န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

“ျဖန္​း”

မ်က္​လံုးျပာျပာနဲ႔ ခပ္​​ေခ်ာ​ေခ်ာမင္​းသားမ်က္​ႏွာ ​ေၾကာင္​့ Channel 9 ကျပ​ေနတဲ့ ဘာကားမွန္​းမသိတဲ့ကားကို ရီမုနဲ႔လွမ္​းပိတ္​ရင္​း ခုနက မရိုက္​အားလို႔မရိုက္​ျဖစ္​​​ေသးတဲ့ ျခင္​ကို ျဖန္​းခနဲခ်ရတယ္​။ မဆိုးပါဘူး .. ဒီတစ္​ခါလည္​း လြတ္​သြားတာပဲ။

ဝွားခနဲ သမ္​းရင္​း နာရီကုိၾကည္​့မိ​ေတာ့ တစ္​ခ်က္​ထိုး​ေနၿပီ။ သမ္​းသာသမ္​း​ေနတာ .. အိပ္​ခ်င္​စိတ္​က ဒီ​ေလာက္​ရွိ​ေသးတာမဟုတ္​ဘူးရယ္ ​။ ဒါ​ေပမဲ့ ဆက္​ထိုင္​​ေနရင္​လည္​း ျခင္​​ေဆာ္​တာခံရၿပီး အခန္​႔မသင့္ရင္​ အ​ေမထြက္​လာၿပီး ​ဆူတာပါခံရႏိုင္​တာမို႔ ​ေျခသံ​ေလးဖြနင္​းရင္​း ဧည္​့ခန္​းထဲမွာ စားထားဖြထားသမ်ွ ျမန္​ျမန္​ရွင္​းၿပီးတာနဲ႔ မီး​ေလးအသာပိတ္​ၿပီး အိပ္​ရာထဲဝင္​လာခဲ့လိုက္​တယ္​။ ​ေႏြဆို​ေတာ့ ​ပူရ​ေလာင္​ရတဲ့ထဲ ညဆိုတံခါး​ေတြပိတ္​အိပ္​ဖို႔ အၿမဲမွာတတ္​တဲ့မာတာမိခင္​​ေၾကာင့္ အိပ္​ဖို႔ႀကိဳးစား​ေပမယ့္လည္​း ​ေတာ္​​ေတာ္​နဲ႔အိပ္​မရ​ေတာ့ဘူး ။ ဆယ္​့တစ္​နာရီ​ေလာက္​တုန္​းက ​ေသာက္​ထားတဲ့​ေကာ္​ဖီအစြမ္​းကလည္​း ျပ​ေန​ေတာ့ မ်က္​လံုးဆိုတာလည္​း ဘာ​ေျပာ​ေကာင္​းမလဲ .. လႊတ္​ကိုျပဴး​ေနတာ။ အာ့နဲ႔ မထူးပါဘူးဆိုၿပီး အိပ္​ရာထဲကထ .. ​အိမ္​​ေရွ႕ခန္​းမွာ အားသြင္​းထားခဲ့တဲ့ ကိုယ့္ဖုန္​း​ေလးကိုယ္ ​ေျခသံလံုလံုနဲ႔ သြားျပန္​ခိုးၿပီး အိပ္​ရာထဲျပန္​ဝင္​လာခဲ့တယ္​။

အမယ္​​ေလး .. ရင္​​ေတြခုန္​လိုက္​တာမွ ရင္​ဘတ္​ထဲမွာ ကြက္​ၿပီး ကုလားဘုရားပြဲလွည့္ေနသလိုပဲ။

