စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ဂ်င္းဟာ ျမန္မာေတြရဲ႕ မီးဖိုေခ်ာင္ထဲမွာ မရွိမျဖစ္ သံုးၾကတဲ့ ပစၥည္းတစ္မ်ိဳးပါ။ ျမန္မာအစားအစာေတြ ခ်က္ျပဳတ္ရမွာ ဂ်င္းက ဟင္းအမယ္တိုင္းလို ပါ၀င္ပါတယ္။ အသားေတြ ခ်က္ျပဳတ္ရာမွာ အနံ႔အသက္ေတြကို သက္သာေစဖို႔ အတြက္နဲ႔ ဆီသတ္တဲ့ အခါ ေမႊးႀကိဳင္ေစဖို႔အတြက္ သံုးၾကပါတယ္။ ဂ်င္းဟာ ေဆးဖက္၀င္တဲ့ ဟင္းခတ္ပစၥည္း အျဖစ္လည္း ျမန္မာေတြ သိၾကပါတယ္။ အခုဆို ဂ်င္းလက္ဖက္ရည္၊ ဂ်င္းဘီစကစ္၊ ဂ်င္းဘီယာ အစရွိသျဖင့္ ဂ်င္းပါ၀င္တဲ့ သေရစာေတြကိုလည္း စားေသာက္ၾကပါတယ္။ ေန႔တိုင္း စားေနေပမယ့္ က်န္းမာေရးအတြက္ အသံုး၀င္ပုံကို သတိမျပဳမိၾကပါဘူး။

၁။ ေဆးဘက္၀င္ ဂ်င္း
ဂ်င္းရဲ႕ ေဆးဘက္၀င္တဲ့ အေၾကာင္းကိုေတာ့ အားလံုး သိၾကမွာပါ။ ဘယ္ေနရာေတြမွာ အသံုးျပဳလဲဆိုတာ မွ်ေ၀ပါရေစ။ Antioxidant ပါ၀င္တဲ့ အတြက္ အေအးမိတဲ့ အခါ ေဆးအျဖစ္ အသံုးျပဳၾကပါတယ္။ အေအးမိႏွာေစးတဲ့ အခါ ဂ်င္းျပဳတ္ရည္ အနည္းငယ္ကို ေသာက္ေပးရပါတယ္။ ရာသီဥတု အေျပာင္းအလဲမွာ ဂ်င္းျပဳတ္ရည္ကို ထန္းလ်က္ အနည္းငယ္ထည့္ၿပီးေသာက္ေပးျခင္းျဖင့္ အေအးမိဖ်ားနာျခင္းကို ကာကြယ္ႏုိင္ပါတယ္။

၂။ အစာေၾက ရင္ေခ်ာင္ေစတဲ့ သေဘာရွိတဲ့ ဂ်င္းကို ေခါင္းမူးတဲ့ အခါ၊ Morning Sickness ျဖစ္တဲ့အခါ၊ ကားမူးတဲ့ အခါ၊ လွိဳင္းမူးတဲ့ အခါ မ်ိဳးေတြမွာ အသံုးျပဳေပးရင္ သက္သာေစပါတယ္။ အစာအိမ္ အခ်ဥ္ဓာတ္ကို ထိန္းေပးပါတယ္။

၃။ ေခါင္းကိုက္ျခင္းနဲ႔  ၾကြက္သားနာက်င္မႈေတြ အတြက္ ရိုးရာေဆး၀ါးအျဖစ္ သံုးၾကပါေသးတယ္။ ဖူးေယာင္တာေတြနဲ႔ ၾကြက္သားေတြ နာတဲ့ အခါ ဂ်င္းကုိ ထုၿပီး အံုေပးရင္ သက္သာေစပါတယ္။ ေခါင္းကိုက္တဲ့ အခါမွာလည္း ဂ်င္းျပဳတ္ရည္ေသာက္ေပးတာျဖစ္ျဖစ္ ဂ်င္းကို နားထင္နားမွာ အံုေပးတာျဖစ္ျဖစ္ လုပ္ေပးလို႔ရပါတယ္။

