ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

သခြားသီးေတြဟာ အလြန္ေကာင္းမြန္တဲ့ အသီးျဖစ္ပါတယ္။ သူတို႔ရဲ႕ အရသာနဲ႔ အနံ႔ဟာ စိတ္ၾကည္လင္ေစၿပီး ဘယ္ဟင္းနဲ႔ မဆိုလိုက္ဖက္ပါတယ္။

သူတို႔ဟာ ကယ္လိုရီနည္းပါးတာေၾကာင့္ သင့္ရဲ႕ စားေသာက္ပံုကို မထိခိုက္ေစပဲ စားႏိုင္ပါတယ္။ ဒါေပမယ့္ သခြားသီးေတြနဲ႔ပတ္သက္ၿပီး သင့္ေခါင္းထဲမွာ ေပၚလာႏိုင္တဲ့ ေမးခြန္းတစ္ခုကေတာ့ အခြံခြာသင့္လား၊ ဒီတိုင္းစားသင့္လားဆိုတာပဲ ျဖစ္ပါတယ္။ အခ်ိန္အေတာ္မ်ားမ်ားမွာေတာ့ လူေတြဟာ သခြားသီးရဲ႕ အျပင္ခြံက မာၿပီး အစာေျခရခက္တာေၾကာင့္ ခြာစားၾကပါတယ္။ ဒါေပမယ့္ သူတို႔ေတြဟာ သခြားသီးအခြံမွာပါတဲ့ အာဟာရတန္ဖိုးကို သတိမထားမိတာေၾကာင့္ အခြံခြာစားၾကတာျဖစ္ပါတယ္။

အမွ်င္ဓါတ္
သခြားသီးအခြံမွာ မေပ်ာ္ဝင္ႏိုင္တဲ့ အမွ်င္ဓါတ္ပါဝင္ၿပီး အူလႈပ္ရွားမႈေတြကို ေကာင္းမြန္ေစကာ ဝမ္းခ်ဳပ္ျခင္းကို သက္သာေစပါတယ္။ သခြားသီးရဲ႕ အထဲပိုင္းမွာ ေပ်ာ္ဝင္ႏိုင္တဲ့ အမွ်င္ဓါတ္ပါဝင္တာေၾကာင့္ အစာေျခစနစ္အတြက္ ေကာင္းမြန္ပါတယ္။

ဗီတာမင္ ေက
အမွ်င္ဓါတ္အျပင္ သခြားသီးအခြံမွာ ဗီတာမင္ ေက ပါဝင္ပါတယ္။ဗီတာမင္ေကဟာ ကိုယ္ခႏၶာရဲ႕ အရိုးေတြကို က်န္းမာေစျခင္း၊ ဆဲလ္ေတြကို ႀကီးထြားေစၿပီး ေသြးခဲျဖစ္ေစျခင္း စတဲ့ အစြမ္းေတြ ပိုင္ဆိုင္ပါတယ္။ သခြားသီးအသားမွာလည္း ဗီတာမင္ ေက ပါဝင္ေပမယ့္ သခြားသီးအခြံဟာ ဗီတာမင္ ေက အမ်ားဆံုး ပါရွိတဲ့ေနရာျဖစ္ပါတယ္။ အခြံမခြာထားတဲ့ သခြားသီးမွာ ဗီတာမင္ေက ၄၉ micrograms ပါဝင္ေပမယ့္ အခြံခြာထားတဲ့ သခြားသီးမွာေတာ့ ၉ micrograms သာ ပါဝင္ပါတယ္။

Magnesium
သခြားသီးအခြံဟာ အရိုးႂကြက္သားစနစ္ေတြကို ထိန္းသိမ္းေပးတဲ့ magnesium မ်ားစြာ ပါဝင္ပါတယ္။ Magnesium ဟာ စြမ္းအင္ထုတ္လုပ္မႈကိုလည္း အားေပးပါတယ္။ အခြံမခြာတဲ့ သခြားသီးက သင့္တစ္ေန႔တာကို ဘယ္လိုကူညီေပးလဲဆိုတာ သိရရင္ အံ့ၾသေနမွာပါ။ အခြံမခြာထားတဲ့သခြားသီးမွာ magnesium 14 mg ပါဝင္ၿပီး ဒါဟာ အမ်ိဳးသမီးေတြ စားသင့္တဲ့ပမာဏရဲ႕ ၄% ျဖစ္ဟာ အမ်ိဳးသားေတြရဲ႕ ၃% ျဖစ္ပါတယ္။