ဖုန္​းစခရင္​​ေလးဖြင့္ၾကည့္ေတာ့ ႏွစ္​နာရီ​ေတာင္​ ​ေက်ာ္​​ေနၿပီဆို​တာ သိလိုက္​ရတယ္​။ အိပ္​မ​ေပ်ာ္​တာအ​ေၾကာင္​းျပဳ ၿပီး ဖုန္​း​ေလးဟိုပြတ္​ဒီပြတ္​လုပ္​ရင္​း ပို႔စ္​တစ္​ခုသြား​ေတြ႕တယ္​။ နယူးဖိစ္​မွာ တစ္​​ေယာက္​​ေယာက္​ ရွဲထားတာ​ေလး .. ဘာတဲ့ .. အျမန္​လမ္​း​ေပၚက ဘာ​ေတြဆိုလား (ဘာလဲဆြာ ကြကိုယ္​ျဖည္​့​ေတြး .. ခုစာ​ေရး​ေနရင္​း​ေတာင္​ ၾကက္​သီးထတယ္​) အစက မဖတ္​​ေတာ့ပါဘူးဆိုၿပီး ​ေက်ာ္​သြားမလို႔ပဲ။ ၿပီး​ေတာ့မွ အိပ္​မ​ေပ်ာ္တာ​ေကာ၊ တျခားၾကည္​့စရာလည္​း ဘာမွမရွိ​ေတာ့တာနဲ႔ အဲ့ရွဲထားတဲ့ ဖရန္​႔​ေဝါထဲဖြင့္ၾကည့္ၿပီး ခုနပို႔စ္ေလးျပန္​ရွာၿပီး ဖတ္​ၾကည့္မိတယ္​။ အမယ္​​ေလး .. ​ေရးထားလိုက္​တာမ်ားစံုလို႔။ ပို႔စ္​တင္​ထားတဲ့ အိုပီထက္​ သူ႔ပို႔စ္​​ေအာက္​မွာ ဝင္​​ေပးထားၾကတဲ့ ​ေကာ္​မန္​႔​ေတြက သာဆိုး​ေသး။ ကိုယ္​​ေတြ႕ဆိုတာ​ေတြခ်ည္​း မန္​႔ထားၾကတာ။ အဲ့ထဲက တစ္​ခုကိုသြားဖတ္​မိၿပီး ၾကက္သီး​ေတြထလာလိုက္​တာဆိုတာ တျဖန္​းျဖန္​းပဲ။ သူငယ္​ခ်င္​း​ေတြစုၿပီး ခရီးသြားၾကရင္​း လမ္​းမွာ ​​အဖြဲ႕ထဲက ​ေကာင္​မ​ေလးတစ္​​ေယာက္​ ဝင္​ပူးခံရတဲ့အ​ေၾကာင္​း ​ေျပာျပထားတာ။ ပူးလိုက္​ ျပန္​ထြက္​သြားလိုက္​နဲ႔ ဘယ္​လိုမွ ထိန္​းမရဘူးတဲ့။ ကား​ေပၚမွာပါလာတဲ့ သူငယ္​ခ်င္​း​ေတြလည္​း ဘယ္​အခ်ိန္​ ကိုယ့္မ်ားဝင္​ပူးမလဲ တထိတ္​ထိတ္​နဲ႔ ဘုရားစာ​ေတြဝိုင္​း႐ြတ္​ၾက၊ သတၱိ​ေကာင္​းတဲ့သူ​ေတြက အဲ့အပူးခံရတဲ့​ေကာင္​မ​ေလးကို ဝိုင္​းထိန္​းၾက .. ​ေျဗာင္​း​ေတြဆန္​​ေနတာ​ေပါ့။ ကိုယ္​လည္​းဖတ္​​ေနရင္​း တကယ္​အျပင္​မွာ ကိုယ္​ပါ အဲ့အုပ္​စုထဲ​ေရာက္​သြားသလိုပဲ။ အခ်ိန္​ကလည္​း သံုးနာရီထိုးလုနီးပါး .. အဲ့အခ်ိန္​ဆို သူတို႔ ျမဴးၾကတဲ့အခ်ိန္​ဆိုလား။ ​ေၾကာက္​လည္​း​ေၾကာက္​၊ သိခ်င္​စိတ္​ကလည္​းမ်ား​ေန​ေတာ့ ​ေၾကာက္​​ေၾကာက္​နဲ႔ ဆက္​ဖတ္​​ေနတာ။

