လှိုင်မြို့ နယ် MICT Park အနီး မဟာဆွေကွန်ဒို အထူးအရောင်းပြပွဲ
×
# Unicode Version ဖြင့် ဖတ်ပါ #
အမျိုးသမီး တစ်ယောက်အနေနဲ့ ဆံကေသာ ပျက်စီးမှု၊ အပူတွေကြောင့် ဆံပင် ကျွတ်မှု လျော့နည်းစေဖို့အတွက် သင့်တော်ကောင်းမွန် တဲ့ ခေါင်းလျှော်နည်းက အရေးကြီးတယ်ဆိုတာ သိကြမှာပါ။ယနေ့မှာ Lifestyle Myanmar ပျိုမေတွေအတွက် မှန်ကန်တဲ့ ခေါင်းလျှော်နည်းလေးကို မျှဝေပေးချင်ပါတယ်။
အဆင့် ၁။ သင့်ဆံပင်တွေကို ပထမဆုံး ရိုးရိုးရေနှင့် ဆေးကြောပါ။ ပုံမှန်အပူချိန်ရှိတဲ့ ရေနှင့်သာ သင့်ဆံပင်တွေကို အမြဲတမ်းလျှော်ပါ။ ရေပူတွေက သင့်ဦးရေပြားက အစိုဓါတ်အားလုံးကို စုပ်ယူပြီး သင့်ဆံပင်ကို အလွန်ခြောက်သွေ့စေတာကြောင့် ရေပူနဲ့ ဘယ်တော့မှမလျှော်ပါနဲ့။
အဆင့် ၂။ ရေထဲမှာ ဆံပင်တွေကို ကောင်းစွာစိမ်ထားပေးပါ။ ခွက်ထဲမှာ ရှန်ပူထည့်ပြီး ရေအနည်းငယ်ရောစပ်ပါ။ ဦးရေပြားပေါ် ခေါင်းလျှော်ရည် တိုက်ရိုက်တင်ခြင်းသည် အပြင်းစားခေါင်းလျှော်ရည်တွေက သင့်ဦးရေပြားက သဘာဝဆီအားလုံးကို စုပ်ယူတာကြောင့် ဒါကအရေးကြီးပါတယ်။
အဆင့် ၃။ သင့်ဦးရေပြားပေါ်မှာ ဒီရှန်ပူနှင့် ရေရောထားတာကို လောင်းချပါ။ သင့်လက်ချောင်းတွေနှင့်အတူ ဦးရေပြားပေါ်ကို ညင်သာစွာ ပွတ်ပေးပါ။ သင့်ဦးရေပြားကိုသာ နှိပ်နယ်ပြီး ပွတ်ပေးပါ။ သင့်ဆံပင်တွေကို ရှန်ပူနှင့် ပွတ်ဖို့မလိုပါဘူး။ ဆံပင်အဖျားဘက်က များစွာ ခြောက်သွေ့တတ်တာကြောင့် ခေါင်းလျှော်ရည် အလွန်အကျွံသုံးရင် ဆံကေသာကို ပျက်စီးစေပါတယ်။
အဆင့် ၄။ သင့်ဆံပင်တွေကို အရင်းကနေစပြီး အဖျားအထိ ရေနှင့်ဆေးချပါ။
အဆင့် ၅။ သဘက်တစ်တည်နှင့်အတူ ပိုလျှံနေတဲ့ ရေတွေကို ဖယ်ရှားပါ။ ပျော့ဆေးကိုယူပြီး သင့်ဆံပင်အရှည်အတိုင်း လိမ်းပေးပါ။
အဆင့် ၆။ ဘောက်ပြဿနာရှိပါက စပရေးပုလင်းတစ်ခုထဲကို ရေနှင့် Apple cider vinegar ဆတူရောထည့်ပါ။ ဒီဖျော်ရည်ကို သင်ဦးရေပြားပေါ်မှာ ဖြန်းပါ။ ၁၀မိနစ်လောက်ထားပါ။
အဆင့် ၇။ ၁၀မိနစ်အကြာမှာ ရှာလကာပျော်ရည်နှင့် ပျော့ဆေးတွေကို ဖယ်ရှားဖို့ သင့်ဆံပင်တွေကို ဆေးကြောပါ။
အဆင့် ၈။ ပိုလျှံနေတဲ့ ရေတွေကို ဖယ်ရှားပြီး သင့်ဆံပင်တွေကို သဘာဝအတိုင်း အခြောက်ခံပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: Lifestyl_Myanmar (TB_Nandar)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top