ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဓမၼေစတီမင္းၾကီးဟာ ... ဓမၼေစတီေခါင္းေလာင္းၾကီးကို ဘယ္အခ်ိန္ ... ဘယ္ခုနွစ္မွာ ... လွဴခဲ့တယ္ဆိုတဲ့ သမိုင္းအေထာက္ အထားရွာၾကရေအာင္ပါ ....
.
★ ဓမၼေစတီမင္းၾကီးဟာ ... စာတတ္ ေပတတ္ ... ရဟန္းလူထြက္ ... ျဖစ္တဲ့အျပင္ ေလာကီ ၀ိဇၨာ အတတ္ပညာ ကို သိဒၶိလမ္းေပါက္ မတတ္ ကၽြမ္းက်င္ျပီး ... အင္းအိုင္ လက္ဖြဲ႕ မႏာၱန္ အတတ္မ်ားကို ဖစ္ဖက္ကမ္းခတ္ တတ္ေျမာက္တဲ့ ဘုရင္ျဖစ္တဲ့အားေလွ်ာ္စြာ ... အဂၢိယတ္ ပညာကို အထူးေလ့လာလိုက္စားပါတယ္ .... ဘုရင္ဟာ ...သူတင္မက သူ႕မူးမတ္မ်ားကိုလည္း ေကာင္းမွဳ ကုသိုလ္ လုပ္ရန္ ေဆာ္ၾသတဲ့ ဘုရင္တစ္ပါးျဖစ္ပါတယ္ ....
.
★ ဓမၼေစတီမင္းဟာ သူမင္းျပဳတဲ့တစ္ေလွ်ာက္ ... ေရးထိုးခဲ့တဲ့ေက်ာက္စာမ်ား ရွိခဲ့ပါတယ္ .... သူေရးထိုးခဲ့တဲ့ေက်ာက္စာမ်ားကေတာ့ ....
.
( ၁ ) က်ိဳက္ ပြန္ ရုပ္ပြားေတာ္ ေလးဆူေက်ာက္စာ
.
( ၂ ) အဇာပါလ ေစတီ ေက်ာက္စာ
.
( ၃ ) သူကဌိထ ေစတီ ေက်ာက္စာ
.
( ၄ ) ပဲခူး ဥပမ သမာဂဓ ေက်ာက္စာ
.
( ၅ ) ကလွ်ာဏီ ေက်ာက္စာ
.
( ၆ ) ပါဋိ မြန္ ျမန္မာ ပါရွိေသာ ဓမၼေစတီ ေက်ာက္စာ ... တို႕ျဖစ္ပါတယ္ ...
.
★ ဓမၼေစတီမင္းဟာ ... မိမိျပဳလုပ္ေသာ ေကာင္းမွဳ မွတ္တမ္းကို အေတာ္ပင္... တိတိက်က် ျပည့္စံုေအာင္ ေရးထိုးေလ့ ရွိေသာ မင္းတစ္ပါးျဖစ္ပါတယ္ ... သို႕ေသာ္ ဓမၼေစတီမင္းကိုယ္တိုင္ ေရႊတိဂံုေစတီေတာ္အား လွဴဒါန္းေသာ ဒါန အလွဴ မွတ္တမ္း ... တစ္ခုကိုမွ် မေတြ႕ခဲ့ပါဘူး .... ကလွ်ာဏီ ေက်ာက္စာ ( စာ ၇၇ - ၈၈ ) တစ္ခုကလြဲလို႕ေပါ့ ....
.
★ ဓမၼေစတီမင္းကိုယ္တိုင္ေရးထိုးခဲ့ေသာ ... ကလွ်ာဏီ မြန္ေက်ာက္စာ ( စာ - ၇၇ - ၈၈ ) မွာ ဘာေရးထားလဲ ဆိုေတာ့ .....
.
★ ★ ငါမင္းကိုယ္တိုင္သာလွ်င္ တိဂံုသို႕သြား၍ အခ်ိန္ သံုးေထာင္ရွိေသာ ေၾကးစင္ .... ေငြ ေရာလွ်က္ သြန္း၍ လုပ္ေသာ ေခါင္းေလာင္းကို သက္ေတာ္ထင္ရွား ... ျမတ္စြာဘုရား၏ ဆံေတာ္ဓါတ္ ... ေစတီေတာ္အား သီတင္းကၽြတ္လျပည့္ ... ပ၀ါရဏာေန႕တြင္ ... ပူေဇာ္ျပီးသည္ လို႕ေရးထားပါတယ္ .... ( အခ်ိန္ သံုးေထာင္ တိတိပါ )
.
★ ★ ဒီလိုတင္လွဴရတာကလည္း အေၾကာင္းရွိခဲ့ပါတယ္ ... အရင္က ေရႊတိဂံုဘုရား ၀တၱကေျမ အ၀န္းအ၀ိုင္းက ေတာ္ေတာ္ က်ယ္ပါ တယ္။ ဒါေပမဲ့ ရွင္ေစာပုနဲ႕ ဓမၼေစတီမင္း လက္ထက္မွာ အခြန္အတုတ္ပိုရေအာင္ ၿမိဳ႔ရြာ ခ်ဲ႔ေတာ့ ဘုရား၀တ္ေတာ္ေၿမကို ခ်ံဳ႕ပလိုက္ပါတယ္ .... ဒါေပမဲ့ ဘုရားကို ေရွးမင္းေတြက လွဴထားတဲ့ ၀တၱကေၿမကို ၿပန္ယူလို႔ မရပါဘူး ။ ဘုရားကို လွဴၿပီးသားကို ၿပန္ယူတဲ့ ထံုးစံမရွိဘူး။
.
ဒါေပမယ့္ ရွင္ေစာပုကလဲ ေရႊတိဂံုဘုရား အေနာက္ဖက္မွာ ... ခံတပ္နန္းေဆာင္ကိုေဆာက္ခဲ့ပါတယ္ ... ဒါကို ဓမၼေစတီမင္းက ဘယ္လိုေၿဖရွင္းလဲ ဆိုေတာ့ ေၿမကိုေတာ့ ခ်ံဳ႔လိုက္တယ္။ ဒါေပမဲ့ ေၿမကို တန္ဖိုးတြက္လိုက္ၿပီးေတာ့ အဲဒီတန္ဖိုးနဲ႔ ညီတဲ့ ... ေငြကို ဘုရားကို ေပးရမယ္လို႕ ဆံုးျဖတ္ပါတယ္ .... ( ဘုရား ရွင္အလိုေတာ္နဲ႕ ေျဖာင့္ေျဖာင့္ၾကီးဆန္႕က်င္တာပါ ... အရမ္းေၾကာက္စရာေကာင္းပါတယ္ ... တစ္ေနရာတြက္ရည္စူးတဲ့ေငြကိုေတာင္ ..တျခားတစ္ေနရာမွာ ေျပာင္းလွဴရင္ ငရဲက်ပါတယ္ ) ။
.
ဘုရားပိုင္ေျမမွ ... မိမိပိုင္ေျမအျဖစ္ ေျပာင္းလဲေပးလိုက္တဲ့အတြက္ ... ထိုေျမပိုင္ဆိုင္သူ အားလံုဟာ ... ဘုရားကို တစ္ခုခု ျပန္လည္ လွဴဒါန္းရမယ္လို႕ အမိန္႕ေတာ္ရွိခဲ့ပါတယ္ ...
.
