ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

႐ုံးတက္ခ်ိန္ျဖစ္၍ဘတ္စ္ ကားေပၚတြင္  လူက်ပ္ ေနသည္။ ကားအ ေနာက္တံခါးမွ ဆင္းရမည္ျဖစ္ သည့္အတြက္ တံခါးသို႔ေရာက္ရန္ ကုိယ္တစ္ေစာင္းအေနအထား ျဖင့္ လူတိုးရမည္ျဖစ္သည္။ သူ သက္ျပင္းတိတ္တခိုး ခ်လိုက္ၿပီး အေရွ႕တံခါးမွပင္ ဆင္းခြင့္ျပဳရန္  ကားေမာင္းသူကို ခြင့္ေတာင္း လိုက္မိသည္။ သို႔ေသာ္ ကား ဆရာက ခြင့္မျပဳသျဖင့္ အမ်ား နည္းတူ ကားအလယ္ တံခါးမွပင္ ဆင္းခဲ့ရသည္။ သူ႔ကဲ့သို႔ ကိုယ္ အဂၤါမသန္စြမ္းသူတစ္ဦးအတြက္ အလယ္ လက္ကိုင္တန္းမပါသည့္ ဘတ္စ္ ကားေပၚတြင္ လူမ်ားကို တိုးေဝွ႔သြားရသည္မွာ လြယ္ကူ သည္ မဟုတ္ပါ။

အထက္ပါ အျဖစ္အပ်က္ကို ႀကံဳေတြ႕ခဲ့ရသူကေတာ့ သဃၤန္း ကြၽန္းၿမိဳ႕နယ္မွ ပုဇြန္ေတာင္ၿမိဳ႕ နယ္သို႔ YBS စီးကာ ႐ံုးတက္႐ံုး ဆင္းလုပ္ေနရသည့္ ေျခတစ္ဖက္ သိမ္ဝင္ေနသူ မဖူးျဖစ္သည္။

‘‘ကားဆရာကေျပာတယ္။ ဆင္းတာက ေရွ႕ကဆင္းရတာ မဟုတ္ဘူး။ ေနာက္ကဆင္းရတာ တဲ့။ ေရွ႕ကဆင္းခိုင္းရင္ ကြၽန္ ေတာ့္ကို ဖမ္းလိမ့္မယ္တဲ့။ ကြၽန္မ လည္း ဘာမွ ဆက္ေျပာခ်င္စိတ္ မရွိတာနဲ႔ ခက္ခက္ခဲခဲ အေနာက္ က ဆင္းခဲ့ရတယ္’’ဟု မဖူးက ေျပာသည္။

၎ ကိုယ္အဂၤါမသန္စြမ္း သူတစ္ဦးျဖစ္သည္ကို ကား ေမာင္းသူက သတိမျပဳလိုက္မိ ျခင္းျဖစ္မည္ဟု ေတြးလိုက္မိ ေၾကာင္း မဖူးကဆိုသည္။

ငယ္စဥ္က ေဆးထုိးမွားခဲ့ သျဖင့္ မဖူး၏ ေျခေထာက္တစ္ ဖက္ သိမ္ဝင္သြားျခင္းေၾကာင့္ လမ္းေလွ်ာက္ပါက လက္တစ္ ဖက္ကိုလႊဲယမ္း၍ အားယူရသည္။ ေလွ်ာက္လမ္းေနရာ က်ယ္က်ယ္ လိုအပ္သည့္ မဖူးအတြက္ YBS ကားတြင္ လူက်ပ္သည့္အခ်ိန္မ်ား ၌ ကားေပၚမွဆင္းရန္ သတ္မွတ္ ထားသည့္တံခါးသို႔ အေရာက္ သြားရန္မွာ မလြယ္ကူလွေပ။

‘‘YBS က အေရွ႕ကတက္ၿပီး အေနာက္က ဆင္းရမွာျဖစ္လို႔ အလယ္ေလွ်ာက္လမ္းမွာ မသန္ စြမ္းေတြအတြက္ လက္ကိုင္တန္း ေတြ လုိအပ္ပါတယ္။ ကားေပၚ အတက္မွာေရာ၊ အဆင္းမွာေရာ လိုအပ္ပါတယ္။ ကြၽန္မဆင္းမယ့္ မွတ္တိုင္ေရာက္ခါနီး အေနာက္ ဘက္ကို လွမ္းၾကည့္မိတိုင္း အလယ္က လက္ကိုင္တန္းမပါ ေလွ်ာက္လမ္းထိလည္း လူတိုး သြားရမယ္ဆိုတာ သတိထား လိုက္မိရင္ ကြၽန္မ ေခြၽးပါျပန္ သြားတယ္’’ဟု မဖူးကေျပာသည္။

