iMyanmarHouse.com - Best Property Website for Myanmar
×

သာယာေပ်ာ္ရႊင္စရာေကာင္းတဲ့ ဆက္ဆံမႈတစ္ခုရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြဟာ ဘာေတြလဲဆိုတာ သင့္ကိုယ္သင္ ေမးၾကည့္ဖူးပါသလား။အျပင္မွာ အမ်ားႀကီး ေျပာေနၾကေပမယ့္ ခ်စ္ျခင္းေမတၱာကို ၾကာရွည္ေအာင္ ထိ္န္းသိမ္းႏိုင္ဖို႔ဆိုရင္ အရမ္းအေရးႀကီးတဲ့ အခ်က္ေလးခ်က္ ရွိပါတယ္။

၁။ အျမဲ ထိေတြ႔ဆက္သြယ္ေနမႈဟာ အရာရာပါပဲ။

ဆက္ဆံမႈတစ္ခုမွာ သင္နဲ႔ သင့္ခ်စ္သူနဲ႔ရဲ႔ တစ္ဦးနဲ႔ တစ္ဦီး လိုခ်င္တာေတြ၊ လိုအပ္ခ်က္ေတြကို နားလည္မႈဟာလည္း အရမ္းအေရးပါ ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ သိကြ်မ္းေအာင္ လုပ္ရံုတင္သာမက ျပႆနာေတြ၊ အခက္အခဲေတြကို အတူေျဖရွင္းဖုိ႔အတြက္ အျမဲ ဆက္သြယ္ေနဖို႔က အေရးႀကီးပါတယ္။ ဒီနည္းထက္ပိုေကာင္းတာ ဘာရွိအံုးမွာလဲ။ တကယ္ေတာ့ ေလ့လာမႈ အေတာ္မ်ားမ်ားက စကားေျပာျဖစ္တဲ့ စံုတြဲေတြဟာ ေနာက္ဆံုးမွာ ကြာရွင္းျဖစ္တာ (သုိ႔) ကြဲသြားတာ ျဖစ္ေစတဲ့ ရန္ျဖစ္မႈေတြကို ျဖစ္ပြားမႈႏႈန္းနည္းတယ္လို႔ ေျပာပါတယ္။

၂။ သင္လက္ထပ္မယ့္သူ ဘယ္သူလဲဆိုတာ ေသခ်ာစြာ သိပါ။

လူေတြျဖစ္တဲ့အားေလ်ာ္စြာ အရူးအမူးခ်စ္တာေတြ (သုိ႔) ျမင္ျမင္ခ်င္းခ်စ္မိတာေတြ အစရွိတဲ့ အေျခအေနေတြနဲ႔ ၾကံဳေတြ႔ရႏိုင္ပါတယ္။ ဒါေပမယ့္ ဒါဟာ သင့္ကို အဲဒီလူနဲ႔ အျမန္ လက္ထပ္ရမယ္လို႔ မဆိုလိုပါဘူး။ လက္ထပ္ျခင္းဆိုတာ အေလးထားအပ္တဲ့ ျဖစ္ရပ္တစ္ခု ျဖစ္ၿပီးေတာ့ သူ၊သူမ ဘယ္သူလဲဆိုတာ ေသခ်ာသိမွသာ လက္ထပ္ဖုိ႔ စဥ္းစားသင့္ပါတယ္။ သူ၊သူမ ဘယ္သူဆိုတာဟာ ဒီအတိုင္းၾကည့္ရင္ ျမင္ရတာထက္ အမ်ားႀကီးပိုႏိုင္ၿပီးေတာ့ ပင္ကိုစရုိက္ကို သိနားလည္ဖုိ႔ဆိုတာ အခ်ိန္ယူရပါတယ္။ ဒါ့ေၾကာင့္ သင္ဘာလုပ္ေနသလဲဆိုတာ ေသခ်ာ သိထားၿပီး သင့္ခ်စ္သူကို လက္မထပ္ခင္ အတြင္းထိ သိထားဖို႔ လိုအပ္ပါတယ္။ ဒါဟာ လက္ထပ္ၿပီးရင္ အမ်က္ထြက္ေစတဲ့ အရင္က တစ္ခါမွ သတိမထားမိခဲ့တဲ့ ေသးငယ္တဲ့ အရာေတြအေပၚမွာ အျငင္းပြားမႈကေန သင့္ကို ကာကြယ္ေပးမွာပါ။