နားထဲမွာ​ေတာ့ ​ေၾကာက္​စိတ္​​ေျပရံု​ေလာက္​ သီခ်င္​းခပ္​ျမဴးျမဴး​ေလးကို ခပ္​တိုးတိုးဖြင္​့ထားၿပီး နားၾကပ္​ထိုးထည့္ထားလိုက္​တယ္​ ။ ပတ္​ဝန္​းက်င္​က အရမ္​းတိတ္​ဆိတ္​​ေနတာမ်ိဳးဆို မခံစားႏိုင္​လို႔။ အလုပ္​နဲ႔ခရီး​ေတြသြားရတုန္​း ကလည္​း တစ္​​ေယာက္​တည္​း ဟိုတယ္​​ေတြမွာ အိပ္​​ရ​ေတာ့ ညဘက္အိပ္​ၿပီဆိုတာနဲ႔ ညလင္​းမီး​ေလးထြန္​းၿပီး တီဗီြကိုခပ္​တိုးတိုး​ေလးဖြင့္ထားတာ။ ရည္​႐ြယ္​ခ်က္​က ​ေရာခ်ဖို႔။ ကိုယ့္ကို အသံဗလံ​ေပးၿပီး လာ​ေျခာက္​​ေနရင္​​ေတာင္​ တီဗြီက​ေနမွာပါဆိုၿပီး ​ေရာခ်လို႔​ရ​ေအာင္​​ေလ။ ပံုဆိုးပန္​းဆိုးႀကီးျပၿပီး မ​ေျခာက္​ရင္​ၿပီးတာပဲ။ အဲ့​ေတာ့ ဆက္​ရရင္​ သီခ်င္​းနား​ေထာင္​​ေနရင္​း နားထဲမွာ ကြၽီခနဲ တံခါးဖြင္​့လိုက္​သံလိုလို၊ ​ေလတိုးသံလိုလို ၾကားလိုက္​ရတယ္​။ အမႈမဲ့ အမွတ္​မဲ့​ေပါ့​ေနာ္​။ ၾကားလိုက္​ရမွန္​း​ေတာ့ သိလိုက္​တယ္​။ ဒါ​ေပမဲ့ ညဆို အိမ္​အျပင္​ဘက္​က​ေၾကာင္​​ေတြ ျဖတ္​​ေလ်ွာက္​​ေနတတ္​​ေတာ့ အဲ့အသံ​ေတြပဲ​ေနမွာပါဆိုၿပီး ​ေတြးလိုက္​တာ။ အာ့နဲ႔ စာပဲဆက္​ဖတ္​​ေနရင္​း သိပ္​မၾကာဘူး။ ကိုယ္​့အခန္​းထဲက ​ေျခရင္​းနား​ေလာက္​မွာ ရွပ္​ခနဲ ရွပ္​ခနဲၾကားလိုက္​ရတာပဲ။ အဲ့ထိလည္​း သတိမထားမိ​ေသးဘူး။ အမွန္​​ေတာ့ လူက အိပ္​ခ်င္​​ေနၿပီ။ အိပ္​ခ်င္​မူးတူးနဲ႔ စာဖတ္​​ေနတာဆို​ေတာ့ အာရံုကလည္​း ဟုိ​ေရာက္​သည္​​ေရာက္​​ေပါ့​ေနာ္ ​။ အဲ့မွာစတာပဲ .. ရုတ္​တရက္​ ဘယ္​ဘက္​​ေျခ​ေထာက္​ကို ​ေျခဖမိုး​ေပၚက​ေန လက္​​ေခ်ာင္​း​ေလး​ေတြနဲ႔ တို႔ဆြဲသြားတာကို ခံစားလိုက္​ရတယ္​။ ဟင္​ .. ဘာလား​ေပါ့။

