လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

ကိုယ့္အသားက ညိဳလြန္​းလို႔ အသားျဖဴျဖဴ​ေကာင္​မ​ေလ​းေတြေတြ႕ရင္​ အားက်၊ ငါလည္​း အသားျဖဴ​ေဆး​ေသာက္​ရင္​ ျဖဴလာမွာပဲလို႔​ေတြးၿပီး ဆရာဝန္​ၫႊန္​ၾကားခ်က္​လည္​းမပါ၊ ​ေစ်းကြက္​ထဲက ​ေတြ႕သမ်ွ​ေဆး​ေတြ ​ေသာက္​ရင္​​ေတာ့ ဒုကၡနဲ႔လွလွ​ေတြ႕ၿပီလို႔ပဲ ​ေျပာပါရ​ေစ။ ဘယ္​အရာမဆို တန္​​ေဆးလြန္​​ေဘးဆိုတာ ရွိပါတယ္​။ လံုးဝမ​ေသာက္​ရဘူးလို႔​ေတာ့ မ​ေျပာပါဘူး​ေနာ္​။ အရင္​ဆံုး​ေတာ့ ဒီစာ​ေလးဖတ္​ၾကည့္ၿပီးမွ ေသာက္မယ္၊ မေသာက္ဘူး၊ ေသာက္သင့္တယ္၊ မေသာက္သင့္ဘူး ဆံုးျဖတ္​ၾကပါလို႔။

အသားျဖဴ​ေဆး​ေသာက္​ရာက ျဖစ္​လာႏိုင္​တဲ့​ေဘးထြက္​ဆိုးက်ိဳး​ေတြက​ေတာ့

(၁) ဓာတ္​မတည့္တာက စပါတယ္။

တစ္​ခုုခုနဲ႔ ဓာတ္​မတည့္လို႔ ဆိုးဆိုး႐ြား႐ြား ယားယံလာတာမ်ိဳး၊ အ​ေရျပား​ေပၚမွာ အဖုအပိန္႔ေတြ ထလာတာမ်ိဳး ျဖစ္​ဖူးၾကလား။ နႏၵာက​ေတာ့ ရွားရွားပါးပါး အသက္​ကယ္​​ေဆးလို႔​ေခၚတဲ့ ပင္​နီဆလင္​နဲ႔ မတည္​့ပါဘူး (တစ္​ခုခုဆို ကုမရကယ္​မရ .. ထိပ္​ဆံုးက ​ေသမွာ :/ )။ ဒီလိုပဲ အသားျဖဴ​ေဆးနဲ႔ ဓာတ္​မတည့္​့တဲ့သူ​ေတြလည္​း ရွိတတ္​ပါတယ္​။ အ​ေရျပား​ထဲ ​ေဆးထိုးအပ္​နဲ႔ ထိုးသြင္​းရတဲ့ အသားျဖဴ​ေဆးမ်ိဳးက် ဆရာဝန္​​ေတြအကူအညီနဲ႔ နည္​းနည္​း​ေလးစမ္​းသပ္​ထိုး ၾကည့္ၿပီး ​ေဆးသြင္​းလိုက္​တဲ့​ေနရာနားတဝိုက္​မွာ allergic reaction မ်ိဳးျဖစ္​လာရင္​ ဆက္​မထိုးဘဲ ရပ္​လိုက္​လို႔ရေပမယ့္ ေသာက္​​ေဆးက် စမ္းသပ္​ၾကည့္လို႔မရတာ​ေၾကာင္​ ့ နည္​းနည္​းပိုၿပီး risk မ်ားပါတယ္​။ ​ကိုယ္​နဲ႔ဘာ allergic ရွိတတ္​လဲသိၿပီး ​ေဆးထဲမွာ ပါဝင္​တဲ့ပစၥည္​း​ေတြကို ​ေလ့လာၾကည့္ႏိုင္​ရင္​​ေတာ့ အ​ေကာင္​းဆံုးပါပဲ။

(၂) ကင္​ဆာလည္​း လာၿပီ။

အသားျဖဴ​ေဆးဝယ္​​ေသာက္​ၿပီဆိုတာ နဲ႔ ပါဝင္​ပစၥည္​း​ေတြထဲမွာ Hydroquinone ပါမပါ ဒါမွမဟုတ္​ ပါဝင္​မႈပမာဏကို စစ္​​ေဆးရပါမယ္​။ မ်ား​ေသာအားျဖင္​့ ဒီပစၥည္​းဟာ အသားျဖဴ​ေဆး​ေတြထဲမွာ ပါဝင္​​ေနတတ္​ၿပီး ပါဝင္​မႈပမာဏအနည္​းအမ်ား​ေပၚ မူတည္​ၿပီး ကင္​ဆာျဖစ္​ပြားႏိုင္​​ေခ်ရွိ တတ္​တာ​ေၾကာင့္ပါ။ အခ်ိဳ႕ေသာ ႏုိင္ငံေတြမွာေတာ့ ကင္ဆာျဖစ္ပြားတတ္တယ္ရယ္လို႔ ေတြ႕ရွိခ်က္အခ်ိဳ႕ေၾကာင့္ Hydroquinone ပါဝင္တဲ့ ေဆးေတြကို တားျမစ္ထားတာမ်ိဳးေတြ ရွိတတ္ပါတယ္။