အစိုးရအေနျဖင့္ အမ်ားပိုင္ ယာဥ္ အသံုးျပဳသြားလာေနရသည့္ မသန္စြမ္းမ်ားႏွင့္ သက္ႀကီးရြယ္ အိုမ်ားအတြက္ ယာဥ္စီးနင္းသြား လာမႈ အဆင္ေျပေစရန္ ထည့္ သြင္းစဥ္းစားေပးေစလိုေၾကာင္း ၎ကဆိုသည္။

စနစ္သစ္၊ လမ္းေၾကာင္း သစ္မ်ားျဖင့္ ေျပာင္းလဲေျပးဆြဲေန သည့္ YBS ဘတ္စ္ကားမ်ားသည္ မသန္စြမ္းမ်ားအတြက္ အဆင္ မေျပသည့္အခ်က္မ်ား ပါဝင္ေန ေသးသည္ဟု မသန္စြမ္းသူမ်ားက ဆုိသည္။

YBS ကားမ်ားတြင္ ယာဥ္ ေနာက္လိုက္မ်ား မပါဝင္သည့္ အျပင္ အခ်ဳိ႕ကားမ်ားသည္ ရပ္ မည့္မွတ္တိုင္ကို အသိမေပး သျဖင့္ အၾကားအာ႐ံုခြၽတ္ယြင္းသူ မ်ားႏွင့္ အျမင္အာ႐ံု အားနည္းသူ မ်ားအတြက္ အခက္အခဲဲႀကံဳရ သည္။

‘‘တခ်ဳိ႕ကားေတြက မွတ္ တိုင္မေအာ္ဘူး။ အဲဒီေတာ့ သူမ်ားကို ေမးရတာေပါ့။ ၿပီး ေတာ့ ကားေပၚက ဆင္းမယ္ဆို ၿပီးေအာ္ေတာ့ ခလုတ္ႏွိပ္ေလ။ ပါးစပ္က ေအာ္လို႔မရဘူးလို႔ ကား ေမာင္းတဲ့သူက ျပန္ေအာ္တယ္။ ကားခလုတ္က ဘယ္နားမွာမွန္း လည္း မသိဘူးေလ။ ကြၽန္ေတာ္ လည္း ကြၽန္ေတာ္မျမင္ရဘူးဆို တာေတြ သူ႔ကိုရွင္းျပမေနေတာ့ ဘူး’’ဟု ကိုေဇာ္လင္းထြႏ္း (အလင္းေရာင္သာျမင္ရသည့္ အျမင္အာ႐ံုခြၽတ္ယြင္းသူ) က ေျပာသည္။

ကားစီးသည့္အခါ ကားရပ္ ကာ လူတင္သည့္အခ်ိန္ႏွင့္ ကား အခ်ဳိးအေကြ႕မ်ားကို မွတ္သား ထားေလ့ရွိေသာ္လည္း အေတြး မ်ားကာ သတိတစ္ခ်က္လြတ္သြား သည့္ေန႔ရက္မ်ားတြင္ အခက္အခဲ ရွိသည္ဟု ၎ကေျပာသည္။

ေနရာမ်ားကို အသိျဖင့္ မွတ္ သားထားသည့္ ကိုေဇာ္လင္းထြန္း သည္ မွတ္တိုင္မေရာက္ခင္ (သို႔ မဟုတ္) မွတ္တိုင္ကိုေက်ာ္၍ ကားရပ္သည့္အခါ ဘယ္ကိုသြား ရမည္မသိ ေဝေဝဝါးဝါးျဖစ္ရ သည့္အခါလည္း ရွိသည္ဟုဆို သည္။

‘‘အၾကားအာ႐ံု ခြၽတ္ယြင္းတဲ့ သူငယ္ခ်င္းဆိုရင္ မွတ္တိုင္ေက်ာ္ မွာ အရမ္းေၾကာက္တာ။ နားၾကပ္ တပ္ထားေတာ့ ၾကားရေပမယ့္ ေျပာတဲ့သူအသံပဲၾကားရတာ။ ေဘးအသံမၾကားရဘူး။ သူ႔ကိုဆို ႏွစ္ခါ သံုးခါေျပာရတယ္။ သူ႔ အတြက္ဆိုရင္လည္း ေရာက္မယ့္ မွတ္တိုင္ေအာ္ေပးတာ မရွိရင္ အေတာ္ခက္ခဲတယ္’’ဟု ကိုေဇာ္ လင္းထြန္းက ၎၏သူငယ္ခ်င္း အျဖစ္ကို ေျပာျပသည္။