အိမ္​​ေျမႇာင္​​ေတြဘာ​ေတြမ်ားလားဆိုၿပီး ​ေျခရင္​းကို လွမ္​းၾကည္​့လိုက္​​ေတာ့ ​ေမွာင္​​ေနလို႔ဘာမွမျမင္​ရဘူး။ အဲ့မွာ ၾကက္​သီးတျဖန္​းျဖန္​းထသြားၿပီး ကိုယ္႔ကိုယ္​ကိုယ္​အား​​ေပး၊ သတၱိ​ေမြးရင္​း ထၾကည္​့လိုက္​​ေတာ့ ​ေျခရင္​းမွာ လူရိပ္​တစ္​ခု၊ ငုတ္​တုတ္​ထိုင္​​ေနတာ။ ဆံပင္​​ေတြဖ်ားလ်ားခ်ထားၿပီး လက္​တစ္​ဖက္​က ကိုယ့္ေျခ​ေထာက္​ကို ထပ္​လွမ္​းဖို႔လုပ္​​ေနတာ ​ေတြ႕လိုက္​ရတာပဲ။ အဲ့မွာ အ​ေသလန္​႔သြားတာဆို​တာ .. ဘယ္​လို​ေျပာျပရမလဲ​ေတာင္​ မသိဘူး။ ႏွလံုးဆိုတာ ခုန္​​ေပါက္​ၿပီး ရင္​ဘတ္​ထဲက​ေန အျပင္​ကိုထြက္​က်လာ​ေတာ့မလိုပဲ။ လူက ​ေဆးမိထားသလိုပဲ ၾကက္​​ေသ​ေသ​ေနတာ။

ၾကည့္ေနရင္​း သူ႔လက္​က ကိုယ့္ေျခ​ေထာက္​ဆီ ကပ္​လာတာျမင္​တာနဲ႔ လန္​႔တာမလန္​႔တာ အပထား၊ အကိုင္​​ေတာ့ မခံဘူးဆိုၿပီး (အဲ့တုန္​းက ကိုယ္​့အ​ေတြးကလည္​းရယ္​ခ်င္​စရာ .. ငါ့အိမ္​ထဲလာၿပီး ရာရာစစ ငါ့လာကိုင္​တာ​ေတာ့ မခံဘူးဆိုၿပီး) ​ေဆာင့္ကန္​​ေတာ့မလို႔။ အဲ့​ေတာ့မွ ​ေျခရင္​းဘက္​က​ေန “မမႀကီး .. သမီးပါ” ဆိုတဲ့ အသံၾကားရ​ေတာ့တာပဲ။ လခြမ္​း .. ဘာႀကီးလားထင္​​ေနတာ .. တကယ္​​ေတာ့ အငယ္​မျဖစ္​​ေနတာရယ္​။ သူဖုန္​းသံုး​ေနရင္​း bill ကုန္​သြားလို႔ bill လာလႊဲခိုင္​းတာ။ ​ေမတၱာ​ေတြတံုးလြန္​းလို႔ မရွိဘူး​ေဟ့ဆိုၿပီး ​ေျပာဆိုလႊတ္​လိုက္​ရတယ္​။ လူကို ႏႈိးတာတဲ့ .. ႏႈိးပါတယ္​ဆိုမွ ႏိုးသြားမွာစိုးလို႔လားမသိဘူး .. ​ေျခဖမိုး​ေပၚက​ေန ​ေျခ​ေခ်ာင္​း​​ေလး​ေတြအထိကို ဖြဖြ​ေလး လာပြတ္​ဆြဲြသြားတာ။ ရိုက္​လိုက္​​ေတာ့ ဘာျဖစ္​မွာမို႔တုန္​း။ ​ေျခ​ေထာက္​ကို လႈပ္​တာဆိုရင္​လည္​း ပီပီျပင္​ျပင္​ ​လႈပ္​ပစ္​လိုက္​ .. ဆြဲပစ္​လိုက္​​ေပါ့။ ခုက အသံလည္​း​ေပးတာမဟုတ္​ဘဲနဲ႔။ ၿပီး​ေတာ့ ဒင္​းက ဆံပင္​အရွည္​ႀကီးရယ္​။ သူ႔ဆံပင္​က တင္​ပါးဖံုးတယ္​။ စဥ္​းစားၾကည့္ၾကပါ အရပ္​ကတို႔ရယ္​ .. မနက္​သံုးနာရီ​ေလာက္​ အဲ့ဆံပင္​ဖားလ်ားႀကီးနဲ႔ အိပ္​ရာ​ေျခရင္​းမွာ ငုတ္​တုပ္​​ေလးထိုင္​ရင္​း ​ေျခ​ေထာက္​လာဆြဲတာ။ ဒီကလူ လန္​႔ျဖန္​႔ၿပီး ​ေသမသြားတာကံ​ေကာင္​း။ ​ေဆာင့္ကန္​လိုက္​မိရင္​လည္​း သူ႔မ်က္​ႏွာကို တည့္တည့္ထိၿပီး ညႀကီးမင္​းႀကီး ​ေျဗာင္​းဆန္​ကုန္​မွာ။

