စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ေပ ၂၀ ပတ္လည္ ေျမစိုက္အိမ္တစ္လံုးရဲ႔ ေစာင္းတဲထဲမွာ အသက္ ၇၀ ေက်ာ္အဖိုးအိုတစ္ဦး လွဲၿပီး အိပ္ေနတယ္။ သူ႔ခႏၶာကိုယ္ကိုယ္ သာမန္လူေတြလို ကိုယ္လက္အဂၤါ အျပည့္စံုမပါဘူး။ မ်က္လံုးတစ္ဖက္ ၊ ေျခေထာက္တစ္ဖက္ နဲ႔ လက္ႏွစ္ဖက္ မပါတဲ့ မသန္စြမ္းအဘိုးအို တစ္ဦးျဖစ္ပါတယ္။

သူေနတဲ့ေနရာေလးက မိုးရာသီဆို မိုးမလံုသလို ၊ အခုလိုေဆာင္းရာသီဆိုရင္ ေဘးအကာကြယ္ မရွိတဲ့အတြက္ အေအးဓာတ္လႊမ္းမိုးေနတယ္။ အဘိုးအိုအိပ္တဲ့ေနရာက လြဲရင္ က်န္တဲ့ေနရာမွာ ေရဒီယိုေလး ႏွစ္လံုး ၊ တီဗီြအေဟာင္းေလးတစ္လံုး ၊ မိုးကုတ္ဆရာေတာ္ ဘုရားရဲ႔ တရားေခြ ၊ စားစရာတင္တဲ့စားပြဲတစ္လံုးနဲ႔ သူ႔ရဲ႔ အျခားအသံုးအေဆာင္ပစၥည္းေတြနဲ႔ တဲေလးထဲမွာ ျပည့္ေနပါတယ္။

အဲဒီအဘိုးအိုဟာ စစ္ေျမျပင္အင္ဂ်င္နီယာတပ္ခြဲ(၉၀၁)မွာ ၁၈ ႏွစ္ေက်ာ္ၾကာတာဝန္ထမ္း ေဆာင္ ခဲ့တဲ့ ပင္စင္စားအဘိုးအို ဦးလွမိုးပဲျဖစ္ပါတယ္။ သူ႔ရဲ႔မ်က္လံုးတစ္ဖက္ ၊ ေျခေထာက္တစ္ဖက္နဲ႔ လက္ႏွစ္ဖက္ဟာ မိုင္းထိလို႔ပ်က္စီးခဲ့တာျဖစ္ပါတယ္။ဦးလွမိုးဟာ စစ္ေျမျပင္အင္ဂ်င္နီယာတပ္ခြဲ( ၉၀၁ )မွာ ၁၉၆၂ ခုႏွစ္ကတည္းက တာဝန္ထမ္းေဆာင္ခဲ့ၿပီး မိုင္းကၽြမ္းက်င္သူျဖစ္တဲ့အတြက္ ဂုတ္ထိပ္တံတားမွာ မိုင္းရွင္းဖို ့ တာဝန္ေပးခံခဲ့ရတာပါ။

၁၉၇၅ ခုႏွစ္ ဒီဇင္ဘာလအတြင္းမွာ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာရွိတဲ့ ကမၻာေက်ာ္ ဂုတ္ထိပ္တံတား မိုင္းရွင္းရင္း သူ မိုင္းထိခဲ့တယ္။အဲသည္တုံးက ဂုတ္ထိပ္တံတားကုိ မုိင္းရွင္းခဲ့သူ၁၂ ဦးရွိျပီး ၆ဦး မိုင္းထိမွန္ခဲ့တယ္။ မုိင္းထိခံရသူေတြထဲက ဦးလွမုိး တစ္ဦးတည္း အသက္ရွင္ က်န္ခဲ့ပါတယ္။

“ ဗကပ က ၁၂ လပိုင္းကုန္ရင္ ဂုတ္ထိပ္တံတားကိုသိမ္းမယ္ဆိုၿပီးေၾကျငာထားတယ္။ အဲဒီမွာ လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္က ဆင္ထားတဲ့မိုင္းအေဟာင္းေတြကို ျပန္ျဖဳတ္ၿပီး ဘႀကီးတို႔က အသစ္ျပန္ ဆင္ရတယ္”လို႔ ဦးလွမိုးကေျပာပါတယ္။ရန္သူဘက္က လာေရာက္သိမ္းမယ္လို႔ ေၾကျငာထားတဲ့အတြက္ ့ အရင္က ဆင္ထားတဲ့ မိုင္းေတြကို အစရွာဖို႔ ၊ ေနာက္ထပ္အသစ္ျပန္ဆင္ဖို႔ စစ္ေျမျပင္အင္ဂ်င္နီယာတပ္က ရဲေဘာ္ ၁၂ ေယာက္ကို ဦးလွမိုးဦးေဆာင္ၿပီး မိုင္းရွာတဲ့ လုပ္ငန္းကိုေဆာင္ရြက္ခဲ့ပါတယ္။
ဒီဇင္ဘာလျဖစ္တဲ့အတြက္ မိုင္းရွင္းတဲ့ေန႔ မနက္ ၈ နာရီေလာက္မွာ ႏွင္းေတြကလည္း က်ေနတယ္။ ဦးလွမိုးတို႔ အဖြဲ႔ဟာ မိုင္းေဖာ္ဖို႔ ဂုတ္ထိပ္တံတား ညာဘက္ထိပ္ကေန ဘယ္ဘက္ကို ဆင္းလာႀကတယ္။

ဦးလွမိုးတို႔ အဖြဲ႔ေဖာ္ခဲ့တဲ့မိုင္းဟာ ေျမပံုမွာ တိုက္မိုင္းလို႔ေဖာ္ျပထားတဲ့အတြက္ တိုက္မိုင္း ျဖဳတ္တဲ့နည္းအတိုင္း ႀကိဳးကိုျဖတ္လိုက္ပါတယ္။ႀကိဳးျဖတ္လိုက္ခ်ိန္မွာပဲ ဂ်ိမ္းဂ်ိမ္းဂ်ိမ္းဆိုတဲ့အသံ ထြက္သြားတယ္။ အဲဒီအခ်ိန္မွာ သူသိလိုက္ တာက ယမ္းနံ႔နဲ႔ ေသြးနံ႔ေတြက သူ႔ႏွာေခါင္းထဲတိုး ဝင္လာတယ္။