အငွားယာဥ္ ေန႔တိုင္းမစီးႏုိင္ သျဖင့္ ဘတ္စ္ကားကိုသာ အား ထားကာ သြားလာေနရၿပီး မလံု ၿခံဳမႈ၊ စိတ္အားငယ္မႈမ်ား ခံစား ရေၾကာင္း ၎ကဆိုသည္။

မသန္စြမ္းသူမ်ားအတြက္ ထည့္သြင္းစဥ္းစားေပးသည့္ ႏိုင္ငံ မ်ားတြင္ ဝွီးခ်ဲအသံုးျပဳသူမ်ား အဆင္ေျပေစရန္ ကားမ်ားကို လူသြားလမ္းတြင္ ကပ္ရပ္ေပးျခင္း၊ ေရာက္မည့္မွတ္တိုင္ကို ေသခ်ာ စြာ ေအာ္ေပးျခင္း၊ စာတန္းထုိး ေပးျခင္းတို႔ ျပဳလုပ္ေပးေၾကာင္းကိုေဇာ္လင္းထြန္းက ေျပာသည္။

‘‘ကြၽန္မတို႔ေတာင္ တခ်ဳိ႕ကားေတြက လက္ကုိင္တန္းေတြကို ေသခ်ာမမီဘူး။ မသန္စြမ္းေတြ အတြက္ဆိုရင္ အေတာ္အဆင္ မေျပျဖစ္ႏုိင္တယ္’’ဟု ဘတ္စ္ ကားစီး ႐ံုးတက္ေလ့ရွိသည့္ မသႏၲာေအာင္က ေျပာသည္။

YBS ကားအသစ္မ်ားတြင္ မသန္စြမ္းမ်ား၊ ကိုယ္ဝန္ ေဆာင္မ်ား၊ သက္ႀကီးရြယ္အိုမ်ား အတြက္ သီးျခားသတ္မွတ္ေပး ထားၿပီး သာမန္ထိုင္ခံုမ်ားႏွင့္ အေရာင္ခြဲျခားထားသည့္ ထိုင္ခံု အခ်ဳိ႕ ပါဝင္သည္။

သို႔ေသာ္ ယင္းကဲ့သို႔ ထုိင္ခံု သီးျခားသတ္မွတ္ေပးသည္ကို မသိရွိသည့္အျပင္ ထုိင္ခံုဦးထား သူမ်ားသည္ မသန္စြမ္းမ်ားကို ေနရာမဖယ္ေပးသည့္အခါမ်ား လည္း ရွိသည္ဟု မဖူးကေျပာ သည္။

မသန္စြမ္းသူမ်ား YBS စီး နင္းလိုက္ပါရာတြင္ အဆင္ေျပ ေစရန္ ကားအတက္အဆင္း ေလွ ကားမ်ားေအာက္တြင္ ဆင္ေျခ ေလွ်ာေလွကားပါဝင္ၿပီး ယင္း ေလွကားကို ကားေမာင္းသူက ခလုတ္ဖြင့္၍ အသြင္းအထုတ္ျပဳ လုပ္ေပးႏုိင္ေၾကာင္း ရန္ကုန္တိုင္း ေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္ အဖြဲ႕ (YRTA) အတြင္းေရးမွဴး ေဒါက္တာေမာင္ေအာင္က သတင္းစာရွင္းလင္းပြဲတြင္ ေျပာ ၾကားခဲ့ဖူးသည္။

သို႔ေသာ္ မသန္စြမ္းသူမ်ား အတြက္ YBS ယာဥ္မ်ားတြင္ ေဆာင္ရြက္မည့္ အေျခအေနႏွင့္ ပတ္သက္၍ YRTA တာဝန္ရွိသူ မ်ားထံ ထပ္မံ ဆက္သြယ္ေသာ္ လည္း မရရွိေပ။

YBS ယာဥ္လိုင္းမ်ားႏွင့္ ဘတ္စ္ကားမွတ္တိုင္မ်ားတြင္ မသန္စြမ္းသူမ်ာ အဆင္ေျပလြယ္ ကူစြာ စီးနင္းႏိုင္မည့္ နည္းစနစ္ မ်ား ထည့္သြင္းသြားမည္ဟု လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ေမလ ၁၇ ရက္က ျပဳလုပ္သည့္ ရန္ကုန္ တိုင္း လႊတ္ေတာ္အစည္းအေဝး တြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္ လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးေနဘုန္း လတ္၏ ေမးျမန္းခ်က္ကို ေျဖ ၾကားထားသည္။

