိုရိုက်ဖြစ်ခဲ့တဲ့အတွက် နှစ်ဦးကြားကဆက်ဆံရေးနဲ့နားလည်မှုအခြေအနေတွေ ကောင်းလာခဲ့ဖူးတယ်လို့ ဂျိုလီက ပြောပြပါသေးတယ်။

'သရုပ်ဆောင်နေရတာဆိုပေမယ့် နှစ်ယောက်တူတူအလုပ်လုပ်တဲ့အခါ၊ သရုပ်ဆောင်ဖြစ်တဲ့အခါမှာ ကျွန်မတိုကနှစ်ယောက်ကြားမှာ ရင်းနှီးနားလည်မှုပိုတိုးလာတာတော့ သေချာပါတယ်။' လို့လည်း ဂျိုလီကရှင်းပြခဲ့ပါတယ်။

သရုပ်ဆောင်ပိုင်းတင်မဟုတ်ဘဲ ဒါရိုက်တာအဖြစ်ပါ အနုပညာအလုပ်တွေလုပ်ကိုင်နေပြီဖြစ်တဲ့ ဂျိုလီဟာ ပစ်နဲ့ဇာတ်ကားတစ်ခုခုမှာတူတူထပ်သရုပ်ဆောင်ဖြစ်မလား၊ ဒါရိုက်တာအဖြစ်နဲ့ပဲရုပ်ရှင်ဇာတ်ကားတွေရိုက်ဖြစ်မလားဆိုတာတော့ မသေချာသေးဘူးလို့ဆိုပါသေးတယ်။

၂၀၀၅ ခုနှစ်မှာရုံတင်ပြသခဲ့ Mr. & Mrs. Smith အက်ရှင်ဒရာမာကားကို စတင်ရိုက်ကူးချိန်ကစပြီး နှစ်ဦးသားချစ်ကြည်ရင်းနှီးမှုတွေစတင်လာခဲ့တဲ့သူတို့ဟာ ၂၀၁၅မှာ By The Sea ရိုက်ကူးပြသပြီး ၁နှစ်ကြာပြီးမှ လမ်းခွဲပြတ်စဲဖို့ဖြစ်ခဲ့တာပါ။ အခုလိုဂျိုလီ့ဘက်က ရင်ဖွင့်ပြောပြလာတဲ့နောက်မှာတော့ Fans တွေက နှစ်ယောက်သားပြန်လက်တွဲပေါင်းထုပ်ဖို့ကို အမျှော်လင့်ကြီးမျှော်လင့်နေကြတယ်လို့လည်း ဂျိုလီ့ဘက်ကတာဝန်ရှိသူတွေက ပြောပြခဲ့ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top