မိုင္းႀကိဳးကိုျဖတ္လိုက္တာဟာ သူ႔ရဲ႔ဘဝကို တစ္စစီျဖစ္ေစခဲ့တာပါပဲ။
“အမွန္က ရန္သူကိုလွည့္ထားတာ။ တိုက္မိုင္းဆိုၿပီးျပထားတယ္၊ ျပန္လုပ္ထားတာက တင့္လြတ္မိုင္းျပန္လုပ္ထားတယ္။ ေျမပံုမွာရန္သူကို လွည့္ထားတဲ့အတိုင္း ျပထားေတာ့ေဖာ္တဲ့သူေတြ မွာဒုကၡေရာက္တာေပါ့”လို႔ သူေတြ႔ႀကံဳခဲ့ရပံုကို ဆက္ေျပာပါတယ္။
ထြက္လာတဲ့ မိုင္းကြဲသံနဲ႔အတူ ဦးလွမိုးရဲ႔ မ်က္လံုးတစ္ဖက္ဟာ အေပၚကို ကၽြတ္ထြက္ သြားတယ္။ လက္ႏွစ္ဖက္နဲ႔ ေျခတစ္ဖက္မွာ အရိုးေတြလည္း ေၾကမြပ်က္စီးသြားတယ္။ ဒဏ္ရာရထားတဲ့ေနရာေတြက အေရျပားေတြဟာ တြဲေလာင္းက်ေနတယ္။
အဲဒီအခ်ိန္အထိ သ႔ူကိုသူ မိုင္းထိၿပီး ဒဏ္ရာအႀကီးက်ယ္ရမွန္းမသိပဲ စိတ္ထဲမွာ အျခားရဲေဘာ္ေတြအတြက္ပဲ စိတ္ပူေနတုန္းပါပဲ။

“ေသြးတအားပူေနလို႔ထင္တယ္ ထိလို႔ထိမွန္းကိုမသိဘူး။ ဒီနားမွာ ေသြးနံ႔လိုလို ၊ မိုင္းနံ႔လိုလို ရတယ္ ၊ ဒီနားကို ဆင္းမလာဖို႔ အေပၚမွာရွိေနတဲ့ရဲေဘာ္ေတြကိုလွမ္းေျပာတယ္”လို႔ ဦးလွမိုးက ေျပာတယ္။ဒဏ္ရာရၿပီး ခဏအၾကာမွာ ေဆးတပ္သားေလးဦးက သူဒဏ္ရာရတဲ့ေနရာကို ဆင္းလာပါတယ္။ ဦးလွမိုးကို ေသြးလန္႔မွာဆိုးလို႔ မိုင္းထိၿပီး ဒဏ္ရာရေနတဲ့အေၾကာင္းကို ေဆးတပ္သားေတြက အသိမေပးခဲ့ပါဘူး။

ဆရာေနာက္နား ဆုတ္ၿပီး ပတ္လက္လွဲ လိုက္ပါလို႔ ေျပာေတာ့မွ တစ္ခုခုျဖစ္ၿပီဆိုတာ သတိထားမိတယ္။ ဒါေပမယ့္ နာတာ ၊ က်ဥ္တာမရွိပဲ ေသြးတအားထြက္လို႔ ေရဆာေနတာပဲရွိတယ္လို႔ သူကဆိုတယ္။ေရဆာေပမယ့္ ေဆးတပ္သားေတြကို ေရတိုက္ရင္ ေသြးခဲၿပီး ေသသြားႏိုင္တာေၾကာင့္ ေရမတိုက္ပဲ အရက္အနည္းငယ္ကုိ ဂြမ္းစေလးနဲ႔ တစ္စက္ခ်င္းသာ ပါးစပ္အတြင္းေဆးတပ္သားေတြက ထည့္ေပးခဲ့တယ္။
ဦးလွမိုးဟာ မိုင္းထိၿပီးၿပီးခ်င္း ၄၅ မိနစ္ခန္႔သာ သတိရခဲ့ၿပီး ရက္ေပါင္း ၃၁ ရက္ၾကာေအာင္ သတိလစ္ေနခဲ့တယ္။

လားရွိဳးဘက္ကို စစ္ေၾကာင္းထြက္လာတဲ့ မိတၳီလာ အေျမာက္တပ္ ( ၃၀၂) က ရထားနဲ႔ သူ႔ကို ေက်ာက္မဲ ခမရ (၂၂)ကို သယ္လာပါတယ္။ ေက်ာက္မဲျပည္သူ႔ေဆးရံုေရာက္ေတာ့ ေသြး ၁၀ ပုလင္း သြင္းၿပီး ေဆးရံုမွာ ေသြးကကုန္သြားပါတယ္။

ဦးလွမိုးတစ္ေယာက္ ကံေကာင္းခ်င္ေတာ့ ေဆးရံုမွာသူနာျပဳသင္တန္းလာတက္တဲ့ ျမစ္ဆံုဘက္က သူနာျပဳဆရာမႏွစ္ဦးက သူ႔ကို ေသြးလွဴခဲ့ပါတယ္။
“သူတို႔ကို မိုးမိတ္တုန္းက ဘႀကီးက ကူညီခဲ့တယ္။ အဲဒီေက်းဇူးကို သိေတာ့ ေဆးရံုမွာ ဒါက ဆရာလွမိုး မို႔လားေမးၿပီး လာလွဴသြားတယ္။ ကံေကာင္းခ်င္ေတာ့ ေသြးအမ်ိဳးအစားခ်င္းကလည္း တူေနတယ္” လို႔ သူကေျပာပါတယ္။
သူဟာ စစ္ေျမျပင္အင္ဂ်င္နီယာတပ္ခြဲ( ၉၀၁ ) မွာ တာဝန္ထမ္းေဆာင္စဥ္က အားကစားမွာ ထူးခၽြန္သူတစ္ဦးျဖစ္ခဲ့တယ္။ ေရးကူးၿပိဳင္ပြဲမွာလည္း ဆုရရွိခ့ဲဖူးတယ္လို႔ တဲနံရံမွာ ခ်ိတ္ထားတဲ့ ဆုရရွိစဥ္ကပံုကို လက္ေမာင္းအရင္းပိုင္းေလာက္သာက်န္တဲ့ သူ႔ရဲ႔ညာဘက္လက္နဲ႔ညႊန္ျပၿပီး ေျပာပါတယ္။