မိမိကိုယ္တိုင္လည္း ... ေရႊတိဂံု အေနာက္ဖက္ျခမ္း .. ရွင္ေစာပု နန္းေတာ္ရာ .. ရွင္ေစာပု သခ်ၤိဳင္း ေနရာ မ်ားအတြက္ ... မိမိကိုယ္အေလးခ်ိန္ ရွင္ေစာပု ကိုယ္အေလးခ်ိန္ နွစ္ဦးအေလးခ်ိန္နွင့္အညီ ေရႊစင္ ကိုခ်ိန္တြယ္ျပီး ... ေရႊသက္န္းကပ္ခဲ့ပါတယ္လို႕အဆိုရွိပါတယ္ ... ( ဘုရားကို ေငြေပးျပီးေျမ၀ယ္တာပါ )
.
တစ္ဖန္ ... ျပည္သူလူထုထံသို႕လဲ ... ဘုရားေျမကို မိမိအပိုင္ရတဲ့အတြက္ ... အိမ္တိုင္း ေၾကးမထည့္ မေနရ ... လက္က်န္ ဘုရား၀တၱေျမ ေနသူမ်ားမွလည္း ... ေနာင္အခါ အျပစ္ျပဳမိလွ်င္ ... ေက်ေအာင္ ဆိုျပီး ... အိမ္တိုင္ ေၾကးမထည့္မေနရ ဆိုျပီး ....ဥပုိက္၊ သမႏၲရာဇ္၊ ဘုရင္ရာဇာ၊ စြႏၲရာဇာ အမတ္ေလးဦးကို ဦးစီးေစလွ်က္ ... ေၾကးမ်ားေကာက္ခံခဲ့ပါတယ္ ... ဒီအမတ္မ်ားဟာ ... အိမ္တိုင္းမွ ေၾကး ပိသာလိုက္ေ ကာက္ယူ ခဲ့တဲ့ အတြက္ ဒီအခါမွာ ေၾကး တစ္သန္း ရွစ္သိန္း ရရွိခဲ့ပါတယ္ ...
.
ဒီေခတ္က ေငြေၾကးဟာ ေၾကးဒဂၤါးေတြျဖစ္တဲ့အတြက္ ...ေၾကးစင္ ဆယ္တင္း နွင့္ ရွစ္ေတာင္း ရခဲ့တယ္ဆိုပါတယ္ ...အဲ့ဒီေခတ္ကေငြေၾကးဟာ ေၾကးဒဂၤါးေတြျဖစ္တဲ့အတြက္ .... ဒါေတြဟာ ေၾကးဒဂၤါး အေရအတြက္ပါ .... ဒီအေရအတြက္ထဲကမွ ... ဒါကို ... ေခါင္းေလာင္း သြန္းလုပ္ခဲ့တာပါ ....
.
ဒီလိုနဲ႕ ( ၁၄၈၄ ) ေဖေဖာ္၀ါရီ ( ၅ ) ရက္ေန႕မွာ စတင္သြန္းလုပ္ပါတယ္ ... သို႕ေသာ္လည္း ေခါင္းေလာင္းၾကီး အသံမျမည္ခဲ့ဘူးလို႕ဆိုပါတယ္ .... ခုေခတ္မွာေတာင္ တန္ခိုးေတာ္ ၾကီးျမတ္ေတာ္မူလွတဲ့ ... စတုမဟာရာဇ္ နတ္မင္းမ်ားေစာင့္ေရွာက္တဲ့ ... ဆံေတာ္ရွင္ဘုရားဟာ ... ဘုရားေျမကို ေၾကးဒဂၤါးနဲ႕ ၀ယ္သလိုလုပ္ျပီး ... မတရားေကာက္ခံထားတဲ့ ေငြနဲ႕ ေခါင္းေလာင္း သြန္းခဲ့တဲ့ အတြက္ ... အသံမျမည္တာမဆန္းပါဘူး ....
.
★ ဒါေပမယ့္ ... မြန္ရာဇ၀င္ဆရာမ်ားကေတာ့ ... ဒ႑ာရီမ်ားနဲ႕ အသက္သြင္းၾကပါတယ္ .... ေခါင္းေလာင္းဟာ မိေက်ာင္းနကခတ္မွာ သြန္းလို႕ မိေက်ာင္းကလွ်ာမပါတဲ့တြက္ အသံမျမည္ဘူး ... မီေက်ာင္းဟာေရမွာေပ်ာ္တဲ့အတြက္ .... ေရမွာပဲ အခ်ိန္ၾကာၾကာေနလိမ့္မယ္ဆိုျပီး ... ေနာက္ပိုင္း ဒ႑ာရီေတြ လုပ္လာၾကပါတယ္ .....
.
★ ဒီဒ႑ာရီထဲက ေလာကဥာဏ ပုဏၰားဆိုတာ ေနာက္ပိုင္း မင္းတိုင္ပင္ခံ ပုဏၰားျဖစ္တယ္လို႕ဆိုပါတယ္ ... ဒါေပမယ့္ ဓမၼေစတီမင္းရဲ႕ မင္းဆရာပုဏၰား စာရင္း သမိုင္းအေထာက္အထား မွာ ဒီနာမည္မရွိပါဘူး ...
.
★ တခ်ိဳ႕ ဒ႑ာရီမ်ားမွာလည္း ... ဘုရင္ကလူစာရင္းေကာက္ခိုင္းတာ ကို ... အိမ္မွာရွိ တဲ့ေၾကးစာရင္းေတြ ပါေကာက္ျပီးသိမ္းယူပါတယ္လို႕ အဓိပါယ္မရွိ လီဆည္ၾကျပန္ ပါတယ္ .... ဘာျဖစ္ျဖစ္ပါ ။
.
★ ★ ★ ေအာက္မွာေပးထားတဲ့ ... သမိုင္းအေထာက္အထားမ်ားကိုလဲ ေလ့လာၾကည့္လို႕ရပါတယ္ ... ေက်ာက္စာကလြဲလို႕ ... က်န္တဲ့ သမိုင္းစာေတြကေတာ့ မြန္ေတြ ခ်ဲ႕ကားထားတဲ့ ဒဏၰာရီေတြပါ ...
.
★ ★ တဖန္ ... ကလ်ာဏီ ေက်ာက္စာတြင္ ...
.
ဓမၼေစတီမင္းၾကီးသည္ ... ရွင္ေစာပု ဘုရင္မ နန္းသက္ ( ၇ ) နွစ္ ... သက္ေတာ္ ( ၆၀ ) သကၠရာဇ္ ( ၈၂၀ - ၈၂၁ ) ကပင္ မင္းအျဖစ္လႊဲေျပာင္းခံရသည္ .. ထိုမင္းသည္ ရာမညတိုင္းအားလံုးကို အစိုးရေတာ္မူသည္ ... မင္းအေပါင္းတို႕နွင့္ မဟာမိတ္ျဖစ္ေတာ္မူသည္.... ျပည္သူမ်ားကို ရင္၀ယ္သားကဲ့သို႕ေစာင့္ေရွာက္၏ .... ေဗဒင္က်မ္းဂန္ ... ဂမၻီရပညာမ်ား တစ္ဖက္ကမ္း ခတ္၏ ကုမုျဒာ ၾကာျဖဴအဆင္း ... တန္ေဆာင္မုန္း လဆန္း အဆင္းရွိ ဆင္ျဖဴေတာ္ပိုင္ေသာေၾကာင့္ ( စႏၵီမာသ မာနတိသ ဂဖ ပတိဘူေတာ ) လို႕ .... ကလွ်ာဏီ ေက်ာက္စာမွာ ပါရွိပါတယ္ ။ ( ေခါင္းေလာင္းအေၾကာင္းမပါရွိပါ ... ဒါ့အျပင္ နန္းတက္နွစ္ ၈၃၃ အစား ... အိမ္ေရွ႕ဥပရာဇာ ေပးခ်ိန္ ၈၂၀ မွစျပီး တိုင္းျပည္အုပ္ခ်ဳပ္တယ္လို႕ ပါရွိေနပါတယ္ )
.
