ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×





Credit: lwinpyin
#Unicode Version#
သူတို့ပြောတဲ့ ရိုက်လိုက်ဆရာတော် အတုဆိုဘဲ ကြည့်ကြပါအုန်း အရိုက်ခံခဲ့ရသော ဆရာတော်ကသိမ်မှာ ရဟန်းလောင်းအား ဥပဇ္ဈာယ်ဆရာတော်အဖြစ်ရဟန်းအားဆုံးမနေတာ ဖြစ်ပါတယ်။
#တိရိစ္ဆာန်လောက်တော့လိမ္မာသင့်တယ်#
ဦးဇင်းတပည့်ဇောတိက လှည်းကူးကထိန်ပင့်လို့ကြွခဲ့ပါတယ် ကထိန်မှာလဲကိုရင်တစ်ပါးရဟန်ခံခြင်းပါတော့ဆရာရဟန်းခံအမှီကြွပေးပါလို့ဖုန်းဖြင့်လျောက်လို့ဦးဇင်းသူငယ်ချင်းသံလျှင်ကျောင်းကိုအလည်ရောက်တာကနေပြီးလှည်းကူးသို့ကြွဖြစ်ခဲ့ပါတယ်။

ရဟန်းခြင်းကိစ္စကိုလုပ်တဲ့အခါဆရာတော်ဦးဣန္ဒကပင့်သံဃာထဲသက်ကြီးဝါတော်ကြီးဆိုတော့ဆရာတော်ကဥပဇ္ဈေဆရာလုပ်ချီးမြောက်ခဲ့ပါတယ်။ ဆရာတော်ကနှင့်လည်းစကားပြောဖြစ်ခဲ့တယ်ဆရာတော်ကိုယ်တိုင်ထုတ်ဝေတဲ့စာအုပ်တချို့ကိုလည်းမြင်ခဲ့ရပါတယ်။
Fbမှာမြင်တွေ့ရတဲ့အခါဘယ်ဆရာတော်မှန်းမသိလို့စာမတင်ဖြစ်ခဲ့ဘူးနောက်မှတပည့်တင်လိုက်တဲ့အခါကျမှဦးဇင်းနဲ့တွေ့ခဲ့တဲ့ဆရာတော်ဖြစ်နေတာကိုသိရပါတယ်

အထူးအားဖြင့်ပြောချင်တာကဆရာတော်သည် တောထွက်မဟုတ်သလိုရဟန်းတုလည်းမဟုတ်ပါဘူးထေရ်ကြီးဆာတော်တစ်ပါးဖြစ်ပါတယ်။ သံဃာတပါးကိုဒီလိုကြမ်းတမ်းစွားရိုက်နှက်မှုကိုလည်းမလုပ်သင့်ပါဘူး။လူကိုအားမနာသော်လည်းအရဟတ္တဓဇကိုတော့ရိုသေသင့်ပါတယ်။
ဘီယာဆိုင်ပိုင်ရှင်နဲ့နောက်လိုက်အပေါင်းပါတွေဟာ တိရိစ္ဆာန်ထက်နိမ့်ကျနေတာကိုတွေ့ရတယ်။ ဆဒ္ဒန်ဆင်မင်းဟာသူ့အားလေးမျှားဖြင့်ပစ်တဲ့သူကိုတောင်နင်းမယ်လို့လုပ်လိုက်တော့အရဟတ္တဓဇကြောင့် မနင်းသတ်ဘဲချမ်းသာခွင့်ပေးလိုက်ပြီး အစွယ်ကိုလည်းကိုယ်တိုင်ဖြတ်ပေးလိုက်သေးတယ်။

ဒါကြောင့်ဆရာတော်ဦးဣန္ဒကအားရိုက်နှက်သောဘီယာဆိုင် ပိုင်ရှင်နဲ့နောက်လိုက်တွေဟာတိရိစ္ဆာန်လောက်တော့လိမ္မာသင့်တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top