စကားေျပာရငး္ ေမာလာတဲ့အတြက္ သူ႔ေဘးက စားပြဲအေသးေလးေပၚမွာ အဆင္သင့္ျပင္ေပးထားတဲ့ လဖၻက္ရည္ခြက္ကို ပိုက္နဲ႔ တစ္ႀကိဳက္စုပ္လိုက္ပါတယ္။ ေရေႏြးၾကမ္းထည့္ထားတဲ့ခြက္ကိုလည္း ဆာတဲ့အခ်ိန္အဆင္သင့္ ေသာက္ႏိုင္ေအာင္ ပိုက္တပ္ထားပါတယ္။

မိုင္းဒဏ္ရာရရွိလို႔ ေဆးရံုမွာ ဆရာ၀န္ေတြခြဲစိပ္ကုသေနေပမဲ့ အားကစား၀ါသနာပါသူျဖစ္လုိ႔ ကေယာင္ကတမ္းနဲ႔ ပါးစပ္ကေန ေဘာလံုးကို ဘယ္လိုကန္ရတယ္၊ ေရကူးရင္ လက္ကိုဘယ္လို အေနထားထားမယ္ ဆုိၿပီးေျပာေနခဲ့တယ္။ မုိင္းဒဏ္ေႀကာင့္ မ်က္လံုးတစ္ဖက္ ၊ လက္ႏွစ္ဖက္နဲ႔ ေျခတစ္ဖက္ ဆံုးရွံဳးခဲ့ေပမယ့္ အားကစားစိတ္ဓာတ္ရွိသူမုိ႔ ဦးလွမုိး စိတ္ဓာတ္မက်ခဲ့ပါဘူး။

“ဘာကိုမွအခက္ခဲလို႔ သေဘာမထားဘူး ။ စိတ္ဓာတ္က်ၿပီး မ်က္ရည္က်တဲ့အထဲမွာမပါဘူး”လို႔ ဦးလွမိုးကေျပာတယ္။
ဦးလွမိုးဟာမိုင္းထိလို႔ ခႏၶာကိုယ္အစိတ္ပိုင္းအခ်ိဳ႔ ပ်က္စီးဆုံးရွုံးခဲ့ရေပမယ့္ သူ႔နဲ႔ တခ်ိန္တည္းမိုင္း ထိခဲ့သူေတြက မိုင္းဒဏ္ေၾကာင့္ေသဆံုးခဲ့ရတယ္။ သူကေတာ့ အသက္ေဘးက သီသီေလး လြတ္ေျမာက္ခဲ့ရသူျဖစ္တယ္။
ေက်ာက္မဲေဆးရံုကေန လားရွိဳး ၊ လားရွိဳးကေနတစ္ဆင့္ မႏၱေလးကို ေလယာဥ္နဲ႔ ဦးလွမိုး ကိုသယ္ေဆာင္ခဲ့တယ္။ မိုင္းဒဏ္ရာေတြရေနတဲ့ၾကားက ဦးလွမိုးတစ္ေယာက္ ေလယာဥ္ေပၚမွာလည္း အသက္အႏၱရာယ္ေဘးႀကံဳခဲ့ရပါေသးတယ္။

မႏၱေလးကိုမေရာက္ခင္မွာ ေလယာဥ္နဲ႔သယ္လာခ်ိန္မွာ ေလယာဥ္က ေလေၾကာင္းျပတ္ၿပီး တုန္ခါသြား ခဲ့ေသးတယ္။ ေလယာဥ္တုန္ခါမႈေၾကာင့္ ပတ္လက္အေနထား ေသြးသြင္းပိုက္တန္းလန္းနဲ႔ ဦးလွမိုးဟာ အေပၚကိုေျမာက္သြားၿပီး ေလယာဥ္မ်က္ႏွက္ၾကက္နဲ႔ ခိုက္မိတယ္။ ျပန္အက်မွ ပက္လက္အေနထား ကေန ေမွာက္ခံုျဖစ္သြားခဲ့တယ္။
“အဲဒီတုန္းက လုိက္ေစာင့္ေပးတဲ့တပ္ၾကပ္ႀကီးကေျပာတယ္။ ခင္ဗ်ားတင္ထားထားတဲ့စင္ေပၚ ျပန္က်လို႔ ၊ ၾကမ္းျပင္ေပၚသာက်ရင္ တခါတည္းၾကြ (ေသ)သြားႏိုင္တယ္လို႔ ေဆးရံုမွာလာ ေျပာတယ္”လို႔ ဦးလွမိုးကေျပာတယ္။

မဂၤလာဒံုေဆးရံုကို သယ္စဥ္မွာ ေလယာဥ္ကြင္းေရာက္တဲ့အထိ ဦးလွမိုးတစ္ေယာက္ ကံဇာတာက တက္မလာေသးပါဘူး။ ေလယာဥ္ေပၚမွာပါတဲ့လူနာ ၇ ေယာက္ကိုေတာ့သယ္ၿပီး ေလယာဥ္တံခါးနဲ႔ ကြယ္ေနတဲ့ ဦးလွမိုးကိုေတာ့ က်န္ေနခဲ့တာလည္း ျဖစ္ခဲ့ေသးတယ္။ ေလယာဥ္တံခါးလာပိတ္တဲ့ဝန္ထမ္းကေတြ႔ၿပီးအေၾကာင္းၾကားလို႔ ဦးလွမိုး မဂၤလာဒံုေဆးရံုကို ေရာက္ရွိခဲ့တယ္။

မဂၤလာဒံုေဆးရံုကို သူနဲ႔အတူမိုင္းထိခဲ့သူေတြထဲက မိုင္းဒဏ္ရာေၾကာင့္ ေျခတစ္ဖက္ျဖတ္ ခံထားရတဲ့ ရဲေဘာ္တစ္ေယာက္ပါလာေသးတယ္။ အဲဒီရဲေဘာ္ဟာ ေနာက္ေျခတစ္ဖက္ျဖတ္ ရလိမ့္မယ္ထင္တယ္လို႔ ဆရာဝန္ေတြအခ်င္းခ်င္းေျပာတာကိုၾကားသြားတယ္။
ဦးလွမိုးလို ဒဏ္ရာအႀကီးက်ယ္ မရခဲ့တဲ့ အဲဒီရဲေဘာ္ကို အားေပးစကားေျပာခဲ့တယ္။ ဒါေပမယ့္ ရဲေဘာ္က စိတ္ဓာတ္က်ၿပီး သူ႔ကိုယ္သူ ေဆးရံုမွာပဲအဆံုးစီရင္ခဲ့တယ္။
ဦးလွမိုးဟာ မဂၤလာဒုံ ေဆးရံုမွာ တစ္ႏွစ္ခြဲေလာက္ေဆးကုသမႈခံယူခဲ့ရပါတယ္။

