န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

တ႐ုတ္ႏုိင္ငံ ေတာင္တန္းထူထပ္ရာေဒသေတြရဲ႕ ေဆာင္းလေတြဟာ အလြန္ခက္ခဲတဲ့အခ်ိန္ကာလေတြျဖစ္ၿပီး ႏွင္းေတြထူကဲစြာက်ဆင္းကာ ျမစ္ေခ်ာင္းအင္းအုိင္ေတြထဲက ေရေတြကို ခဲေစပါတယ္။ အခုလုိ ေဆာင္းဦးအစကာလမွ ေရဟာ လုံးလုံးလ်ားလ်ားခဲသြားတာမ်ိဳးမဟုတ္ဘဲ အေပၚယံတစ္လက္မေလာက္သာ ခဲသြားတတ္တဲ့အခ်ိန္ျဖစ္ပါတယ္။

အခုလည္း အသက္(၇၀)အရြယ္ အဖြားအုိတစ္ဦးဟာ ေရခဲစျပဳေနတဲ့ ျမစ္ထဲမွာ ေရွ႕မတုိးႏုိင္၊ ေနာက္မဆုတ္ႏုိင္ျဖစ္ေနပါတယ္။ အေျခအေနၾကည့္ရတာ အဖြားဟာ ဒီေနရာမွာ မိနစ္ေတာ္ေတာ္ၾကာေအာင္ ပိတ္မိေနခဲ့တာလုိ႔ ယူဆရၿပီး ေျခေတြလက္ေတြ ထုံက်င္ေအးခဲၿပီး လႈပ္ရွားဖုိ႔မလြယ္ေတာ့တဲ့ အေနအထားလုိ႔ ယူဆရပါတယ္။

ဒီထက္မက ၾကာသြားရင္ အဖြားဟာ လူစင္စင္က ေရခဲတုန္းျဖစ္ေတာ့မယ့္သေဘာပါ။ အဖြားရဲ႕ အခက္အခဲကုိ ျမင္ျမင္ခ်င္းမွာပဲ အသက္(၄၇)ႏွစ္အရြယ္ Shi Lei အမည္ရ အမ်ိဳးသားႀကီးဟာ သူစီးလာတဲ့ စက္ဘီးကိုထားၿပီး ဆင္းကယ္ဖုိ႔ ႀကိဳးစားပါတယ္။ ဒါေပမယ့္ အပူခ်ိန္ (-)ျပေနတဲ့ အခ်ိန္ျဖစ္လုိ႔ သူကိုယ္တုိင္ပင္ ေအးခဲလာၿပီး သိပ္လႈပ္ရွားလုိ႔မေကာင္းတဲ့ အေနအထားကို ေတြ႕လာရပါတယ္။

အျခားမ်က္ျမင္သက္ေသတစ္ဦးကေတာ့ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ကုိ ဖုန္းဆက္ခဲ့ေပမယ့္ သူတုိ႔အဖြဲ႕က အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ ေရာက္မလာခဲ့ပါဘူး။ Shi ကေတာ့ တစ္ေယာက္ေယာက္လာကူတာကို ေစာင့္ေနရင္ အဖြားအေနနဲ႔ ေသဖြယ္ရာရွိေတာ့တာလုိ႔ ရိပ္မိခဲ့ၿပီး အဖြားကို ေရွ႕ေရာက္ေအာင္ဆြဲႏုိင္ဖုိ႔ ေရခဲျဖစ္ေနတဲ့ အေပၚယံအလႊာကုိ လက္သီးနဲ႔ ထုိးခြဲေနတာကို ေတြ႕ရပါတယ္။ ေနာက္ပုိင္းမွာ အဖြားကို ေဘးလြတ္ရာကုိ ကယ္ဆယ္ႏုိင္ခဲ့ပါတယ္။

