ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ေခါင္းကိုက္တယ္၊ ေခါင္းကိုက္တယ္ ဆိုတာမ်ိဳးဟာ လူတိုင္းလိုလို ညည္းတြားတတ္တဲ့ စကားတစ္ခြန္းပါ။ ဘာေၾကာင့္ ေခါင္းကိုက္ရတာတဲ့လဲ။ ေခါင္းကိုက္ရျခင္း အေၾကာင္းရင္းမ်ားစြာ ရွိပါတယ္။ စိတ္ဖိအားမ်ားေနတဲ့အခါ ၊ အိပ္ေရးမဝတဲ့အခါ ၊ ေရဓာတ္လိုအပ္ေနတဲ့အခါမ်ိဳးေတြ၊ အနားယူရမယ့္ အခ်ိန္ေတြမွာ လံုလံုေလာက္ေလာက္ အနားမယူတာေတြ ၊ စိတ္ဖိအားမ်ားေနတဲ့အခ်ိန္မွာ အနားမယူဘဲ အလုပ္ကို ဖိလုပ္ေနတာမ်ိဳးေတြ ဆိုရင္ေတာ့ ေခါင္းကိုက္လာမွာေသခ်ာပါတယ္… ေခါင္းကိုက္တာအျပင္ မူးေဝတာ ၊ ေအာ့အန္တာေတြလည္း ေနာက္ဆက္တြဲ ျဖစ္လာႏိုင္ပါတယ္… အဲ့လိုအခ်ိန္မ်ိဳးမွာဆိုရင္ေတာ့ လုပ္လက္စအလုပ္ေတြ ခနေလာက္ရပ္ထားၿပီးအနားယူလိုက္တာက အေကာင္းဆံုးနည္းလမ္းတစ္ခု ျဖစ္မွာပါ။ ေခါင္းကိုက္တာကို သက္သာေစမယ့္ တျခားနည္းလမ္းေတြေရာမရွိေတာ့ဘူးလား? ေရာဂါတစ္ခုခုေၾကာင့္ ေခါင္းကိုက္တာမဟုတ္ဘူးဆိုရင္ေတာ့ ဒီနည္းလမ္းေတြက ေခါင္းကိုက္ျခင္းကို အထိုက္အေလ်ာက္ေတာ့ ေလ်ာ့ပါးသြားေစႏိုင္ပါတယ္ေနာ္..

    ေရခဲအိတ္

ေရခဲအိတ္ေလးကို နဖူးေပၚမွာ တင္ထားေပးပါ… အဲ့လိုလုပ္ေပးျခင္းျဖင့္ ေသြးလည္ပတ္မႈကို ပိုမိုေကာင္းမြန္ေစၿပီးေတာ့ စိတ္ဖိအားေၾကာင့္ ျဖစ္ေပၚေလ့ရွိတဲ့ေခါင္းကိုက္ျခင္းေတြကို သက္သာေစႏုိင္ပါတယ္… ေရခဲတံုးေ=တြကို ပုဝါပါးပါးတစ္ထည္ထဲထည့္ၿပီးေတာ့စည္းထားလိုက္ပါ… နဖူးေပၚမွာ မိနစ္အနည္းငယ္ တင္ထားေပးပါ… ေရခဲကုိေတာ့ အသားအေရေပၚကို တိုက္ရိုက္မတင္ပါနဲ ့ေယာင္းေရ… အပူေလာင္တာလို ေရခဲေလာင္တာလည္း ျဖစ္တတ္တာေၾကာင့္ အသားအေရ ကို ထိခိုက္ေစတာမ်ိဳးေတြ ျဖစ္ေစတတ္ပါတယ္….

    ေရေႏြး

ေရေႏြးအိတ္ကို ကုပ္ပိုးေပၚမွာတင္ေပးျခင္းျဖင့္လည္း တင္းမာေနတဲ့ၾကြက္သားေတြကို ေျဖေလ်ာ့ေပးႏိုင္ တာေၾကာင့္ စိတ္ဖိအားေၾကာင့္ ျဖစ္တဲ့ ေခါင္းကိုက္ျခင္းကို သက္သာေစႏိုင္မွာပါ… ကုပ္ပိုးေပၚေရေႏြးအိတ္တင္တာမ်ိဳး၊ ကပ္တာမ်ိဳးမလုပ္ခ်င္ဘူးဆိုရင္လည္း ေရခပ္ေႏြးေႏြးနဲ႔ ကုပ္ပိုးေပၚကေန ေလာင္းခ်ၿပီး ေရခ်ိဳးေပးလို႔ရပါတယ္… အဲ့လိုလုပ္လို ့အဆင္မေျပဘူးဆိုရင္ေတာ့လည္း ေနာက္ထပ္နည္းလမ္းတစ္ခုရွိပါေသးတယ္။ လက္ ကို ေရေႏြးေႏြးထဲမွာ ၁၀ မိနစ္ ၁၅ မိနစ္ေလာက္ စိမ္ေပးျခင္းနဲ႔လည္း ေသြးလည္ပတ္မွဳ ပိုမိုေကာင္းမြန္ေအာင္ လုပ္ေပးႏိုင္ပါတယ္ေနာ္…

