ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

လွလွပပအဝတ္အစားေတြကို ဝတ္ဆင္ဖုိ႔အတြက္ ခါးတစ္ဝုိက္နဲ႔ ေျခေထာက္ေတြမွာ အေၾကာျပတ္တာမ်ိဳး ျဖစ္ေနတယ္ဆိုရင္ အဆင္မေျပလွပါဘူး။ ခႏၶာကိုယ္အေလးခ်ိန္တက္ျခင္း၊ က်ျခင္း၊ အသက္အရြယ္ေၾကာင့္ အေရျပားတင္းရင္းမႈေလ်ာ့ရဲျခင္းနဲ႔ ကေလးေမြးၿပီးစမိခင္ေတြမွာလည္း အေၾကာျပတ္မႈေတြေတြ ျဖစ္ေပၚႏိုင္ပါတယ္။ ဒါေတြကို ကုသဖုိ႔အတြက္ နည္းလမ္းေကာင္းမ်ားစြာရွိတဲ့ အထဲကမွ ေကာ္ဖီကိုအသံုးျပဳၿပီး ကုသႏိုင္တဲ့နည္း လမ္းမ်ားကို ေဖာ္ျပေပးလုိက္ပါတယ္။

(၁) ပထမဦးဆံုးေဖာ္ျပေပးခ်င္တဲ့ နည္းလမ္းေလးကေတာ့ ပါဝင္ပစၥည္းသံုးမ်ိဳး ပါဝင္ပါတယ္။ ဒိန္ခ်ဥ္ စားပြဲတင္ဇြန္း ၄ဇြန္း၊ မက္မြန္ဆီ အနည္းငယ္နဲ႔ ေကာ္ဖီၾကမ္းမႈန္႔ လက္ဖက္ရည္ဇြန္း ၃ဇြန္းတို႔ကို ေရာစပ္လိုက္ပါ။ ရရွိလာတဲ့အေရာ အေႏွာကို အေၾကာျပတ္ရာျဖစ္ေနတဲ့ အေရျပားေပၚကို သုတ္လိမ္းေပးပါ။ ၅မိနစ္ခန္႔ ပြတ္လိမ္းေပးၿပီး ၁၅မိနစ္ခန္ ႔ေလာက္ အေျခာက္ခံလိုက္ပါ။ ၿပီးရင္ေတာ့ ေရနဲ႔ဆပ္ျပာကိုအသံုးျပဳၿပီး ေဆးေၾကာသန္႔စင္ႏုိင္ပါၿပီ။ ဒီနည္းလမ္း အတိုင္း တစ္ပတ္ကို ၄ႀကိမ္ေလာက္ပံုမွန္ျပဳလုပ္ေပးမယ္ဆိုရင္ အေၾကာျပတ္တာ သက္သာလာတာကို ေတြ႔ရမွာပါ။

(၂) ေနာက္ထပ္နည္းလမ္းတစ္ခုအေနနဲ႔ ၾကက္ဆူဆီနဲ႔ အုန္းဆီကုိ ဆတူေရာစပ္ၿပီး အပူေပးပါ။ ခပ္ေႏြးေႏြးျဖစ္ေနတဲ့ ၾကက္ဆူဆီအေရာအေႏွာထဲကို ေကာ္ဖီၾကမ္းမႈန္႔ စားပြဲတင္ဇြန္း ၂ဇြန္းခန္႔ ေရာစပ္လိုက္ပါ။ အေအးခံလိုက္ၿပီး အိပ္ရာမဝင္ခင္ ညစဥ္ညတုိင္း လိမ္းေပးမယ္ဆုိရင္ အေၾကာျပတ္ျခင္းနဲ႔ အေၾကာျပတ္ျခင္းေၾကာင့္ အသားအေရာင္ မညီမညာျဖစ္ျခင္း စတာေတြကို အလ်င္ျမန္ဆံုး ေပ်ာက္ကင္းေစႏုိင္တာကို ေတြ႔ျမင္ရမွာပါ။