★ ★ ေရႊေမာ္ေဓာ ရာဇ၀င္ သမိုင္း ေက်ာက္စာ မွာေတာ့ ....
.
ထိုမင္းသည္ ဒဂံုျမိဳ႕သို႕ ထြက္ေတာ္မူလာ၍ မယ္ေတာ္ဘုရင္မၾကီးစံရာ သစ္တပ္ နန္းတြင္းစံေတာ္မူလွ်က္ ... တိဂံုဆံေတာ္ရွင္ျမတ္ၾကီးကို ... အမ်ိဳးမ်ိဳး ပူေဇာ္ လွဴဒါန္းေတာ္မူသည္ ... မိဖုရားကိုယ္ေလး ေရႊခ်ိန္ျပီးလွ်င္ ... ေရႊမ်က္ပါးခတ္ေစ၍ ေရႊသက္န္း ကပ္လွဴေတာ္ မူသည္
.
★ ★ မူရင္း မြန္ရာဇ၀င္ ဦးတင္ေပ ( မူ ) က်မ္းမွာကေတာ့ ....
.
ဓမၼေစတီ ေခါင္းေလာင္းၾကီးနွင့္ပတ္သက္ျပီး မူရင္း မြန္ရာဇ၀င္ ဦးတင္ေပ မူ တြင္ ... ဒဂံုဆံေတာ္ရွင္ဆြဲရေအာင္ ... ေခါင္းေလာင္းၾကီးသြန္းေစ ဗညားအိမ္ အမတ္ၾကီးကိုခန္႕၍  ပေယာင္ပံုေစာက္ တစ္ဆယ့္နွစ္ေတာင္ .... ဘ၀ ခုႏွစ္ေတာင္ သြန္းမည္ေသာခါ ... သံဃာေတာ္တို႕ကို မျပတ္သင္ရမည္ ...တစ္သိန္းရွစ္ေသာင္းေသာ ေၾကးကိုလည္း ... ေခါင္းေလာင္းသြန္း၍ လွဴသည္ ...
လို႕ဆိုထားျပီး ေၾကး၁၈၀၀၀၀ ပိသာ လို႕တိတိက်က် ေရးမထားပါဘူး ....
.
★ ★ သန္လွ်င္ရာဇ၀င္တြင္ေတာ့ ....
.
ဗရင္ဂ်ီကုလား ငဇင္ကာသည္ .... သိဂၤုတၱရကုန္း ... ဆံေတာ္ရွင္ေစတီေတာ္ေကာင္းမွဳ ... ေခါင္းေလာင္းၾကီးကိုခ်၍ အေျမာက္သြန္းမည္ၾကံသည္တြင္ ... ဘုရားရွင္တန္ခိုးေၾကာင့္ ... ပန္းအလြဲေခ်ာင္း တြင္ သေဘ္ာနွင့္တစ္ကြနစ္မြန္း၍ ... အေျမာက္မသြန္းရ ရွိသည္ ... လို႕ပဲပါရွိပါတယ္ ....
.
★ ★ ေရႊတိဂံု သမိုင္းသစ္  မွာေတာ့ .....
.
ေ၇ႊတိဂံုသမိုင္းေဟာင္းမွာေတာ့ ... ဓမၼေစတီမင္းအေၾကာင္း မပါ၇ွိေပမယ့္ ... ေရႊလွံေတာင္ေက်ာင္း ... မြန္ ရဟန္း အရိယာ၀ံသ အာဒိစၥ ... ျပန္လည္ျပဳစု ေရးသားေသာ သမိုင္းသစ္မွာေတာ့ ....
သကၠရာဇ္ ( ၈၃၄ ) ခုနွစ္တြင္ ... ဥပရာဇာ အိမ္ေရွ႕မင္းသည္ ... ဓမၼေစတီမင္း ဟူေသာ အမည္ျဖင့္ မင္းျပဳ၏ ထိုမင္းသည္ ေၾကးစင္ အခ်ိန္ တစ္သိန္းရွစ္ေသာင္း ... အေစာက္ တစ္ဆယ့္ခုနွစ္ေတာင္ ... အ၀ ငါးေတာင္ ရွိ ေခါင္းေလာင္းၾကီး တစ္လံုးနွင့္ ... ပိသာခ်ိန္ ငါးရာရွိ ေခါင္းေလာင္းငယ္ တစ္လံုးလွဴေတာ္မူ၏ .....  လို႕ပါရွိ ပါတယ္ ...
.
သကၠရာဇ္ ( ၈၅၂ ) မွာ ေရႊတိဂံုေစတီေပၚသို႕တင္လွဴပူေဇာ္ျပီး .... သကၠရာဇ္ ... (၉၆၅ - ၉၇၄ ) အတြင္း တစ္ခုေသာ တန္ေဆာင္မုန္းလျပည့္ေန႕ မြန္းတည္႕ ( ၁၂ ) နာရီအခ်ိန္တြင္ ... ေပၚတူဂီလူမ်ိဳး ... ဒီဘရစ္တုိ ငဇင္ကာ က ျဖဳတ္ယူျပီး သေဘာ္နွစ္စျဖင့္ ေဖာင္ေဆာက္သယ္ယူရာ .. ပဲခူးျမစ္ ... ရန္ကုန္ျမစ္ ... ပုစြန္ေတာင္ ေခ်ာင္း၀ ျမစ္သံုး ဆိုင္အေရာက္ ... ေဖာင္က်ိဳးကာ .ေလွနွစ္စီးတိမ္းေမွာက္ နစ္ျမုတ္ ခဲ့ျပီး ေရေအာက္ စံေနခဲ့ပါတယ္ ... လို႕ ေျပာထားပါေသးတယ္ ...
.
သကၠရာဇ္ ( ၉၆၅ မွ ၉၇၄ ...  ငဇင္ကာ သံလွ်င္မွာ မင္းျပဳသက္ ကိုးနွစ္  ) အတြင္း ( တိတိက်က်မသိ ... ထို ၉နွစ္ အတြင္း တစ္ေန႕မွာ ေပါ့ )  ေပၚတူဂီလူမ်ိဳး ငဇင္ကာ ယူသြား၍ ... ေဒါပံုျမစ္တြင္းက်ေနသည္ လို႕ပဲ ပါရွိပါတယ္ .... ေရက်ခ်ိန္တြင္  ပုစြန္တုတ္ေကြးၾကီးကို ေတြ႕ျမင္ၾကရသည္ဟု အဆိုရွိၾကသည္ လို႕ ေရးထားပါတယ္ ...။   ( ပါးစပ္ ရာဇ၀င္ လို႕ဆိုတဲ့ သေဘာပါပဲ .. )
.
★ ★ ဦးဘသန္း ရာဇ၀င္လာ ဒီဗရစ္တို ငဇင္ကာအေၾကာင္း တြင္ ...
.
