ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

တနသၤာရီတိုင္း ၿမိတ္ၿမိဳ႕နယ္ သစ္ယာဝေက်း႐ြာရွိ ဇဝနာရာမေက်ာင္းသစ္တိုက္တြင္ ဂူသြင္းထားသည့္ ဆရာေတာ္႐ုပ္ ကလာပ္ကို ဒီဇင္ဘာလ ၁၆ ရက္က ျပန္လည္ တူးေဖာ္ခဲ့ေၾကာင္း  အဆိုပါၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး႐ံုး ရဲမွဴးေအးမင္းထံက သိရသည္။

ဆရာေတာ္႐ုပ္ကလာပ္ကို ဂူသြင္း သၿဂႋဳဟ္ခဲ့သည့္မွာ တစ္လနီးပါး ၾကာၿပီျဖစ္ေသာ္လည္း ဂူသြင္းခ်ိန္တြင္ အ႐ိုက္ခံထားရသည္ဟု သံသယရွိဖြယ္ ဒဏ္ရာအခ်ိဳ႕ ေတြ႔ခဲ့ျခင္းႏွင့္ ဆရာေတာ္ႏွင့္ သက္ဆိုင္သည့္ အခန္းေသာ့မ်ား၊ ေငြသားမ်ား ေပ်ာက္ဆံုးေနျခင္းတို႔ေၾကာင့္ ဒီဇင္ဘာလ ၃ ရက္က ၿမိဳ႕မရဲစခန္းတြင္ တိုင္ၾကားခဲ့ေၾကာင္း ေက်ာင္းအက်ိဳးေတာ္ေဆာင္ ေကာ္မတီထံမွ သိရသည္။

“တစ္စံုတစ္ဦးရဲ႕ ပေယာဂေၾကာင့္ ပ်ံလြန္ေတာ္မူတယ္လို႔ ထင္ျမင္ယူဆခ်က္နဲ႔ လာၿပီး သတင္းေပးေတာ့ ဓမၼတာအတိုင္း ေသဆံုးတာ ဟုတ္/ မဟုတ္ တရားသူႀကီး၊ ဆရာဝန္နဲ႔ နာေရးအဖြဲ႔ေတြေခၚၿပီး ျပန္ၿပီး ရင္ခြဲစစ္တာပါ”ဟု ရဲမွဴးေအးမင္းကဆိုသည္။

သက္ေတာ္ ၆၂ ႏွစ္၊ ဝါေတာ္ ၄၂ ဝါရွိ ဆရာေတာ္ဘဒၵႏၲဇဝနသည္ ႏိုဝင္ဘာလ ၁၃ ရက္က ပ်ံလြန္ေတာ္မူခဲ့ၿပီး ၉ ရက္အၾကာ ဈာပန အခမ္းအနား က်င္းပၿပီးေနာက္ ႏိုဝင္ဘာလ ၂၁ ရက္တြင္ ေက်ာင္းေတာင္ေပၚရွိ ေစတီနံေဘးတြင္ ဂူသြင္းခဲ့ေၾကာင္း ေက်ာင္းအက်ိဳးေတာ္ေဆာင္ ေကာ္မတီထံမွ သိရသည္။

ဆရာေတာ္သည္ ၿမိတ္ၿမိဳ႕ တ႐ုတ္တန္းရပ္ကြက္ရွိ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ပ်ံလြန္ေတာ္မူၿပီးေနာက္ ႐ြာသားအခ်ိဳ႕က ညတြင္းခ်င္း ႐ြာသို႔ ပင့္ေဆာင္လာခဲ့ေၾကာင္း အက်ိဳးေတာ္ေဆာင္ ေကာ္မတီ ဥကၠ႒ ဦးတင္ဆန္းက ေျပာၾကားသည္။

႐ုပ္ကလာပ္ကို သယ္လာသည့္ ႐ြာသားအခ်ိဳ႕၏ ေျပာျပခ်က္အရ ေသြးတိုးေရာဂါျဖင့္ ပ်ံလြန္ေတာ္မူသည္ကို သိရွိခဲ့ေၾကာင္း ဦးတင္ဆန္းကဆိုသည္။

ဂူသြင္းခဲ့ၿပီးေနာက္ ဆရာေတာ္ ပ်ံလြန္ေတာ္မူစဥ္က မ်က္ႏွာႏွင့္ ရင္ဘတ္တို႔၌ ဒဏ္ရာအခ်ိဳ႕ႏွင့္ ေမွာက္လ်က္ပ်ံလြန္ေတာ္မူထားသည့္ မွတ္တမ္းဓာတ္ပံုမ်ား ထြက္ေပၚလာသျဖင့္ ေရာဂါျဖင့္ ပ်ံလြန္ေတာ္မူသည္မွာ မျဖစ္ႏိုင္ေၾကာင္း သစ္ယာဝ ႐ြာသားတို႔က ေျပာျပသည္။