(၃) အ​ေရျပားရဲ႕ ပံုမွန္​လုပ္​​ေဆာင္​မႈမ်ားကို အ​ေႏွာင္​့အယွက္​​ေပးပါမယ္။​

​ေတာ္​​ေတာ္​မ်ားမ်ားလည္​း သိၿပီးၾကမွာပါ။ အ​ေရျပားက မယ္​လနင္ (Melanin) လို႔​ေခၚတဲ့ ဓာတ္​ပစၥည္​းတစ္​မ်ိဳးကို ထုတ္​​ေပးပါတယ္​။ Melanin က ခရမ္​းလြန္​​ေရာင္​ျခည္​​က​ေန အ​ေရျပားကို ကာကြယ္​​ေပးတဲ့အျပင္​ ျပင္​းထန္​တဲ့​ေန​ေရာင္​ျခည္​ေၾကာင့္ အ​ေရျပားကင္​ဆာမျဖစ္​​ေအာင္​လည္​း တားဆီး​ေပးပါတယ္​။ ​ဆိုရရင္​​ေတာ့ ေနပူထဲထြက္​တာမ်ားလာရင္​ Melanin ထုတ္​တာမ်ားလာတာမို႔ အသားပိုညိဳလာ၊ မည္​းလာတာ​ေပါ့​ေနာ္​။ (​ေမြးကတည္​းက သြသူ Melanin မ်ားမ်ားပါလာတဲ့သူကက် အ​ေရျပားကင္​ဆာကာကြယ္​ၿပီးသား ျဖစ္​သြားတာ​ေပါ့၊ သူမ်ားထက္​ risk နည္​းသြားတာကို ​ေျပာပါတယ္ မျဖစ္ဘူးေတာ့ ဘယ္ဟုတ္ပါ့မလဲ) အသားျဖဴ​ေဆး​ေတြထဲမွာက် အဲ့ Melanin ​ေလး​ေတြ ထပ္​မထြက္​လာ​ေအာင္​ ထိန္​းခ်ဳပ္​​ၿပီး ရွိတာ​ေလး​ေတြပါ ​ေျပာင္​​ေအာင္​လုပ္​ေပးႏိုင္​တဲ့ ဓာတုပစၥည္​းမ်ိဳး​ေတြ ပါပါတယ္​ ​ေယာင္​းတု႔ိ​ေရ။ အဲ့​ေတာ့ skin က ပံုမွန္​လုပ္​​ေဆာင္​​ေနတဲ့ function ​ေတြ က​ေမာက္​ကမျဖစ္​ၿပီး ​ေဟာ္​မုန္​း​​အတက္​အက်​ေတြပါ ျဖစ္​ကုန္​​ေတာ့တာပါပဲ။

(၄) ရုပ္​ပိုင္​းဆိုင္​ရာ ထိခိုက္​မႈ

​ေဟာ္​မုန္​း​ေတြထိပါ ျပႆနာရွာၿပီဆိုမွ​ေတာ့ အိပ္​​​ေရးပ်က္​တာကလည္​း ​ေနာက္​ကကပ္​ပါလာၿပီ​ေပါ့။ အိပ္​​ေရး​ေတြပ်က္​၊ ​ေခါင္​း​ေတြမူး၊ ႏံုးခ်ိ​ေနသလိုခံစားရမယ့္အျပင္ ​ ​ေဆးဒဏ္​​ေၾကာင့္ အစာစားစိတ္​ခ်င္​​​ေတြပဲ ​ေပ်ာက္​ခ်င္​သလိုလုိ၊ အစာပဲမ​ေၾကသလိုလို၊ ​အန္ပဲအန္​ခ်င္​သလိုလို​ေတြပါ ျဖစ္​လာဦးမွာ မပူနဲ႔ေယာင္းေရ ..