သို႕နွင့္ ဒီဗရစ္တိုကား မိမိအေျခအေန ခိုင္ျပီဟု သိလွ်င္ .... သံလွ်င္၀န္းက်င္ရွိ ဘုရားေစတီ တို႕ကို ေဖာက္ဖ်က္ျပီး ဌာပနာတို႕ကိုယူသည္ ... ေစတီမ်ားတြင္လွဴထားေသာ .. ေၾကးေခါင္းေလာင္းမ်ားကို အေျမာက္သြန္းလုပ္ရန္ယူသည္ ... ျမန္မာ မြန္ အေျမာက္အမ်ားကို ... ဘုရင္အာဏာျဖင့္ ဗ၇င္ဂ်ီ ဘာသာ သို႕ ... အတင္း သြတ္သြင္းသည္ ... နတ္ရွင္ေနာင္သည္ ဗရင္ဂ်ီဘာသာသို႕၀င္ျပီး ... ျပည္သူ မ်ားကို လည္း အဓမၼ သြတ္သြင္းသည္ ...
.
သကၠရာဇ္ ( ၉၇၄ ) တြင္ အေနာက္ဖက္လြန္မင္းတရားသည္ ... ငဇင္ကာကို မိစာၦဒိဌိျဖစ္ျပီး ဘုရားပုထိုးဖ်က္စီးသူ ဟူ၍ ... ဖင္၀တြင္ တံက်ဥ္လွ်ိဳ သတ္ေစသည္ .... နတ္သွ်င္ေနာင္ကုိလည္း ... ကုလားကၽြန္ ဟူ၍ သတ္ေစသည္ ... ေဆြစဥ္မ်ိဳးဆက္ လူ ၅၀၀ တို႕ကို ... ေျမာက္ဖက္ ေရႊဘိုနယ္တြင္ .. ရြာတည္ကာ သီးသန္႕ပါယ္ထားခဲ့သည္ ... ဗရင္ဂ်ီ ရြာဟု ယခုတိုင္ရွိသည္ ... လို႕ပါရွိပါတယ္ ... ေခါင္းေလာင္းၾကီး အေၾကာင္း မပါ ခဲ့ပါဘူး ....
.
★ ★ ေခါင္းေလာင္းၾကီးကို မ်က္ျမင္မွတ္တမ္းတင္ခဲ့သူ ... ( ၁၅၈၂ - နိဳ၀င္ဘာ - ၃ ရက္တြင္ ) ဒဂံုသို႕ေရာက္ခဲ့ေသာ  နိဳင္ငံျခားသား ဂတ္စ္ပရိုဘယ္လ္တီ က ...
.
အမိုးနွင့္အညီ လက္၀ဲဖက္သို႕လွည့္ၾကည့္ရာ ... လွပေသာ တန္ေဆာင္းအတြင္း ... ၾကီးမားေသာ .. ေခါင္းေလာင္းၾကီးတစ္လံုးကို  ျမင္ရ၏ ... အတူလာေသာ ပၚတူဂီတို႕နွင့္ တိုင္းၾကည့္ရာ ... ခုနွစ္လွမ္း .. သံုးဖ၀ါးခန္႕ရွိ၏ ... အထက္မွသည္ ေအာက္အထိ စာအျပည့္ရွိ၏ ... အေရးအသား လွပေသသပ္ စိပ္လြန္းသျဖင့္ စာတစ္လံုးနွင့္တစ္လံုး ထိလ််က္ရွိ၏ ... လို႕ေရးထားပါတယ္ ... ေခါင္းေလာင္အ၀ ကို သူတိုင္းရာ မွာ ေခါင္းေလာင္းတစ္ပတ္ဟာ ... သူ႕ေျခ ( ၇ ) လွမ္း ( ၃ ) ဖ၀ါး စာ ရွိေၾကာင္း ... လံုးပတ္က သူ႕ သံုးဖက္စာ ၇ွိေၾကာင္း ေဖာ္ျပထားပါတယ္ ... ( ဒါဆို တန္ ၃၀၀ ျဖစ္နိဳင္မလား စဥ္းစားစရာပါ )
.
★ ★ ★ ★ ဒီေတာ့ နိဂံုးခ်ဳပ္ရရင္ ...
★ ★ ဒီေခါင္းေလာင္းၾကီးဟာ ရွိခ်င္ရွိခဲ့ပါလိမ့္မယ္ ... ဒါေပမယ့္  အားလံုးေမွ်ာ္လင့္တဲ့ တန္ ၃၀၀ မဟုတ္ပါဘူး ... ဒီေလာက္ၾကီးတာကို ... သြန္းလုပ္မယ္ဆို ... ဘာလုပ္လုပ္ တိတိက်က် မွ ၾကိဳက္တဲ့ ဓမၼေစတီမင္းက ... ဒီေလာက္ ၾကီးျမတ္ဆံုး အလွဴတြက္ ေက်ာက္ စာေရးမွာ က်ိန္းေသပါတယ္ ....
.
★ ★ ေနာက္တစ္ခုက ... ဓမၼေစတီမင္းဟာ ... ဘုရားရွင္အလိုေတာ္နဲ႕ဆန္႕က်င္ျပီး အင္းအိုင္ ခလွည့္ေတြ စိတ္၀င္စားခဲ့တာကို ... ပဲခူး ကေခါင္းေလာင္း မွာရွိတဲ့ ... အင္းအိုင္ ေတြကိုၾကည့္ရင္သိမွာပါ ....
.
★ ★ ျမန္မာရာဇ၀င္သမိုင္းမွာလည္း .... စဥ့္ကူးမင္း ေခါင္းေလာင္း ၾကီး ကိုဆယ္ခဲ့ဘူးပါတယ္ ... ေလာကပါလ နတ္မင္းၾကီးေတြနဲ႕ ... ဒဂံုဆံေတာ္ရွင္ ကိုယ္တိုင္က ... လိုလိုလားလားရွိတဲ့အတြက္ ... ျမန္မာ့နည္းနဲ႕ ဆယ္ေပမယ့္ ... လြယ္ကူ ေအးေဆး ေပါ့ပါးစြာ ဆယ္နိဳင္ခဲ့ပါတယ္ ....
.
★ ★ ေခါင္းေလာင္းၾကီး ရွိခဲ့ရင္ေတာင္ .... မလိုတဲ့အတြက္ ... ဆယ္မရၾကတာပါ ... ဆယ္ဖို႕ၾကိဳးစားသူ ... အဖြဲ႕ နွစ္ဆယ္ထက္ မနည္း ရွိခဲ့ဘူးပါတယ္ .... အားလံုးဟာ ... ၀ိဇၨာလိုင္း .. နတ္ နဂါး ... အင္းအိုင္ ခလွည့္ လက္ဖြဲ႕ေတြကို ယံုၾကည္ၾကသူ ဓါတ္ ဆရာ မ်ားခ်ည္းဆိုတာ ထူးဆန္းစြာေတြ႕ရမွာပါ ....
.
★ ★ ဒီေတာ့ ... ၀ိဇၹာပညာကိုလိုက္စားရင္း ... နတ္ရြာစံတဲ့ ဘုရင္ဟာ ... ကိုယ္မသိတဲ့ ... ဘံုတစ္ေနရာရာမွာ ရွိေနမယ့္ပံုပါ ... ျပီးေတာ့ သူနဲ႕ လိုင္းတူ ဂိုဏ္းတူေတြကို ေသြးေဆာင္ျပီး ... ဒီေခါင္းေလာင္းကို ကုန္းေပၚျပန္ေရာက္ဖို႕ ... ၾကိဳးစားေနတာျဖစ္ဖို႕မ်ားပါတယ္ ....