    သံပုရိုသီး

သံပုရိုသီးက ေခါင္းကိုက္တာကို သက္သာေစႏိုင္တဲ့ အေကာင္းဆံုးသဘာဝေဆးနည္းတစ္ခုဆိုလည္း မမွားပါဘူးေနာ္… သံပုရိုသီးညွစ္ထားတဲ့ ေရေႏြးပူပူကိုေသာက္ေပးျခင္းျဖင့္လည္း ေခါင္းကိုက္တာ ကို သက္သာေစႏိုင္ပါတယ္…

    ပန္းသီး

ပန္းသီး နဲ ့Apple Cider Vinegar (ပန္းသီးရွာလကာရည္) က ကိုယ္တြင္းမွာရွိတဲ့ Acid – alkaline တို ့ကို ညီမ်ွေအာင္ ျပန္လည္ ထိန္းညွိေပးႏိုင္ပါတယ္… ပန္းသီးအစိမ္းရနံ ့က ေခါင္းတစ္ျခမ္းကိုက္တဲ့ေဝဒနာကို ေလ်ာ့ပါးေစ ဖို ့အတြက္ အမ်ားၾကီး အေထာက္အကူျဖစ္ပါတယ္… နံနက္ႏိုးႏိုးျခင္း ေခါင္းကိုက္ေနတယ္ ဆိုရင္ေတာ့ ပန္းသီးေလး တစ္စိတ္ေလာက္ကို ဆားေလးနည္းနည္းျဖဴးျပီးေတာ့ စားေပးလိုက္ပါ… ၿပီးရင္ ေရေႏြးေႏြးေလးေသာက္ ေပးေနာ္… ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းစာေလာက္ကို ေရ ၊ ပ်ားရည္ ၊ သံပုရို အရည္တို ့ေရာစပ္ျပီး ေသာက္ေပးပါ… တစ္ေန ့ကို ႏွစ္ႀကိမ္ ကေန သံုးႀကိမ္ အထိ ေသာက္ေပးႏိုင္ပါတယ္ေနာ္…

    ခ်င္း

ခ်င္းက ေရာင္ရမ္းတာေတြအျပင္ ေခါင္းကိုက္တာေတြကိုလည္း သက္သာေစႏိုင္တဲ့သဘာဝေဆးနည္း တစ္ခုပါ… တစ္ေန ့ကို ခ်င္းလက္ဖက္ရည္ ၃ ၾကိမ္ နဲ ့အထက္ ေသာက္သံုးေပးျခင္း အားျဖင့္ ေခါင္းကိုက္ျခင္းကို သက္သာေစႏုိင္ပါတယ္။

    ကြမ္းရြက္

ကြမ္းရြက္က အေအးဓာတ္ကို ေဆာင္ၾကဥ္းေပးလာႏိုင္တဲ့ အျပင္ ေခါင္းကိုက္တာကို မိနစ္အနည္းငယ္ အတြင္း သက္သာေအာင္ ေဆာင္ရြက္ေပးႏိုင္စြမ္းရွိပါတယ္ေနာ္… ကြမ္းရြက္ ၂ ရြက္ ၃ ရြက္ေလာက္ကို ႀကိတ္ၿပီးေတာ့  နဖူးေပၚမွာ နဲ ့နားထင္မွာ မိနစ္ ၃၀ ေလာက္တင္ထားေပးတာက ေခါင္းကိုက္ျခင္းကို အထိုက္အေလ်ာက္သက္သာေစႏုိင္ပါတယ္။

ေတာက္ပတဲ့ အလင္းေရာင္ေတြကလည္း ေယာင္းကို ေခါင္းတစ္ျခမ္းကိုက္တာမ်ိဳး ျဖစ္ေစႏိုင္တာေၾကာင့္ ေခါင္းကုိက္ေနတယ္ ဆိုရင္ ကြန္ပ်ဴတာေတြ ၊ ဖုန္းေတြ အသံုးမျပဳပဲ ေနတာ အေကာင္းဆံုး ျဖစ္မွာပါ… ေနပူထဲ အျပင္သြားစရာရွိတယ္ ဆိုရင္လည္း ေနကာမ်က္မွန္ ၊ ထီး စတာေတြ ယူသြားဖို ့မေမ့ပါနဲ ့ေနာ္…