ကိုယ္​့အျဖစ္​က ​ေနာက္​ဆံုးက် ငွက္​မသိ​ေတာ့ ဆက္​ရက္​ ခ်ိဳးထင္​၊ အခ်က္​မသိ​ေတာ့ သားမက္​ သူခိုးထင္​၊ အခန္​႔မသင္​့​ေတာ့ ညီမ အဟြာထင္​မိတာ ျဖစ္​​ေနတာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nandar ( For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #
“ဖြန်း”

မျက်လုံးပြာပြာနဲ့ ခပ်ချောချောမင်းသားမျက်နှာ ကြောင့် Channel 9 ကပြနေတဲ့ ဘာကားမှန်းမသိတဲ့ကားကို ရီမုနဲ့လှမ်းပိတ်ရင်း ခုနက မရိုက်အားလို့မရိုက်ဖြစ်သေးတဲ့ ခြင်ကို ဖြန်းခနဲချရတယ်။ မဆိုးပါဘူး .. ဒီတစ်ခါလည်း လွတ်သွားတာပဲ။

ဝှားခနဲ သမ်းရင်း နာရီကိုကြည့်မိတော့ တစ်ချက်ထိုးနေပြီ။ သမ်းသာသမ်းနေတာ .. အိပ်ချင်စိတ်က ဒီလောက်ရှိသေးတာမဟုတ်ဘူးရယ် ။ ဒါပေမဲ့ ဆက်ထိုင်နေရင်လည်း ခြင်ဆော်တာခံရပြီး အခန့်မသင့်ရင် အမေထွက်လာပြီး ဆူတာပါခံရနိုင်တာမို့ ခြေသံလေးဖွနင်းရင်း ဧည့်ခန်းထဲမှာ စားထားဖွထားသမျှ မြန်မြန်ရှင်းပြီးတာနဲ့ မီးလေးအသာပိတ်ပြီး အိပ်ရာထဲဝင်လာခဲ့လိုက်တယ်။ နွေဆိုတော့ ပူရလောင်ရတဲ့ထဲ ညဆိုတံခါးတွေပိတ်အိပ်ဖို့ အမြဲမှာတတ်တဲ့မာတာမိခင်ကြောင့် အိပ်ဖို့ကြိုးစားပေမယ့်လည်း တော်တော်နဲ့အိပ်မရတော့ဘူး ။ ဆယ့်တစ်နာရီလောက်တုန်းက သောက်ထားတဲ့ကော်ဖီအစွမ်းကလည်း ပြနေတော့ မျက်လုံးဆိုတာလည်း ဘာပြောကောင်းမလဲ .. လွှတ်ကိုပြူးနေတာ။ အာ့နဲ့ မထူးပါဘူးဆိုပြီး အိပ်ရာထဲကထ .. အိမ်ရှေ့ခန်းမှာ အားသွင်းထားခဲ့တဲ့ ကိုယ့်ဖုန်းလေးကိုယ် ခြေသံလုံလုံနဲ့ သွားပြန်ခိုးပြီး အိပ်ရာထဲပြန်ဝင်လာခဲ့တယ်။