(၃) အခုေဖာ္ျပေပးမယ့္နည္း နည္းလမ္းေလးကလည္း သဘာဝနည္းလမ္းေကာင္းေလးပါပဲ။ ေကာ္ဖီၾကမ္းမႈန္႔နဲ႔ ေဖ်ာ္ထားတဲ့ ေကာ္ဖီတစ္ခြက္ကို အေအးခံထားလိုက္ပါ။ ေအးသြားၿပီဆိုရင္ သံပရိုရည္အနည္းငယ္ ညွစ္ထည့္ၿပီး အေၾကာျပတ္တဲ့ေနရာေတြေပၚကို သုတ္လိမ္းေပးပါ။ ဝါဂြမ္းစေလးနဲ႔ တုိ႔ယူၿပီး အသံုးျပဳႏိုင္ပါတယ္။ ဒီနည္းလမ္းေလး ကလည္း ပါဝင္ပစၥည္းႏွစ္မ်ိဳးတည္း ျဖစ္တဲ့အတြက္ လြယ္ကူရိုးရွင္းတဲ့ နည္းလမ္းေလးပါပဲေနာ္။

(၄) ေနာက္ဆံုးေဖာ္ျပေပးခ်င္တဲ့ နည္းလမ္းေလးကေတာ့ ေကာ္ဖီၾကမ္းနဲ႔ ပ်ားရည္ကို ေရာစပ္ၿပီး အေၾကာျပတ္ရာကို ဖယ္ရွားတဲ့နည္းလမ္းေကာင္းေလးပါ။ ပ်ားရည္ရဲ႕ သဘာဝဓာတ္က အသားအေရကို ညီညာဝင္းမြတ္ေစၿပီး အေၾကာျပတ္တာေတြအတြက္ အလ်င္ျမန္ဆံုးသက္သာေစႏိုင္ပါတယ္။ ေလ်ာ့တဲြက်ေနတဲ့ အသားအေရကိုလည္း ျပန္လည္တင္းရင္းေစပါတယ္။

ေကာ္ဖီကိုအသံုးျပဳၿပီး အေၾကာျပတ္ျခင္းကို ဖယ္ရွားတဲ့နည္းလမ္းရဲ႕အက်ိဳးေက်းဇူးေတြကေတာ့ ေနေရာင္ျခည္ တိုက္ရိုက္ထိေတြ႔မႈေၾကာင့္ ပ်က္စီးသြားတဲ့ ဆဲလ္မ်ားကို ဖယ္ရွားေပးၿပီး အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကို ေႏွာင့္ေႏွးေစပါတယ္။ ဒါ့အျပင္ ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစၿပီး အသားအေရကိုလည္း ၾကည္လင္ဝင္း ပေစပါတယ္။ ေကာ္ဖီမွာပါဝင္တဲ့ Antioxidants နဲ႔ ကဖင္းဓာတ္က အသားအေရကို ျပန္လည္ႏုပ်ိဳေစၿပီးေတာ့ အေရးအေၾကာင္းမ်ားကို ကင္းစင္ေစတဲ့ အက်ိဳးအာနိသင္မ်ားစြာ ရရွိႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
လှလှပပအဝတ်အစားတွေကို ဝတ်ဆင်ဖို့အတွက် ခါးတစ်ဝိုက်နဲ့ ခြေထောက်တွေမှာ အကြောပြတ်တာမျိုး ဖြစ်နေတယ်ဆိုရင် အဆင်မပြေလှပါဘူး။ ခန္ဓာကိုယ်အလေးချိန်တက်ခြင်း၊ ကျခြင်း၊ အသက်အရွယ်ကြောင့် အရေပြားတင်းရင်းမှုလျော့ရဲခြင်းနဲ့ ကလေးမွေးပြီးစမိခင်တွေမှာလည်း အကြောပြတ်မှုတွေတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါတွေကို ကုသဖို့အတွက် နည်းလမ်းကောင်းများစွာရှိတဲ့ အထဲကမှ ကော်ဖီကိုအသုံးပြုပြီး ကုသနိုင်တဲ့နည်း လမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပထမဦးဆုံးဖော်ပြပေးချင်တဲ့ နည်းလမ်းလေးကတော့ ပါဝင်ပစ္စည်းသုံးမျိုး ပါဝင်ပါတယ်။ ဒိန်ချဉ် စားပွဲတင်ဇွန်း ၄ဇွန်း၊ မက်မွန်ဆီ အနည်းငယ်နဲ့ ကော်ဖီကြမ်းမှုန့် လက်ဖက်ရည်ဇွန်း ၃ဇွန်းတို့ကို ရောစပ်လိုက်ပါ။ ရရှိလာတဲ့အရော အနှောကို အကြောပြတ်ရာဖြစ်နေတဲ့ အရေပြားပေါ်ကို သုတ်လိမ်းပေးပါ။ ၅မိနစ်ခန့် ပွတ်လိမ်းပေးပြီး ၁၅မိနစ်ခန့်လောက် အခြောက်ခံလိုက်ပါ။ ပြီးရင်တော့ ရေနဲ့ဆပ်ပြာကိုအသုံးပြုပြီး ဆေးကြောသန့်စင်နိုင်ပါပြီ။ ဒီနည်းလမ်း အတိုင်း တစ်ပတ်ကို ၄ကြိမ်လောက်ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် အကြောပြတ်တာ သက်သာလာတာကို တွေ့ရမှာပါ။