‘‘ကားကို စီစဥ္ေပးတဲ့သူေတြ က သူတို႔အေနနဲ႔ စဥ္းစားၿပီး လုပ္ တာဆိုေတာ့ အေကာင္းဆံုးလုပ္ ေနေပမယ့္လည္း မသန္စြမ္းသူ ေတြက အက်ဳံးမဝင္သလိုျဖစ္ သြားတယ္။ ႏိုင္ငံတကာလို အဆင့္ျမင့္ေအာင္ လုပ္ေပးဖို႔ဆို တာထက္ အဆင္ေျပေအာင္ လုပ္ ေပးေစခ်င္တယ္။ မွတ္တိုင္ေအာ္ ေပးတာ၊ ဘယ္ေရာက္ေတာ့မယ္ ဆိုတာ စာတန္းထုိးေပးတာမ်ဳိး ေတြ လုပ္ေပးေစခ်င္တယ္’’ဟု ဧဒင္မသန္စြမ္းသက္ငယ္မ်ား ျပဳ စုရာရိပ္ၿမံဳ သင္တန္းေက်ာင္းအုပ္ ဦးထာအုပ္က ေျပာသည္။

၂၀၁၄ ျမန္မာႏိုင္ငံ လူဦးေရ ႏွင့္ အိမ္အေၾကာင္းအရာ သန္း ေခါင္စာရင္း ေဖာ္ျပခ်က္မ်ားအရ မသန္စြမ္းဦးေရသည္ ျမန္မာ ႏိုင္ငံလူဦးေရ၏ ၄ ဒသမ ၆ ရာခိုင္ ႏႈန္း (သုံးသန္းခုနစ္သိန္းေက်ာ္)ရွိသည္။ကိုယ္အဂၤါ မသန္စြမ္း သူ တစ္ဦးျဖစ္သည့္ ကိုေကာင္း ထက္ႏိုင္က ‘‘ကြၽန္ေတာ္ဆိုရင္ အရပ္ပုေတာ့ ကားရပ္တဲ့ခလုတ္ ကိုႏွိပ္ဖို႔ အဆင္မေျပဘူး။ ၿပီး ေတာ့ လက္ကိုင္တန္းအျမင့္ႀကီး ေတြ ထား တာ   အဆင္မေျပဘူး။ ေဘးလက္ကိုင္ေတြကလည္း ကိုင္ရတာ အဆင္မေျပတဲ့အခါ ေတြရွိတယ္’’ ဟု ေျပာသည္။

‘‘ေခတ္အဆက္ဆက္မွာ အဆင္မေျပခဲ့ပါဘူး။ ပလက္ ေဖာင္းေတြက သြားလာဖုိ႔ အဆင္ မေျပဘူး။ ကားေတြစီးဖို႔ အဆင္ မေျပဘူး။ ၾကာေတာ့ လူျမင္ကြင္း ထဲမွာ မသန္စြမ္းေတြက ေပ်ာက္ သလိုေတာင္ ျဖစ္ေနတယ္။ ကား လက္ကိုင္တန္းျမင့္ေတာ့ လက္ နည္းနည္းတိုတဲ့ ကြၽန္ေတာ့္ ကေလးေတြဆို ကားကိုစီးဖို႔ အဆင္မေျပဘူး’’ဟု ေရႊမင္းသား ေဖာင္ေဒးရွင္းဥကၠ႒ ဦးျမတ္သူဝင္း က ေျပာသည္။

YBS ကားသစ္မ်ား စတင္ ေဖာ္ေဆာင္ေနသည့္ လုပ္ငန္းစဥ္ ကာလအတြင္း ရန္ကုန္တိုင္းအစိုး ရအဖြဲ႕ တာဝန္ရွိသူမ်ားႏွင့္ သြား ေရာက္ေတြ႕ဆံုကာ မသန္စြမ္းသူ မ်ားအတြက္ အဆင္ေျပေအာင္ ေဆာင္ရြက္ေပးရန္ တင္ျပခဲ့ေသာ္ လည္း တိက်ေသခ်ာသည့္ အေျဖ ကို မရရွိခဲ့ေၾကာင္း ၎ကဆို သည္။

‘‘မသန္စြမ္းေတြအတြက္ ကေတာ့ အခက္အခဲေတာ့ရွိမယ္။ ကြၽန္ေတာ္ထင္တယ္။ ဘတ္စ္ ကားစီးတဲ့ မသန္စြမ္းဦးေရက နည္းေတာ့ ကြၽန္ေတာ္တို႔ဘက္က သီးသီးသန္႔သန္႔ လုပ္ထားေပးဖုိ႔ အခက္အခဲရွိတယ္။ သီးသန္႔ကား ဆြဲေပးဖို႔လည္း အဆင္မေျပဘူး’’ဟု Power Eleven ယာဥ္လိုင္း ကုမၸဏီ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ကိုတ႐ုတ္ေလးက ေျပာသည္။