အမယ်လေး .. ရင်တွေခုန်လိုက်တာမှ ရင်ဘတ်ထဲမှာ ကွက်ပြီး ကုလားဘုရားပွဲလှည့်နေသလိုပဲ။

ဖုန်းစခရင်လေးဖွင့်ကြည့်တော့ နှစ်နာရီတောင် ကျော်နေပြီဆိုတာ သိလိုက်ရတယ်။ အိပ်မပျော်တာအကြောင်းပြု ပြီး ဖုန်းလေးဟိုပွတ်ဒီပွတ်လုပ်ရင်း ပို့စ်တစ်ခုသွားတွေ့တယ်။ နယူးဖိစ်မှာ တစ်ယောက်ယောက် ရှဲထားတာလေး .. ဘာတဲ့ .. အမြန်လမ်းပေါ်က ဘာတွေဆိုလား (ဘာလဲဆွာ ကွကိုယ်ဖြည့်တွေး .. ခုစာရေးနေရင်းတောင် ကြက်သီးထတယ်) အစက မဖတ်တော့ပါဘူးဆိုပြီး ကျော်သွားမလို့ပဲ။ ပြီးတော့မှ အိပ်မပျော်တာကော၊ တခြားကြည့်စရာလည်း ဘာမှမရှိတော့တာနဲ့ အဲ့ရှဲထားတဲ့ ဖရန့်ဝေါထဲဖွင့်ကြည့်ပြီး ခုနပို့စ်လေးပြန်ရှာပြီး ဖတ်ကြည့်မိတယ်။ အမယ်လေး .. ရေးထားလိုက်တာများစုံလို့။ ပို့စ်တင်ထားတဲ့ အိုပီထက် သူ့ပို့စ်အောက်မှာ ဝင်ပေးထားကြတဲ့ ကော်မန့်တွေက သာဆိုးသေး။ ကိုယ်တွေ့ဆိုတာတွေချည်း မန့်ထားကြတာ။ အဲ့ထဲက တစ်ခုကိုသွားဖတ်မိပြီး ကြက်သီးတွေထလာလိုက်တာဆိုတာ တဖြန်းဖြန်းပဲ။ သူငယ်ချင်းတွေစုပြီး ခရီးသွားကြရင်း လမ်းမှာ အဖွဲ့ထဲက ကောင်မလေးတစ်ယောက် ဝင်ပူးခံရတဲ့အကြောင်း ပြောပြထားတာ။ ပူးလိုက် ပြန်ထွက်သွားလိုက်နဲ့ ဘယ်လိုမှ ထိန်းမရဘူးတဲ့။ ကားပေါ်မှာပါလာတဲ့ သူငယ်ချင်းတွေလည်း ဘယ်အချိန် ကိုယ့်များဝင်ပူးမလဲ တထိတ်ထိတ်နဲ့ ဘုရားစာတွေဝိုင်းရွတ်ကြ၊ သတ္တိကောင်းတဲ့သူတွေက အဲ့အပူးခံရတဲ့ကောင်မလေးကို ဝိုင်းထိန်းကြ .. ဗြောင်းတွေဆန်နေတာပေါ့။ ကိုယ်လည်းဖတ်နေရင်း တကယ်အပြင်မှာ ကိုယ်ပါ အဲ့အုပ်စုထဲရောက်သွားသလိုပဲ။ အချိန်ကလည်း သုံးနာရီထိုးလုနီးပါး .. အဲ့အချိန်ဆို သူတို့ မြူးကြတဲ့အချိန်ဆိုလား။ ကြောက်လည်းကြောက်၊ သိချင်စိတ်ကလည်းများနေတော့ ကြောက်ကြောက်နဲ့ ဆက်ဖတ်နေတာ။

