AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

တေန့တာစိတ္ရွဳပ္စရာ၊စိတ္ညစ္စရာေတြၾကားမွာ ေျပးလြွားလွဳပ္ရွားေနရတာ ျငီးေငြ့ေနျပီလား?ဒီလိုအေျခအေနမ်ိဳးမွာ ရက္အနည္းငယ္ေလာက္ အပန္းေျပခရီးထြက္လိုက္တာ အေကာင္းဆံုးေပါ့၊မၾကာခင္မွာ ဒီဇင္ဘာပိတ္ရက္ေတြလည္း လာေတာ့မယ္ဆိုေတာ့ ေပ်ာ္ေပ်ာ္ၾကီး စိတ္လက္ေပါ့ပါးစြာ ခရီးထြက္ပစ္လိုက္ေပါ့၊ဒါေပမယ့္ ခရီးပဲထြက္ေနရုံနဲ့မျပီးေသးဘူး။ေဆာင္းတြင္းမွာ အလိုလိုေနရင္း ေျခာက္ကပ္လြန္းတတ္တဲ့ သင့္အသားအေရကိုလည္း ေသခ်ာဂရုစိုက္ဖို့လည္း လိုပါတယ္။ဆိုေတာ့ ဒီတစ္ခါမွာေတာ့ သင္ခရီးသြားခ်ိန္ သင့္ရဲ့ခႏၶာကိုယ္၊မ်က္နွာ၊အသားအေရ မျပတ္စိုေျပက်န္းမာဖို့ ေဆာင္သြားသင့္တဲ့ အဓိကအလွကုန္ပစၥည္းေတြကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။   ။

1.Moisturizer

အသားအေရညစ္ျပီး ေျခာက္ေသြ့မွဳေၾကာင့္ နွာေခါင္း၊ပါးစပ္နဲ့မ်က္နွာတ၀ိုက္မွာ ယားယံတတ္၊အဖုထတတ္တဲ့သူမ်ိဳးေတြဟာ ေလယာဥ္၊ရထားၾကာရွည္စြာစီးရတဲ့အခါမ်ိဳးေတြမွာ ျပသနာရွိနိုင္သလို ခရီးထြက္ခ်ိန္ လူအုပ္ၾကီးနဲ့ရွိေနတဲ့အခါမ်ိဳးမွာ ပူအိုက္ျပီး အသားအေရအတြက္ ဘလိုမွအဆင္မေျပနိုင္ပါဘူး။ဒါေၾကာင့္ အရည္အေသြးေကာင္းမြန္တဲ့ moisturizerဟာလည္း ေဆာင္းတြင္းခရီးထြက္ခ်ိန္ ေဆာင္သြားသင့္တဲ့အလွကုန္ပစၥည္းတစ္ခုအေနနဲ့ အလွပညာရွင္ေတြက အၾကံျပဳထားပါတယ္။

2.Hydrosols

ေလယာဥ္(သို့)ရထားနဲ့ခရီးသြားတဲ့အခါမ်ိဳးမွာ တခ်ိဳ့ေသာခရီးသည္ေတြဟာ ေရဓာတ္ကုန္ခမ္းျခင္းရဲ့ဆိုးက်ိဳးကို ခံစားရတတ္္ပါတယ္။ဒါေၾကာင့္ ခႏၶာကိုယ္တြင္းမွာရွိတဲ့ ေရဓာတ္ကိုျမွင့္တင္ေပးဖို့ရန္အတြက္ hydrosol(ေရဓာတ္အဓိကပါ၀င္တဲ့အားျဖည့္ပစၥည္း)ကို အသံုးျပဳေပးသင့္ပါတယ္။ဘာလို့လဲဆိုေတာ့ ဒီလိုအေျခအေနမ်ိဳးမွာက် အစိုဓာတ္ေလာက္ပဲေပးတဲ့ moisturizerနဲ့ အလုုပ္မျဖစ္ေတာ့လို့ပါ။Hydrosolဆိုတာကေတာ့ အပင္ကေနထြက္လာတဲ့ ထုတ္ကုန္ေတြကို ေရနဲ့ေပါင္းခံထားတာျဖစ္ပါတယ္။

