ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဝိတ္ခ်ၿပီးတဲ့အခါမွာ ႀကံဳေတြ႔ရတဲ့ ျပႆနာတစ္ခုကေတာ့ ဝိတ္ျပန္တက္လာမွာကိုစိုးရိမ္ရတာပါပဲ။ ခႏၶာကိုယ္တြင္းက မလိုအပ္တဲ့အဆီေတြခ်ၿပီးေပမယ့္ ၿပန္ၿပီးဝိတ္တက္မလာေအာင္ ထိန္းသိမ္းထားဖု႔ိ ဆိုရင္ေတာ့ နည္းလမ္းစနစ္တက် မရွိရင္ေတာ့ အလြယ္တကူျပန္ဝလာႏုိင္ပါတယ္။ ဒီေတာ့.. အစားအေသာက္ကို ဆင္ဆင္ျခင္ျခင္ စားေသာက္ဖို႔နဲ႔ ေလ့က်င့္ခန္းကို ပံုမွန္ျပဳလုပ္ဖုိ႔ စတဲ့ အဓိကအခ်က္ႏွစ္ခ်က္ကို လက္စြဲထားၿပီး ခႏၶာကိုယ္အေလးခ်ိန္ကို ဆက္ထိန္းထားဖို႔ လိုပါတယ္။ ဒါေၾကာင့္မို႔လုိ႔ အဆီခ်ၿပီးတဲ့ေနာက္မွာ က်န္းမာေရးနဲ႔ကိုက္ညီေစဖုိ႔ ဘာေတြစားသံုးသင့္လဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အသီးအႏွံနဲ႔ အသီးအရြက္မ်ားမ်ားစားပါ

အသီးအႏွံနဲ႔ အသီးအရြက္မ်ားမ်ားစားသံုးတာက ခႏၶာကိုယ္ကို လွပေစရံုသာမကပါဘူး။ က်န္းမာေရးအတြက္လည္း မ်ားစြာအေထာက္ကူေပးပါတယ္။ အသီးအႏွံ႔နဲ႔ အသီးအရြက္မ်ားမွာ ပါဝင္တဲ့ သဘာဝဓာတ္ပစၥည္းမ်ားနဲ႔ ဗီတာမင္ဓာတ္မ်ားက သင့္ရဲ႕ခႏၶာကိုယ္တြင္းက မလိုအပ္တဲ့အဆီပိုမ်ားကို ေလာင္ကၽြမ္းေစတာေၾကာင့္ ဝိတ္ျပန္တက္လာမွာကို စိုးရိမ္စရာမလိုေတာ့ပါဘူး။ ဒါအျပင္ ဆာေလာင္မႈကို ေလ်ာ့ခ်ေပးၿပီး ေန႔စဥ္စားသံုးတဲ့ အစားအစာထဲက ကယ္လိုရီပမာဏကို ေလ်ာ့ခ်ေပးပါတယ္။ ဒါေၾကာင့္မို႔လို႔ ဝိတ္ခ်ၿပီးတဲ့သူေတြအေနနဲ႔ အသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္ကို ျဖည့္စြက္အစာအျဖစ္ ေန႔စဥ္စားသံုးသင့္တယ္လို႔ ေဆးပညာရွင္မ်ားက အႀကံျပဳထားပါတယ္။

(၂) အသားဓာတ္ျဖည့္တင္းေပးပါ

အဆီခ်၊ ဝိတ္ခ်ၿပီးတဲ့အခါမွာ အသားအေရေလ်ာ့တြဲတာကို ႀကံဳေတြ႔ရတတ္ပါတယ္။ အသားဓာတ္က ေကာ္လဂ်င္လို႔ေခၚတဲ့ အသားအေရ တင္းရင္းမႈကို ျဖစ္ေစၿပီးေတာ့ အေရျပားေလ်ာ့ရဲျခင္းမွ ကာကြယ္ေပးပါတယ္။ ဒါအျပင္ အသားဓာတ္မွာပါဝင္တဲ့ အစြမ္းအာနိသင္မ်ားက အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးႏုိင္ၿပီး ခႏၶာကိုယ္တြင္းက လုပ္ေဆာင္ခ်က္မ်ားကို ပံုမွန္အတိုင္းလည္ပတ္ေစတာေၾကာင့္ အဆီပိုသုိေလွာင္မႈေတြကို ေလ်ာ့ခ်ေပးႏုိင္ပါတယ္။ အဆီမပါတဲ့အသား၊ ငါး၊ ဥနဲ႔ ပဲအမ်ိဳးမ်ိဳးကတစ္ဆင့္ အသားဓာတ္ကုိ ရယူႏုိင္ပါတယ္။

