iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင်ညှပ်ခြင်း


ရေဓါတ်


ခေါင်းလျှော်ပါ


အိပ်ရေး၀၀အိပ်ပါ


ဆံပင်ပေါင်းပါ။



ရေကူးကန်


ဆံပင်အခြောက်ခံခြင်း


ခေါင်းဖြီးခြင်း


အစားအစာ



#Unicode Version#
ဆံပင်ညှပ်ခြင်း

ဆံပင်ကို တစ်လ တစ်ခါလောက်အဖျားလေးကို ညှပ်ပြီး ပုံသွင်းပေးသင့်ပါတယ်။

ရေဓါတ်

ကျန်းမာသန်စွမ်းတဲ့ ဆံကေသာအတွက် ရေဓါတ်များများလိုအပ်ပါတယ်။ ရေကို များများသောက်ပေးတာဟာ ဆံကေသာအတွက်သာမက အသားအရေနဲ့ ခန္တာကိုယ်အတွက်ပါကောင်းမွန်ပါတယ်။

ခေါင်းလျှော်ပါ

ခေါင်းကို ၂ ရက်ခြားတစ်ခါလောက်လျှော်ပါ။ လျှော်တဲ့အခါမှာကိုယ်နဲ့သင့်တော်တဲ့ ခေါင်းလျှော်ရည် ၊ ပေါင်းဆေးနဲ့ တခြား ဆံကေသာနဲ့ပတ်သတ်တဲ့အလှကုန်ပစ္စည်းကို ဝယ်ပါ။ ပြီးတော့ ရေအေးနဲ့လျှော်တာထက် ရေနွေးနွေးလေးနဲ့ လျှော်ပေးပါ။

အိပ်ရေး၀၀အိပ်ပါ

အိပ်ရေး၀၀အိပ်တာဟာ ခန္တာကိုယ်အတက်သာမက ဆံကေသာအတွက်လည်းကောင်းမွန်ပါတယ်။

ဆံပင်ပေါင်းပါ။

ဆံကေသာ ပျော့ပြောင်းသန်စွမ်းစေဖို့ သဘာဝအတိုင်းပေါင်းတင်ပေးပါ။

Gel လိမ်းတဲ့နေရာမှာ ဦးရေပြားနဲ့ တိုက်ရိုက်ထိပြီးမလိမ်းပါနဲ့။ ဆံသားပေါ်မှာပဲ လိမ်းပေးပါ။ ဘာလို့လဲဆိုတော့ ချွေးပေါက်ပိတ်စေပါတယ်။

ရေကူးကန်

ရေကူးကန်ထဲမဝင်ခင်မှာ ခေါင်းကို ပုံမှန်ရေနဲ့ အရင်လျှော်ချပါ။ ဒါဟာ ရေကူးကန်ထဲမှာထည့်ထားတဲ့ ကလိုရင်းစုပ်ယူမှုကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် ရေမစိုတဲ့ ဦးထုပ်စောင်းပေးပါ။ မပါဘူးဆိုရင် ရေကူးကန်ကတက်တာနဲ့ ချက်ချင်း ခေါင်းကိုသေချာလျှော်ပါ။

ဆံပင်အခြောက်ခံခြင်း

ဆံပင်ကို အခြောက်ခံစက်နဲ့ လေမှုတ်ရာမှာ အရမ်းပူတဲ့အဆင့်ထိမထားပါနဲ့။ ပြီးတော့ တစ်နေရာထဲမှာ လေမှုတ်စက်ကိုထားပြီး မှုတ်မနေသင့်ပါဘူး။ လက်နဲ့ဆံပင်ကိုခပ်ဖွဖွလေးဖွပေးပြီး တစ်နေရာပြီး တစ်နေရာ ပြောင်းမှုတ်ပေးပါ။

ခေါင်းဖြီးခြင်း

ဆံပင်ရေစိုနေတဲ့အချိန်မှာ ခေါင်းလုံးဝမဖြီးပါနဲ့။ ဆံပင်ခြောက်သွားမှာ လက်နဲ့သပ်ပြီး ဘီးကျဲနီး ဖြီးပေးပါ။

အစားအစာ

ပရိုတင်းနဲ့ ဗီတာမင်ကြွယ်ဝစွာပါတဲ့အစားအစာကိုစားပါ။ ဒါဟာ ဆံကေသာကို ကျန်းမာသန်စွမ်း တောက်ပြောင်စေမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top