.
★ ★ ေနာက္တစ္ခုက လက္ရွိသိပၸံပညာထါန္းကားတဲ့ေခတ္မွာေတာင္မွ ... တန္ ၁၀၀ အေလးခ်ိန္ရွိတဲ့ပစၥည္းေရႊ႕ေျပာင္းဖို႕ဆိုရင္ ... အစိုးရအေနနဲ႕ ... ေတာ္ေတာ္တိုင္ပတ္ေနခ်ိန္မွာ ... ငဇင္ကာက တန္ ၃၀၀ ရွိတဲ့ေခါင္းေလာင္းကို .... ေလွနွစ္စင္းမွာ ၀ါးေဖာင္တင္ျပီး .. သယ္တယ္ဆိုတဲ့ အခ်က္ကို ... ျဖစ္နိဳင္ မျဖစ္နိဳင္ဆိုတာ... .ေသေသခ်ာခ်ာဥေဏွာက္နဲ႕ စဥ္းစားသင့္ပါတယ္
.
★ ★ ဘာပဲျဖစ္ျဖစ္ .... ဂမၻီရ ပညာဆိုတာ ဆန္းၾကယ္ပါတယ္ ... ဒါေၾကာင့္ .. ေမာင္ေလး ညီမေလးတို႕ကလဲ  ... ကာလာမသုတၱံကို လက္ကိုင္ထားလို႕ ... ဘုရားရွင္အလိုေတာ္အတိုင္း ... ၀ိဘဇၨ နိဳင္ၾကပါလို႕ ... ေျပာပါရေစရွင္ ...
.
က်မ္းကိုးမ်ားကေတာ့
ဆရာခ်စ္စံ၀င္းရဲ႕ ဓမၼေစတီေခါင္းေလာင္းၾကီး၏လွ်ိဳ႕၀ွက္ခ်က္မ်ာ ...
ဓမၼေစတီေခါင္းေလာင္ အထာက္အထားမ်ား .....
ဆရာၾကီးသခင္ကိုယ္ေတာ္မွိဳင္းရဲ႕ဓမၼေစတီ
နွင့္ အျခား က်မ္းကိုးမ်ားကေတာ့ စာထဲမွာ ပါ ပါတယ္ ....
.
ခ်မ္းေျမ့ၾကပါေစ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မာလု

# Unicode Version ျဖင့္ ဖတ္ပါ #

ဓမ္မစေတီမင်းကြီးဟာ ... ဓမ္မစေတီခေါင်းလောင်းကြီးကို ဘယ်အချိန် ... ဘယ်ခုနှစ်မှာ ... လှူခဲ့တယ်ဆိုတဲ့ သမိုင်းအထောက် အထားရှာကြရအောင်ပါ ....
.
★ ဓမ္မစေတီမင်းကြီးဟာ ... စာတတ် ပေတတ် ... ရဟန်းလူထွက် ... ဖြစ်တဲ့အပြင် လောကီ ဝိဇ္ဇာ အတတ်ပညာ ကို သိဒ္ဓိလမ်းပေါက် မတတ် ကျွမ်းကျင်ပြီး ... အင်းအိုင် လက်ဖွဲ့ မန္တာန် အတတ်များကို ဖစ်ဖက်ကမ်းခတ် တတ်မြောက်တဲ့ ဘုရင်ဖြစ်တဲ့အားလျှော်စွာ ... အဂ္ဂိယတ် ပညာကို အထူးလေ့လာလိုက်စားပါတယ် .... ဘုရင်ဟာ ...သူတင်မက သူ့မူးမတ်များကိုလည်း ကောင်းမှု ကုသိုလ် လုပ်ရန် ဆော်သြတဲ့ ဘုရင်တစ်ပါးဖြစ်ပါတယ် ....
.
★ ဓမ္မစေတီမင်းဟာ သူမင်းပြုတဲ့တစ်လျှောက် ... ရေးထိုးခဲ့တဲ့ကျောက်စာများ ရှိခဲ့ပါတယ် .... သူရေးထိုးခဲ့တဲ့ကျောက်စာများကတော့ ....
.
( ၁ ) ကျိုက် ပွန် ရုပ်ပွားတော် လေးဆူကျောက်စာ
.
( ၂ ) အဇာပါလ စေတီ ကျောက်စာ
.
( ၃ ) သူကဌိထ စေတီ ကျောက်စာ
.
( ၄ ) ပဲခူး ဥပမ သမာဂဓ ကျောက်စာ
.
( ၅ ) ကလျှာဏီ ကျောက်စာ
.
( ၆ ) ပါဋိ မွန် မြန်မာ ပါရှိသော ဓမ္မစေတီ ကျောက်စာ ... တို့ဖြစ်ပါတယ် ...
.
★ ဓမ္မစေတီမင်းဟာ ... မိမိပြုလုပ်သော ကောင်းမှု မှတ်တမ်းကို အတော်ပင်... တိတိကျကျ ပြည့်စုံအောင် ရေးထိုးလေ့ ရှိသော မင်းတစ်ပါးဖြစ်ပါတယ် ... သို့သော် ဓမ္မစေတီမင်းကိုယ်တိုင် ရွှေတိဂုံစေတီတော်အား လှူဒါန်းသော ဒါန အလှူ မှတ်တမ်း ... တစ်ခုကိုမျှ မတွေ့ခဲ့ပါဘူး .... ကလျှာဏီ ကျောက်စာ ( စာ ၇၇ - ၈၈ ) တစ်ခုကလွဲလို့ပေါ့ ....
.
★ ဓမ္မစေတီမင်းကိုယ်တိုင်ရေးထိုးခဲ့သော ... ကလျှာဏီ မွန်ကျောက်စာ ( စာ - ၇၇ - ၈၈ ) မှာ ဘာရေးထားလဲ ဆိုတော့ .....
.
★ ★ ငါမင်းကိုယ်တိုင်သာလျှင် တိဂုံသို့သွား၍ အချိန် သုံးထောင်ရှိသော ကြေးစင် .... ငွေ ရောလျှက် သွန်း၍ လုပ်သော ခေါင်းလောင်းကို သက်တော်ထင်ရှား ... မြတ်စွာဘုရား၏ ဆံတော်ဓါတ် ... စေတီတော်အား သီတင်းကျွတ်လပြည့် ... ပဝါရဏာနေ့တွင် ... ပူဇော်ပြီးသည် လို့ရေးထားပါတယ် .... ( အချိန် သုံးထောင် တိတိပါ )
.
★ ★ ဒီလိုတင်လှူရတာကလည်း အကြောင်းရှိခဲ့ပါတယ် ... အရင်က ရွှေတိဂုံဘုရား ဝတ္တကမြေ အဝန်းအဝိုင်းက တော်တော် ကျယ်ပါ တယ်။ ဒါပေမဲ့ ရှင်စောပုနဲ့ ဓမ္မစေတီမင်း လက်ထက်မှာ အခွန်အတုတ်ပိုရအောင် မြို့ရွာ ချဲ့တော့ ဘုရားဝတ်တော်မြေကို ချုံ့ပလိုက်ပါတယ် .... ဒါပေမဲ့ ဘုရားကို ရှေးမင်းတွေက လှူထားတဲ့ ဝတ္တကမြေကို ပြန်ယူလို့ မရပါဘူး ။ ဘုရားကို လှူပြီးသားကို ပြန်ယူတဲ့ ထုံးစံမရှိဘူး။
.
