AYA Home Loan ဖြင့် ၀ယ်ယူနိုင်မည့် မန္တလေးမြို့၏ အကောင်းဆုံး Sky Villa ကွန်ဒိုအရောင်းပြပွဲ
×






(၃) ကဖင်းဓာတ်လျော့ချပါ







# Unicode Version ဖြင့် ဖတ်ပါ #
ဘယ်လောက်စားစားဝမလာတဲ့သူတွေ ရှိလား။ အစားတွေတစွတ်စွတ်နဲ့ အဆက်မပြတ်စားနေတာတောင် ကိုယ်အလေးချိန်က တက်မလာ၊ ဝမလာဘဲ ဖြစ်နေတာလား။ ဘာစားစား ဝမလာရုံသာမက အားလည်းမရှိသလို အင်အားနုံးချိနေတယ်ဆိုရင်တော့ သင့်ရဲ့စားသောက်မှုပုံစံတွေကို ပြောင်းလဲဖို့တော့ လိုနေပါပြီ။ ဘာကြောင့်လဲဆိုတော့ သင်ဘယ်လောက်ပဲ စားစားဝမလာတာက ကျန်းမာပြီးခွန်အားဖြစ်စေမယ့် စားသုံးမှုမျိုးကို မစားသုံးမိတာကြောင့် စားသမျှအစာတွေ ခွန်အားမဖြစ်တာပါ။ ဒါ့ကြောင့် ဘယ်လောက်စားစားဝမလာတဲ့ LCD လေးတွေအတွက် စားသမျှအစာတွေ ခွန်အားဖြစ်စေဖို့ ဘယ်လိုနေထိုင် စားသုံးသင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သံဓာတ်ပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်များစားသုံးပေးပါ

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သံဓာတ်ကို ဖြည့်တင်းပေးနိုင်မယ့် အစားအစာများကို ရွေးချယ်စားသုံးဖို့ လိုပါတယ်။ အထူးသဖြင့် အစိမ်းရောင်ဟင်းရွက်တွေကနေ သံဓာတ်ကို အပြည့်အဝရယူပါ။ သံဓာတ်ပါဝင်တဲ့ ပဲ၊ ဟင်းနုနွယ် စတာတွေကို စားသုံးပေးနိုင်ပါတယ်။ အကောင်းဆုံးကတော့ ဗီတာမင်စီဓာတ် ပါဝင်တဲ့ သစ်သီးတွေနဲ့ တွဲဖက်စားသုံးပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်က သံဓာတ်ကို အပြည့်အဝစုပ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

(၂) အာဟာရမျှတစွာစားသုံးပါ

ကိုယ့်ရဲ့နေ့စဉ်စားသောက်မှု ပုံစံက ကျန်းမာရေးအတွက် အထောက်အကူပြုရဲ့လားဆိုတာကို ပြန်လည်ဆန်းစစ်ပါ။ Diet plan မှာပါဝင်တဲ့ အစားအစာတွေရဲ့ ပေါင်းစပ်မှု ၊ ရောစပ်မှုတွေက အာဟာရမျှတမှုရှိဖို့လည်း အရေးကြီးပါတယ်။ အစားအသောက်ကနေ ခွန်အားအပြည့်ဝလိုချင်တယ် ဆိုရင်တော့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ နှံစားပြောင်း၊ အသားဓာတ်၊ အပင်ကရတဲ့အဆီဓာတ် စတာတွေ အချိုးကျကျပါဝင်ဖို့ လိုပါတယ်။

(၃) ကဖင်းဓာတ်လျော့ချပါ

ဘာစားစားအာဟာရမဖြစ်တဲ့အပြင် ခွန်အားမရှိဘူးဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်တွေ များပြားနေလို့ပါ။ လိုအပ်တာထက်ကိုပိုပြီး သွေးတွင်းမှာ ကဖင်းဓာတ်များနေမယ်ဆိုရင် ခန္ဓာကိုယ်က အာဟာရဓာတ်များကို အပြည့်အဝ မစုပ်ယူနိုင်တော့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကဖင်းဓာတ်က အာရုံကြောတွေ နိုးကြားတက်ကြွအောင်သာ လှုံ့ဆောင်ပေးနိုင်တာဖြစ်ပြီး ခွန်အားမဖြစ်စေပါဘူး။ ဒါ့ကြောင့်မို့လို့ ကဖင်းဓာတ်များစွာပါဝင်တဲ့ ကော်ဖီနဲ့ လက်ဖက်ရည်ကို လျော့သောက်ဖို့လိုပါမယ်။

(၄) မနက်စာစားဖို့မမေ့ပါနဲ့

တစ်နေ့တာခွန်အားဖြစ်စေဖို့အတွက် မနက်စာက တကယ့်ကိုအရေးကြီးပါတယ်။ ဘယ်လောက်ပဲတစ်နေကုန် အဆက်မပြတ်စားသောက်နေပါစေ၊ မနက်စာကို သေချာ မစားဘူးဆိုရင်တော့ ဘယ်လိုမှ ခွန်အားဖြစ်လာမှာမဟုတ်ပါဘူး။ သင့်ရဲ့မနက်စာကိုလည်း အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ထည့်သွင်းစားသုံးဖို့ကလည်း လိုအပ်ပါတယ်။ အထူးသဖြင့် ဘာစားစား ဝမလာတဲ့သူတွေ အတွက်တော့ မနက်စာမှာ အသားဓာတ်ပါဝင်နေဖို့ အရေးကြီးပါတယ်။

(၅) အသင့်စားအစာများကိုရှောင်ကြဉ်ပါ

သန့်ရှင်းလတ်ဆတ်တဲ့အစားအသောက်များကို ရွေးချယ်စားသုံးတတ်ဖို့လည်း လိုပါသေးတယ်။ သဘာဝအတိုင်းရရှိတဲ့ အစားအသောက်များကို စားသုံးပေးပါ။ အသင့်စားပြုလုပ်ထားတဲ့ အစားအစာတွေက ခွန်အားမဖြစ်စေပါဘူး။ သစ်သီးခြောက်တွေကို စားသုံးမယ့်အစား ရိုးရိုးသစ်သီးတွေကို လတ်လတ်ဆတ်ဆတ်စားသုံးတာမျိုး ပြုလုပ်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top