မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×


Credit: Kyaw Wai
#Unicode Version#
လှတောသားတစ်ယောက် ဈေးဝယ်ဖို့ဝက်လက်မြို့ရောက်တော့ ဈေးထိပ်နာရီစင်ကြည့်မိသတဲ့။
သူကြည့်တဲ့အချိန်မှာ နာရီစင်ရဲ့အနောက်ဖက်နာရီက ၉:၀၀ နာရီထိုးနေသတဲ့။
ဒါနဲ့ နာရီစင်ကိုလက်ယာရစ်ပတ်ပြီး မြောက်ဖက်ကနာရီကြည့်တော့ ၁၂:၀၀ နာရီပြနေသတဲ့။
နာရီစင်ကိုလက်ယာရစ်ဆက်ပတ်ပြီး အရှေ့ဖက်ကနာရီကို ကြည့်လိုက်တော့ ၃:၀၀ နာရီပြနေသတဲ့။
နာရီစင်ကိုဆက်ပတ်ပြီး တောင်ဖက်ကနာရီကိုကြည့်လိုက်ပြန်တော့ ၆:၀၀ နာရီထိုးနေပြီတဲ့။
ဒါနဲ့ ဈေးထဲဝင်ဈေးမဝယ်တော့ပဲ လှတောပြန်သွားသတဲ့။
အိမ်ရောက်တော့ သူ့မိသားစုကိုပြန်ပြောလိုက်တာက-
“ဝက်လက်ဈေးထိပ်က နာရီစင်ကြီး ကြီးချက်ကတော့ကွာ မနက် ၀၉:၀၀ နာရီကပတ်ကြည့်လိုက်တာ ညနေ ၀၆:၀၀ နာရီထိုးမှ တစ်ပတ်ပြည့်သတဲ့”

ဖိုးသူတော် (www.phothutaw.com)
Credit: Kyaw Wai
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top