(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဒီေန႔မွာေတာ့ မ်က္ႏွာေပၚက အမည္းစက္ေတြကို ဖယ္ရွားႏိုင္ဖုိ႔အတြက္ အာလူးကို အသံုးျပဳနည္းေတြကို မွ်ေ၀ေပးသြားမွာျဖစ္ပါတယ္။ သဘာ၀နည္းလမ္းေတြမို႔လို႔ ေဘးထြက္ဆိုးက်ိဳးျဖစ္မွာကို စိတ္ပူစရာမလိုပါဘူး။

၁။ အာလူးနဲ႔ သံပုရာသီး (သို႔) သံပုယိုသီး

ပါ၀င္ပစၥည္း

အာလူး ၁ လံုး

သံပုရာသီး တစ္ျခမ္း (သို႔) သံပုရာသီး ၁လံုး

ျပင္ဆင္ျခင္းႏွင့္အသံုးျပဳျခင္း

အရင္ဆံုး အာလူးကိုေသခ်ာေဆး အခြံႏႊာၿပီး က်ိတ္လိုက္ပါ။ ၿပီးရင္ သံပုယိုသီး (သို႔) သံပုရာသီးကို အရည္ညွစ္ပါ။ ၿပီးရင္ ေသခ်ာေရာေပးၿပီး မ်က္ႏွာေပၚမွာ လိမ္းေပးပါ။ အဲဒီေနာက္ မိနစ္ ၂၀ ေလာက္ထားၿပီး ေရေအးနဲ႔ ေဆးခ်ပါ။ အာလူးနဲ႔ သံပုရာသီး (သို႔) သံပုယိုသီးတို႔မွာ သဘာ၀တိုင္း အသားအေရျဖဴ၀င္းေစတဲ့ ဂုဏ္သတၱိေတြပါ၀င္ၿပီး အသားအေရကို ၾကည္လင္ သန္႔စင္ေစပါတယ္။

အာလူးနဲ႔ သခြားသီး

ပါ၀င္ပစၥည္း

သခြားသီးတစ္ျခမ္း

အာလူး ၁ လံုး

ျပင္ဆင္ျခင္းႏွင့္အသံုးျပဳျခင္း

ပါ၀င္ပစၥည္း၂ခုကို ေသခ်ာေရေဆး အခြံႏႊာၿပီး ေဖ်ာ္စက္ထဲထည့္ၿပီး ေသခ်ာက်ိတ္ေပးပါ။ ၿပီးရင္ ေတာ့မ်က္ႏွာေပၚမွာ ေသခ်ာလိမ္းေပးပါ။ ၂၅ မိနစ္ေလာက္ထားၿပီး ေရေအးနဲ႔ ေဆးခ်ပါ။

အာလူးနဲ႔ မုန္လာဥနီ

ပါ၀င္ပစၥည္း

မုန္လာဥနီ တစ္ျခမ္း

အာလူး ၁ လံုး

ျပင္ဆင္ျခင္းႏွင့္အသံုးျပဳျခင္း

ပါ၀င္ပစၥည္းႏွစ္ခုကို ေသခ်ာေရေဆးၿပီး ေဖ်ာ္စက္ထဲထည့္ကာ က်ိတ္လိုက္ပါ။ ၿပီးရင္ မ်က္ႏွာေပၚေသခ်ာလိမ္းေပးၿပီး မိနစ္ ၂၀ ေလာက္ထားပါ။ အဲဒီေနာက္ ေရေဆးခ်ပါ။

အခုေဖာ္ျပခဲ့တဲ့ နည္းလမ္းေတြထဲက မိမိႀကိဳက္ႏွစ္သက္ရာကို အသံုးျပဳႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar

#Unicode Version#
ဒီနေ့မှာတော့ မျက်နှာပေါ်က အမည်းစက်တွေကို ဖယ်ရှားနိုင်ဖို့အတွက် အာလူးကို အသုံးပြုနည်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ သဘာဝနည်းလမ်းတွေမို့လို့ ဘေးထွက်ဆိုးကျိုးဖြစ်မှာကို စိတ်ပူစရာမလိုပါဘူး။

၁။ အာလူးနဲ့ သံပုရာသီး (သို့) သံပုယိုသီး

ပါဝင်ပစ္စည်း

အာလူး ၁ လုံး

သံပုရာသီး တစ်ခြမ်း (သို့) သံပုရာသီး ၁လုံး

ပြင်ဆင်ခြင်းနှင့်အသုံးပြုခြင်း

အရင်ဆုံး အာလူးကိုသေချာဆေး အခွံနွှာပြီး ကျိတ်လိုက်ပါ။ ပြီးရင် သံပုယိုသီး (သို့) သံပုရာသီးကို အရည်ညှစ်ပါ။ ပြီးရင် သေချာရောပေးပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ အဲဒီနောက် မိနစ် ၂၀ လောက်ထားပြီး ရေအေးနဲ့ ဆေးချပါ။ အာလူးနဲ့ သံပုရာသီး (သို့) သံပုယိုသီးတို့မှာ သဘာဝတိုင်း အသားအရေဖြူဝင်းစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး အသားအရေကို ကြည်လင် သန့်စင်စေပါတယ်။

အာလူးနဲ့ သခွားသီး

ပါဝင်ပစ္စည်း

သခွားသီးတစ်ခြမ်း

အာလူး ၁ လုံး

ပြင်ဆင်ခြင်းနှင့်အသုံးပြုခြင်း

ပါဝင်ပစ္စည်း၂ခုကို သေချာရေဆေး အခွံနွှာပြီး ဖျော်စက်ထဲထည့်ပြီး သေချာကျိတ်ပေးပါ။ ပြီးရင် တော့မျက်နှာပေါ်မှာ သေချာလိမ်းပေးပါ။ ၂၅ မိနစ်လောက်ထားပြီး ရေအေးနဲ့ ဆေးချပါ။

အာလူးနဲ့ မုန်လာဥနီ

ပါဝင်ပစ္စည်း

မုန်လာဥနီ တစ်ခြမ်း

အာလူး ၁ လုံး

ပြင်ဆင်ခြင်းနှင့်အသုံးပြုခြင်း

ပါဝင်ပစ္စည်းနှစ်ခုကို သေချာရေဆေးပြီး ဖျော်စက်ထဲထည့်ကာ ကျိတ်လိုက်ပါ။ ပြီးရင် မျက်နှာပေါ်သေချာလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ရေဆေးချပါ။

အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေထဲက မိမိကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top