မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×
Source – Buzzy
Credit: millionlike
# Unicode Version ဖြင့် ဖတ်ပါ #
ဘယ်လောက်ပဲအနေဝေးဝေး မိဘတွေက သားသမီးတွေကိုအမြဲတမ်းသတိတရရှိနေတတ်တာပါ။မိခင်မေတ္တာဆိုတာ နှိုင်းယှဉ်လိ့ုလည်းမရပါဘူး။တရုတ်နိုင်ငံက အမေတစ်ယောက်ရဲ့သားအပေါ် ထားတဲ့စိတ်စေတနာကလည်းကြည်နူးဝမ်းသာဖွယ်ကောင်းတာမို့ဖော်ပြပေးချင်ပါတယ်။
တရုတ်နိုင်ငံ Shanxi ပြည်နယ်မှာနေထိုင်တဲ့ Xiao Fei ဆိုတဲ့အမျိုးသားဟာ မိသားစုနဲ့ခွဲပြီး Beijingမြို့ မှာအလုပ်လုပ်နေတာ ၅နှစ်နီးပါးရှိပါပြီ။။နှစ်တိုင်း သူ့အမေရှိရာ Shanxi ပြည်နယ်ကိုပြန်ပြီး Mid Autumn ဆိုတဲ့ပွဲတော်ကိုမိသားစုနဲ့အတူဆင်နွှဲလေ့ရှိပါတယ်။
ဒီနှစ်မှာတော့ သူ့ရဲ့အလုပ်တွေကိုပစ်ထားခဲ့လို့မရခဲ့ပါဘူး။အဲ့ဒါကြောင့်Xiao ရဲ့အမေဖြစ်သူဟာ သားဖြစ်သူရဲ့အကြိုက်ဆုံးမုန့်ကိုလုပ်ခဲ့ပြီး Beijing ကိုလိုက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကိုယ်တိုင်ကိတ်မုန့်တွေလုပ်ခဲ့ပြီးသူမရဲ့သားကြိုက်တဲ့မုန့်တွေ၊ယိုတွေ၊မြေပဲထောပတ်တွေကို ခရီးဆောင်သေတ္တာထဲထည့်ပြီး မိုင်ပေါင်း၃၇၆မိုင်ကွာဝေးတဲ့ Beijing ကိုထွက်လာခဲ့တယ်လို့သိရပါတယ်။
Xiao ဟာ သူ့အမေရဲ့နွေးထွေးတဲ့မေတ္တာတရားကို အံ့သြဝမ်းသာခဲ့ပြီးအွန်လိုင်းပေါ်မှာမျှဝေခဲ့ပါတယ်။ လူထောင်ပေါင်းများစွာက သူ့ရဲ့အမေကိုလေးစားချစ်ခင်ခဲ့ကြပြီးသိပ်ချစ်တတ်တဲ့အမေတစ်ယောက်ပဲ လို့ပြောခဲ့ကြပါတယ်။
အလွယ်တကူစတိုးဆိုင်ကနေဝယ်စားလို့ရပေမဲ့ Xiaoရဲ့အမေကတော့သူ့သားကို သူမကိုယ်တိုင်လုပ်ထားတဲ့ ကိတ်မုန့်ကိုပဲစားစေချင်ခဲ့လို့ ဒီလိုမိုင်ပေါင်းများစွာကွာဝေးတဲ့ခရီးကိုထွက်လာခဲ့တာပဲဖြစ်ပါတယ်။ Xiaoကလည်း “သူ့အမေရဲ့ကိတ်မုန့်ကအကောင်းဆုံးပါတဲ့။ပြီးတော့အရသာအနံ့ကလည်း ဘယ်တော့မှပြောင်းလဲမသွားတဲ့အတွက် သူ့အမေကိုယ်တိုင်လုပ်ထားတဲ့ကိတ်မုန့်တွေကိုပဲစားချင်ခဲ့တယ်”လို့ပြောပြခဲ့ပါတယ်။
Source – Buzzy
ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top