(၃) ကယ္လိုရီနည္းတဲ့အစားအစာမ်ားကိုေရြးခ်ယ္စားသံုးပါ

ဝိတ္ခ်ၿပီးတဲ့သူေတြအေနနဲ႔ ကယ္လိုရီမ်ားစြာပါဝင္တဲ့ အစားအစာမ်ားကို အထူးေရွာင္ရွားဖို႔ လိုပါတယ္။ ကယ္လိုရီမ်ားစြာပါဝင္တဲ့ မုန္႔ပဲသေရစာ၊ အခ်ိဳပြဲ စတာေတြစားသံုးျခင္းကို ေလ်ာ့ခ်သင့္ပါတယ္။ အဆီနည္းတဲ့အစားအစာမ်ားနဲ႔ အဆီထုတ္ထားတဲ့ႏြားႏုိ႔၊ ႏုိ႔ထြက္ပစၥည္းမ်ားကိုသာ ေရြးခ်ယ္စားသံုးပါ။

(၄) အေစ့အဆန္မ်ားစားသံုးေပးပါ

အေစ့အဆန္မ်ားဟာ အမွ်င္ဓာတ္၊ ဗီိတာမင္ဓာတ္နဲ႔ သတၱဳဓာတ္စတဲ့ က်န္းမာေရးအတြက္ ညီညြတ္တဲ့ ဓာတ္ပစၥည္းေတြ မ်ားစြာပါဝင္ပါတယ္။ ခႏၶာကိုယ္အတြက္ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြ လုပ္ေဆာင္ဖို႔နဲ႔ ၾကြက္သားမ်ား ႀကီးထြားဖုိ႔ ကစီဓာတ္ကို ျဖည့္တင္းေပးဖို႔ကလည္း လိုပါတယ္။  ဒါေပမဲ့ ကစီဓာတ္က လိုအပ္တာထက္ ပိုလြန္ကဲေနမယ္ဆိုရင္လည္း ဝလာႏုိင္ပါတယ္။ ဒါေၾကာင့္ ခႏၶာကိုယ္တြင္းက ကစီဓာတ္ကို ပိုလွ်ံတဲ့အဆီပိုမ်ားအျဖစ္ ေျပာင္းလဲမသြားေစဖို႔ အေစ့အဆန္မ်ားကို စားသံုးေပးဖုိ႔ အေရးႀကီးပါတယ္။

(၅) ေရမ်ားမ်ားေသာက္ပါ

သင့္ခႏၶာကိုယ္တြင္းက ၾကြက္သား ၇၀ရာခုိင္ႏႈန္းေလာက္က ေရဓာတ္ေတြနဲ႔ ဖြဲ႔စည္းထားတာပါ။ ဒါ့အျပင္ ခႏၶာကိုယ္တြင္းက ဇီဝကမၼဆုိင္ရာ လုပ္ေဆာင္ခ်က္ေတြအတြက္ ေရဓာတ္က အေရးႀကီးပါတယ္။ ေရဓာတ္က အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးႏုိင္ၿပီး ေလ့က်င့္ခန္းလုပ္လို႔ ဆံုးရံႈးသြားတဲ့ ခြန္အားေတြကို ျပန္လည္ျဖည့္တင္းေပးႏိုင္တဲ့အတြက္ ေရအလံုးအေလာက္ေသာက္သံုး ဖုိ႔ လိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
ဝိတ်ချပြီးတဲ့အခါမှာ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုကတော့ ဝိတ်ပြန်တက်လာမှာကိုစိုးရိမ်ရတာပါပဲ။ ခန္ဓာကိုယ်တွင်းက မလိုအပ်တဲ့အဆီတွေချပြီးပေမယ့် ပြန်ပြီးဝိတ်တက်မလာအောင် ထိန်းသိမ်းထားဖု့ိ ဆိုရင်တော့ နည်းလမ်းစနစ်တကျ မရှိရင်တော့ အလွယ်တကူပြန်ဝလာနိုင်ပါတယ်။ ဒီတော့.. အစားအသောက်ကို ဆင်ဆင်ခြင်ခြင် စားသောက်ဖို့နဲ့ လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ဖို့ စတဲ့ အဓိကအချက်နှစ်ချက်ကို လက်စွဲထားပြီး ခန္ဓာကိုယ်အလေးချိန်ကို ဆက်ထိန်းထားဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ အဆီချပြီးတဲ့နောက်မှာ ကျန်းမာရေးနဲ့ကိုက်ညီစေဖို့ ဘာတွေစားသုံးသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အသီးအနှံနဲ့ အသီးအရွက်များများစားပါ