၃။ အဖြဲ႔တစ္ဖြဲ႔လို ျပဳမူပါ။

လက္ထပ္မႈဟာ လူႏွစ္ေယာက္လိုအပ္ၿပီးေတာ့ လက္ထပ္ၿပီးခ်ိန္ကစၿပီး သင္တို႔ႏွစ္ေယာက္ဟာ တစ္ေယာက္တည္းျဖစ္သြားတာကို နားလည္ဖို႔လိုပါတယ္။ ဒါ့ေၾကာင့္ သင့္ခ်စ္သူကို ပံ့ပိုးေပးဖို႔လုိအပ္ၿပီး အခက္အခဲေတြ ျဖစ္လာတဲ့ အက်ိဳးဆက္ေတြကုိ အတူေျဖရွင္းဖုိ႔လိုပါတယ္။ တစ္ခုခုက သင့္ကို စိတ္တိုေစၿပီဆိုရင္ သင့္ခ်စ္သူကုိ မေျပာျပေတာ့တာေၾကာင့္  ဒါဟာ သူ႔အေနနဲ႔ၾကည့္ရင္ သူ႔ကို မေလးစားရာေရာက္ၿပီး အထီးက်န္ေစပါတယ္။ ဒါဟာ ေနာက္ဆံုးမွာ စိတ္က်ေရာဂါကို ျဖစ္ေစၿပီး ခဏခဏ အျငင္းပြားမႈေတြကို ျဖစ္ေစကာ အိမ္ေထာင္ကြဲသြားတာမ်ိဳးေတာင္ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

၄။ သင္နဲ႔ ဆက္စပ္ယူလို႔ရတဲ့ သူကုိသာ လက္ထပ္ပါ။

သင္ဟာ အခ်ိန္ၾကာျမင့္စြာ တည္ရွိတဲ့ ေပ်ာ္ရႊင္စရာေကာင္းတဲ့ ဆက္ဆံမႈတစ္ခုကို တည္ေဆာက္ဖို႔ ႀကိဳးစားေနတယ္ဆိုတာ မေမ့သင့္ပါဘူး။ သင့္ခ်စ္သူဟာလည္း ဒီလိုလုပ္ေနတဲ့အခ်ိန္မွာ ပါဝင္သင့္ပါတယ္။ အရည္အခ်င္းရွိတဲ့ ေကာင္းမြန္တဲ့ လကၡဏာေတြရွိတဲ့ (ဥပမာ စမတ္က်တာ၊ ရယ္ရတာ၊ ဂရုစိုက္တတ္တာ) သူကိုသာ ေရြးခ်ယ္သင့္တယ္လို႔ အမ်ားက ယံုၾကည္ထားၾကပါတယ္။ ဒါေပမယ့္ ေကာင္းတဲ့အခ်က္ေတြ အကုန္ရွိတဲ့သူကို လိုက္ရွာမယ့္အစား သင္နဲ႔ ကိုက္ညီတဲ့သူ၊ သင္ဟာ ဒီလူနဲ႔ဆို အနာဂတ္ကို ျမင္ႏိုင္တဲ့သူမ်ိဳးကိုသာ ေရြးခ်ယ္သင့္ပါတယ္။