 ေဆးကုသမႈခံယူၿပီးေတာ့လည္း ကံေကာင္းျခင္းေတြက စစ္သားေဟာင္းႀကီး ဦးလွမိုးစီကို အလွည့္ေရာက္မလာပါဘူး။သူရဲ႔မိန္းမက သူေလ်ာ္ေၾကးရတဲ့ ေငြက်ပ္ႏွစ္ေသာင္းကို ယူၿပီးဦးလွမိုးနဲ႔ သားသမီး ငါးေယာက္ကို ထားခဲ့ကာ အိမ္ေထာင္သစ္ထူေထာင္သြားခဲ့တယ္။ သားသားမီးငါးေယာက္နဲ႔ မသန္စြမ္းဘ၀ကုိေရာက္ေနတဲ့ ဦးလွမိုးကို ပစ္ထားခဲ့ပါတယ္။
အေကာင္းတိုင္းက်န္ေနတဲ့ မ်က္လံုးတစ္ဖက္ရယ္ ၊ ေျခေထာက္တစ္ဖက္တည္းနဲ႔ ႏွစ္ေပါင္း ၄၀ ေလာက္ ဘ၀ကုိ ရုန္းကန္ခဲ့ရတယ္။ ဒါေပမယ့္ ဦးလွမိုးဟာ စိတ္ဓာတ္မက် ဇြဲမေလ်ာ့ပဲ သူ႔သားသမီးငါးေယာက္ကို တစ္လမွာရရွိတဲ့ ပင္စင္ေၾကး ၃၅၀ က်ပ္နဲ႔ေလာက္ငွေအာင္ ရုန္းကန္ရွာေဖြေကၽြးေမြးေစာင့္ေရွာက္ခဲ့တယ္။

“ သမဆိုင္မွာ ဆန္တစ္ျပည္ ၁ က်ပ္ ၉၅ ျပားကို တစ္ျပည္ထုပ္ထုပ္ၿပီး ၂ က်ပ္ တစ္မတ္နဲ႔ ျပန္ေရာင္းတယ္။ တပ္က အရာရွိေတြကို ဆန္တို႔ဆီတို႔ေထာက္ပံ႔ေပးဖို႔ေျပာတယ္။ ဆန္တစ္အိတ္ေပး ရင္ ျပန္ေရာင္းအဲဒီလိုနဲ႔ သားသမီးငါးေယာက္ စားတယ္”လို႔ ၾကာခဲ့ၿပီျဖစ္တဲ့ သူ႔ဘဝအေၾကာင္းေတြကို မွတ္မွတ္ရရျပန္ေျပာတယ္။
ႏွစ္ေပါင္း ၄၀ ေလာက္ခက္ခက္ခဲခဲ ရွာေဖြေကၽြးေမြးခဲ့တဲ့ သားသမီးငါးေယာက္ဟာ အခုခ်ိန္ဆိုရင္ သားေလးေယာက္က တပ္မေတာ္မွာ တာဝန္ထမ္းေဆာင္ေနၿပီး သမီးကလည္း မႏၱေလးတိုင္းရဲတပ္ဖြဲ႔မွာ တာဝန္ထမ္း ေဆာင္ေနၿပီျဖစ္ပါတယ္။

ယခုအခါ ဦးလွမိုးက သူ႔ရဲ႕သမီးနဲ႔သာအတူ ရဲေဘာ္စိုက္ကြင္း အေရွ႔ပိုင္း ၊ ခ်မ္းျမ သာယာရပ္ကြက္မွာ ေနထိုင္ပါတယ္။ သူမိုင္းထိစဥ္က အသက္ ၃၅ ႏွစ္အရြယ္ျဖစ္ၿပီး အခုဆို အသက္က ၇၅ ႏွစ္ရွိၿပီ ျဖစ္တယ္။ႏိုင္ငံ့တာဝန္ကို ထမ္းေဆာင္ရင္း မသန္စြမ္းျဖစ္ခဲ့တဲ့ ဦးလွမိုးေနထိုင္တဲ့ေနရာဟာ မိုးကမလံု ၊ အကာရံမရွိနဲ႔ ျပည့္စံုမႈမရွိပါဘူး။
အသက္ငယ္ရြယ္စဥ္က သူ႔အတြက္ ကူေဖာ္ေလာင္ဖက္မလိုေပမယ့္ အသက္ႀကီးလာတဲ့အခါ ေတာက္တိုမယ္ရခိုင္းဖို႔ လိုအပ္လာပါတယ္။ အဲဒါေၾကာင့္ သူတို႔ရပ္ကြက္ထဲက မိဘေတြကပစ္ထားတဲ့ ေျခာက္ႏွစ္အရြယ္ ေက်ာင္းသားတစ္ဦးကို ေမြးစားထားပါတယ္။
“သူ႔ကိုေက်ာင္းထားေပးတယ္ ၊ ထမင္းေကၽြးတယ္ ၊ တေန႔မုန္႔ဖိုးငါးရာေပးတယ္။ အေပါ့တည္ တာတို႔ဘာတို႔ သူလုပ္ေပးတယ္”လို႔ ေျပာတယ္။
မိုင္းမထိမီက ဦးလွမိုးဟာ အားလပ္ခ်ိန္ေတြမွာ ခ်င္းတြင္းဂ်ာနယ္မွာ ကဗ်ာေတြ ၊ စာေတြေရးခဲ့တယ္။ အခုခ်ိန္မွာေတာ့ သူ႔ရဲ႕တေန႔တာကို မိုးကုတ္ဆရာေတာ္ရဲ႔ တရားေတာ္ေတြ နာၾကားရင္း အခိ်န္ကုန္ေစခဲ့တယ္။တကယ္လို႔သာ သူဟာမိုင္းမထိပဲ ေျခလက္ အစံုအလင္နဲ႔ အေကာင္းပကတိအတိုင္းရွိခဲ့မယ္ ဆိုရင္ ခုခ်ိန္မွာ မိသားစုနဲ႔ အတူစိုက္ပ်ိဳးေရးလုပ္ငန္းလုပ္ကိုင္ေနလိမ့္မယ္လို႔ စိတ္ကူးထားခဲ့ေပမယ့္ သူရဲ႔စိတ္ကူးက မျပည့္စံုခဲ့ပါဘူး။