လက္ရွိတြင္ YBS ယာဥ္ လိုင္းမ်ားအနက္ ခံုအျပည့္သာ လူတင္သည့္ နံပါတ္ (၂၁) YBS အထူးကားအခ်ဳိ႕သာ မသန္စြမ္း သူမ်ားအတြက္ အတန္အသင့္ အဆင္ေျပႏိုင္ေၾကာင္း YBS စီးနင္းသူတစ္ဦးက ေျပာသည္။

ကားေပၚတြင္ မီးသတ္ေဆး ဘူး ပါဝင္မႈရွိ၊ မရွိ၊ ကားေမာင္းသူ ကိုုင္ေဆာင္သည့္ လိုင္စင္ မွန္ကန္မႈရွိ၊ မရွိ ေရွာင္တခင္ စစ္ေဆးမႈမ်ား ရွိသလို မသန္စြမ္း သူမ်ားႏွင့္ သက္ႀကီးရြယ္အိုမ်ား စီးနင္းရာတြင္ အဆင္ေျပမႈ ရွိ၊ မရွိ စစ္ေဆးေပးေစခ်င္သည္ဟု မဖူးက ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ရုံးတက်ချိန်ဖြစ်၍ဘတ်စ် ကားပေါ်တွင်  လူကျပ် နေသည်။ ကားအ နောက်တံခါးမှ ဆင်းရမည်ဖြစ် သည့်အတွက် တံခါးသို့ရောက်ရန် ကိုယ်တစ်စောင်းအနေအထား ဖြင့် လူတိုးရမည်ဖြစ်သည်။ သူ သက်ပြင်းတိတ်တခိုး ချလိုက်ပြီး အရှေ့တံခါးမှပင် ဆင်းခွင့်ပြုရန်  ကားမောင်းသူကို ခွင့်တောင်း လိုက်မိသည်။ သို့သော် ကား ဆရာက ခွင့်မပြုသဖြင့် အများ နည်းတူ ကားအလယ် တံခါးမှပင် ဆင်းခဲ့ရသည်။ သူ့ကဲ့သို့ ကိုယ် အင်္ဂါမသန်စွမ်းသူတစ်ဦးအတွက် အလယ် လက်ကိုင်တန်းမပါသည့် ဘတ်စ် ကားပေါ်တွင် လူများကို တိုးဝှေ့သွားရသည်မှာ လွယ်ကူ သည် မဟုတ်ပါ။

အထက်ပါ အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရသူကတော့ သင်္ဃန်း ကျွန်းမြို့နယ်မှ ပုဇွန်တောင်မြို့ နယ်သို့ YBS စီးကာ ရုံးတက်ရုံး ဆင်းလုပ်နေရသည့် ခြေတစ်ဖက် သိမ်ဝင်နေသူ မဖူးဖြစ်သည်။

‘‘ကားဆရာကပြောတယ်။ ဆင်းတာက ရှေ့ကဆင်းရတာ မဟုတ်ဘူး။ နောက်ကဆင်းရတာ တဲ့။ ရှေ့ကဆင်းခိုင်းရင် ကျွန် တော့်ကို ဖမ်းလိမ့်မယ်တဲ့။ ကျွန်မ လည်း ဘာမှ ဆက်ပြောချင်စိတ် မရှိတာနဲ့ ခက်ခက်ခဲခဲ အနောက် က ဆင်းခဲ့ရတယ်’’ဟု မဖူးက ပြောသည်။

၎င်း ကိုယ်အင်္ဂါမသန်စွမ်း သူတစ်ဦးဖြစ်သည်ကို ကား မောင်းသူက သတိမပြုလိုက်မိ ခြင်းဖြစ်မည်ဟု တွေးလိုက်မိ ကြောင်း မဖူးကဆိုသည်။

ငယ်စဉ်က ဆေးထိုးမှားခဲ့ သဖြင့် မဖူး၏ ခြေထောက်တစ် ဖက် သိမ်ဝင်သွားခြင်းကြောင့် လမ်းလျှောက်ပါက လက်တစ် ဖက်ကိုလွှဲယမ်း၍ အားယူရသည်။ လျှောက်လမ်းနေရာ ကျယ်ကျယ် လိုအပ်သည့် မဖူးအတွက် YBS ကားတွင် လူကျပ်သည့်အချိန်များ ၌ ကားပေါ်မှဆင်းရန် သတ်မှတ် ထားသည့်တံခါးသို့ အရောက် သွားရန်မှာ မလွယ်ကူလှပေ။