ေပ်ာ္ရႊင္ၿပီး ၾကာျမင့္တဲ့ဆက္ဆံမႈတစ္ခုကို ထိန္းသိမ္းဖို႔ဆိုတာ လြယ္ကူတဲ့အလုပ္ေတာ့ မဟုတ္ပါဘူး။ ဒါဟာ စိတ္ရွည္မႈ၊ နားလည္မႈ၊ အသိအမွတ္ျပဳဖို႔ လိုအပ္တဲ့ သတၱိနဲ႔ သင့္ခ်စ္သူကို ခ်ီးက်ဴးမႈေတြ လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ အထက္ေဖၚျပပါ အခ်က္ေတြကို ေန႔စဥ္လိုက္နာသင့္ပါတယ္။ ဒါေပမယ့္ ျပႆနာေတြ ျဖစ္လာၿပီး သင္တို႔ မေျဖရွင္းႏိုင္ေတာ့ဘူးဆိုရင္ အိမ္ေထာင္ေရး ကြ်မ္းက်င္သူ (သို႔) လက္ခံေဆြးေႏြးေပးသူနဲ႔ ေနာင္အနာဂတ္အတြက္ အၾကံဥာဏ္ေတြ၊ လမ္းျပမႈေတြနဲ႔ ကုသမႈေတြ ကို တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
သာယာပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံမှုတစ်ခုရဲ့ လျှို့ဝှက်ချက်တွေဟာ ဘာတွေလဲဆိုတာ သင့်ကိုယ်သင် မေးကြည့်ဖူးပါသလား။အပြင်မှာ အများကြီး ပြောနေကြပေမယ့် ချစ်ခြင်းမေတ္တာကို ကြာရှည်အောင် ထိန်းသိမ်းနိုင်ဖို့ဆိုရင် အရမ်းအရေးကြီးတဲ့ အချက်လေးချက် ရှိပါတယ်။

၁။ အမြဲ ထိတွေ့ဆက်သွယ်နေမှုဟာ အရာရာပါပဲ။

ဆက်ဆံမှုတစ်ခုမှာ သင်နဲ့ သင့်ချစ်သူနဲ့ရဲ့ တစ်ဦးနဲ့ တစ်ဦီး လိုချင်တာတွေ၊ လိုအပ်ချက်တွေကို နားလည်မှုဟာလည်း အရမ်းအရေးပါ ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် သိကျွမ်းအောင် လုပ်ရုံတင်သာမက ပြဿနာတွေ၊ အခက်အခဲတွေကို အတူဖြေရှင်းဖို့အတွက် အမြဲ ဆက်သွယ်နေဖို့က အရေးကြီးပါတယ်။ ဒီနည်းထက်ပိုကောင်းတာ ဘာရှိအုံးမှာလဲ။ တကယ်တော့ လေ့လာမှု အတော်များများက စကားပြောဖြစ်တဲ့ စုံတွဲတွေဟာ နောက်ဆုံးမှာ ကွာရှင်းဖြစ်တာ (သို့) ကွဲသွားတာ ဖြစ်စေတဲ့ ရန်ဖြစ်မှုတွေကို ဖြစ်ပွားမှုနှုန်းနည်းတယ်လို့ ပြောပါတယ်။

၂။ သင်လက်ထပ်မယ့်သူ ဘယ်သူလဲဆိုတာ သေချာစွာ သိပါ။

လူတွေဖြစ်တဲ့အားလျော်စွာ အရူးအမူးချစ်တာတွေ (သို့) မြင်မြင်ချင်းချစ်မိတာတွေ အစရှိတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ သင့်ကို အဲဒီလူနဲ့ အမြန် လက်ထပ်ရမယ်လို့ မဆိုလိုပါဘူး။ လက်ထပ်ခြင်းဆိုတာ အလေးထားအပ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပြီးတော့ သူ၊သူမ ဘယ်သူလဲဆိုတာ သေချာသိမှသာ လက်ထပ်ဖို့ စဉ်းစားသင့်ပါတယ်။ သူ၊သူမ ဘယ်သူဆိုတာဟာ ဒီအတိုင်းကြည့်ရင် မြင်ရတာထက် အများကြီးပိုနိုင်ပြီးတော့ ပင်ကိုစရိုက်ကို သိနားလည်ဖို့ဆိုတာ အချိန်ယူရပါတယ်။ ဒါ့ကြောင့် သင်ဘာလုပ်နေသလဲဆိုတာ သေချာ သိထားပြီး သင့်ချစ်သူကို လက်မထပ်ခင် အတွင်းထိ သိထားဖို့ လိုအပ်ပါတယ်။ ဒါဟာ လက်ထပ်ပြီးရင် အမျက်ထွက်စေတဲ့ အရင်က တစ်ခါမှ သတိမထားမိခဲ့တဲ့ သေးငယ်တဲ့ အရာတွေအပေါ်မှာ အငြင်းပွားမှုကနေ သင့်ကို ကာကွယ်ပေးမှာပါ။

