ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အစာအိမ္ေရာဂါက လူေတာ္ေတာ္မ်ားမ်ား ျဖစ္ေလ့ရွိတဲ့ ေရာဂါပါ။ အစားပံုမွန္မစားရင္ ၊ အစားမဆင္ျခင္ရင္ အလြယ္တကူျဖစ္တတ္ပါတယ္။ တစ္ခါျဖစ္ၿပီးရင္လည္း ေပ်ာက္ဖို႔ၾကာပါတယ္။ အစားဂရုမစိုက္တာနဲ႔ ျပန္ျဖစ္တတ္တဲ့ ေရာဂါေပါ့။ ဒါေၾကာင့္ အစာအိမ္ေရာဂါဆိုတာ အစားတစ္လိုင္းလူသားေလးေတြ မျဖစ္ခ်င္ဆံုး ေရာဂါေတြထဲမွာ ထိပ္ဆံုးက ေျပးေနပါတယ္။ ဒီေတာ့ အစာအိမ္ေရာဂါရွိေနၿပီဆိုလည္း ဘယ္လိုအေျခအေနမ်ိဳးေတြကို ေရွာင္ရမယ္၊ ဘာေတြကို လုပ္ရမယ္ဆိုတာေတြ သိထားေတာ့ သက္သာလြယ္တာေပါ့ေနာ္..

၁။ စိတ္ဖိစီးတာေတြေရွာင္ပါ။

စိတ္အရမ္းဖိစီးတာေတြ ၊ အလြန္အကၽြံအလုပ္လုပ္တာေတြ ေရွာင္ပါ။ ခႏၶာကိုယ္က ရွိသမွ်အားေတြက ဒီအရာေတြမွာ စိုက္ထုတ္လိုက္တဲ့အခါ အစာေခ်ဖို႔အတြက္ အားနည္းသြားပါလိမ့္မယ္။ အစာမေၾကတာေတြျဖစ္ျပီး ဗိုက္ေအာင့္တတ္ပါတယ္။

၂။ အစားပံုမွန္စားပါ။

အစာအိမ္ေရာဂါရွိတဲ့သူေတြက တစ္ခါတည္းနဲ႔ အမ်ားႀကီးစားဖို႔ အဆင္မေျပပါဘူး။ နည္းနည္းခ်င္းစီနဲ႔ ခဏခဏ စားေပးရတာပါ။ ေၾကညက္လြယ္တဲ့ အစားအစာ စားပါ။ တစ္ေန႔ ငါးႀကိမ္ခြဲျပီး နည္းနည္းခ်င္းစီ စားပါ။ အစာစားတဲ့အခါလည္း ေသခ်ာေၾကညက္ေအာင္ ဝါးၿပီး ျဖည္းျဖည္းခ်င္းစားပါ။

၃။ေရွာင္ရန္အစားအစာမ်ား

အရက္မေသာက္ရပါဘူး ။ အပူ အစပ္ေတြလည္း ေရွာင္ပါ။ ကာဗြန္ဟိုက္ဒရိတ္ပါတဲ့ အခ်ိဳရည္ေတြလည္း ေရွာင္ရပါတယ္။ အစာေၾကဖို႔ခက္တဲ့ အစာမာေတြလည္း ေရွာင္ပါ။ ပရုိတင္းပါတဲ့ အစားအစာေတြကလည္း အစာခ်က္ရတဲ့ခက္တဲ့အတြက္ ေရွာင္ရပါတယ္တဲ့ ေယာင္းတို႔ေရ။

၄။ေလ့က်င့္ခန္းပံုမွန္လုပ္ေပးပါ။

အစာေခ်ဖ်က္တာကို ကူညီေပးတဲ့ ေလ့က်င့္ခန္းလုပ္ေပးပါ။ ေယာဂနဲ႔ အသက္ရွဴေလ့က်င့္ခန္းေတြက အစာေၾကေစဖို႔ အေထာက္အကူျပဳပါတယ္။