ဗီတာမင္စီ
အခြံမခြာထားတဲ့ သခြားသီးေတြဟာ သင့္စားေသာက္ပံုထဲကို ဗီတာမင္စီေတြ ထည့္သြင္းေပးထားပါတယ္။ အခြံခြာထားတဲ့ သခြားသီးဟာ ဗီတာမင္စီ 2.9 mg ပါဝင္ပါတယ္။ ဗီတာမင္စီဟာ collagen ထုတ္လုပ္မႈအတြက္လည္း အေရးႀကီးပါတယ္။ Collagen မရွိရင္ တစ္ရွဴးေတြဟာ တစ္ခုနဲ႔တစ္ခု ကပ္ေနမွာ မဟုတ္ပါဘူး။ ဗီတာမင္စီဟာ free radicals ေတြ တိုက္ခိုက္ျခင္းအတြက္ အစြမ္းထက္ၿပီး အသက္ႀကီးရင့္ျခင္းကို ကာကြယ္ေပးပါတယ္။

ဗီတာမင္ေအ
သင့္အျမင္အာရံုနဲ႔ ပတ္သက္ၿပီး ျပႆနာ ရွိေနပါသလား။ ဒါဆို အခြံမခြာထားတဲ့ သခြားသီးကို စားဖို႔အခ်ိန္တန္ပါၿပီ။ သခြားသီးအခြံ မွာ ဗီတာမင္ေအ ျဖစ္တဲ့ beta-carotene ပါဝင္ပါတယ္။ Beta-carotene ဟာ မ်က္လံုးက်န္းမာေရးနဲ႔ အျမင္အာရံုအတြက္ အလြန္အေရးႀကီးပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ဟာ တစ္ေန႔မွာ ဗီတာမင္ေအ 2310 IU လိုအပ္ၿပီး အမ်ိဳးသားတစ္ေယာက္ကေတာ့ တစ္ေန႔မွာ 3000 IU လိုအပ္ပါတယ္။ အခြံမခြာထားတဲ့သခြားသီးဟာ ဗီတာမင္ေအ 55 IU ကို ေပးၿပီး တစ္ဝက္ကေတာ့ beta-carotene ျဖစ္ပါတယ္။

ေရးသားသူ Dr . Phyu Mon Latt
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Kaung Thar

ဖိုးသူေတာ္ (www.phothutaw.com)
Credit: hellosayarwon

# Unicode Version ျဖင့္ ဖတ္ပါ #
သခွားသီးတွေဟာ အလွန်ကောင်းမွန်တဲ့ အသီးဖြစ်ပါတယ်။ သူတို့ရဲ့ အရသာနဲ့ အနံ့ဟာ စိတ်ကြည်လင်စေပြီး ဘယ်ဟင်းနဲ့ မဆိုလိုက်ဖက်ပါတယ်။

သူတို့ဟာ ကယ်လိုရီနည်းပါးတာကြောင့် သင့်ရဲ့ စားသောက်ပုံကို မထိခိုက်စေပဲ စားနိုင်ပါတယ်။ ဒါပေမယ့် သခွားသီးတွေနဲ့ပတ်သက်ပြီး သင့်ခေါင်းထဲမှာ ပေါ်လာနိုင်တဲ့ မေးခွန်းတစ်ခုကတော့ အခွံခွာသင့်လား၊ ဒီတိုင်းစားသင့်လားဆိုတာပဲ ဖြစ်ပါတယ်။ အချိန်အတော်များများမှာတော့ လူတွေဟာ သခွားသီးရဲ့ အပြင်ခွံက မာပြီး အစာခြေရခက်တာကြောင့် ခွာစားကြပါတယ်။ ဒါပေမယ့် သူတို့တွေဟာ သခွားသီးအခွံမှာပါတဲ့ အာဟာရတန်ဖိုးကို သတိမထားမိတာကြောင့် အခွံခွာစားကြတာဖြစ်ပါတယ်။

အမျှင်ဓါတ်
သခွားသီးအခွံမှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါဝင်ပြီး အူလှုပ်ရှားမှုတွေကို ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ သခွားသီးရဲ့ အထဲပိုင်းမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါဝင်တာကြောင့် အစာခြေစနစ်အတွက် ကောင်းမွန်ပါတယ်။