၃။ အဖွဲ့တစ်ဖွဲ့လို ပြုမူပါ။

လက်ထပ်မှုဟာ လူနှစ်ယောက်လိုအပ်ပြီးတော့ လက်ထပ်ပြီးချိန်ကစပြီး သင်တို့နှစ်ယောက်ဟာ တစ်ယောက်တည်းဖြစ်သွားတာကို နားလည်ဖို့လိုပါတယ်။ ဒါ့ကြောင့် သင့်ချစ်သူကို ပံ့ပိုးပေးဖို့လိုအပ်ပြီး အခက်အခဲတွေ ဖြစ်လာတဲ့ အကျိုးဆက်တွေကို အတူဖြေရှင်းဖို့လိုပါတယ်။ တစ်ခုခုက သင့်ကို စိတ်တိုစေပြီဆိုရင် သင့်ချစ်သူကို မပြောပြတော့တာကြောင့်  ဒါဟာ သူ့အနေနဲ့ကြည့်ရင် သူ့ကို မလေးစားရာရောက်ပြီး အထီးကျန်စေပါတယ်။ ဒါဟာ နောက်ဆုံးမှာ စိတ်ကျရောဂါကို ဖြစ်စေပြီး ခဏခဏ အငြင်းပွားမှုတွေကို ဖြစ်စေကာ အိမ်ထောင်ကွဲသွားတာမျိုးတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

၄။ သင်နဲ့ ဆက်စပ်ယူလို့ရတဲ့ သူကိုသာ လက်ထပ်ပါ။

သင်ဟာ အချိန်ကြာမြင့်စွာ တည်ရှိတဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံမှုတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုတာ မမေ့သင့်ပါဘူး။ သင့်ချစ်သူဟာလည်း ဒီလိုလုပ်နေတဲ့အချိန်မှာ ပါဝင်သင့်ပါတယ်။ အရည်အချင်းရှိတဲ့ ကောင်းမွန်တဲ့ လက္ခဏာတွေရှိတဲ့ (ဥပမာ စမတ်ကျတာ၊ ရယ်ရတာ၊ ဂရုစိုက်တတ်တာ) သူကိုသာ ရွေးချယ်သင့်တယ်လို့ အများက ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်တွေ အကုန်ရှိတဲ့သူကို လိုက်ရှာမယ့်အစား သင်နဲ့ ကိုက်ညီတဲ့သူ၊ သင်ဟာ ဒီလူနဲ့ဆို အနာဂတ်ကို မြင်နိုင်တဲ့သူမျိုးကိုသာ ရွေးချယ်သင့်ပါတယ်။

ပျော်ရွှင်ပြီး ကြာမြင့်တဲ့ဆက်ဆံမှုတစ်ခုကို ထိန်းသိမ်းဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါဟာ စိတ်ရှည်မှု၊ နားလည်မှု၊ အသိအမှတ်ပြုဖို့ လိုအပ်တဲ့ သတ္တိနဲ့ သင့်ချစ်သူကို ချီးကျူးမှုတွေ လိုအပ်ပါတယ်။ ဒါ့ကြောင့် အထက်ဖေါ်ပြပါ အချက်တွေကို နေ့စဉ်လိုက်နာသင့်ပါတယ်။ ဒါပေမယ့် ပြဿနာတွေ ဖြစ်လာပြီး သင်တို့ မဖြေရှင်းနိုင်တော့ဘူးဆိုရင် အိမ်ထောင်ရေး ကျွမ်းကျင်သူ (သို့) လက်ခံဆွေးနွေးပေးသူနဲ့ နောင်အနာဂတ်အတွက် အကြံဉာဏ်တွေ၊ လမ်းပြမှုတွေနဲ့ ကုသမှုတွေ ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top