(၅) အသည္​း​ေလးလည္​း မ​ေနရ

တန္​​ေဆးလြန္​​ေဘး​ေပါ့​ေနာ္​။ အသားျဖဴ​ေဆးဆိုတာမ်ိဳးကလည္​း ခု​ေသာက္​ ခုျဖဴ ၊ ႐ႊတ္​ခနဲ ႁဗြတ္​ခနဲ ဘြားခနဲ ျဖဴလာတာမ်ိဳးမဟုတ္​​ေတာ့ အနည္​းဆံုး ၂လ ၃ လ​ေလာက္​​ေတာ့ စြဲ​ေသာက္​မွ တန္​ခိုးအာနိသင္​ျပတဲ့ဟာမ်ိဳး​ေလ။ အဲ့​ေလာက္​က ​ေျပာရရင္​ ကိစၥမရွိ​ေသးဘူး။ ၅ လ ၁ႏွစ္​က် နည္​းနည္​းမ်ားလာၿပီ။ ၾကာရင္​ အသည္​းက အသားျဖဴ​ေဆး​ေတြ​ေၾကာင့္ ဝန္​ပိလာၿပီး ပ်က္​စီးလာႏိုင္​​ေခ်မ်ားပါတယ္​ေနာ္​။

ကဲ .. ​ကိုယ္​က​ေတာ့ ​အသားျဖဴ​ေဆး​ေလး​ေတာ့ ​ေသာက္​လိုက္​ရမွဆိုရင္​လည္​း .. ​ပယ္​သူက ပါ​ေပ်ာ့လို႔ရမွာလဲ​ေနာ္​။ သတိ​ေလး​ေတာ့ ထားၾကပါလို႔။

Bests,

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nandar ( For Her Myanmar )

# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ့်အသားက ညိုလွန်းလို့ အသားဖြူဖြူကောင်မလေးတွေတွေ့ရင် အားကျ၊ ငါလည်း အသားဖြူဆေးသောက်ရင် ဖြူလာမှာပဲလို့တွေးပြီး ဆရာဝန်ညွှန်ကြားချက်လည်းမပါ၊ ဈေးကွက်ထဲက တွေ့သမျှဆေးတွေ သောက်ရင်တော့ ဒုက္ခနဲ့လှလှတွေ့ပြီလို့ပဲ ပြောပါရစေ။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတာ ရှိပါတယ်။ လုံးဝမသောက်ရဘူးလို့တော့ မပြောပါဘူးနော်။ အရင်ဆုံးတော့ ဒီစာလေးဖတ်ကြည့်ပြီးမှ သောက်မယ်၊ မသောက်ဘူး၊ သောက်သင့်တယ်၊ မသောက်သင့်ဘူး ဆုံးဖြတ်ကြပါလို့။

အသားဖြူဆေးသောက်ရာက ဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

(၁) ဓာတ်မတည့်တာက စပါတယ်။

တစ်ခုုခုနဲ့ ဓာတ်မတည့်လို့ ဆိုးဆိုးရွားရွား ယားယံလာတာမျိုး၊ အရေပြားပေါ်မှာ အဖုအပိန့်တွေ ထလာတာမျိုး ဖြစ်ဖူးကြလား။ နန္ဒာကတော့ ရှားရှားပါးပါး အသက်ကယ်ဆေးလို့ခေါ်တဲ့ ပင်နီဆလင်နဲ့ မတည့်ပါဘူး (တစ်ခုခုဆို ကုမရကယ်မရ .. ထိပ်ဆုံးက သေမှာ :/ )။ ဒီလိုပဲ အသားဖြူဆေးနဲ့ ဓာတ်မတည့့်တဲ့သူတွေလည်း ရှိတတ်ပါတယ်။ အရေပြားထဲ ဆေးထိုးအပ်နဲ့ ထိုးသွင်းရတဲ့ အသားဖြူဆေးမျိုးကျ ဆရာဝန်တွေအကူအညီနဲ့ နည်းနည်းလေးစမ်းသပ်ထိုး ကြည့်ပြီး ဆေးသွင်းလိုက်တဲ့နေရာနားတဝိုက်မှာ allergic reaction မျိုးဖြစ်လာရင် ဆက်မထိုးဘဲ ရပ်လိုက်လို့ရပေမယ့် သောက်ဆေးကျ စမ်းသပ်ကြည့်လို့မရတာကြောင့် နည်းနည်းပိုပြီး risk များပါတယ်။ ကိုယ်နဲ့ဘာ allergic ရှိတတ်လဲသိပြီး ဆေးထဲမှာ ပါဝင်တဲ့ပစ္စည်းတွေကို လေ့လာကြည့်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