၅။ေရေသာက္ပါ။

ေရပံုမွန္ေသာက္ေပးပါ။ တစ္ေန႔ကို ၈-၁၀ခြက္ေလာက္ ေသာက္ေပးပါ။ ခႏၶာကိုယ္ကထြက္တဲ့ အက္စစ္ဓာတ္ကို ေလ်ာ့ခ်ေပးပါတယ္။ မနက္အိပ္ရာနိုးတာနဲ႔  ေရေႏြးေႏြးတစ္ခြက္ ေသာက္ေပးတာကလည္း အစာေၾကစနစ္ကို ေကာင္းမြန္ေစပါတယ္။

ဒိန္ခ်ဥ္တို႔၊ အမွ်င္ဓာတ္မ်ားမ်ားပါတဲ့ အစားစာတို႔ ဥပမာ- ဟင္းသီးဟင္းရြက္ေတြကို မ်ားမ်ားစားေပးပါ။ ကဖင္းဓာတ္ပါတဲ့ ေကာ္ဖီ ၊ လဘက္ရည္ ေရွာင္ပါ။ ေဆးလိပ္မေသာက္ပါနဲ႔။ ခရမ္းခ်ဥ္သီး ၊ ေဂၚဖီ ၊ပဲသီးေတြက ေရွာင္သင့္ပါတယ္။  လိေမၼာ္သီး  ၊ သံပရာသီးလို အခ်ဥ္ဓာတ္ပါတဲ့ အသီးေတြကိုလည္း ေရွာင္ေပးပါ။

အက္ဒ္မင္ေရးထားေပးတာေတြက ေရွာင္ရေဆာင္ရမယ့္အရာေတြေပမယ့္ တကယ္တမ္း ဒီထက္အမ်ားႀကီး ပိုဂရုစိုက္ဖုိ႔လိုပါတယ္ေယာင္းေရ.. ဆရာဝန္ညႊန္ၾကားတဲ့အတိုင္း ေနမယ္၊ စားမယ္၊ ဂရုစိုက္မယ္၊ ေဆးပံုမွန္ေသာက္၊ အစားပံုမွန္စားၿပီး ၊ မတည့္တာေတြကို ေရွာင္ႏုိင္မယ္ဆိုရင္ေတာ့ အစာအိမ္ေရာဂါကို ေက်ာ္လႊားနိုင္မွာပါေယာင္းတို႔ေရ..

Reference : Ygoy , Care Hospitals

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hana ( For  Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #
အစာအိမ်ရောဂါက လူတော်တော်များများ ဖြစ်လေ့ရှိတဲ့ ရောဂါပါ။ အစားပုံမှန်မစားရင် ၊ အစားမဆင်ခြင်ရင် အလွယ်တကူဖြစ်တတ်ပါတယ်။ တစ်ခါဖြစ်ပြီးရင်လည်း ပျောက်ဖို့ကြာပါတယ်။ အစားဂရုမစိုက်တာနဲ့ ပြန်ဖြစ်တတ်တဲ့ ရောဂါပေါ့။ ဒါကြောင့် အစာအိမ်ရောဂါဆိုတာ အစားတစ်လိုင်းလူသားလေးတွေ မဖြစ်ချင်ဆုံး ရောဂါတွေထဲမှာ ထိပ်ဆုံးက ပြေးနေပါတယ်။ ဒီတော့ အစာအိမ်ရောဂါရှိနေပြီဆိုလည်း ဘယ်လိုအခြေအနေမျိုးတွေကို ရှောင်ရမယ်၊ ဘာတွေကို လုပ်ရမယ်ဆိုတာတွေ သိထားတော့ သက်သာလွယ်တာပေါ့နော်..