အသက္ ၇၅ ႏွစ္ေက်ာ္ေရာက္လာၿပီျဖစ္တဲ့ ဦးလွမိုးဟာ က်န္ေနေသးတဲ့အခ်ိန္မွာ သူ႔ဘဝအတြက္ ရည္မွန္းထားတာေတြရွိပါတယ္။ အဲဒါကေတာ့ သူေနထိုင္တဲ့ေနရာေလးကို မိုးလံုေလလံုျဖစ္ခ်င္တယ္။ အလွဴတန္းေတြလုပ္ၿပီး ျမန္မာႏိုင္ငံအႏွံ႔ ဘုရားဖူးသြာခ်င္တယ္လို႔ ေျပာတယ္။

ေနာက္ၿပီး သူက အေဝးတစ္ေနရာကို ေငးၿပီးစကားတစ္ခြန္းေျပာတယ္။
“ အသက္ကလည္းရၿပီ ၇၅ ႏွစ္ဆိုတာ ညေနဆည္းဆာေရာက္ၿပီ”

author /photo အိမို႔မို႔ခိုင္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra

# Unicode Version ျဖင့္ ဖတ္ပါ #
ပေ ၂၀ ပတ်လည် မြေစိုက်အိမ်တစ်လုံးရဲ့ စောင်းတဲထဲမှာ အသက် ၇၀ ကျော်အဖိုးအိုတစ်ဦး လှဲပြီး အိပ်နေတယ်။ သူ့ခန္ဓာကိုယ်ကိုယ် သာမန်လူတွေလို ကိုယ်လက်အင်္ဂါ အပြည့်စုံမပါဘူး။ မျက်လုံးတစ်ဖက် ၊ ခြေထောက်တစ်ဖက် နဲ့ လက်နှစ်ဖက် မပါတဲ့ မသန်စွမ်းအဘိုးအို တစ်ဦးဖြစ်ပါတယ်။

သူနေတဲ့နေရာလေးက မိုးရာသီဆို မိုးမလုံသလို ၊ အခုလိုဆောင်းရာသီဆိုရင် ဘေးအကာကွယ် မရှိတဲ့အတွက် အအေးဓာတ်လွှမ်းမိုးနေတယ်။ အဘိုးအိုအိပ်တဲ့နေရာက လွဲရင် ကျန်တဲ့နေရာမှာ ရေဒီယိုလေး နှစ်လုံး ၊ တီဗွီအဟောင်းလေးတစ်လုံး ၊ မိုးကုတ်ဆရာတော် ဘုရားရဲ့ တရားခွေ ၊ စားစရာတင်တဲ့စားပွဲတစ်လုံးနဲ့ သူ့ရဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေနဲ့ တဲလေးထဲမှာ ပြည့်နေပါတယ်။

အဲဒီအဘိုးအိုဟာ စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ(၉၀၁)မှာ ၁၈ နှစ်ကျော်ကြာတာဝန်ထမ်း ဆောင် ခဲ့တဲ့ ပင်စင်စားအဘိုးအို ဦးလှမိုးပဲဖြစ်ပါတယ်။ သူ့ရဲ့မျက်လုံးတစ်ဖက် ၊ ခြေထောက်တစ်ဖက်နဲ့ လက်နှစ်ဖက်ဟာ မိုင်းထိလို့ပျက်စီးခဲ့တာဖြစ်ပါတယ်။ဦးလှမိုးဟာ စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ( ၉၀၁ )မှာ ၁၉၆၂ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့ပြီး မိုင်းကျွမ်းကျင်သူဖြစ်တဲ့အတွက် ဂုတ်ထိပ်တံတားမှာ မိုင်းရှင်းဖို့ တာဝန်ပေးခံခဲ့ရတာပါ။
၁၉၇၅ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းရှင်းရင်း သူ မိုင်းထိခဲ့တယ်။အဲသည်တုံးက ဂုတ်ထိပ်တံတားကို မိုင်းရှင်းခဲ့သူ၁၂ ဦးရှိပြီး ၆ဦး မိုင်းထိမှန်ခဲ့တယ်။ မိုင်းထိခံရသူတွေထဲက ဦးလှမိုး တစ်ဦးတည်း အသက်ရှင် ကျန်ခဲ့ပါတယ်။

“ ဗကပ က ၁၂ လပိုင်းကုန်ရင် ဂုတ်ထိပ်တံတားကိုသိမ်းမယ်ဆိုပြီးကြေငြာထားတယ်။ အဲဒီမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆင်ထားတဲ့မိုင်းအဟောင်းတွေကို ပြန်ဖြုတ်ပြီး ဘကြီးတို့က အသစ်ပြန် ဆင်ရတယ်”လို့ ဦးလှမိုးကပြောပါတယ်။ရန်သူဘက်က လာရောက်သိမ်းမယ်လို့ ကြေငြာထားတဲ့အတွက့် အရင်က ဆင်ထားတဲ့ မိုင်းတွေကို အစရှာဖို့ ၊ နောက်ထပ်အသစ်ပြန်ဆင်ဖို့ စစ်မြေပြင်အင်ဂျင်နီယာတပ်က ရဲဘော် ၁၂ ယောက်ကို ဦးလှမိုးဦးဆောင်ပြီး မိုင်းရှာတဲ့ လုပ်ငန်းကိုဆောင်ရွက်ခဲ့ပါတယ်။
ဒီဇင်ဘာလဖြစ်တဲ့အတွက် မိုင်းရှင်းတဲ့နေ့ မနက် ၈ နာရီလောက်မှာ နှင်းတွေကလည်း ကျနေတယ်။ ဦးလှမိုးတို့ အဖွဲ့ဟာ မိုင်းဖော်ဖို့ ဂုတ်ထိပ်တံတား ညာဘက်ထိပ်ကနေ ဘယ်ဘက်ကို ဆင်းလာကြတယ်။