3.Cleanse Gels

Cleansing oil(သို့)gelေတြဟာလည္း ခရီးသြားခ်ိန္ သင့္အိတ္ထဲမွာ အလြယ္တကူထည့္သယ္သြားသင့္တဲ့ အလွကုန္ပစၥည္းေတြျဖစ္ပါတယ္။အေၾကာင္းက သင့္ရဲ့မ်က္နွာအသားအေရကိုထိန္းညိွေပးနိုင္ရုံမက သင့္ရဲ့မိတ္ကပ္ျပင္ဆင္မွဳအတြက္ပါ အေထာက္အကူေပးနိုင္တာေၾကာင့္ပါ။

4.Solid Facial Cleanser

သာမန္မာေၾကာတဲ့ ဆပ္ျပာခဲေတြထက္ Sensitiveျဖစ္လြယ္တဲ့ သင့္အသားအေရအတြက္ အသင္ေလ်ာ္ဆံုးျဖစ္တဲ့ မ်က္နွာသစ္ေတြကိုလည္း သင္သြားေလရာ သယ္ေဆာင္သြားဖို့ေတာ့ လိုပါလိ္မ့္မယ္။

5.Balm

ခရီးသြားေနစဥ္ မ်က္နွာ၊နွဳတ္ခမ္းတင္မကပါဘူး နဖူးနဲ့အျခားခႏၶာကိုယ္အစိတ္အပိုင္းမ်ားဟာလည္း ေလေအးနဲ့အပူဒဏ္ေၾကာင့္ ေျခာက္ေသြ့အသားပတ္ေနတတ္တာေၾကာင့္ အသားအေရေျခာက္ေသြ့ယားယံလာေစပါတယ္။ဒီျပသနာကို ကိုင္တြယ္ေျဖရွင္းဖို့က် moisturizerေလာက္နဲ့အဆင္မေျပေတာ့ပါဘူး။အနံ့အသက္ကင္းျပီးသဘာ၀ထုတ္ကုန္ျဖစ္တဲ့ balmကို ေဆာင္ထားသင့္ပါတယ္။

6.Solid foundation

ခရီးသြားေနစဥ္ ေပါင္ဒါ၊ခရင္မ္၊cleanserတစ္ခုခ်င္းစီ သယ္ဖို့အခက္အခဲျဖစ္ေနတဲ့အခါမ်ိဳးမွာေတာ့ သင္ရဲ့မ်က္နွာအသားအေရတင္မက လက္ေခ်ာင္းေတြထိပါ အသံုးျပဳလို့ရတယ့္foundationကိုေတာ့ မျဖစ္မေနသယ္သြားသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say

# Unicode Version ျဖင့္ ဖတ္ပါ #
တနေ့တာစိတ်ရှုပ်စရာ၊စိတ်ညစ်စရာတွေကြားမှာ ပြေးလွှားလှုပ်ရှားနေရတာ ငြီးငွေ့နေပြီလား?ဒီလိုအခြေအနေမျိုးမှာ ရက်အနည်းငယ်လောက် အပန်းပြေခရီးထွက်လိုက်တာ အကောင်းဆုံးပေါ့၊မကြာခင်မှာ ဒီဇင်ဘာပိတ်ရက်တွေလည်း လာတော့မယ်ဆိုတော့ ပျော်ပျော်ကြီး စိတ်လက်ပေါ့ပါးစွာ ခရီးထွက်ပစ်လိုက်ပေါ့၊ဒါပေမယ့် ခရီးပဲထွက်နေရုံနဲ့မပြီးသေးဘူး။ဆောင်းတွင်းမှာ အလိုလိုနေရင်း ခြောက်ကပ်လွန်းတတ်တဲ့ သင့်အသားအရေကိုလည်း သေချာဂရုစိုက်ဖို့လည်း လိုပါတယ်။ဆိုတော့ ဒီတစ်ခါမှာတော့ သင်ခရီးသွားချိန် သင့်ရဲ့ခန္ဓာကိုယ်၊မျက်နှာ၊အသားအရေ မပြတ်စိုပြေကျန်းမာဖို့ ဆောင်သွားသင့်တဲ့ အဓိကအလှကုန်ပစ္စည်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။   ။