Shi က South China Morning Post သတင္းစာနဲ႔ေတြ႕ဆုံစဥ္မွာ ” ေရက ေတာ္ေတာ္ေလး ေအးၿပီး ခဲေနတာဗ် … ဘယ္လုိလုပ္လႈပ္ရွားလုိ႔ေကာင္းမလဲေလ … ဒါေပမယ့္ ကၽြန္ေတာ္ ဒါကို ၾကာၾကာ မစဥ္းစားအားပါဘူး … အဖြားကိုကယ္ဖုိ႔သာ စိတ္ေစာေနတာပါ “လုိ႔ ေျပာခဲ့ပါတယ္။ အဖြားကေတာ့ Shi ကုိ အလြန္ ေက်းဇူးတင္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်နိုင်ငံ တောင်တန်းထူထပ်ရာဒေသတွေရဲ့ ဆောင်းလတွေဟာ အလွန်ခက်ခဲတဲ့အချိန်ကာလတွေဖြစ်ပြီး နှင်းတွေထူကဲစွာကျဆင်းကာ မြစ်ချောင်းအင်းအိုင်တွေထဲက ရေတွေကို ခဲစေပါတယ်။ အခုလို ဆောင်းဦးအစကာလမှ ရေဟာ လုံးလုံးလျားလျားခဲသွားတာမျိုးမဟုတ်ဘဲ အပေါ်ယံတစ်လက်မလောက်သာ ခဲသွားတတ်တဲ့အချိန်ဖြစ်ပါတယ်။

အခုလည်း အသက်(၇၀)အရွယ် အဖွားအိုတစ်ဦးဟာ ရေခဲစပြုနေတဲ့ မြစ်ထဲမှာ ရှေ့မတိုးနိုင်၊ နောက်မဆုတ်နိုင်ဖြစ်နေပါတယ်။ အခြေအနေကြည့်ရတာ အဖွားဟာ ဒီနေရာမှာ မိနစ်တော်တော်ကြာအောင် ပိတ်မိနေခဲ့တာလို့ ယူဆရပြီး ခြေတွေလက်တွေ ထုံကျင်အေးခဲပြီး လှုပ်ရှားဖို့မလွယ်တော့တဲ့ အနေအထားလို့ ယူဆရပါတယ်။

ဒီထက်မက ကြာသွားရင် အဖွားဟာ လူစင်စင်က ရေခဲတုန်းဖြစ်တော့မယ့်သဘောပါ။ အဖွားရဲ့ အခက်အခဲကို မြင်မြင်ချင်းမှာပဲ အသက်(၄၇)နှစ်အရွယ် Shi Lei အမည်ရ အမျိုးသားကြီးဟာ သူစီးလာတဲ့ စက်ဘီးကိုထားပြီး ဆင်းကယ်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် အပူချိန် (-)ပြနေတဲ့ အချိန်ဖြစ်လို့ သူကိုယ်တိုင်ပင် အေးခဲလာပြီး သိပ်လှုပ်ရှားလို့မကောင်းတဲ့ အနေအထားကို တွေ့လာရပါတယ်။

အခြားမျက်မြင်သက်သေတစ်ဦးကတော့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို ဖုန်းဆက်ခဲ့ပေမယ့် သူတို့အဖွဲ့က အချိန်တော်တော်ကြာတဲ့အထိ ရောက်မလာခဲ့ပါဘူး။ Shi ကတော့ တစ်ယောက်ယောက်လာကူတာကို စောင့်နေရင် အဖွားအနေနဲ့ သေဖွယ်ရာရှိတော့တာလို့ ရိပ်မိခဲ့ပြီး အဖွားကို ရှေ့ရောက်အောင်ဆွဲနိုင်ဖို့ ရေခဲဖြစ်နေတဲ့ အပေါ်ယံအလွှာကို လက်သီးနဲ့ ထိုးခွဲနေတာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာ အဖွားကို ဘေးလွတ်ရာကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

Shi က South China Morning Post သတင်းစာနဲ့တွေ့ဆုံစဉ်မှာ ” ရေက တော်တော်လေး အေးပြီး ခဲနေတာဗျ … ဘယ်လိုလုပ်လှုပ်ရှားလို့ကောင်းမလဲလေ … ဒါပေမယ့် ကျွန်တော် ဒါကို ကြာကြာ မစဉ်းစားအားပါဘူး … အဖွားကိုကယ်ဖို့သာ စိတ်စောနေတာပါ “လို့ ပြောခဲ့ပါတယ်။ အဖွားကတော့ Shi ကို အလွန် ကျေးဇူးတင်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top