(၂) နောက်ထပ်နည်းလမ်းတစ်ခုအနေနဲ့ ကြက်ဆူဆီနဲ့ အုန်းဆီကို ဆတူရောစပ်ပြီး အပူပေးပါ။ ခပ်နွေးနွေးဖြစ်နေတဲ့ ကြက်ဆူဆီအရောအနှောထဲကို ကော်ဖီကြမ်းမှုန့် စားပွဲတင်ဇွန်း ၂ဇွန်းခန့် ရောစပ်လိုက်ပါ။ အအေးခံလိုက်ပြီး အိပ်ရာမဝင်ခင် ညစဉ်ညတိုင်း လိမ်းပေးမယ်ဆိုရင် အကြောပြတ်ခြင်းနဲ့ အကြောပြတ်ခြင်းကြောင့် အသားအရောင် မညီမညာဖြစ်ခြင်း စတာတွေကို အလျင်မြန်ဆုံး ပျောက်ကင်းစေနိုင်တာကို တွေ့မြင်ရမှာပါ။

(၃) အခုဖော်ပြပေးမယ့်နည်း နည်းလမ်းလေးကလည်း သဘာဝနည်းလမ်းကောင်းလေးပါပဲ။ ကော်ဖီကြမ်းမှုန့်နဲ့ ဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ကို အအေးခံထားလိုက်ပါ။ အေးသွားပြီဆိုရင် သံပရိုရည်အနည်းငယ် ညှစ်ထည့်ပြီး အကြောပြတ်တဲ့နေရာတွေပေါ်ကို သုတ်လိမ်းပေးပါ။ ဝါဂွမ်းစလေးနဲ့ တို့ယူပြီး အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းလေး ကလည်း ပါဝင်ပစ္စည်းနှစ်မျိုးတည်း ဖြစ်တဲ့အတွက် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးပါပဲနော်။

(၄) နောက်ဆုံးဖော်ပြပေးချင်တဲ့ နည်းလမ်းလေးကတော့ ကော်ဖီကြမ်းနဲ့ ပျားရည်ကို ရောစပ်ပြီး အကြောပြတ်ရာကို ဖယ်ရှားတဲ့နည်းလမ်းကောင်းလေးပါ။ ပျားရည်ရဲ့ သဘာဝဓာတ်က အသားအရေကို ညီညာဝင်းမွတ်စေပြီး အကြောပြတ်တာတွေအတွက် အလျင်မြန်ဆုံးသက်သာစေနိုင်ပါတယ်။ လျော့တွဲကျနေတဲ့ အသားအရေကိုလည်း ပြန်လည်တင်းရင်းစေပါတယ်။

ကော်ဖီကိုအသုံးပြုပြီး အကြောပြတ်ခြင်းကို ဖယ်ရှားတဲ့နည်းလမ်းရဲ့အကျိုးကျေးဇူးတွေကတော့ နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုကြောင့် ပျက်စီးသွားတဲ့ ဆဲလ်များကို ဖယ်ရှားပေးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အသားအရေကိုလည်း ကြည်လင်ဝင်း ပစေပါတယ်။ ကော်ဖီမှာပါဝင်တဲ့ Antioxidants နဲ့ ကဖင်းဓာတ်က အသားအရေကို ပြန်လည်နုပျိုစေပြီးတော့ အရေးအကြောင်းများကို ကင်းစင်စေတဲ့ အကျိုးအာနိသင်များစွာ ရရှိနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top