ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ထိုင္းႏိုင္ငံေျမာက္ပိုင္း ခ်င္းမိုင္ခ႐ိုင္ မယ့္တိုင္ၿမိဳ႕နယ္ထဲမွာ စိတ္မႏွံ႔တဲ့ အမ်ိဳးသမီးတဦးကို မုဒိမ္းက်င့္ရန္ႀကံစည္မႈ၊ အၾကမ္းဖက္မႈေတြနဲ႔ ျမန္မာလုပ္သားတဦး ဖမ္းဆီးခံခဲ့ရပါတယ္။

ဒီဇင္ဘာ ၁၈ ရက္ေန႔က မယ့္တိုင္ၿမိဳ႕နယ္ မဲ့တမန္းအုပ္စု မူးေဆးပါၿမိန႔္ေက်း႐ြာရွိ လမ္းေဘးေတာအုပ္ထဲမွာ ဓားခုတ္ရာေတြနဲ႔ လဲက်ေနတဲ့ အသက္ ၂၀ ႏွစ္အ႐ြယ္ စိတ္မႏွံ႔သူ မိန္းကေလးတဦး ေတြ႕ရွိေၾကာင္း ႐ြာသူႀကီးက လာေရာက္အေၾကာင္းၾကားတဲ့အတြက္ တရားခံကို လိုက္လံစုံစမ္းရွာေဖြခဲ့တာလို႔ မယ့္တိုင္ၿမိဳ႕နယ္ ရဲစခန္းမွ တာဝန္က်ရဲအုပ္ ယုထကန္ေမထာက သတင္းေထာက္ေတြကို ေျပာပါတယ္။

ဒီဇင္ဘာ ၁၉ ရက္ေန႔ မနက္မွာေတာ့ မဲ့တိုင္ၿမိဳ႕နယ္ ကိုက္ခ်န႔္အုပ္စု ရပ္ကြက္ ၆ ရွိ သစ္သီးၿခံေစာင့္တဲအတြင္း ပြန္းပဲ့ရာေတြရထားတဲ့ အသက္ ၃၂ ႏွစ္႐ြယ္ ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမား ထြန္းေထာင္းဒီကို ဖမ္းမိခဲ့တယ္လို႔ ဆိုပါတယ္။

ထြန္းေထာင္းဒီက အခင္းျဖစ္တဲ့ေန႔က သူဟာ စိတ္ႂကြေဆး ၂ ျပား သုံးထားၿပီး ေတာလမ္းတေနရာမွာ မိန္းကေလးတေယာက္ ေလွ်ာက္သြားတာျမင္လို႔ လိင္ဆက္ဆံလိုစိတ္ ျဖစ္ေပၚခဲ့ေၾကာင္း၊ ဒါေၾကာင့္ အဲဒီမိန္းကေလးကို ခ်ဳံပုတ္ထဲ ဆြဲေခၚခဲ့ရာမွာ မိန္းကေလးက ျပန္လည္ခုခံ ႐ုန္းကန္တဲ့အတြက္ ဓားနဲ႔ ၂ ခ်က္ ၃ ခ်က္ ထိုးခဲ့ေၾကာင္း၊ မိန္းကေလးက ထြက္ေျပးသြားလို႔ သူလည္း ဓားကို အဲဒီေနရာမွာ လႊင့္ပစ္ကာ အက်ႌပါခြၽတ္ခဲ့ၿပီး သစ္သီးၿခံထဲ ဝင္ေရာက္ပုန္းခိုေနခဲ့တာလို႔ ဖြင့္ဟဝန္ခံသြားပါတယ္။

ရဲစခန္းက ထြန္းေထာင္းဒီကို သူတပါးအား ေသေစလိုရန္ တမင္ႀကံ႐ြယ္မႈ၊ မုဒိမ္းက်င့္ရန္ ႀကံစည္မႈ၊ ကိုယ္ထိလက္ေရာက္ အၾကမ္းဖက္မႈေတြနဲ႔ အမႈဖြင့္ အေရးယူသြားမွာျဖစ္ၿပီး ဒဏ္ရာရ မိန္းကေလးကေတာ့ မယ့္တိုင္ေဆး႐ုံႀကီးမွာ တက္ေရာက္ကုသေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တိုင်မြို့နယ်ထဲမှာ စိတ်မနှံ့တဲ့ အမျိုးသမီးတဦးကို မုဒိမ်းကျင့်ရန်ကြံစည်မှု၊ အကြမ်းဖက်မှုတွေနဲ့ မြန်မာလုပ်သားတဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့က မယ့်တိုင်မြို့နယ် မဲ့တမန်းအုပ်စု မူးဆေးပါမြိန့်ကျေးရွာရှိ လမ်းဘေးတောအုပ်ထဲမှာ ဓားခုတ်ရာတွေနဲ့ လဲကျနေတဲ့ အသက် ၂၀ နှစ်အရွယ် စိတ်မနှံ့သူ မိန်းကလေးတဦး တွေ့ရှိကြောင်း ရွာသူကြီးက လာရောက်အကြောင်းကြားတဲ့အတွက် တရားခံကို လိုက်လံစုံစမ်းရှာဖွေခဲ့တာလို့ မယ့်တိုင်မြို့နယ် ရဲစခန်းမှ တာဝန်ကျရဲအုပ် ယုထကန်မေထာက သတင်းထောက်တွေကို ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်မှာတော့ မဲ့တိုင်မြို့နယ် ကိုက်ချန့်အုပ်စု ရပ်ကွက် ၆ ရှိ သစ်သီးခြံစောင့်တဲအတွင်း ပွန်းပဲ့ရာတွေရထားတဲ့ အသက် ၃၂ နှစ်ရွယ် မြန်မာရွှေ့ပြောင်း အလုပ်သမား ထွန်းထောင်းဒီကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ထွန်းထောင်းဒီက အခင်းဖြစ်တဲ့နေ့က သူဟာ စိတ်ကြွဆေး ၂ ပြား သုံးထားပြီး တောလမ်းတနေရာမှာ မိန်းကလေးတယောက် လျှောက်သွားတာမြင်လို့ လိင်ဆက်ဆံလိုစိတ် ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒါကြောင့် အဲဒီမိန်းကလေးကို ချုံပုတ်ထဲ ဆွဲခေါ်ခဲ့ရာမှာ မိန်းကလေးက ပြန်လည်ခုခံ ရုန်းကန်တဲ့အတွက် ဓားနဲ့ ၂ ချက် ၃ ချက် ထိုးခဲ့ကြောင်း၊ မိန်းကလေးက ထွက်ပြေးသွားလို့ သူလည်း ဓားကို အဲဒီနေရာမှာ လွှင့်ပစ်ကာ အကျႌပါချွတ်ခဲ့ပြီး သစ်သီးခြံထဲ ဝင်ရောက်ပုန်းခိုနေခဲ့တာလို့ ဖွင့်ဟဝန်ခံသွားပါတယ်။

ရဲစခန်းက ထွန်းထောင်းဒီကို သူတပါးအား သေစေလိုရန် တမင်ကြံရွယ်မှု၊ မုဒိမ်းကျင့်ရန် ကြံစည်မှု၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေနဲ့ အမှုဖွင့် အရေးယူသွားမှာဖြစ်ပြီး ဒဏ်ရာရ မိန်းကလေးကတော့ မယ့်တိုင်ဆေးရုံကြီးမှာ တက်ရောက်ကုသနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top