‘‘YBS က အရှေ့ကတက်ပြီး အနောက်က ဆင်းရမှာဖြစ်လို့ အလယ်လျှောက်လမ်းမှာ မသန် စွမ်းတွေအတွက် လက်ကိုင်တန်း တွေ လိုအပ်ပါတယ်။ ကားပေါ် အတက်မှာရော၊ အဆင်းမှာရော လိုအပ်ပါတယ်။ ကျွန်မဆင်းမယ့် မှတ်တိုင်ရောက်ခါနီး အနောက် ဘက်ကို လှမ်းကြည့်မိတိုင်း အလယ်က လက်ကိုင်တန်းမပါ လျှောက်လမ်းထိလည်း လူတိုး သွားရမယ်ဆိုတာ သတိထား လိုက်မိရင် ကျွန်မ ချွေးပါပြန် သွားတယ်’’ဟု မဖူးကပြောသည်။

အစိုးရအနေဖြင့် အများပိုင် ယာဉ် အသုံးပြုသွားလာနေရသည့် မသန်စွမ်းများနှင့် သက်ကြီးရွယ် အိုများအတွက် ယာဉ်စီးနင်းသွား လာမှု အဆင်ပြေစေရန် ထည့် သွင်းစဉ်းစားပေးစေလိုကြောင်း ၎င်းကဆိုသည်။

စနစ်သစ်၊ လမ်းကြောင်း သစ်များဖြင့် ပြောင်းလဲပြေးဆွဲနေ သည့် YBS ဘတ်စ်ကားများသည် မသန်စွမ်းများအတွက် အဆင် မပြေသည့်အချက်များ ပါဝင်နေ သေးသည်ဟု မသန်စွမ်းသူများက ဆိုသည်။

YBS ကားများတွင် ယာဉ် နောက်လိုက်များ မပါဝင်သည့် အပြင် အချို့ကားများသည် ရပ် မည့်မှတ်တိုင်ကို အသိမပေး သဖြင့် အကြားအာရုံချွတ်ယွင်းသူ များနှင့် အမြင်အာရုံ အားနည်းသူ များအတွက် အခက်အခဲကြုံရ သည်။

‘‘တချို့ကားတွေက မှတ် တိုင်မအော်ဘူး။ အဲဒီတော့ သူများကို မေးရတာပေါ့။ ပြီး တော့ ကားပေါ်က ဆင်းမယ်ဆို ပြီးအော်တော့ ခလုတ်နှိပ်လေ။ ပါးစပ်က အော်လို့မရဘူးလို့ ကား မောင်းတဲ့သူက ပြန်အော်တယ်။ ကားခလုတ်က ဘယ်နားမှာမှန်း လည်း မသိဘူးလေ။ ကျွန်တော် လည်း ကျွန်တော်မမြင်ရဘူးဆို တာတွေ သူ့ကိုရှင်းပြမနေတော့ ဘူး’’ဟု ကိုဇော်လင်းထွန်း (အလင်းရောင်သာမြင်ရသည့် အမြင်အာရုံချွတ်ယွင်းသူ) က ပြောသည်။

ကားစီးသည့်အခါ ကားရပ် ကာ လူတင်သည့်အချိန်နှင့် ကား အချိုးအကွေ့များကို မှတ်သား ထားလေ့ရှိသော်လည်း အတွေး များကာ သတိတစ်ချက်လွတ်သွား သည့်နေ့ရက်များတွင် အခက်အခဲ ရှိသည်ဟု ၎င်းကပြောသည်။

နေရာများကို အသိဖြင့် မှတ် သားထားသည့် ကိုဇော်လင်းထွန်း သည် မှတ်တိုင်မရောက်ခင် (သို့ မဟုတ်) မှတ်တိုင်ကိုကျော်၍ ကားရပ်သည့်အခါ ဘယ်ကိုသွား ရမည်မသိ ဝေဝေဝါးဝါးဖြစ်ရ သည့်အခါလည်း ရှိသည်ဟုဆို သည်။

