မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×
……..
Credit: lovingnews
# Unicode Version ဖြင့် ဖတ်ပါ #
(၁) နှစ်ယောက်စလုံးမှာ စိတ်တိုဒေါသထွက်ခွင့်ရှိတယ်။ ဒါပေမယ့် တစ်ရက်တည်း၊ တစ်ချိန်တည်းမှာ ဒေါသမထွက်ပါနဲ့၊ စိတ်မတိုပါနဲ့။ သူစိတ်တိုတဲ့နေ့ သင်စိတ်မတိုပါနဲ့။
(၂) ကောင်မလေး လှလှလေးတွေကိုငမ်းတဲ့အခါ အချိန်ငါးစက္ကန့်ထက် မပိုပါစေနဲ့။ ပြီးတော့ အဲဒီကောင်မလေးဟာ ချစ်သူလောက်မလှကြောင်း ချက်ချင်းပြောတတ်ပါစေ။
(၃) ချစ်သူကို သင်လုံးဝ အနိုင်မကျင့်ပါနဲ့။……..
(၄) ချစ်သူငိုတဲ့အခါ ချော့ပါ… စိတ်မပျက်စတမ်း ချော့ပါ။ ချစ်သူပြုံးရယ်တဲ့အထိ ချော့ပါ။
(၅) ချစ်သူဓာတ်ပုံကို ပိုက်ဆံအိတ်ထဲ ထည့်ထားပါ။ ဟန်းဖုန်းပေါ် ကပ်ထားပါ။ သူအမြဲတွေ့နိုင်တဲ့နေရာတွေမှာ ထည့်ထားပါ။
(၆) သူ့သူငယ်ချင်းတွေရှေ့မှာ သူ့ကို ခါတိုင်းထက် ပိုချစ်ပြ၊ ပိုဂရုစိုက်ပြတာကို သူမျှော်လင့်တတ်တယ်။
(၇) “ဘယ်သွားရင် ကောင်းမလဲ” “ဘာစားရင် ကောင်းမလဲ” လို့ ချစ်သူမေးတဲ့အခါ “ခင့် သဘော.. ခင်ကြိုက်တာစား” ချည်းပဲ မဖြေပါနဲ့။ ဒါဟာ သူ့ကိုဦးစားပေးရာမရောက်ဘဲ သင်စိတ်မပါရာဖြစ်သွားတတ်တယ်။…….
(၈) “ခင့်ကိုချစ်တယ်” လို့ မကြာခဏပြောပေးပါ။ နို့မဟုတ်ရင် သူ့ကို သင်မချစ်ဘူးလို့ သူယူဆတတ်တယ်။
(၉) ဘယ်တော့မှ လူအများကြားမှာ၊ လူတွေရှေ့မှာ ချစ်သူကို မအော်ငေါက်ပါနဲ့။ ချစ်သူတစ်ယောက်တည်း ထားမခဲ့ပါနဲ့။
(၁ဝ) အမှားလုပ်မိတဲ့သူ့ကို သင် ဆုံးမလို့ရတယ်။ ဒါပေမယ့် ဆုံးမပြီးနောက် သူ့ကို ချော့ပါ… ဒါဟာ အရေးကြီးတဲ့အချက်ဖြစ်တယ်။
(၁၁) သူစိတ်ကောက်တဲ့အခါ သူ့ကိုပစ်မထားပါနဲ့။ သူစိတ်ကောက်ပြေဖို့လည်း အချိန်မပေးပါနဲ့။ တကယ်တော့ စိတ်ကောက်ပြေဖို့ သူအချိန်မလိုပါဘူး။ အချော့ပဲလိုပါတယ်။
(၁၂) သင့်သူငယ်ချင်းတွေနဲ့ သင်ပျော်ပါးလည်ပတ်လို့ရတယ်။ဒါပေမယ့် သူ့ကိုအချိန်ပိုပေးဖို့ မမေ့ပါနဲ့။
(၁၃) သင့်ကို သူလွမ်းတယ်လို့ပြောတဲ့အခါ သူနဲ့ချိန်းတွေ့ဖို့ အချိန်ပေးပါ။
(၁၄) တခြားမိန်းကလေးတစ်ယောက်နဲ့ သင်စကားပြောတဲ့အခါ ချစ်သူလက်ကို တွဲထားပါ။ တကယ်လို့ ချစ်သူအနားမှာရှိမနေခဲ့ရင် အဲဒီမိန်းကလေးနဲ့ ခပ်ခွာခွာရပ်ပြီးမှ ပြောပါ။
(၁၅) လမ်းဖြတ်ကူးတဲ့အခါ သူ့လက်ကိုတွဲထားဖို့ မမေ့ပါနဲ့။
(၁၆) ဘယ်လောက်ပဲ အလုပ်များနေပါစေ.. သူ့ကို ဖုန်းဆက်ဖို့ မမေ့ပါနဲ့။
(၁၇) မကြာခဏ သူ့ကို သီချင်းဆိုပြပါ။
(၁၈) သင့်ချစ်သူကို သင့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတဲ့အခါ သူ့ခါးလေးကိုဖက်ပြီး မိတ်ဆက်ပါ။ တစ်နေရာဆီမှာ ရပ်ပြီး လက်ညှိုးထိုး မိတ်မဆက်ပါနဲ့။
(၁၉) သူ့အလုပ်မှာ အဆင်မပြေတဲ့အခါ၊ သူ့ဘဝ အဆင်မပြေတဲ့အခါ သူနဲ့အတူ ဆွေးနွေးပါ။ အကြံပေးပါ။
(၂ဝ) တခြားကောင်မလေးကို ကြည့်တဲ့အကြည့် ငါးစက္ကန့်ထက် မပိုပါစေနဲ့။ ကောင်မလေးတစ်ယောက်တည်းကို ကြည့်တဲ့အကြည့် ငါးကြိမ်ထက် မပိုပါစေနဲ့။
……..