နားထဲမှာတော့ ကြောက်စိတ်ပြေရုံလောက် သီချင်းခပ်မြူးမြူးလေးကို ခပ်တိုးတိုးဖွင့်ထားပြီး နားကြပ်ထိုးထည့်ထားလိုက်တယ် ။ ပတ်ဝန်းကျင်က အရမ်းတိတ်ဆိတ်နေတာမျိုးဆို မခံစားနိုင်လို့။ အလုပ်နဲ့ခရီးတွေသွားရတုန်း ကလည်း တစ်ယောက်တည်း ဟိုတယ်တွေမှာ အိပ်ရတော့ ညဘက်အိပ်ပြီဆိုတာနဲ့ ညလင်းမီးလေးထွန်းပြီး တီဗွီကိုခပ်တိုးတိုးလေးဖွင့်ထားတာ။ ရည်ရွယ်ချက်က ရောချဖို့။ ကိုယ့်ကို အသံဗလံပေးပြီး လာခြောက်နေရင်တောင် တီဗွီကနေမှာပါဆိုပြီး ရောချလို့ရအောင်လေ။ ပုံဆိုးပန်းဆိုးကြီးပြပြီး မခြောက်ရင်ပြီးတာပဲ။ အဲ့တော့ ဆက်ရရင် သီချင်းနားထောင်နေရင်း နားထဲမှာ ကျွီခနဲ တံခါးဖွင့်လိုက်သံလိုလို၊ လေတိုးသံလိုလို ကြားလိုက်ရတယ်။ အမှုမဲ့ အမှတ်မဲ့ပေါ့နော်။ ကြားလိုက်ရမှန်းတော့ သိလိုက်တယ်။ ဒါပေမဲ့ ညဆို အိမ်အပြင်ဘက်ကကြောင်တွေ ဖြတ်လျှောက်နေတတ်တော့ အဲ့အသံတွေပဲနေမှာပါဆိုပြီး တွေးလိုက်တာ။ အာ့နဲ့ စာပဲဆက်ဖတ်နေရင်း သိပ်မကြာဘူး။ ကိုယ့်အခန်းထဲက ခြေရင်းနားလောက်မှာ ရှပ်ခနဲ ရှပ်ခနဲကြားလိုက်ရတာပဲ။ အဲ့ထိလည်း သတိမထားမိသေးဘူး။ အမှန်တော့ လူက အိပ်ချင်နေပြီ။ အိပ်ချင်မူးတူးနဲ့ စာဖတ်နေတာဆိုတော့ အာရုံကလည်း ဟိုရောက်သည်ရောက်ပေါ့နော် ။ အဲ့မှာစတာပဲ .. ရုတ်တရက် ဘယ်ဘက်ခြေထောက်ကို ခြေဖမိုးပေါ်ကနေ လက်ချောင်းလေးတွေနဲ့ တို့ဆွဲသွားတာကို ခံစားလိုက်ရတယ်။ ဟင် .. ဘာလားပေါ့။