၄။ ေသြးထဲက အဆီဓာတ္ေတြကို ေလ်ာ့ခ်ေပးၿပီး ေသြးလည္ပတ္မႈကို ပံုမွန္ျဖစ္ေစတဲ့ ဓာတ္ရွိ္ပါတယ္။ ေသြးထဲက သၾကားဓာတ္ကို ညွိေပးတဲ့ အတြက္ ႏွလံုးေရာဂါကို ကာကြယ္ေပးပါတယ္။

၅။ ဂ်င္းဟာ လူေတြ ေၾကာက္တဲ့ ကင္ဆာေရာဂါအတြက္ ျဖစ္ေစတဲ့ ပိုးေတြကို ေလ်ာ့ခ်ေပးပါတယ္။

၆။ ဂ်င္းဟာ မွတ္ဥာဏ္ေတြကို မေပ်ာက္သြားေအာင္ ထိန္းေပးေစတဲ့ စြမ္းအား ရွ္ိတာ သိပါသလား? အသက္ႀကီးတဲ့ အခါ ငယ္မူျပန္ ေစာျခင္းကို ကာကြယ္ေပးၿပီး မွတ္ဥာဏ္စြမ္းအားကို ထိန္းထားေပးပါတယ္။

၇။ Weight ကို ထိန္းထားေပးတယ္ဆိုတဲ့ စြမ္းအင္ဟာ အခုေခတ္ ပ်ိဳေမအတြက္ သတင္းေကာင္းပါ။ Detox Water မွာ ဂ်င္းအနည္းငယ္ ထည့္ေသာက္ရင္ ၀ိတ္က်ေစပါတယ္။  ၀ိတ္ထိန္းေနတဲ့ လူေတြအတြက္ေတာ့ သခြားသီး၊ လီမြန္၊ ပူစီနာရြက္နဲ႔ ဂ်င္းအနည္းငယ္ ထည့္ၿပီး ေသာက္တဲ့ detox ေရကို ပံုမွန္ေသာက္ေပးရင္ ကိုယ္အေလးခ်ိန္ကို သိသိသာသာ ေလ်ာ့ခ်ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  www.watchfit.com

#Unicode Version#
ဂျင်းဟာ မြန်မာတွေရဲ့ မီးဖိုချောင်ထဲမှာ မရှိမဖြစ် သုံးကြတဲ့ ပစ္စည်းတစ်မျိုးပါ။ မြန်မာအစားအစာတွေ ချက်ပြုတ်ရမှာ ဂျင်းက ဟင်းအမယ်တိုင်းလို ပါဝင်ပါတယ်။ အသားတွေ ချက်ပြုတ်ရာမှာ အနံ့အသက်တွေကို သက်သာစေဖို့ အတွက်နဲ့ ဆီသတ်တဲ့ အခါ မွှေးကြိုင်စေဖို့အတွက် သုံးကြပါတယ်။ ဂျင်းဟာ ဆေးဖက်ဝင်တဲ့ ဟင်းခတ်ပစ္စည်း အဖြစ်လည်း မြန်မာတွေ သိကြပါတယ်။ အခုဆို ဂျင်းလက်ဖက်ရည်၊ ဂျင်းဘီစကစ်၊ ဂျင်းဘီယာ အစရှိသဖြင့် ဂျင်းပါဝင်တဲ့ သရေစာတွေကိုလည်း စားသောက်ကြပါတယ်။ နေ့တိုင်း စားနေပေမယ့် ကျန်းမာရေးအတွက် အသုံးဝင်ပုံကို သတိမပြုမိကြပါဘူး။