‘‘အကြားအာရုံ ချွတ်ယွင်းတဲ့ သူငယ်ချင်းဆိုရင် မှတ်တိုင်ကျော် မှာ အရမ်းကြောက်တာ။ နားကြပ် တပ်ထားတော့ ကြားရပေမယ့် ပြောတဲ့သူအသံပဲကြားရတာ။ ဘေးအသံမကြားရဘူး။ သူ့ကိုဆို နှစ်ခါ သုံးခါပြောရတယ်။ သူ့ အတွက်ဆိုရင်လည်း ရောက်မယ့် မှတ်တိုင်အော်ပေးတာ မရှိရင် အတော်ခက်ခဲတယ်’’ဟု ကိုဇော် လင်းထွန်းက ၎င်း၏သူငယ်ချင်း အဖြစ်ကို ပြောပြသည်။

အငှားယာဉ် နေ့တိုင်းမစီးနိုင် သဖြင့် ဘတ်စ်ကားကိုသာ အား ထားကာ သွားလာနေရပြီး မလုံ ခြုံမှု၊ စိတ်အားငယ်မှုများ ခံစား ရကြောင်း ၎င်းကဆိုသည်။

မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစားပေးသည့် နိုင်ငံ များတွင် ဝှီးချဲအသုံးပြုသူများ အဆင်ပြေစေရန် ကားများကို လူသွားလမ်းတွင် ကပ်ရပ်ပေးခြင်း၊ ရောက်မည့်မှတ်တိုင်ကို သေချာ စွာ အော်ပေးခြင်း၊ စာတန်းထိုး ပေးခြင်းတို့ ပြုလုပ်ပေးကြောင်းကိုဇော်လင်းထွန်းက ပြောသည်။

‘‘ကျွန်မတို့တောင် တချို့ကားတွေက လက်ကိုင်တန်းတွေကို သေချာမမီဘူး။ မသန်စွမ်းတွေ အတွက်ဆိုရင် အတော်အဆင် မပြေဖြစ်နိုင်တယ်’’ဟု ဘတ်စ် ကားစီး ရုံးတက်လေ့ရှိသည့် မသန္တာအောင်က ပြောသည်။

YBS ကားအသစ်များတွင် မသန်စွမ်းများ၊ ကိုယ်ဝန် ဆောင်များ၊ သက်ကြီးရွယ်အိုများ အတွက် သီးခြားသတ်မှတ်ပေး ထားပြီး သာမန်ထိုင်ခုံများနှင့် အရောင်ခွဲခြားထားသည့် ထိုင်ခုံ အချို့ ပါဝင်သည်။

သို့သော် ယင်းကဲ့သို့ ထိုင်ခုံ သီးခြားသတ်မှတ်ပေးသည်ကို မသိရှိသည့်အပြင် ထိုင်ခုံဦးထား သူများသည် မသန်စွမ်းများကို နေရာမဖယ်ပေးသည့်အခါများ လည်း ရှိသည်ဟု မဖူးကပြော သည်။

မသန်စွမ်းသူများ YBS စီး နင်းလိုက်ပါရာတွင် အဆင်ပြေ စေရန် ကားအတက်အဆင်း လှေ ကားများအောက်တွင် ဆင်ခြေ လျှောလှေကားပါဝင်ပြီး ယင်း လှေကားကို ကားမောင်းသူက ခလုတ်ဖွင့်၍ အသွင်းအထုတ်ပြု လုပ်ပေးနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားခဲ့ဖူးသည်။

သို့သော် မသန်စွမ်းသူများ အတွက် YBS ယာဉ်များတွင် ဆောင်ရွက်မည့် အခြေအနေနှင့် ပတ်သက်၍ YRTA တာဝန်ရှိသူ များထံ ထပ်မံ ဆက်သွယ်သော် လည်း မရရှိပေ။

YBS ယာဉ်လိုင်းများနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် မသန်စွမ်းသူမျာ အဆင်ပြေလွယ် ကူစွာ စီးနင်းနိုင်မည့် နည်းစနစ် များ ထည့်သွင်းသွားမည်ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မေလ ၁၇ ရက်က ပြုလုပ်သည့် ရန်ကုန် တိုင်း လွှတ်တော်အစည်းအဝေး တွင် သင်္ဃန်းကျွန်းမြို့နယ် လွှတ် တော်ကိုယ်စားလှယ် ဦးနေဘုန်း လတ်၏ မေးမြန်းချက်ကို ဖြေ ကြားထားသည်။

