စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

 ျဗိတိန္အေျခစိုက္ မုိဘုိင္းေအာ္ပေရတာ O2 က ဖုန္းအျဖစ္လည္း အသံုးျပဳနုိင္သည့္ ကမၻာ့ပထမဆံုးလက္သည္းတု ကုိ ထုတ္ေဖာ္ျပသခဲ့သည္ဟု သိရသည္။ သိပၸံပညာရွင္ရွိန္းမုိင္စ္နွင့္ လက္သည္းတု ကုမၸဏီ Nails တို့ ပူးေပါင္း လုပ္ေဆာင္ျခင္း ျဖစ္ျပီး မုိဘိုင္းလက္သည္းတု၏ နမူနာပံုစံတြင္ တယ္လီဖုန္း၏ စကားေျပာခြက္ အျဖစ္ လုပ္ေဆာင္နုိင္ေသာ နည္းပညာကို
ထည့္သြင္းထားသည္။ မုိဘုိင္း လက္သည္းတုေၾကာင့္ အသံုးျပဳသူမ်ားသည္ လက္ေခ်ာင္းတစ္ေခ်ာင္းကို မ်က္နွာအနားသို့ ကပ္လုိက္ရံုနွင့္ ဖုန္းေျပာနုိင္မည္ ျဖစ္သည္။

မုိ္ဘိုင္းဖုန္းတစ္လံုးနွင့္ ခ်ိတ္ဆက္ထားေသာ Bluetooth ခ်စ္ျပားေလးကို ထည့္သြင္းထားေသာေၾကာင့္ ဖုန္းေျဖၾကားျခင္း ၊ သီခ်င္းဖြင့္ျခင္း ၊ ၀င္ထားသည့္ ဖုန္းနံပါတ္အား ဖုန္းျပန္ဆက္ျခင္း တုိ့္ကုိ လက္သည္းထဲရွိ
ခလုတ္ေလးတစ္ခုကို နွိပ္ရံုနွင့္ လုပ္ေဆာင္နုိင္မည္ ျဖစ္သည္။ O2 မွ တာ၀န္ရွိသူတစ္ဦးျဖစ္သည့္ နီနာ ဘီဘီက " ဖက္ရွင္နဲ့ နည္းပညာကို ေပါင္းစပ္နုိင္ဖုိ့ ၾကိဳးစားေနတာပါ။

ဖုန္းဆိုတာ လူေတြ အသံုးျပဳလာတာ နွစ္ေပါင္းမ်ားစြာၾကာျပီဆုိေပမယ့္
နည္းပညာက ခႏၶာကိုယ္ရဲ့ အဆင့္တန္ဆာတစ္ခုျဖစ္လာဖုိ့က ေနာက္ေျခတစ္လွမ္းပါ " ဟု ဆုိခဲ့သည္။ မုိ္ဘိုင္း လက္သည္းတုမ်ားကို Nails က ဒီဇိုင္းအမ်ိဳးမ်ိဳးျဖင့္ အလွဆင္ေပးသြားမည္ျဖစ္သည္။ O2 က ၂၀၄၉ ခုနွစ္တြင္ ခႏၶာကိုယ္ အစိတ္အပိုင္းမ်ားတြင္ စမတ္ဖုန္းမ်ား ထည့္သြင္းသြားနုိင္သည့္ အဆင့္အထိ နည္းပညာသစ္မ်ားကို တီထြင္ဖန္တီးသြားနုိင္ရန္ ေမ်ွာ္မွန္းထားသည္ဟု သိရသည္။

(DM,23.12.17)

ေမဇြန္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Pyi Myanmar

# Unicode Version ျဖင့္ ဖတ္ပါ #
 ဗြိတိန်အခြေစိုက် မိုဘိုင်းအော်ပရေတာ O2 က ဖုန်းအဖြစ်လည်း အသုံးပြုနိုင်သည့် ကမ္ဘာ့ပထမဆုံးလက်သည်းတု ကို
ထုတ်ဖော်ပြသခဲ့သည်ဟု သိရသည်။ သိပ္ပံပညာရှင်ရှိန်းမိုင်စ်နှင့် လက်သည်းတု ကုမ္ပဏီ Nails တို့ ပူးပေါင်း လုပ်ဆောင်ခြင်း
ဖြစ်ပြီး မိုဘိုင်းလက်သည်းတု၏ နမူနာပုံစံတွင် တယ်လီဖုန်း၏ စကားပြောခွက် အဖြစ် လုပ်ဆောင်နိုင်သော နည်းပညာကို
ထည့်သွင်းထားသည်။ မိုဘိုင်း လက်သည်းတုကြောင့် အသုံးပြုသူများသည် လက်ချောင်းတစ်ချောင်းကို မျက်နှာအနားသို့
ကပ်လိုက်ရုံနှင့် ဖုန်းပြောနိုင်မည် ဖြစ်သည်။

မိုဘိုင်းဖုန်းတစ်လုံးနှင့် ချိတ်ဆက်ထားသော Bluetooth ချစ်ပြားလေးကို ထည့်သွင်းထားသောကြောင့် ဖုန်းဖြေကြားခြင်း ၊ သီချင်းဖွင့်ခြင်း ၊ ဝင်ထားသည့် ဖုန်းနံပါတ်အား ဖုန်းပြန်ဆက်ခြင်း တို့်ကို လက်သည်းထဲရှိ
ခလုတ်လေးတစ်ခုကို နှိပ်ရုံနှင့် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ O2 မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် နီနာ ဘီဘီက " ဖက်ရှင်နဲ့
နည်းပညာကို ပေါင်းစပ်နိုင်ဖို့ ကြိုးစားနေတာပါ။

ဖုန်းဆိုတာ လူတွေ အသုံးပြုလာတာ နှစ်ပေါင်းများစွာကြာပြီဆိုပေမယ့်
နည်းပညာက ခန္ဓာကိုယ်ရဲ့ အဆင့်တန်ဆာတစ်ခုဖြစ်လာဖို့က နောက်ခြေတစ်လှမ်းပါ " ဟု ဆိုခဲ့သည်။ မိုဘိုင်း လက်သည်းတုများကို
Nails က ဒီဇိုင်းအမျိုးမျိုးဖြင့် အလှဆင်ပေးသွားမည်ဖြစ်သည်။ O2 က ၂၀၄၉ ခုနှစ်တွင် ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် စမတ်ဖုန်းများ
ထည့်သွင်းသွားနိုင်သည့် အဆင့်အထိ နည်းပညာသစ်များကို တီထွင်ဖန်တီးသွားနိုင်ရန် မျှော်မှန်းထားသည်ဟု သိရသည်။

(DM,23.12.17)

မေဇွန်

ဖိုးသူတော် (www.phothutaw.com)
Credit: Pyi Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top