1.Moisturizer

အသားအရေညစ်ပြီး ခြောက်သွေ့မှုကြောင့် နှာခေါင်း၊ပါးစပ်နဲ့မျက်နှာတဝိုက်မှာ ယားယံတတ်၊အဖုထတတ်တဲ့သူမျိုးတွေဟာ လေယာဉ်၊ရထားကြာရှည်စွာစီးရတဲ့အခါမျိုးတွေမှာ ပြသနာရှိနိုင်သလို ခရီးထွက်ချိန် လူအုပ်ကြီးနဲ့ရှိနေတဲ့အခါမျိုးမှာ ပူအိုက်ပြီး အသားအရေအတွက် ဘလိုမှအဆင်မပြေနိုင်ပါဘူး။ဒါကြောင့် အရည်အသွေးကောင်းမွန်တဲ့ moisturizerဟာလည်း ဆောင်းတွင်းခရီးထွက်ချိန် ဆောင်သွားသင့်တဲ့အလှကုန်ပစ္စည်းတစ်ခုအနေနဲ့ အလှပညာရှင်တွေက အကြံပြုထားပါတယ်။

2.Hydrosols

လေယာဉ်(သို့)ရထားနဲ့ခရီးသွားတဲ့အခါမျိုးမှာ တချို့သောခရီးသည်တွေဟာ ရေဓာတ်ကုန်ခမ်းခြင်းရဲ့ဆိုးကျိုးကို ခံစားရတတ်ပါတယ်။ဒါကြောင့် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ရေဓာတ်ကိုမြှင့်တင်ပေးဖို့ရန်အတွက် hydrosol(ရေဓာတ်အဓိကပါဝင်တဲ့အားဖြည့်ပစ္စည်း)ကို အသုံးပြုပေးသင့်ပါတယ်။ဘာလို့လဲဆိုတော့ ဒီလိုအခြေအနေမျိုးမှာကျ အစိုဓာတ်လောက်ပဲပေးတဲ့ moisturizerနဲ့ အလုုပ်မဖြစ်တော့လို့ပါ။Hydrosolဆိုတာကတော့ အပင်ကနေထွက်လာတဲ့ ထုတ်ကုန်တွေကို ရေနဲ့ပေါင်းခံထားတာဖြစ်ပါတယ်။

3.Cleanse Gels

Cleansing oil(သို့)gelတွေဟာလည်း ခရီးသွားချိန် သင့်အိတ်ထဲမှာ အလွယ်တကူထည့်သယ်သွားသင့်တဲ့ အလှကုန်ပစ္စည်းတွေဖြစ်ပါတယ်။အကြောင်းက သင့်ရဲ့မျက်နှာအသားအရေကိုထိန်းညှိပေးနိုင်ရုံမက သင့်ရဲ့မိတ်ကပ်ပြင်ဆင်မှုအတွက်ပါ အထောက်အကူပေးနိုင်တာကြောင့်ပါ။

4.Solid Facial Cleanser

သာမန်မာကြောတဲ့ ဆပ်ပြာခဲတွေထက် Sensitiveဖြစ်လွယ်တဲ့ သင့်အသားအရေအတွက် အသင်လျော်ဆုံးဖြစ်တဲ့ မျက်နှာသစ်တွေကိုလည်း သင်သွားလေရာ သယ်ဆောင်သွားဖို့တော့ လိုပါလိမ့်မယ်။

5.Balm

ခရီးသွားနေစဉ် မျက်နှာ၊နှုတ်ခမ်းတင်မကပါဘူး နဖူးနဲ့အခြားခန္ဓာကိုယ်အစိတ်အပိုင်းများဟာလည်း လေအေးနဲ့အပူဒဏ်ကြောင့် ခြောက်သွေ့အသားပတ်နေတတ်တာကြောင့် အသားအရေခြောက်သွေ့ယားယံလာစေပါတယ်။ဒီပြသနာကို ကိုင်တွယ်ဖြေရှင်းဖို့ကျ moisturizerလောက်နဲ့အဆင်မပြေတော့ပါဘူး။အနံ့အသက်ကင်းပြီးသဘာဝထုတ်ကုန်ဖြစ်တဲ့ balmကို ဆောင်ထားသင့်ပါတယ်။

6.Solid foundation

ခရီးသွားနေစဉ် ပေါင်ဒါ၊ခရင်မ်၊cleanserတစ်ခုချင်းစီ သယ်ဖို့အခက်အခဲဖြစ်နေတဲ့အခါမျိုးမှာတော့ သင်ရဲ့မျက်နှာအသားအရေတင်မက လက်ချောင်းတွေထိပါ အသုံးပြုလို့ရတယ့်foundationကိုတော့ မဖြစ်မနေသယ်သွားသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top