ဗီတာမင် ကေ
အမျှင်ဓါတ်အပြင် သခွားသီးအခွံမှာ ဗီတာမင် ကေ ပါဝင်ပါတယ်။ဗီတာမင်ကေဟာ ကိုယ်ခန္ဓာရဲ့ အရိုးတွေကို ကျန်းမာစေခြင်း၊ ဆဲလ်တွေကို ကြီးထွားစေပြီး သွေးခဲဖြစ်စေခြင်း စတဲ့ အစွမ်းတွေ ပိုင်ဆိုင်ပါတယ်။ သခွားသီးအသားမှာလည်း ဗီတာမင် ကေ ပါဝင်ပေမယ့် သခွားသီးအခွံဟာ ဗီတာမင် ကေ အများဆုံး ပါရှိတဲ့နေရာဖြစ်ပါတယ်။ အခွံမခွာထားတဲ့ သခွားသီးမှာ ဗီတာမင်ကေ ၄၉ micrograms ပါဝင်ပေမယ့် အခွံခွာထားတဲ့ သခွားသီးမှာတော့ ၉ micrograms သာ ပါဝင်ပါတယ်။

Magnesium
သခွားသီးအခွံဟာ အရိုးကြွက်သားစနစ်တွေကို ထိန်းသိမ်းပေးတဲ့ magnesium များစွာ ပါဝင်ပါတယ်။ Magnesium ဟာ စွမ်းအင်ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။ အခွံမခွာတဲ့ သခွားသီးက သင့်တစ်နေ့တာကို ဘယ်လိုကူညီပေးလဲဆိုတာ သိရရင် အံ့သြနေမှာပါ။ အခွံမခွာထားတဲ့သခွားသီးမှာ magnesium 14 mg ပါဝင်ပြီး ဒါဟာ အမျိုးသမီးတွေ စားသင့်တဲ့ပမာဏရဲ့ ၄% ဖြစ်ဟာ အမျိုးသားတွေရဲ့ ၃% ဖြစ်ပါတယ်။

ဗီတာမင်စီ
အခွံမခွာထားတဲ့ သခွားသီးတွေဟာ သင့်စားသောက်ပုံထဲကို ဗီတာမင်စီတွေ ထည့်သွင်းပေးထားပါတယ်။ အခွံခွာထားတဲ့ သခွားသီးဟာ ဗီတာမင်စီ 2.9 mg ပါဝင်ပါတယ်။ ဗီတာမင်စီဟာ collagen ထုတ်လုပ်မှုအတွက်လည်း အရေးကြီးပါတယ်။ Collagen မရှိရင် တစ်ရှူးတွေဟာ တစ်ခုနဲ့တစ်ခု ကပ်နေမှာ မဟုတ်ပါဘူး။ ဗီတာမင်စီဟာ free radicals တွေ တိုက်ခိုက်ခြင်းအတွက် အစွမ်းထက်ပြီး အသက်ကြီးရင့်ခြင်းကို ကာကွယ်ပေးပါတယ်။

ဗီတာမင်အေ
သင့်အမြင်အာရုံနဲ့ ပတ်သက်ပြီး ပြဿနာ ရှိနေပါသလား။ ဒါဆို အခွံမခွာထားတဲ့ သခွားသီးကို စားဖို့အချိန်တန်ပါပြီ။ သခွားသီးအခွံ မှာ ဗီတာမင်အေ ဖြစ်တဲ့ beta-carotene ပါဝင်ပါတယ်။ Beta-carotene ဟာ မျက်လုံးကျန်းမာရေးနဲ့ အမြင်အာရုံအတွက် အလွန်အရေးကြီးပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့မှာ ဗီတာမင်အေ 2310 IU လိုအပ်ပြီး အမျိုးသားတစ်ယောက်ကတော့ တစ်နေ့မှာ 3000 IU လိုအပ်ပါတယ်။ အခွံမခွာထားတဲ့သခွားသီးဟာ ဗီတာမင်အေ 55 IU ကို ပေးပြီး တစ်ဝက်ကတော့ beta-carotene ဖြစ်ပါတယ်။

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

ဖိုးသူတော် (www.phothutaw.com)
Credit: hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top