အိမ်မြှောင်တွေဘာတွေများလားဆိုပြီး ခြေရင်းကို လှမ်းကြည့်လိုက်တော့ မှောင်နေလို့ဘာမှမမြင်ရဘူး။ အဲ့မှာ ကြက်သီးတဖြန်းဖြန်းထသွားပြီး ကိုယ့်ကိုယ်ကိုယ်အားပေး၊ သတ္တိမွေးရင်း ထကြည့်လိုက်တော့ ခြေရင်းမှာ လူရိပ်တစ်ခု၊ ငုတ်တုတ်ထိုင်နေတာ။ ဆံပင်တွေဖျားလျားချထားပြီး လက်တစ်ဖက်က ကိုယ့်ခြေထောက်ကို ထပ်လှမ်းဖို့လုပ်နေတာ တွေ့လိုက်ရတာပဲ။ အဲ့မှာ အသေလန့်သွားတာဆိုတာ .. ဘယ်လိုပြောပြရမလဲတောင် မသိဘူး။ နှလုံးဆိုတာ ခုန်ပေါက်ပြီး ရင်ဘတ်ထဲကနေ အပြင်ကိုထွက်ကျလာတော့မလိုပဲ။ လူက ဆေးမိထားသလိုပဲ ကြက်သေသေနေတာ။

ကြည့်နေရင်း သူ့လက်က ကိုယ့်ခြေထောက်ဆီ ကပ်လာတာမြင်တာနဲ့ လန့်တာမလန့်တာ အပထား၊ အကိုင်တော့ မခံဘူးဆိုပြီး (အဲ့တုန်းက ကိုယ့်အတွေးကလည်းရယ်ချင်စရာ .. ငါ့အိမ်ထဲလာပြီး ရာရာစစ ငါ့လာကိုင်တာတော့ မခံဘူးဆိုပြီး) ဆောင့်ကန်တော့မလို့။ အဲ့တော့မှ ခြေရင်းဘက်ကနေ “မမကြီး .. သမီးပါ” ဆိုတဲ့ အသံကြားရတော့တာပဲ။ လခွမ်း .. ဘာကြီးလားထင်နေတာ .. တကယ်တော့ အငယ်မဖြစ်နေတာရယ်။ သူဖုန်းသုံးနေရင်း bill ကုန်သွားလို့ bill လာလွှဲခိုင်းတာ။ မေတ္တာတွေတုံးလွန်းလို့ မရှိဘူးဟေ့ဆိုပြီး ပြောဆိုလွှတ်လိုက်ရတယ်။ လူကို နှိုးတာတဲ့ .. နှိုးပါတယ်ဆိုမှ နိုးသွားမှာစိုးလို့လားမသိဘူး .. ခြေဖမိုးပေါ်ကနေ ခြေချောင်းလေးတွေအထိကို ဖွဖွလေး လာပွတ်ဆွဲသွားတာ။ ရိုက်လိုက်တော့ ဘာဖြစ်မှာမို့တုန်း။ ခြေထောက်ကို လှုပ်တာဆိုရင်လည်း ပီပီပြင်ပြင် လှုပ်ပစ်လိုက် .. ဆွဲပစ်လိုက်ပေါ့။ ခုက အသံလည်းပေးတာမဟုတ်ဘဲနဲ့။ ပြီးတော့ ဒင်းက ဆံပင်အရှည်ကြီးရယ်။ သူ့ဆံပင်က တင်ပါးဖုံးတယ်။ စဉ်းစားကြည့်ကြပါ အရပ်ကတို့ရယ် .. မနက်သုံးနာရီလောက် အဲ့ဆံပင်ဖားလျားကြီးနဲ့ အိပ်ရာခြေရင်းမှာ ငုတ်တုပ်လေးထိုင်ရင်း ခြေထောက်လာဆွဲတာ။ ဒီကလူ လန့်ဖြန့်ပြီး သေမသွားတာကံကောင်း။ ဆောင့်ကန်လိုက်မိရင်လည်း သူ့မျက်နှာကို တည့်တည့်ထိပြီး ညကြီးမင်းကြီး ဗြောင်းဆန်ကုန်မှာ။

ကိုယ့်အဖြစ်က နောက်ဆုံးကျ ငှက်မသိတော့ ဆက်ရက် ချိုးထင်၊ အချက်မသိတော့ သားမက် သူခိုးထင်၊ အခန့်မသင့်တော့ ညီမ အဟွာထင်မိတာ ဖြစ်နေတာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Nandar ( For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top