၁။ ဆေးဘက်ဝင် ဂျင်း
ဂျင်းရဲ့ ဆေးဘက်ဝင်တဲ့ အကြောင်းကိုတော့ အားလုံး သိကြမှာပါ။ ဘယ်နေရာတွေမှာ အသုံးပြုလဲဆိုတာ မျှဝေပါရစေ။ Antioxidant ပါဝင်တဲ့ အတွက် အအေးမိတဲ့ အခါ ဆေးအဖြစ် အသုံးပြုကြပါတယ်။ အအေးမိနှာစေးတဲ့ အခါ ဂျင်းပြုတ်ရည် အနည်းငယ်ကို သောက်ပေးရပါတယ်။ ရာသီဥတု အပြောင်းအလဲမှာ ဂျင်းပြုတ်ရည်ကို ထန်းလျက် အနည်းငယ်ထည့်ပြီးသောက်ပေးခြင်းဖြင့် အအေးမိဖျားနာခြင်းကို ကာကွယ်နိုင်ပါတယ်။

၂။ အစာကြေ ရင်ချောင်စေတဲ့ သဘောရှိတဲ့ ဂျင်းကို ခေါင်းမူးတဲ့ အခါ၊ Morning Sickness ဖြစ်တဲ့အခါ၊ ကားမူးတဲ့ အခါ၊ လှိုင်းမူးတဲ့ အခါ မျိုးတွေမှာ အသုံးပြုပေးရင် သက်သာစေပါတယ်။ အစာအိမ် အချဉ်ဓာတ်ကို ထိန်းပေးပါတယ်။

၃။ ခေါင်းကိုက်ခြင်းနဲ့  ကြွက်သားနာကျင်မှုတွေ အတွက် ရိုးရာဆေးဝါးအဖြစ် သုံးကြပါသေးတယ်။ ဖူးယောင်တာတွေနဲ့ ကြွက်သားတွေ နာတဲ့ အခါ ဂျင်းကို ထုပြီး အုံပေးရင် သက်သာစေပါတယ်။ ခေါင်းကိုက်တဲ့ အခါမှာလည်း ဂျင်းပြုတ်ရည်သောက်ပေးတာဖြစ်ဖြစ် ဂျင်းကို နားထင်နားမှာ အုံပေးတာဖြစ်ဖြစ် လုပ်ပေးလို့ရပါတယ်။

၄။ သွေးထဲက အဆီဓာတ်တွေကို လျော့ချပေးပြီး သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေတဲ့ ဓာတ်ရှိပါတယ်။ သွေးထဲက သကြားဓာတ်ကို ညှိပေးတဲ့ အတွက် နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

၅။ ဂျင်းဟာ လူတွေ ကြောက်တဲ့ ကင်ဆာရောဂါအတွက် ဖြစ်စေတဲ့ ပိုးတွေကို လျော့ချပေးပါတယ်။

၆။ ဂျင်းဟာ မှတ်ဉာဏ်တွေကို မပျောက်သွားအောင် ထိန်းပေးစေတဲ့ စွမ်းအား ရှိတာ သိပါသလား? အသက်ကြီးတဲ့ အခါ ငယ်မူပြန် စောခြင်းကို ကာကွယ်ပေးပြီး မှတ်ဉာဏ်စွမ်းအားကို ထိန်းထားပေးပါတယ်။

၇။ Weight ကို ထိန်းထားပေးတယ်ဆိုတဲ့ စွမ်းအင်ဟာ အခုခေတ် ပျိုမေအတွက် သတင်းကောင်းပါ။ Detox Water မှာ ဂျင်းအနည်းငယ် ထည့်သောက်ရင် ဝိတ်ကျစေပါတယ်။  ဝိတ်ထိန်းနေတဲ့ လူတွေအတွက်တော့ သခွားသီး၊ လီမွန်၊ ပူစီနာရွက်နဲ့ ဂျင်းအနည်းငယ် ထည့်ပြီး သောက်တဲ့ detox ရေကို ပုံမှန်သောက်ပေးရင် ကိုယ်အလေးချိန်ကို သိသိသာသာ လျော့ချစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  www.watchfit.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top