၁။ စိတ်ဖိစီးတာတွေရှောင်ပါ။

စိတ်အရမ်းဖိစီးတာတွေ ၊ အလွန်အကျွံအလုပ်လုပ်တာတွေ ရှောင်ပါ။ ခန္ဓာကိုယ်က ရှိသမျှအားတွေက ဒီအရာတွေမှာ စိုက်ထုတ်လိုက်တဲ့အခါ အစာချေဖို့အတွက် အားနည်းသွားပါလိမ့်မယ်။ အစာမကြေတာတွေဖြစ်ပြီး ဗိုက်အောင့်တတ်ပါတယ်။

၂။ အစားပုံမှန်စားပါ။

အစာအိမ်ရောဂါရှိတဲ့သူတွေက တစ်ခါတည်းနဲ့ အများကြီးစားဖို့ အဆင်မပြေပါဘူး။ နည်းနည်းချင်းစီနဲ့ ခဏခဏ စားပေးရတာပါ။ ကြေညက်လွယ်တဲ့ အစားအစာ စားပါ။ တစ်နေ့ ငါးကြိမ်ခွဲပြီး နည်းနည်းချင်းစီ စားပါ။ အစာစားတဲ့အခါလည်း သေချာကြေညက်အောင် ဝါးပြီး ဖြည်းဖြည်းချင်းစားပါ။

၃။ရှောင်ရန်အစားအစာများ

အရက်မသောက်ရပါဘူး ။ အပူ အစပ်တွေလည်း ရှောင်ပါ။ ကာဗွန်ဟိုက်ဒရိတ်ပါတဲ့ အချိုရည်တွေလည်း ရှောင်ရပါတယ်။ အစာကြေဖို့ခက်တဲ့ အစာမာတွေလည်း ရှောင်ပါ။ ပရိုတင်းပါတဲ့ အစားအစာတွေကလည်း အစာချက်ရတဲ့ခက်တဲ့အတွက် ရှောင်ရပါတယ်တဲ့ ယောင်းတို့ရေ။

၄။လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။

အစာချေဖျက်တာကို ကူညီပေးတဲ့ လေ့ကျင့်ခန်းလုပ်ပေးပါ။ ယောဂနဲ့ အသက်ရှူလေ့ကျင့်ခန်းတွေက အစာကြေစေဖို့ အထောက်အကူပြုပါတယ်။

၅။ရေသောက်ပါ။

ရေပုံမှန်သောက်ပေးပါ။ တစ်နေ့ကို ၈-၁၀ခွက်လောက် သောက်ပေးပါ။ ခန္ဓာကိုယ်ကထွက်တဲ့ အက်စစ်ဓာတ်ကို လျော့ချပေးပါတယ်။ မနက်အိပ်ရာနိုးတာနဲ့  ရေနွေးနွေးတစ်ခွက် သောက်ပေးတာကလည်း အစာကြေစနစ်ကို ကောင်းမွန်စေပါတယ်။

ဒိန်ချဉ်တို့၊ အမျှင်ဓာတ်များများပါတဲ့ အစားစာတို့ ဥပမာ- ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ ၊ လဘက်ရည် ရှောင်ပါ။ ဆေးလိပ်မသောက်ပါနဲ့။ ခရမ်းချဉ်သီး ၊ ဂေါ်ဖီ ၊ပဲသီးတွေက ရှောင်သင့်ပါတယ်။  လိမ္မော်သီး  ၊ သံပရာသီးလို အချဉ်ဓာတ်ပါတဲ့ အသီးတွေကိုလည်း ရှောင်ပေးပါ။

အက်ဒ်မင်ရေးထားပေးတာတွေက ရှောင်ရဆောင်ရမယ့်အရာတွေပေမယ့် တကယ်တမ်း ဒီထက်အများကြီး ပိုဂရုစိုက်ဖို့လိုပါတယ်ယောင်းရေ.. ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နေမယ်၊ စားမယ်၊ ဂရုစိုက်မယ်၊ ဆေးပုံမှန်သောက်၊ အစားပုံမှန်စားပြီး ၊ မတည့်တာတွေကို ရှောင်နိုင်မယ်ဆိုရင်တော့ အစာအိမ်ရောဂါကို ကျော်လွှားနိုင်မှာပါယောင်းတို့ရေ..

Reference : Ygoy , Care Hospitals

ဖိုးသူတော် (www.phothutaw.com)
Credit: Hana ( For  Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top