အခုဆိုရင္ ေခါင္းကိုက္တာ ဘာေၾကာင့္ ျဖစ္တတ္တယ္ ၊ ဘယ္လိုလုပ္ရင္ သက္သာမယ္ ဆိုတာေတြ သိၿပီးၿပီ ဆိုေတာ့ ေယာင္းတို႔ ေခါင္းကိုက္တဲ့အခ်ိန္ေတြမွာ ဒီနည္းလမ္းေတြက အသံုးဝင္လာလိမ့္မယ္ ထင္ပါတယ္ေနာ္… က်န္းမာၿပီး ေပ်ာ္ရြင္စရာေကာင္းတဲ့ ေန ့ရက္ေလးေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစေယာင္းတို႔ေရ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Akari (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #
ခေါင်းကိုက်တယ်၊ ခေါင်းကိုက်တယ် ဆိုတာမျိုးဟာ လူတိုင်းလိုလို ညည်းတွားတတ်တဲ့ စကားတစ်ခွန်းပါ။ ဘာကြောင့် ခေါင်းကိုက်ရတာတဲ့လဲ။ ခေါင်းကိုက်ရခြင်း အကြောင်းရင်းများစွာ ရှိပါတယ်။ စိတ်ဖိအားများနေတဲ့အခါ ၊ အိပ်ရေးမဝတဲ့အခါ ၊ ရေဓာတ်လိုအပ်နေတဲ့အခါမျိုးတွေ၊ အနားယူရမယ့် အချိန်တွေမှာ လုံလုံလောက်လောက် အနားမယူတာတွေ ၊ စိတ်ဖိအားများနေတဲ့အချိန်မှာ အနားမယူဘဲ အလုပ်ကို ဖိလုပ်နေတာမျိုးတွေ ဆိုရင်တော့ ခေါင်းကိုက်လာမှာသေချာပါတယ်… ခေါင်းကိုက်တာအပြင် မူးဝေတာ ၊ အော့အန်တာတွေလည်း နောက်ဆက်တွဲ ဖြစ်လာနိုင်ပါတယ်… အဲ့လိုအချိန်မျိုးမှာဆိုရင်တော့ လုပ်လက်စအလုပ်တွေ ခနလောက်ရပ်ထားပြီးအနားယူလိုက်တာက အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်မှာပါ။ ခေါင်းကိုက်တာကို သက်သာစေမယ့် တခြားနည်းလမ်းတွေရောမရှိတော့ဘူးလား? ရောဂါတစ်ခုခုကြောင့် ခေါင်းကိုက်တာမဟုတ်ဘူးဆိုရင်တော့ ဒီနည်းလမ်းတွေက ခေါင်းကိုက်ခြင်းကို အထိုက်အလျောက်တော့ လျော့ပါးသွားစေနိုင်ပါတယ်နော်..

    ရေခဲအိတ်

ရေခဲအိတ်လေးကို နဖူးပေါ်မှာ တင်ထားပေးပါ… အဲ့လိုလုပ်ပေးခြင်းဖြင့် သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီးတော့ စိတ်ဖိအားကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ခေါင်းကိုက်ခြင်းတွေကို သက်သာစေနိုင်ပါတယ်… ရေခဲတုံးေ=တွကို ပုဝါပါးပါးတစ်ထည်ထဲထည့်ပြီးတော့စည်းထားလိုက်ပါ… နဖူးပေါ်မှာ မိနစ်အနည်းငယ် တင်ထားပေးပါ… ရေခဲကိုတော့ အသားအရေပေါ်ကို တိုက်ရိုက်မတင်ပါနဲ့ယောင်းရေ… အပူလောင်တာလို ရေခဲလောင်တာလည်း ဖြစ်တတ်တာကြောင့် အသားအရေ ကို ထိခိုက်စေတာမျိုးတွေ ဖြစ်စေတတ်ပါတယ်….

    ရေနွေး

ရေနွေးအိတ်ကို ကုပ်ပိုးပေါ်မှာတင်ပေးခြင်းဖြင့်လည်း တင်းမာနေတဲ့ကြွက်သားတွေကို ဖြေလျော့ပေးနိုင် တာကြောင့် စိတ်ဖိအားကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်မှာပါ… ကုပ်ပိုးပေါ်ရေနွေးအိတ်တင်တာမျိုး၊ ကပ်တာမျိုးမလုပ်ချင်ဘူးဆိုရင်လည်း ရေခပ်နွေးနွေးနဲ့ ကုပ်ပိုးပေါ်ကနေ လောင်းချပြီး ရေချိုးပေးလို့ရပါတယ်… အဲ့လိုလုပ်လို့အဆင်မပြေဘူးဆိုရင်တော့လည်း နောက်ထပ်နည်းလမ်းတစ်ခုရှိပါသေးတယ်။ လက် ကို ရေနွေးနွေးထဲမှာ ၁၀ မိနစ် ၁၅ မိနစ်လောက် စိမ်ပေးခြင်းနဲ့လည်း သွေးလည်ပတ်မှု ပိုမိုကောင်းမွန်အောင် လုပ်ပေးနိုင်ပါတယ်နော်…