ဦးလှမိုးတို့ အဖွဲ့ဖော်ခဲ့တဲ့မိုင်းဟာ မြေပုံမှာ တိုက်မိုင်းလို့ဖော်ပြထားတဲ့အတွက် တိုက်မိုင်း ဖြုတ်တဲ့နည်းအတိုင်း ကြိုးကိုဖြတ်လိုက်ပါတယ်။ကြိုးဖြတ်လိုက်ချိန်မှာပဲ ဂျိမ်းဂျိမ်းဂျိမ်းဆိုတဲ့အသံ ထွက်သွားတယ်။ အဲဒီအချိန်မှာ သူသိလိုက် တာက ယမ်းနံ့နဲ့ သွေးနံ့တွေက သူ့နှာခေါင်းထဲတိုး ဝင်လာတယ်။

မိုင်းကြိုးကိုဖြတ်လိုက်တာဟာ သူ့ရဲ့ဘဝကို တစ်စစီဖြစ်စေခဲ့တာပါပဲ။
“အမှန်က ရန်သူကိုလှည့်ထားတာ။ တိုက်မိုင်းဆိုပြီးပြထားတယ်၊ ပြန်လုပ်ထားတာက တင့်လွတ်မိုင်းပြန်လုပ်ထားတယ်။ မြေပုံမှာရန်သူကို လှည့်ထားတဲ့အတိုင်း ပြထားတော့ဖော်တဲ့သူတွေ မှာဒုက္ခရောက်တာပေါ့”လို့ သူတွေ့ကြုံခဲ့ရပုံကို ဆက်ပြောပါတယ်။
ထွက်လာတဲ့ မိုင်းကွဲသံနဲ့အတူ ဦးလှမိုးရဲ့ မျက်လုံးတစ်ဖက်ဟာ အပေါ်ကို ကျွတ်ထွက် သွားတယ်။ လက်နှစ်ဖက်နဲ့ ခြေတစ်ဖက်မှာ အရိုးတွေလည်း ကြေမွပျက်စီးသွားတယ်။ ဒဏ်ရာရထားတဲ့နေရာတွေက အရေပြားတွေဟာ တွဲလောင်းကျနေတယ်။
အဲဒီအချိန်အထိ သ့ူကိုသူ မိုင်းထိပြီး ဒဏ်ရာအကြီးကျယ်ရမှန်းမသိပဲ စိတ်ထဲမှာ အခြားရဲဘော်တွေအတွက်ပဲ စိတ်ပူနေတုန်းပါပဲ။

“သွေးတအားပူနေလို့ထင်တယ် ထိလို့ထိမှန်းကိုမသိဘူး။ ဒီနားမှာ သွေးနံ့လိုလို ၊ မိုင်းနံ့လိုလို ရတယ် ၊ ဒီနားကို ဆင်းမလာဖို့ အပေါ်မှာရှိနေတဲ့ရဲဘော်တွေကိုလှမ်းပြောတယ်”လို့ ဦးလှမိုးက ပြောတယ်။ဒဏ်ရာရပြီး ခဏအကြာမှာ ဆေးတပ်သားလေးဦးက သူဒဏ်ရာရတဲ့နေရာကို ဆင်းလာပါတယ်။ ဦးလှမိုးကို သွေးလန့်မှာဆိုးလို့ မိုင်းထိပြီး ဒဏ်ရာရနေတဲ့အကြောင်းကို ဆေးတပ်သားတွေက အသိမပေးခဲ့ပါဘူး။

ဆရာနောက်နား ဆုတ်ပြီး ပတ်လက်လှဲ လိုက်ပါလို့ ပြောတော့မှ တစ်ခုခုဖြစ်ပြီဆိုတာ သတိထားမိတယ်။ ဒါပေမယ့် နာတာ ၊ ကျဉ်တာမရှိပဲ သွေးတအားထွက်လို့ ရေဆာနေတာပဲရှိတယ်လို့ သူကဆိုတယ်။ရေဆာပေမယ့် ဆေးတပ်သားတွေကို ရေတိုက်ရင် သွေးခဲပြီး သေသွားနိုင်တာကြောင့် ရေမတိုက်ပဲ အရက်အနည်းငယ်ကို ဂွမ်းစလေးနဲ့ တစ်စက်ချင်းသာ ပါးစပ်အတွင်းဆေးတပ်သားတွေက ထည့်ပေးခဲ့တယ်။
ဦးလှမိုးဟာ မိုင်းထိပြီးပြီးချင်း ၄၅ မိနစ်ခန့်သာ သတိရခဲ့ပြီး ရက်ပေါင်း ၃၁ ရက်ကြာအောင် သတိလစ်နေခဲ့တယ်။

လားရှိုးဘက်ကို စစ်ကြောင်းထွက်လာတဲ့ မိတ္ထီလာ အမြောက်တပ် ( ၃၀၂) က ရထားနဲ့ သူ့ကို ကျောက်မဲ ခမရ (၂၂)ကို သယ်လာပါတယ်။ ကျောက်မဲပြည်သူ့ဆေးရုံရောက်တော့ သွေး ၁၀ ပုလင်း သွင်းပြီး ဆေးရုံမှာ သွေးကကုန်သွားပါတယ်။

ဦးလှမိုးတစ်ယောက် ကံကောင်းချင်တော့ ဆေးရုံမှာသူနာပြုသင်တန်းလာတက်တဲ့ မြစ်ဆုံဘက်က သူနာပြုဆရာမနှစ်ဦးက သူ့ကို သွေးလှူခဲ့ပါတယ်။
“သူတို့ကို မိုးမိတ်တုန်းက ဘကြီးက ကူညီခဲ့တယ်။ အဲဒီကျေးဇူးကို သိတော့ ဆေးရုံမှာ ဒါက ဆရာလှမိုး မို့လားမေးပြီး လာလှူသွားတယ်။ ကံကောင်းချင်တော့ သွေးအမျိုးအစားချင်းကလည်း တူနေတယ်” လို့ သူကပြောပါတယ်။
သူဟာ စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ( ၉၀၁ ) မှာ တာဝန်ထမ်းဆောင်စဉ်က အားကစားမှာ ထူးချွန်သူတစ်ဦးဖြစ်ခဲ့တယ်။ ရေးကူးပြိုင်ပွဲမှာလည်း ဆုရရှိခဲ့ဖူးတယ်လို့ တဲနံရံမှာ ချိတ်ထားတဲ့ ဆုရရှိစဉ်ကပုံကို လက်မောင်းအရင်းပိုင်းလောက်သာကျန်တဲ့ သူ့ရဲ့ညာဘက်လက်နဲ့ညွှန်ပြပြီး ပြောပါတယ်။