အသီးအနှံနဲ့ အသီးအရွက်များများစားသုံးတာက ခန္ဓာကိုယ်ကို လှပစေရုံသာမကပါဘူး။ ကျန်းမာရေးအတွက်လည်း များစွာအထောက်ကူပေးပါတယ်။ အသီးအနှံ့နဲ့ အသီးအရွက်များမှာ ပါဝင်တဲ့ သဘာဝဓာတ်ပစ္စည်းများနဲ့ ဗီတာမင်ဓာတ်များက သင့်ရဲ့ခန္ဓာကိုယ်တွင်းက မလိုအပ်တဲ့အဆီပိုများကို လောင်ကျွမ်းစေတာကြောင့် ဝိတ်ပြန်တက်လာမှာကို စိုးရိမ်စရာမလိုတော့ပါဘူး။ ဒါအပြင် ဆာလောင်မှုကို လျော့ချပေးပြီး နေ့စဉ်စားသုံးတဲ့ အစားအစာထဲက ကယ်လိုရီပမာဏကို လျော့ချပေးပါတယ်။ ဒါကြောင့်မို့လို့ ဝိတ်ချပြီးတဲ့သူတွေအနေနဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ကို ဖြည့်စွက်အစာအဖြစ် နေ့စဉ်စားသုံးသင့်တယ်လို့ ဆေးပညာရှင်များက အကြံပြုထားပါတယ်။

(၂) အသားဓာတ်ဖြည့်တင်းပေးပါ

အဆီချ၊ ဝိတ်ချပြီးတဲ့အခါမှာ အသားအရေလျော့တွဲတာကို ကြုံတွေ့ရတတ်ပါတယ်။ အသားဓာတ်က ကော်လဂျင်လို့ခေါ်တဲ့ အသားအရေ တင်းရင်းမှုကို ဖြစ်စေပြီးတော့ အရေပြားလျော့ရဲခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါအပြင် အသားဓာတ်မှာပါဝင်တဲ့ အစွမ်းအာနိသင်များက အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပြီး ခန္ဓာကိုယ်တွင်းက လုပ်ဆောင်ချက်များကို ပုံမှန်အတိုင်းလည်ပတ်စေတာကြောင့် အဆီပိုသိုလှောင်မှုတွေကို လျော့ချပေးနိုင်ပါတယ်။ အဆီမပါတဲ့အသား၊ ငါး၊ ဥနဲ့ ပဲအမျိုးမျိုးကတစ်ဆင့် အသားဓာတ်ကို ရယူနိုင်ပါတယ်။

(၃) ကယ်လိုရီနည်းတဲ့အစားအစာများကိုရွေးချယ်စားသုံးပါ

ဝိတ်ချပြီးတဲ့သူတွေအနေနဲ့ ကယ်လိုရီများစွာပါဝင်တဲ့ အစားအစာများကို အထူးရှောင်ရှားဖို့ လိုပါတယ်။ ကယ်လိုရီများစွာပါဝင်တဲ့ မုန့်ပဲသရေစာ၊ အချိုပွဲ စတာတွေစားသုံးခြင်းကို လျော့ချသင့်ပါတယ်။ အဆီနည်းတဲ့အစားအစာများနဲ့ အဆီထုတ်ထားတဲ့နွားနို့၊ နို့ထွက်ပစ္စည်းများကိုသာ ရွေးချယ်စားသုံးပါ။

(၄) အစေ့အဆန်များစားသုံးပေးပါ

အစေ့အဆန်များဟာ အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်စတဲ့ ကျန်းမာရေးအတွက် ညီညွတ်တဲ့ ဓာတ်ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ ခန္ဓာကိုယ်အတွက် နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့နဲ့ ကြွက်သားများ ကြီးထွားဖို့ ကစီဓာတ်ကို ဖြည့်တင်းပေးဖို့ကလည်း လိုပါတယ်။  ဒါပေမဲ့ ကစီဓာတ်က လိုအပ်တာထက် ပိုလွန်ကဲနေမယ်ဆိုရင်လည်း ဝလာနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်းက ကစီဓာတ်ကို ပိုလျှံတဲ့အဆီပိုများအဖြစ် ပြောင်းလဲမသွားစေဖို့ အစေ့အဆန်များကို စားသုံးပေးဖို့ အရေးကြီးပါတယ်။

(၅) ရေများများသောက်ပါ

သင့်ခန္ဓာကိုယ်တွင်းက ကြွက်သား ၇၀ရာခိုင်နှုန်းလောက်က ရေဓာတ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒါ့အပြင် ခန္ဓာကိုယ်တွင်းက ဇီဝကမ္မဆိုင်ရာ လုပ်ဆောင်ချက်တွေအတွက် ရေဓာတ်က အရေးကြီးပါတယ်။ ရေဓာတ်က အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပြီး လေ့ကျင့်ခန်းလုပ်လို့ ဆုံးရှုံးသွားတဲ့ ခွန်အားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အတွက် ရေအလုံးအလောက်သောက်သုံး ဖို့ လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top