ဒါပေမယ့် ရှင်စောပုကလဲ ရွှေတိဂုံဘုရား အနောက်ဖက်မှာ ... ခံတပ်နန်းဆောင်ကိုဆောက်ခဲ့ပါတယ် ... ဒါကို ဓမ္မစေတီမင်းက ဘယ်လိုဖြေရှင်းလဲ ဆိုတော့ မြေကိုတော့ ချုံ့လိုက်တယ်။ ဒါပေမဲ့ မြေကို တန်ဖိုးတွက်လိုက်ပြီးတော့ အဲဒီတန်ဖိုးနဲ့ ညီတဲ့ ... ငွေကို ဘုရားကို ပေးရမယ်လို့ ဆုံးဖြတ်ပါတယ် .... ( ဘုရား ရှင်အလိုတော်နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်တာပါ ... အရမ်းကြောက်စရာကောင်းပါတယ် ... တစ်နေရာတွက်ရည်စူးတဲ့ငွေကိုတောင် ..တခြားတစ်နေရာမှာ ပြောင်းလှူရင် ငရဲကျပါတယ် ) ။
.
ဘုရားပိုင်မြေမှ ... မိမိပိုင်မြေအဖြစ် ပြောင်းလဲပေးလိုက်တဲ့အတွက် ... ထိုမြေပိုင်ဆိုင်သူ အားလုံဟာ ... ဘုရားကို တစ်ခုခု ပြန်လည် လှူဒါန်းရမယ်လို့ အမိန့်တော်ရှိခဲ့ပါတယ် ...
.
မိမိကိုယ်တိုင်လည်း ... ရွှေတိဂုံ အနောက်ဖက်ခြမ်း .. ရှင်စောပု နန်းတော်ရာ .. ရှင်စောပု သင်္ချိုင်း နေရာ များအတွက် ... မိမိကိုယ်အလေးချိန် ရှင်စောပု ကိုယ်အလေးချိန် နှစ်ဦးအလေးချိန်နှင့်အညီ ရွှေစင် ကိုချိန်တွယ်ပြီး ... ရွှေသက်န်းကပ်ခဲ့ပါတယ်လို့အဆိုရှိပါတယ် ... ( ဘုရားကို ငွေပေးပြီးမြေဝယ်တာပါ )
.
တစ်ဖန် ... ပြည်သူလူထုထံသို့လဲ ... ဘုရားမြေကို မိမိအပိုင်ရတဲ့အတွက် ... အိမ်တိုင်း ကြေးမထည့် မနေရ ... လက်ကျန် ဘုရားဝတ္တမြေ နေသူများမှလည်း ... နောင်အခါ အပြစ်ပြုမိလျှင် ... ကျေအောင် ဆိုပြီး ... အိမ်တိုင် ကြေးမထည့်မနေရ ဆိုပြီး ....ဥပိုက်၊ သမန္တရာဇ်၊ ဘုရင်ရာဇာ၊ စွန္တရာဇာ အမတ်လေးဦးကို ဦးစီးစေလျှက် ... ကြေးများကောက်ခံခဲ့ပါတယ် ... ဒီအမတ်များဟာ ... အိမ်တိုင်းမှ ကြေး ပိသာလိုက်ေ ကာက်ယူ ခဲ့တဲ့ အတွက် ဒီအခါမှာ ကြေး တစ်သန်း ရှစ်သိန်း ရရှိခဲ့ပါတယ် ...
.
ဒီခေတ်က ငွေကြေးဟာ ကြေးဒင်္ဂါးတွေဖြစ်တဲ့အတွက် ...ကြေးစင် ဆယ်တင်း နှင့် ရှစ်တောင်း ရခဲ့တယ်ဆိုပါတယ် ...အဲ့ဒီခေတ်ကငွေကြေးဟာ ကြေးဒင်္ဂါးတွေဖြစ်တဲ့အတွက် .... ဒါတွေဟာ ကြေးဒင်္ဂါး အရေအတွက်ပါ .... ဒီအရေအတွက်ထဲကမှ ... ဒါကို ... ခေါင်းလောင်း သွန်းလုပ်ခဲ့တာပါ ....
.
ဒီလိုနဲ့ ( ၁၄၈၄ ) ဖေဖော်ဝါရီ ( ၅ ) ရက်နေ့မှာ စတင်သွန်းလုပ်ပါတယ် ... သို့သော်လည်း ခေါင်းလောင်းကြီး အသံမမြည်ခဲ့ဘူးလို့ဆိုပါတယ် .... ခုခေတ်မှာတောင် တန်ခိုးတော် ကြီးမြတ်တော်မူလှတဲ့ ... စတုမဟာရာဇ် နတ်မင်းများစောင့်ရှောက်တဲ့ ... ဆံတော်ရှင်ဘုရားဟာ ... ဘုရားမြေကို ကြေးဒင်္ဂါးနဲ့ ဝယ်သလိုလုပ်ပြီး ... မတရားကောက်ခံထားတဲ့ ငွေနဲ့ ခေါင်းလောင်း သွန်းခဲ့တဲ့ အတွက် ... အသံမမြည်တာမဆန်းပါဘူး ....
.
★ ဒါပေမယ့် ... မွန်ရာဇဝင်ဆရာများကတော့ ... ဒဏ္ဍာရီများနဲ့ အသက်သွင်းကြပါတယ် .... ခေါင်းလောင်းဟာ မိကျောင်းနကခတ်မှာ သွန်းလို့ မိကျောင်းကလျှာမပါတဲ့တွက် အသံမမြည်ဘူး ... မီကျောင်းဟာရေမှာပျော်တဲ့အတွက် .... ရေမှာပဲ အချိန်ကြာကြာနေလိမ့်မယ်ဆိုပြီး ... နောက်ပိုင်း ဒဏ္ဍာရီတွေ လုပ်လာကြပါတယ် .....
.
★ ဒီဒဏ္ဍာရီထဲက လောကဉာဏ ပုဏ္ဏားဆိုတာ နောက်ပိုင်း မင်းတိုင်ပင်ခံ ပုဏ္ဏားဖြစ်တယ်လို့ဆိုပါတယ် ... ဒါပေမယ့် ဓမ္မစေတီမင်းရဲ့ မင်းဆရာပုဏ္ဏား စာရင်း သမိုင်းအထောက်အထား မှာ ဒီနာမည်မရှိပါဘူး ...
.
★ တချို့ ဒဏ္ဍာရီများမှာလည်း ... ဘုရင်ကလူစာရင်းကောက်ခိုင်းတာ ကို ... အိမ်မှာရှိ တဲ့ကြေးစာရင်းတွေ ပါကောက်ပြီးသိမ်းယူပါတယ်လို့ အဓိပါယ်မရှိ လီဆည်ကြပြန် ပါတယ် .... ဘာဖြစ်ဖြစ်ပါ ။
.
★ ★ ★ အောက်မှာပေးထားတဲ့ ... သမိုင်းအထောက်အထားများကိုလဲ လေ့လာကြည့်လို့ရပါတယ် ... ကျောက်စာကလွဲလို့ ... ကျန်တဲ့ သမိုင်းစာတွေကတော့ မွန်တွေ ချဲ့ကားထားတဲ့ ဒဏ္ဏာရီတွေပါ ...
.
★ ★ တဖန် ... ကလျာဏီ ကျောက်စာတွင် ...