(၂၁) တလောကလုံး သူ့ကိုမယုံကြည်တဲ့အခါ သူ့ကို သင်ယုံကြည်ရမယ်။ သူလည်း သင့်ကို ဒီအတိုင်းပဲ ဆက်ဆံလိမ့်မယ်။
(၂၂) သူအဝတ်အစား အသစ်ဝတ်တဲ့အခါ ချီးကျူးဖို့မမေ့ပါနဲ့။ (မပေါ်တပေါ်ကို ဆိုလိုတာမဟုတ်ဘူးနော် း)
(၂၃) ချစ်သူနဲ့ ရန်ဖြစ်တဲ့အချိန် (၃)မိနစ်ထက် မကျော်စေနဲ့။ အသံနှုန်း ၂ဝ decibel ထက်မမြင့်စေနဲ့။ (decibel – ဒယ်ဆီဘယ်၊ အသံအတိုးအကျယ်ကို တိုင်းတာသည့် အခြေခံယူနစ်)
(၂၄) အားကစာလိုက်စားပါ။ ခန္ဓာကိုယ် တောင့်တင်းအောင် ကျင့်ပါ။ သူ့ကို ပွေ့မ,နိုင်အောင် ကျင့်ပါ။
(၂၅) သူ စိတ်ထိခိုက်၊ ဒေါသထွက်တဲ့အခါ သူ့ကိုဖက်ထားလိုက်ပါ။ သူနဲ့ ငြင်းခုန်ဖြေရှင်းဖို့ မကြိုးစားပါနဲ့။
(၂၆) ဖုန်းဓာတ်ခဲကုန်သွားလို့ဆိုတဲ့ အဖြစ်မျိုးမဖြစ်ဖို့ မျှော်လင့်ပါတယ်။ အပြင်ထွက်တဲ့အခါ သင်ဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ်ဆိုတာမျိုး သူ့ဆီဖုန်းဆက်ပြီး ပြောပြနိုင်ရင် အကောင်းဆုံးပါ။………
(၂၇) သူ့အားနည်းချက်တွေနဲ့ သူစိတ်ညစ်ဝမ်းနည်းနေတဲ့အခါ အဲဒီအားနည်းချက်ကို ထပ်တလဲလဲ ထုတ်ဖော်မပြောပါနဲ့။
(၂၈) အကျိုးအကြောင်းမသင့် သူပြောတာဟာ သူရိုင်းစိုင်းတာ မဟုတ်ပါဘူး။ သူချွဲနွဲ့တာပါ။
(၂၉) ဘာအကြောင်းပဲရှိရှိ သင်နဲ့အတူ သူမျှဝေလိမ့်မယ်။ သူပြောသမျှ သင်နားလည်ချင်မှလည်း နားလည်မယ်။ ဒါပေမယ့် သူပြောသမျှ သင်နားထောင် ဟန်ဆောင်လိုက်ပါ။
(၃ဝ) သူမှန်တယ်လို့ အမြဲထင်မြင်ပေးပါ။ ဘာကြောင့်လဲဆိုတော့ သင်ဟာ သူ့အချစ်ဆုံးဖြစ်နေလို့ပါပဲ။……….
ဖိုးသူတော် (www.phothutaw.com)
Credit: lovingnews
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top