    သံပုရိုသီး

သံပုရိုသီးက ခေါင်းကိုက်တာကို သက်သာစေနိုင်တဲ့ အကောင်းဆုံးသဘာဝဆေးနည်းတစ်ခုဆိုလည်း မမှားပါဘူးနော်… သံပုရိုသီးညှစ်ထားတဲ့ ရေနွေးပူပူကိုသောက်ပေးခြင်းဖြင့်လည်း ခေါင်းကိုက်တာ ကို သက်သာစေနိုင်ပါတယ်…

    ပန်းသီး

ပန်းသီး နဲ့Apple Cider Vinegar (ပန်းသီးရှာလကာရည်) က ကိုယ်တွင်းမှာရှိတဲ့ Acid – alkaline တို့ကို ညီမျှအောင် ပြန်လည် ထိန်းညှိပေးနိုင်ပါတယ်… ပန်းသီးအစိမ်းရနံ့က ခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာကို လျော့ပါးစေ ဖို့အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်… နံနက်နိုးနိုးခြင်း ခေါင်းကိုက်နေတယ် ဆိုရင်တော့ ပန်းသီးလေး တစ်စိတ်လောက်ကို ဆားလေးနည်းနည်းဖြူးပြီးတော့ စားပေးလိုက်ပါ… ပြီးရင် ရေနွေးနွေးလေးသောက် ပေးနော်… ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာလောက်ကို ရေ ၊ ပျားရည် ၊ သံပုရို အရည်တို့ရောစပ်ပြီး သောက်ပေးပါ… တစ်နေ့ကို နှစ်ကြိမ် ကနေ သုံးကြိမ် အထိ သောက်ပေးနိုင်ပါတယ်နော်…

    ချင်း

ချင်းက ရောင်ရမ်းတာတွေအပြင် ခေါင်းကိုက်တာတွေကိုလည်း သက်သာစေနိုင်တဲ့သဘာဝဆေးနည်း တစ်ခုပါ… တစ်နေ့ကို ချင်းလက်ဖက်ရည် ၃ ကြိမ် နဲ့အထက် သောက်သုံးပေးခြင်း အားဖြင့် ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။

    ကွမ်းရွက်

ကွမ်းရွက်က အအေးဓာတ်ကို ဆောင်ကြဉ်းပေးလာနိုင်တဲ့ အပြင် ခေါင်းကိုက်တာကို မိနစ်အနည်းငယ် အတွင်း သက်သာအောင် ဆောင်ရွက်ပေးနိုင်စွမ်းရှိပါတယ်နော်… ကွမ်းရွက် ၂ ရွက် ၃ ရွက်လောက်ကို ကြိတ်ပြီးတော့  နဖူးပေါ်မှာ နဲ့နားထင်မှာ မိနစ် ၃၀ လောက်တင်ထားပေးတာက ခေါင်းကိုက်ခြင်းကို အထိုက်အလျောက်သက်သာစေနိုင်ပါတယ်။

တောက်ပတဲ့ အလင်းရောင်တွေကလည်း ယောင်းကို ခေါင်းတစ်ခြမ်းကိုက်တာမျိုး ဖြစ်စေနိုင်တာကြောင့် ခေါင်းကိုက်နေတယ် ဆိုရင် ကွန်ပျူတာတွေ ၊ ဖုန်းတွေ အသုံးမပြုပဲ နေတာ အကောင်းဆုံး ဖြစ်မှာပါ… နေပူထဲ အပြင်သွားစရာရှိတယ် ဆိုရင်လည်း နေကာမျက်မှန် ၊ ထီး စတာတွေ ယူသွားဖို့မမေ့ပါနဲ့နော်…

အခုဆိုရင် ခေါင်းကိုက်တာ ဘာကြောင့် ဖြစ်တတ်တယ် ၊ ဘယ်လိုလုပ်ရင် သက်သာမယ် ဆိုတာတွေ သိပြီးပြီ ဆိုတော့ ယောင်းတို့ ခေါင်းကိုက်တဲ့အချိန်တွေမှာ ဒီနည်းလမ်းတွေက အသုံးဝင်လာလိမ့်မယ် ထင်ပါတယ်နော်… ကျန်းမာပြီး ပျော်ရွင်စရာကောင်းတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေယောင်းတို့ရေ…

ဖိုးသူတော် (www.phothutaw.com)
Credit: Akari (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top