အဆိုပါ ႐ုပ္ကလာပ္အား စစ္ေဆးခ်က္ ရလဒ္ေပၚ မူတည္ၿပီး ဆက္လက္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ၿမိတ္ၿမိဳ႕နယ္ ၿမိဳ႕မ ရဲစခန္းထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thevoicemyanmar

#Unicode Version#
တနင်္သာရီတိုင်း မြိတ်မြို့နယ် သစ်ယာဝကျေးရွာရှိ ဇဝနာရာမကျောင်းသစ်တိုက်တွင် ဂူသွင်းထားသည့် ဆရာတော်ရုပ် ကလာပ်ကို ဒီဇင်ဘာလ ၁၆ ရက်က ပြန်လည် တူးဖော်ခဲ့ကြောင်း  အဆိုပါမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးအေးမင်းထံက သိရသည်။

ဆရာတော်ရုပ်ကလာပ်ကို ဂူသွင်း သင်္ဂြိုဟ်ခဲ့သည့်မှာ တစ်လနီးပါး ကြာပြီဖြစ်သော်လည်း ဂူသွင်းချိန်တွင် အရိုက်ခံထားရသည်ဟု သံသယရှိဖွယ် ဒဏ်ရာအချို့ တွေ့ခဲ့ခြင်းနှင့် ဆရာတော်နှင့် သက်ဆိုင်သည့် အခန်းသော့များ၊ ငွေသားများ ပျောက်ဆုံးနေခြင်းတို့ကြောင့် ဒီဇင်ဘာလ ၃ ရက်က မြို့မရဲစခန်းတွင် တိုင်ကြားခဲ့ကြောင်း ကျောင်းအကျိုးတော်ဆောင် ကော်မတီထံမှ သိရသည်။

“တစ်စုံတစ်ဦးရဲ့ ပယောဂကြောင့် ပျံလွန်တော်မူတယ်လို့ ထင်မြင်ယူဆချက်နဲ့ လာပြီး သတင်းပေးတော့ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်/ မဟုတ် တရားသူကြီး၊ ဆရာဝန်နဲ့ နာရေးအဖွဲ့တွေခေါ်ပြီး ပြန်ပြီး ရင်ခွဲစစ်တာပါ”ဟု ရဲမှူးအေးမင်းကဆိုသည်။

သက်တော် ၆၂ နှစ်၊ ဝါတော် ၄၂ ဝါရှိ ဆရာတော်ဘဒ္ဒန္တဇဝနသည် နိုဝင်ဘာလ ၁၃ ရက်က ပျံလွန်တော်မူခဲ့ပြီး ၉ ရက်အကြာ ဈာပန အခမ်းအနား ကျင်းပပြီးနောက် နိုဝင်ဘာလ ၂၁ ရက်တွင် ကျောင်းတောင်ပေါ်ရှိ စေတီနံဘေးတွင် ဂူသွင်းခဲ့ကြောင်း ကျောင်းအကျိုးတော်ဆောင် ကော်မတီထံမှ သိရသည်။

ဆရာတော်သည် မြိတ်မြို့ တရုတ်တန်းရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် ပျံလွန်တော်မူပြီးနောက် ရွာသားအချို့က ညတွင်းချင်း ရွာသို့ ပင့်ဆောင်လာခဲ့ကြောင်း အကျိုးတော်ဆောင် ကော်မတီ ဥက္ကဋ္ဌ ဦးတင်ဆန်းက ပြောကြားသည်။

ရုပ်ကလာပ်ကို သယ်လာသည့် ရွာသားအချို့၏ ပြောပြချက်အရ သွေးတိုးရောဂါဖြင့် ပျံလွန်တော်မူသည်ကို သိရှိခဲ့ကြောင်း ဦးတင်ဆန်းကဆိုသည်။

ဂူသွင်းခဲ့ပြီးနောက် ဆရာတော် ပျံလွန်တော်မူစဉ်က မျက်နှာနှင့် ရင်ဘတ်တို့၌ ဒဏ်ရာအချို့နှင့် မှောက်လျက်ပျံလွန်တော်မူထားသည့် မှတ်တမ်းဓာတ်ပုံများ ထွက်ပေါ်လာသဖြင့် ရောဂါဖြင့် ပျံလွန်တော်မူသည်မှာ မဖြစ်နိုင်ကြောင်း သစ်ယာဝ ရွာသားတို့က ပြောပြသည်။

အဆိုပါ ရုပ်ကလာပ်အား စစ်ဆေးချက် ရလဒ်ပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း မြိတ်မြို့နယ် မြို့မ ရဲစခန်းထံမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: thevoicemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top