‘‘ကားကို စီစဉ်ပေးတဲ့သူတွေ က သူတို့အနေနဲ့ စဉ်းစားပြီး လုပ် တာဆိုတော့ အကောင်းဆုံးလုပ် နေပေမယ့်လည်း မသန်စွမ်းသူ တွေက အကျုံးမဝင်သလိုဖြစ် သွားတယ်။ နိုင်ငံတကာလို အဆင့်မြင့်အောင် လုပ်ပေးဖို့ဆို တာထက် အဆင်ပြေအောင် လုပ် ပေးစေချင်တယ်။ မှတ်တိုင်အော် ပေးတာ၊ ဘယ်ရောက်တော့မယ် ဆိုတာ စာတန်းထိုးပေးတာမျိုး တွေ လုပ်ပေးစေချင်တယ်’’ဟု ဧဒင်မသန်စွမ်းသက်ငယ်များ ပြု စုရာရိပ်မြုံ သင်တန်းကျောင်းအုပ် ဦးထာအုပ်က ပြောသည်။

၂၀၁၄ မြန်မာနိုင်ငံ လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်း ခေါင်စာရင်း ဖော်ပြချက်များအရ မသန်စွမ်းဦးရေသည် မြန်မာ နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင် နှုန်း (သုံးသန်းခုနစ်သိန်းကျော်)ရှိသည်။ကိုယ်အင်္ဂါ မသန်စွမ်း သူ တစ်ဦးဖြစ်သည့် ကိုကောင်း ထက်နိုင်က ‘‘ကျွန်တော်ဆိုရင် အရပ်ပုတော့ ကားရပ်တဲ့ခလုတ် ကိုနှိပ်ဖို့ အဆင်မပြေဘူး။ ပြီး တော့ လက်ကိုင်တန်းအမြင့်ကြီး တွေ ထား တာ   အဆင်မပြေဘူး။ ဘေးလက်ကိုင်တွေကလည်း ကိုင်ရတာ အဆင်မပြေတဲ့အခါ တွေရှိတယ်’’ ဟု ပြောသည်။

‘‘ခေတ်အဆက်ဆက်မှာ အဆင်မပြေခဲ့ပါဘူး။ ပလက် ဖောင်းတွေက သွားလာဖို့ အဆင် မပြေဘူး။ ကားတွေစီးဖို့ အဆင် မပြေဘူး။ ကြာတော့ လူမြင်ကွင်း ထဲမှာ မသန်စွမ်းတွေက ပျောက် သလိုတောင် ဖြစ်နေတယ်။ ကား လက်ကိုင်တန်းမြင့်တော့ လက် နည်းနည်းတိုတဲ့ ကျွန်တော့် ကလေးတွေဆို ကားကိုစီးဖို့ အဆင်မပြေဘူး’’ဟု ရွှေမင်းသား ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်း က ပြောသည်။

YBS ကားသစ်များ စတင် ဖော်ဆောင်နေသည့် လုပ်ငန်းစဉ် ကာလအတွင်း ရန်ကုန်တိုင်းအစိုး ရအဖွဲ့ တာဝန်ရှိသူများနှင့် သွား ရောက်တွေ့ဆုံကာ မသန်စွမ်းသူ များအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးရန် တင်ပြခဲ့သော် လည်း တိကျသေချာသည့် အဖြေ ကို မရရှိခဲ့ကြောင်း ၎င်းကဆို သည်။

‘‘မသန်စွမ်းတွေအတွက် ကတော့ အခက်အခဲတော့ရှိမယ်။ ကျွန်တော်ထင်တယ်။ ဘတ်စ် ကားစီးတဲ့ မသန်စွမ်းဦးရေက နည်းတော့ ကျွန်တော်တို့ဘက်က သီးသီးသန့်သန့် လုပ်ထားပေးဖို့ အခက်အခဲရှိတယ်။ သီးသန့်ကား ဆွဲပေးဖို့လည်း အဆင်မပြေဘူး’’ဟု Power Eleven ယာဉ်လိုင်း ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။

လက်ရှိတွင် YBS ယာဉ် လိုင်းများအနက် ခုံအပြည့်သာ လူတင်သည့် နံပါတ် (၂၁) YBS အထူးကားအချို့သာ မသန်စွမ်း သူများအတွက် အတန်အသင့် အဆင်ပြေနိုင်ကြောင်း YBS စီးနင်းသူတစ်ဦးက ပြောသည်။

ကားပေါ်တွင် မီးသတ်ဆေး ဘူး ပါဝင်မှုရှိ၊ မရှိ၊ ကားမောင်းသူ ကိုုင်ဆောင်သည့် လိုင်စင် မှန်ကန်မှုရှိ၊ မရှိ ရှောင်တခင် စစ်ဆေးမှုများ ရှိသလို မသန်စွမ်း သူများနှင့် သက်ကြီးရွယ်အိုများ စီးနင်းရာတွင် အဆင်ပြေမှု ရှိ၊ မရှိ စစ်ဆေးပေးစေချင်သည်ဟု မဖူးက ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top