စကားပြောရင်း မောလာတဲ့အတွက် သူ့ဘေးက စားပွဲအသေးလေးပေါ်မှာ အဆင်သင့်ပြင်ပေးထားတဲ့ လဖ္ဘက်ရည်ခွက်ကို ပိုက်နဲ့ တစ်ကြိုက်စုပ်လိုက်ပါတယ်။ ရေနွေးကြမ်းထည့်ထားတဲ့ခွက်ကိုလည်း ဆာတဲ့အချိန်အဆင်သင့် သောက်နိုင်အောင် ပိုက်တပ်ထားပါတယ်။

မိုင်းဒဏ်ရာရရှိလို့ ဆေးရုံမှာ ဆရာဝန်တွေခွဲစိပ်ကုသနေပေမဲ့ အားကစားဝါသနာပါသူဖြစ်လို့ ကယောင်ကတမ်းနဲ့ ပါးစပ်ကနေ ဘောလုံးကို ဘယ်လိုကန်ရတယ်၊ ရေကူးရင် လက်ကိုဘယ်လို အနေထားထားမယ် ဆိုပြီးပြောနေခဲ့တယ်။ မိုင်းဒဏ်ကြောင့် မျက်လုံးတစ်ဖက် ၊ လက်နှစ်ဖက်နဲ့ ခြေတစ်ဖက် ဆုံးရှုံးခဲ့ပေမယ့် အားကစားစိတ်ဓာတ်ရှိသူမို့ ဦးလှမိုး စိတ်ဓာတ်မကျခဲ့ပါဘူး။

“ဘာကိုမှအခက်ခဲလို့ သဘောမထားဘူး ။ စိတ်ဓာတ်ကျပြီး မျက်ရည်ကျတဲ့အထဲမှာမပါဘူး”လို့ ဦးလှမိုးကပြောတယ်။
ဦးလှမိုးဟာမိုင်းထိလို့ ခန္ဓာကိုယ်အစိတ်ပိုင်းအချို့ ပျက်စီးဆုံးရှုံးခဲ့ရပေမယ့် သူ့နဲ့ တချိန်တည်းမိုင်း ထိခဲ့သူတွေက မိုင်းဒဏ်ကြောင့်သေဆုံးခဲ့ရတယ်။ သူကတော့ အသက်ဘေးက သီသီလေး လွတ်မြောက်ခဲ့ရသူဖြစ်တယ်။
ကျောက်မဲဆေးရုံကနေ လားရှိုး ၊ လားရှိုးကနေတစ်ဆင့် မန္တလေးကို လေယာဉ်နဲ့ ဦးလှမိုး ကိုသယ်ဆောင်ခဲ့တယ်။ မိုင်းဒဏ်ရာတွေရနေတဲ့ကြားက ဦးလှမိုးတစ်ယောက် လေယာဉ်ပေါ်မှာလည်း အသက်အန္တရာယ်ဘေးကြုံခဲ့ရပါသေးတယ်။

မန္တလေးကိုမရောက်ခင်မှာ လေယာဉ်နဲ့သယ်လာချိန်မှာ လေယာဉ်က လေကြောင်းပြတ်ပြီး တုန်ခါသွား ခဲ့သေးတယ်။ လေယာဉ်တုန်ခါမှုကြောင့် ပတ်လက်အနေထား သွေးသွင်းပိုက်တန်းလန်းနဲ့ ဦးလှမိုးဟာ အပေါ်ကိုမြောက်သွားပြီး လေယာဉ်မျက်နှက်ကြက်နဲ့ ခိုက်မိတယ်။ ပြန်အကျမှ ပက်လက်အနေထား ကနေ မှောက်ခုံဖြစ်သွားခဲ့တယ်။
“အဲဒီတုန်းက လိုက်စောင့်ပေးတဲ့တပ်ကြပ်ကြီးကပြောတယ်။ ခင်ဗျားတင်ထားထားတဲ့စင်ပေါ် ပြန်ကျလို့ ၊ ကြမ်းပြင်ပေါ်သာကျရင် တခါတည်းကြွ (သေ)သွားနိုင်တယ်လို့ ဆေးရုံမှာလာ ပြောတယ်”လို့ ဦးလှမိုးကပြောတယ်။

မင်္ဂလာဒုံဆေးရုံကို သယ်စဉ်မှာ လေယာဉ်ကွင်းရောက်တဲ့အထိ ဦးလှမိုးတစ်ယောက် ကံဇာတာက တက်မလာသေးပါဘူး။ လေယာဉ်ပေါ်မှာပါတဲ့လူနာ ၇ ယောက်ကိုတော့သယ်ပြီး လေယာဉ်တံခါးနဲ့ ကွယ်နေတဲ့ ဦးလှမိုးကိုတော့ ကျန်နေခဲ့တာလည်း ဖြစ်ခဲ့သေးတယ်။ လေယာဉ်တံခါးလာပိတ်တဲ့ဝန်ထမ်းကတွေ့ပြီးအကြောင်းကြားလို့ ဦးလှမိုး မင်္ဂလာဒုံဆေးရုံကို ရောက်ရှိခဲ့တယ်။

မင်္ဂလာဒုံဆေးရုံကို သူနဲ့အတူမိုင်းထိခဲ့သူတွေထဲက မိုင်းဒဏ်ရာကြောင့် ခြေတစ်ဖက်ဖြတ် ခံထားရတဲ့ ရဲဘော်တစ်ယောက်ပါလာသေးတယ်။ အဲဒီရဲဘော်ဟာ နောက်ခြေတစ်ဖက်ဖြတ် ရလိမ့်မယ်ထင်တယ်လို့ ဆရာဝန်တွေအချင်းချင်းပြောတာကိုကြားသွားတယ်။
ဦးလှမိုးလို ဒဏ်ရာအကြီးကျယ် မရခဲ့တဲ့ အဲဒီရဲဘော်ကို အားပေးစကားပြောခဲ့တယ်။ ဒါပေမယ့် ရဲဘော်က စိတ်ဓာတ်ကျပြီး သူ့ကိုယ်သူ ဆေးရုံမှာပဲအဆုံးစီရင်ခဲ့တယ်။
ဦးလှမိုးဟာ မင်္ဂလာဒုံ ဆေးရုံမှာ တစ်နှစ်ခွဲလောက်ဆေးကုသမှုခံယူခဲ့ရပါတယ်။