.
ဓမ္မစေတီမင်းကြီးသည် ... ရှင်စောပု ဘုရင်မ နန်းသက် ( ၇ ) နှစ် ... သက်တော် ( ၆၀ ) သက္ကရာဇ် ( ၈၂၀ - ၈၂၁ ) ကပင် မင်းအဖြစ်လွှဲပြောင်းခံရသည် .. ထိုမင်းသည် ရာမညတိုင်းအားလုံးကို အစိုးရတော်မူသည် ... မင်းအပေါင်းတို့နှင့် မဟာမိတ်ဖြစ်တော်မူသည်.... ပြည်သူများကို ရင်ဝယ်သားကဲ့သို့စောင့်ရှောက်၏ .... ဗေဒင်ကျမ်းဂန် ... ဂမ္ဘီရပညာများ တစ်ဖက်ကမ်း ခတ်၏ ကုမုဒြာ ကြာဖြူအဆင်း ... တန်ဆောင်မုန်း လဆန်း အဆင်းရှိ ဆင်ဖြူတော်ပိုင်သောကြောင့် ( စန္ဒီမာသ မာနတိသ ဂဖ ပတိဘူတော ) လို့ .... ကလျှာဏီ ကျောက်စာမှာ ပါရှိပါတယ် ။ ( ခေါင်းလောင်းအကြောင်းမပါရှိပါ ... ဒါ့အပြင် နန်းတက်နှစ် ၈၃၃ အစား ... အိမ်ရှေ့ဥပရာဇာ ပေးချိန် ၈၂၀ မှစပြီး တိုင်းပြည်အုပ်ချုပ်တယ်လို့ ပါရှိနေပါတယ် )
.
★ ★ ရွှေမော်ဓော ရာဇဝင် သမိုင်း ကျောက်စာ မှာတော့ ....
.
ထိုမင်းသည် ဒဂုံမြို့သို့ ထွက်တော်မူလာ၍ မယ်တော်ဘုရင်မကြီးစံရာ သစ်တပ် နန်းတွင်းစံတော်မူလျှက် ... တိဂုံဆံတော်ရှင်မြတ်ကြီးကို ... အမျိုးမျိုး ပူဇော် လှူဒါန်းတော်မူသည် ... မိဖုရားကိုယ်လေး ရွှေချိန်ပြီးလျှင် ... ရွှေမျက်ပါးခတ်စေ၍ ရွှေသက်န်း ကပ်လှူတော် မူသည်
.
★ ★ မူရင်း မွန်ရာဇဝင် ဦးတင်ပေ ( မူ ) ကျမ်းမှာကတော့ ....
.
ဓမ္မစေတီ ခေါင်းလောင်းကြီးနှင့်ပတ်သက်ပြီး မူရင်း မွန်ရာဇဝင် ဦးတင်ပေ မူ တွင် ... ဒဂုံဆံတော်ရှင်ဆွဲရအောင် ... ခေါင်းလောင်းကြီးသွန်းစေ ဗညားအိမ် အမတ်ကြီးကိုခန့်၍  ပယောင်ပုံစောက် တစ်ဆယ့်နှစ်တောင် .... ဘ၀ ခုနှစ်တောင် သွန်းမည်သောခါ ... သံဃာတော်တို့ကို မပြတ်သင်ရမည် ...တစ်သိန်းရှစ်သောင်းသော ကြေးကိုလည်း ... ခေါင်းလောင်းသွန်း၍ လှူသည် ...
လို့ဆိုထားပြီး ကြေး၁၈၀၀၀၀ ပိသာ လို့တိတိကျကျ ရေးမထားပါဘူး ....
.
★ ★ သန်လျှင်ရာဇဝင်တွင်တော့ ....
.
ဗရင်ဂျီကုလား ငဇင်ကာသည် .... သိင်္ဂုတ္တရကုန်း ... ဆံတော်ရှင်စေတီတော်ကောင်းမှု ... ခေါင်းလောင်းကြီးကိုချ၍ အမြောက်သွန်းမည်ကြံသည်တွင် ... ဘုရားရှင်တန်ခိုးကြောင့် ... ပန်းအလွဲချောင်း တွင် သဘေ်ာနှင့်တစ်ကွနစ်မွန်း၍ ... အမြောက်မသွန်းရ ရှိသည် ... လို့ပဲပါရှိပါတယ် ....
.
★ ★ ရွှေတိဂုံ သမိုင်းသစ်  မှာတော့ .....
.
ရွှေတိဂုံသမိုင်းဟောင်းမှာတော့ ... ဓမ္မစေတီမင်းအကြောင်း မပါ၇ှိပေမယ့် ... ရွှေလှံတောင်ကျောင်း ... မွန် ရဟန်း အရိယာဝံသ အာဒိစ္စ ... ပြန်လည်ပြုစု ရေးသားသော သမိုင်းသစ်မှာတော့ ....
သက္ကရာဇ် ( ၈၃၄ ) ခုနှစ်တွင် ... ဥပရာဇာ အိမ်ရှေ့မင်းသည် ... ဓမ္မစေတီမင်း ဟူသော အမည်ဖြင့် မင်းပြု၏ ထိုမင်းသည် ကြေးစင် အချိန် တစ်သိန်းရှစ်သောင်း ... အစောက် တစ်ဆယ့်ခုနှစ်တောင် ... အ၀ ငါးတောင် ရှိ ခေါင်းလောင်းကြီး တစ်လုံးနှင့် ... ပိသာချိန် ငါးရာရှိ ခေါင်းလောင်းငယ် တစ်လုံးလှူတော်မူ၏ .....  လို့ပါရှိ ပါတယ် ...
.
သက္ကရာဇ် ( ၈၅၂ ) မှာ ရွှေတိဂုံစေတီပေါ်သို့တင်လှူပူဇော်ပြီး .... သက္ကရာဇ် ... (၉၆၅ - ၉၇၄ ) အတွင်း တစ်ခုသော တန်ဆောင်မုန်းလပြည့်နေ့ မွန်းတည့် ( ၁၂ ) နာရီအချိန်တွင် ... ပေါ်တူဂီလူမျိုး ... ဒီဘရစ်တို ငဇင်ကာ က ဖြုတ်ယူပြီး သဘော်နှစ်စဖြင့် ဖောင်ဆောက်သယ်ယူရာ .. ပဲခူးမြစ် ... ရန်ကုန်မြစ် ... ပုစွန်တောင် ချောင်း၀ မြစ်သုံး ဆိုင်အရောက် ... ဖောင်ကျိုးကာ .လှေနှစ်စီးတိမ်းမှောက် နစ်မြုတ် ခဲ့ပြီး ရေအောက် စံနေခဲ့ပါတယ် ... လို့ ပြောထားပါသေးတယ် ...
.
သက္ကရာဇ် ( ၉၆၅ မှ ၉၇၄ ...  ငဇင်ကာ သံလျှင်မှာ မင်းပြုသက် ကိုးနှစ်  ) အတွင်း ( တိတိကျကျမသိ ... ထို ၉နှစ် အတွင်း တစ်နေ့မှာ ပေါ့ )  ပေါ်တူဂီလူမျိုး ငဇင်ကာ ယူသွား၍ ... ဒေါပုံမြစ်တွင်းကျနေသည် လို့ပဲ ပါရှိပါတယ် .... ရေကျချိန်တွင်  ပုစွန်တုတ်ကွေးကြီးကို တွေ့မြင်ကြရသည်ဟု အဆိုရှိကြသည် လို့ ရေးထားပါတယ် ...။   ( ပါးစပ် ရာဇဝင် လို့ဆိုတဲ့ သဘောပါပဲ .. )
.
