စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×
Ref  :  Secret Nutririons
Credit: zeekwat
# Unicode Version ဖြင့် ဖတ်ပါ #
မိန်းကလေးတစ်ယောက်အတွက် ရှိသင့်ရှိထိုက်တဲ့ အလှတရားတွေမှာ ရင်သားအလှလည်း ပါဝင်နေပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ ရင်သားပိုင်ရှင်ဖြစ်ဖို့ ဓာတုဆေးဝါးတွေကို မသုံးစွဲပဲ သဘာဝကရတဲ့ ပစ္စည်းတွေနဲ့ သုံးစွဲကြည့်နိုင်ဖို့ လမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်။
– ရွှေဖရုံသီး သုံးလေးစိတ်လောက်ကို ရေနွေးပူထဲမှာ ဆယ်မိနစ်လောက် စိမ်ပေးထားပါ။ ပြီးရင် ရေကိုအအေးခံပြီး ပျားရည်စားပွဲဇွန်းနှစ်ဇွန်းခန့် ရောနှောထားတဲ့ နွားနို့ဖန်ခွက်ထဲကို လောင်းထည့်လိုက်ပါ။ ပြီးရင် သောက်သုံးပါ။ ရွှေဖရုံသီးမှာပါဝင်တဲ့ အာနိသင်ဓါတ်တွေဟာ လျော့ကျနေတဲ့ ရင်သားတွေကို ပြန်လည်တင်းမာလာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရွှေဖရုံသီးမှာရှိတဲ့ ပရိုတိန်းဓါတ်က ရင်သားကိုကြီးထွားအောင် လုပ်ပေးနိုင်တဲ့ ဆဲလ်တွေကို ပြန်လည်ရှင်သန်စေနိုင်ပါတယ်။
– နာနတ်သီးရဲ့အတွင်းသားတွေကို ကြေမွထားပြီး ရင်သားပေါ်မှာ ဖုံးအုပ်ပေးထားလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် ရင်သားကို ကြီးထွာပြီး တင်းရင်းလာစေပါလိမ့်မယ်။
– မုန်လာဥနီကို ပြားချပ်နေအောင်ပြုလုပ်ပြီး ရင်သားနှစ်ဖက်လုံးပေါ်မှာ နှိပ်နယ်ပေးခြင်းဖြင့်လည်း ရင်သားတွေကို ပိုမိုကိတ်လာစေနိုင်ပါတယ်။
– ကြက်ဥရယ် ကြေမွအောင်ချေထားတဲ့ သခွားသီးရယ်ကို စားပွဲဇွန်းငါးဇွန်းထည့်ထားတဲ့ ဒိန်ချဉ်ထဲကို ရောနှောလိုက်ပါ။ ရောနှောပြီးနောက် မိနစ်နှစ်ဆယ်လောက် ထားထားပါ။ ပြီးရင် ရောနှောထားတဲ့ဒိန်ချဉ်ကို ရင်သားပေါ်မှာ ဖွဖွလေးနှိပ်နယ်ပေးလိုက်ပါ။ ရင်သားတွေ အရင်ထက်ပိုကိတ်လာတာကို လက်တွေ့ခံစားရမှာဖြစ်ပါတယ်။
Ref  :  Secret Nutririons
ဖိုးသူတော် (www.phothutaw.com)
Credit: zeekwat
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top