 ဆေးကုသမှုခံယူပြီးတော့လည်း ကံကောင်းခြင်းတွေက စစ်သားဟောင်းကြီး ဦးလှမိုးစီကို အလှည့်ရောက်မလာပါဘူး။သူရဲ့မိန်းမက သူလျော်ကြေးရတဲ့ ငွေကျပ်နှစ်သောင်းကို ယူပြီးဦးလှမိုးနဲ့ သားသမီး ငါးယောက်ကို ထားခဲ့ကာ အိမ်ထောင်သစ်ထူထောင်သွားခဲ့တယ်။ သားသားမီးငါးယောက်နဲ့ မသန်စွမ်းဘဝကိုရောက်နေတဲ့ ဦးလှမိုးကို ပစ်ထားခဲ့ပါတယ်။
အကောင်းတိုင်းကျန်နေတဲ့ မျက်လုံးတစ်ဖက်ရယ် ၊ ခြေထောက်တစ်ဖက်တည်းနဲ့ နှစ်ပေါင်း ၄၀ လောက် ဘဝကို ရုန်းကန်ခဲ့ရတယ်။ ဒါပေမယ့် ဦးလှမိုးဟာ စိတ်ဓာတ်မကျ ဇွဲမလျော့ပဲ သူ့သားသမီးငါးယောက်ကို တစ်လမှာရရှိတဲ့ ပင်စင်ကြေး ၃၅၀ ကျပ်နဲ့လောက်ငှအောင် ရုန်းကန်ရှာဖွေကျွေးမွေးစောင့်ရှောက်ခဲ့တယ်။

“ သမဆိုင်မှာ ဆန်တစ်ပြည် ၁ ကျပ် ၉၅ ပြားကို တစ်ပြည်ထုပ်ထုပ်ပြီး ၂ ကျပ် တစ်မတ်နဲ့ ပြန်ရောင်းတယ်။ တပ်က အရာရှိတွေကို ဆန်တို့ဆီတို့ထောက်ပံ့ပေးဖို့ပြောတယ်။ ဆန်တစ်အိတ်ပေး ရင် ပြန်ရောင်းအဲဒီလိုနဲ့ သားသမီးငါးယောက် စားတယ်”လို့ ကြာခဲ့ပြီဖြစ်တဲ့ သူ့ဘဝအကြောင်းတွေကို မှတ်မှတ်ရရပြန်ပြောတယ်။
နှစ်ပေါင်း ၄၀ လောက်ခက်ခက်ခဲခဲ ရှာဖွေကျွေးမွေးခဲ့တဲ့ သားသမီးငါးယောက်ဟာ အခုချိန်ဆိုရင် သားလေးယောက်က တပ်မတော်မှာ တာဝန်ထမ်းဆောင်နေပြီး သမီးကလည်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှာ တာဝန်ထမ်း ဆောင်နေပြီဖြစ်ပါတယ်။

ယခုအခါ ဦးလှမိုးက သူ့ရဲ့သမီးနဲ့သာအတူ ရဲဘော်စိုက်ကွင်း အရှေ့ပိုင်း ၊ ချမ်းမြ သာယာရပ်ကွက်မှာ နေထိုင်ပါတယ်။ သူမိုင်းထိစဉ်က အသက် ၃၅ နှစ်အရွယ်ဖြစ်ပြီး အခုဆို အသက်က ၇၅ နှစ်ရှိပြီ ဖြစ်တယ်။နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရင်း မသန်စွမ်းဖြစ်ခဲ့တဲ့ ဦးလှမိုးနေထိုင်တဲ့နေရာဟာ မိုးကမလုံ ၊ အကာရံမရှိနဲ့ ပြည့်စုံမှုမရှိပါဘူး။
အသက်ငယ်ရွယ်စဉ်က သူ့အတွက် ကူဖော်လောင်ဖက်မလိုပေမယ့် အသက်ကြီးလာတဲ့အခါ တောက်တိုမယ်ရခိုင်းဖို့ လိုအပ်လာပါတယ်။ အဲဒါကြောင့် သူတို့ရပ်ကွက်ထဲက မိဘတွေကပစ်ထားတဲ့ ခြောက်နှစ်အရွယ် ကျောင်းသားတစ်ဦးကို မွေးစားထားပါတယ်။
“သူ့ကိုကျောင်းထားပေးတယ် ၊ ထမင်းကျွေးတယ် ၊ တနေ့မုန့်ဖိုးငါးရာပေးတယ်။ အပေါ့တည် တာတို့ဘာတို့ သူလုပ်ပေးတယ်”လို့ ပြောတယ်။
မိုင်းမထိမီက ဦးလှမိုးဟာ အားလပ်ချိန်တွေမှာ ချင်းတွင်းဂျာနယ်မှာ ကဗျာတွေ ၊ စာတွေရေးခဲ့တယ်။ အခုချိန်မှာတော့ သူ့ရဲ့တနေ့တာကို မိုးကုတ်ဆရာတော်ရဲ့ တရားတော်တွေ နာကြားရင်း အချိန်ကုန်စေခဲ့တယ်။တကယ်လို့သာ သူဟာမိုင်းမထိပဲ ခြေလက် အစုံအလင်နဲ့ အကောင်းပကတိအတိုင်းရှိခဲ့မယ် ဆိုရင် ခုချိန်မှာ မိသားစုနဲ့ အတူစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေလိမ့်မယ်လို့ စိတ်ကူးထားခဲ့ပေမယ့် သူရဲ့စိတ်ကူးက မပြည့်စုံခဲ့ပါဘူး။

အသက် ၇၅ နှစ်ကျော်ရောက်လာပြီဖြစ်တဲ့ ဦးလှမိုးဟာ ကျန်နေသေးတဲ့အချိန်မှာ သူ့ဘဝအတွက် ရည်မှန်းထားတာတွေရှိပါတယ်။ အဲဒါကတော့ သူနေထိုင်တဲ့နေရာလေးကို မိုးလုံလေလုံဖြစ်ချင်တယ်။ အလှူတန်းတွေလုပ်ပြီး မြန်မာနိုင်ငံအနှံ့ ဘုရားဖူးသွာချင်တယ်လို့ ပြောတယ်။

နောက်ပြီး သူက အဝေးတစ်နေရာကို ငေးပြီးစကားတစ်ခွန်းပြောတယ်။
“ အသက်ကလည်းရပြီ ၇၅ နှစ်ဆိုတာ ညနေဆည်းဆာရောက်ပြီ”

author /photo အိမို့မို့ခိုင်

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top