(၂) ကင်ဆာလည်း လာပြီ။

အသားဖြူဆေးဝယ်သောက်ပြီဆိုတာ နဲ့ ပါဝင်ပစ္စည်းတွေထဲမှာ Hydroquinone ပါမပါ ဒါမှမဟုတ် ပါဝင်မှုပမာဏကို စစ်ဆေးရပါမယ်။ များသောအားဖြင့် ဒီပစ္စည်းဟာ အသားဖြူဆေးတွေထဲမှာ ပါဝင်နေတတ်ပြီး ပါဝင်မှုပမာဏအနည်းအများပေါ် မူတည်ပြီး ကင်ဆာဖြစ်ပွားနိုင်ချေရှိ တတ်တာကြောင့်ပါ။ အချို့သော နိုင်ငံတွေမှာတော့ ကင်ဆာဖြစ်ပွားတတ်တယ်ရယ်လို့ တွေ့ရှိချက်အချို့ကြောင့် Hydroquinone ပါဝင်တဲ့ ဆေးတွေကို တားမြစ်ထားတာမျိုးတွေ ရှိတတ်ပါတယ်။

(၃) အရေပြားရဲ့ ပုံမှန်လုပ်ဆောင်မှုများကို အနှောင့်အယှက်ပေးပါမယ်။

တော်တော်များများလည်း သိပြီးကြမှာပါ။ အရေပြားက မယ်လနင် (Melanin) လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးကို ထုတ်ပေးပါတယ်။ Melanin က ခရမ်းလွန်ရောင်ခြည်ကနေ အရေပြားကို ကာကွယ်ပေးတဲ့အပြင် ပြင်းထန်တဲ့နေရောင်ခြည်ကြောင့် အရေပြားကင်ဆာမဖြစ်အောင်လည်း တားဆီးပေးပါတယ်။ ဆိုရရင်တော့ နေပူထဲထွက်တာများလာရင် Melanin ထုတ်တာများလာတာမို့ အသားပိုညိုလာ၊ မည်းလာတာပေါ့နော်။ (မွေးကတည်းက သွသူ Melanin များများပါလာတဲ့သူကကျ အရေပြားကင်ဆာကာကွယ်ပြီးသား ဖြစ်သွားတာပေါ့၊ သူများထက် risk နည်းသွားတာကို ပြောပါတယ် မဖြစ်ဘူးတော့ ဘယ်ဟုတ်ပါ့မလဲ) အသားဖြူဆေးတွေထဲမှာကျ အဲ့ Melanin လေးတွေ ထပ်မထွက်လာအောင် ထိန်းချုပ်ပြီး ရှိတာလေးတွေပါ ပြောင်အောင်လုပ်ပေးနိုင်တဲ့ ဓာတုပစ္စည်းမျိုးတွေ ပါပါတယ် ယောင်းတု့ိရေ။ အဲ့တော့ skin က ပုံမှန်လုပ်ဆောင်နေတဲ့ function တွေ ကမောက်ကမဖြစ်ပြီး ဟော်မုန်းအတက်အကျတွေပါ ဖြစ်ကုန်တော့တာပါပဲ။

(၄) ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု

ဟော်မုန်းတွေထိပါ ပြဿနာရှာပြီဆိုမှတော့ အိပ်ရေးပျက်တာကလည်း နောက်ကကပ်ပါလာပြီပေါ့။ အိပ်ရေးတွေပျက်၊ ခေါင်းတွေမူး၊ နုံးချိနေသလိုခံစားရမယ့်အပြင်  ဆေးဒဏ်ကြောင့် အစာစားစိတ်ချင်တွေပဲ ပျောက်ချင်သလိုလို၊ အစာပဲမကြေသလိုလို၊ အန်ပဲအန်ချင်သလိုလိုတွေပါ ဖြစ်လာဦးမှာ မပူနဲ့ယောင်းရေ ..

(၅) အသည်းလေးလည်း မနေရ

တန်ဆေးလွန်ဘေးပေါ့နော်။ အသားဖြူဆေးဆိုတာမျိုးကလည်း ခုသောက် ခုဖြူ ၊ ရွှတ်ခနဲ ဗြွတ်ခနဲ ဘွားခနဲ ဖြူလာတာမျိုးမဟုတ်တော့ အနည်းဆုံး ၂လ ၃ လလောက်တော့ စွဲသောက်မှ တန်ခိုးအာနိသင်ပြတဲ့ဟာမျိုးလေ။ အဲ့လောက်က ပြောရရင် ကိစ္စမရှိသေးဘူး။ ၅ လ ၁နှစ်ကျ နည်းနည်းများလာပြီ။ ကြာရင် အသည်းက အသားဖြူဆေးတွေကြောင့် ဝန်ပိလာပြီး ပျက်စီးလာနိုင်ချေများပါတယ်နော်။

ကဲ .. ကိုယ်ကတော့ အသားဖြူဆေးလေးတော့ သောက်လိုက်ရမှဆိုရင်လည်း .. ပယ်သူက ပါပျော့လို့ရမှာလဲနော်။ သတိလေးတော့ ထားကြပါလို့။

Bests,

ဖိုးသူတော် (www.phothutaw.com)
Credit: Nandar ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top