iMyanmarHouse.com - Best Property Website for Myanmar
×
ဖြေ..
"""  အကျွန်ုပ်ပြစ်မှားမိသော အပြစ်ကို သည်းခံခွင့်လွှတ်တော်မူပါ.. """ ဟု
# Unicode Version ဖြင့် ဖတ်ပါ #
ကိုယ်. နှုတ်.. စိတ်နဲ့ ပြစ်မှားမိတဲ့ အပြစ်တွေကို ဝန်ချကန်တော့လို့ ကျေပျောက်နိုင်ပါသလား..။
ဖြေ..
ဒီအဓိပ္ပါယ်ရှိတဲ့ မေးခွန်းမျိုးကို စွယ်စုံကျော်ထင်ကျမ်းမှာ အောက်ပါအတိုင်း ကျီးကန်ရှင်ကြီးက မေးထားပါတယ်..။
ပြစ်မှားမိသည်.. ကန်တော့မည်..။
ပြစ်ခြည်ကုန်ခန်းပါလိမ့်မည်နည်း။
အထက်ပါ အမေးကို ကျီးသဲဆရာတော်က တိကနိပါတ်ဂုၤတ္တိုရ် အဋ္ဌကထာပါဠိကို ကိုးကားဖြေထားပါတယ်..။ အဲ့ဒီအဋ္ဌကထာပါဠိ မြန်မာပြန် အဓိပ္ပါယ်ကို ဖော်ပြပါမယ်..။
မိခင် . ဖခင်.. စေတီ .. ဗောဓိပင်နှင့် ရဟန်းသံဃာတွေကအပေါ် ဒေါသစိတ်ဖြင့် ပြစ်မှားမိသည်ရှိသော်...
"""  အကျွနု်ပ်ပြစ်မှားမိသော အပြစ်ကို သည်းခံခွင့်လွှတ်တော်မူပါ.. """ ဟု
....တောင်းပန်ဝန်ချ ကန်တော့အံ့.. ထိုသို့ ဝန်ချကန်တော့သည်နှင့် တစ်ပြိုင်နက် ထိုမကောင်းမှု့ ကံတို့သည် ပ,ပျောက်ကုန်၏..။
ကန်တော့ရသော ကုသိုလ်သည် ပြစ်မှားမိသော အကုသိုလ်အကျိုးပေးမှု့ကို တားမြစ်လိုက်သဖြင့် ပြစ်မှားမိတဲ့ အကုသိုလ်ဟာ အကျိုးမပေးတော့ဘဲ အဟောသိကံ ထြစ်သွားတယ်..။
( အသီးမသီးတဲ့ အဖိုပွင့်လို ဖြစ်သွားတယ်..)
ဒီလိုကန်တော့လိုက်တဲ့ အတွက်  ပြစ်မှားမိတဲ့ အပြစ်ဟာ နတ်ပြည်ရောက်မှာကိုလဲ မတားမြစ်နိုင်ပါဘူး..။
မဂ်ဖိုလ်ရမှု့ကိုလဲ မတားမြစ်နိုင်ဘူး..။
ဖိုးသူတော် (www.phothutaw.com)
Credit: မိရိုးဖလာလွန်ဗုဒ္ဓဘာသာစာအုပ်မှ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top