★ ★ ဦးဘသန်း ရာဇဝင်လာ ဒီဗရစ်တို ငဇင်ကာအကြောင်း တွင် ...
.
သို့နှင့် ဒီဗရစ်တိုကား မိမိအခြေအနေ ခိုင်ပြီဟု သိလျှင် .... သံလျှင်ဝန်းကျင်ရှိ ဘုရားစေတီ တို့ကို ဖောက်ဖျက်ပြီး ဌာပနာတို့ကိုယူသည် ... စေတီများတွင်လှူထားသော .. ကြေးခေါင်းလောင်းများကို အမြောက်သွန်းလုပ်ရန်ယူသည် ... မြန်မာ မွန် အမြောက်အများကို ... ဘုရင်အာဏာဖြင့် ဗ၇င်ဂျီ ဘာသာ သို့ ... အတင်း သွတ်သွင်းသည် ... နတ်ရှင်နောင်သည် ဗရင်ဂျီဘာသာသို့ဝင်ပြီး ... ပြည်သူ များကို လည်း အဓမ္မ သွတ်သွင်းသည် ...
.
သက္ကရာဇ် ( ၉၇၄ ) တွင် အနောက်ဖက်လွန်မင်းတရားသည် ... ငဇင်ကာကို မိစ္ဆာဒိဌိဖြစ်ပြီး ဘုရားပုထိုးဖျက်စီးသူ ဟူ၍ ... ဖင်ဝတွင် တံကျဉ်လျှို သတ်စေသည် .... နတ်သျှင်နောင်ကိုလည်း ... ကုလားကျွန် ဟူ၍ သတ်စေသည် ... ဆွေစဉ်မျိုးဆက် လူ ၅၀၀ တို့ကို ... မြောက်ဖက် ရွှေဘိုနယ်တွင် .. ရွာတည်ကာ သီးသန့်ပါယ်ထားခဲ့သည် ... ဗရင်ဂျီ ရွာဟု ယခုတိုင်ရှိသည် ... လို့ပါရှိပါတယ် ... ခေါင်းလောင်းကြီး အကြောင်း မပါ ခဲ့ပါဘူး ....
.
★ ★ ခေါင်းလောင်းကြီးကို မျက်မြင်မှတ်တမ်းတင်ခဲ့သူ ... ( ၁၅၈၂ - နိုဝင်ဘာ - ၃ ရက်တွင် ) ဒဂုံသို့ရောက်ခဲ့သော  နိုင်ငံခြားသား ဂတ်စ်ပရိုဘယ်လ်တီ က ...
.
အမိုးနှင့်အညီ လက်ဝဲဖက်သို့လှည့်ကြည့်ရာ ... လှပသော တန်ဆောင်းအတွင်း ... ကြီးမားသော .. ခေါင်းလောင်းကြီးတစ်လုံးကို  မြင်ရ၏ ... အတူလာသော ပါ်တူဂီတို့နှင့် တိုင်းကြည့်ရာ ... ခုနှစ်လှမ်း .. သုံးဖဝါးခန့်ရှိ၏ ... အထက်မှသည် အောက်အထိ စာအပြည့်ရှိ၏ ... အရေးအသား လှပသေသပ် စိပ်လွန်းသဖြင့် စာတစ်လုံးနှင့်တစ်လုံး ထိလျျက်ရှိ၏ ... လို့ရေးထားပါတယ် ... ခေါင်းလောင်အ၀ ကို သူတိုင်းရာ မှာ ခေါင်းလောင်းတစ်ပတ်ဟာ ... သူ့ခြေ ( ၇ ) လှမ်း ( ၃ ) ဖဝါး စာ ရှိကြောင်း ... လုံးပတ်က သူ့ သုံးဖက်စာ ၇ှိကြောင်း ဖော်ပြထားပါတယ် ... ( ဒါဆို တန် ၃၀၀ ဖြစ်နိုင်မလား စဉ်းစားစရာပါ )
.
★ ★ ★ ★ ဒီတော့ နိဂုံးချုပ်ရရင် ...
★ ★ ဒီခေါင်းလောင်းကြီးဟာ ရှိချင်ရှိခဲ့ပါလိမ့်မယ် ... ဒါပေမယ့်  အားလုံးမျှော်လင့်တဲ့ တန် ၃၀၀ မဟုတ်ပါဘူး ... ဒီလောက်ကြီးတာကို ... သွန်းလုပ်မယ်ဆို ... ဘာလုပ်လုပ် တိတိကျကျ မှ ကြိုက်တဲ့ ဓမ္မစေတီမင်းက ... ဒီလောက် ကြီးမြတ်ဆုံး အလှူတွက် ကျောက် စာရေးမှာ ကျိန်းသေပါတယ် ....
.
★ ★ နောက်တစ်ခုက ... ဓမ္မစေတီမင်းဟာ ... ဘုရားရှင်အလိုတော်နဲ့ဆန့်ကျင်ပြီး အင်းအိုင် ခလှည့်တွေ စိတ်ဝင်စားခဲ့တာကို ... ပဲခူး ကခေါင်းလောင်း မှာရှိတဲ့ ... အင်းအိုင် တွေကိုကြည့်ရင်သိမှာပါ ....
.
★ ★ မြန်မာရာဇဝင်သမိုင်းမှာလည်း .... စဉ့်ကူးမင်း ခေါင်းလောင်း ကြီး ကိုဆယ်ခဲ့ဘူးပါတယ် ... လောကပါလ နတ်မင်းကြီးတွေနဲ့ ... ဒဂုံဆံတော်ရှင် ကိုယ်တိုင်က ... လိုလိုလားလားရှိတဲ့အတွက် ... မြန်မာ့နည်းနဲ့ ဆယ်ပေမယ့် ... လွယ်ကူ အေးဆေး ပေါ့ပါးစွာ ဆယ်နိုင်ခဲ့ပါတယ် ....
.
★ ★ ခေါင်းလောင်းကြီး ရှိခဲ့ရင်တောင် .... မလိုတဲ့အတွက် ... ဆယ်မရကြတာပါ ... ဆယ်ဖို့ကြိုးစားသူ ... အဖွဲ့ နှစ်ဆယ်ထက် မနည်း ရှိခဲ့ဘူးပါတယ် .... အားလုံးဟာ ... ဝိဇ္ဇာလိုင်း .. နတ် နဂါး ... အင်းအိုင် ခလှည့် လက်ဖွဲ့တွေကို ယုံကြည်ကြသူ ဓါတ် ဆရာ များချည်းဆိုတာ ထူးဆန်းစွာတွေ့ရမှာပါ ....
.
★ ★ ဒီတော့ ... ဝိဇ္ဖာပညာကိုလိုက်စားရင်း ... နတ်ရွာစံတဲ့ ဘုရင်ဟာ ... ကိုယ်မသိတဲ့ ... ဘုံတစ်နေရာရာမှာ ရှိနေမယ့်ပုံပါ ... ပြီးတော့ သူနဲ့ လိုင်းတူ ဂိုဏ်းတူတွေကို သွေးဆောင်ပြီး ... ဒီခေါင်းလောင်းကို ကုန်းပေါ်ပြန်ရောက်ဖို့ ... ကြိုးစားနေတာဖြစ်ဖို့များပါတယ် ....
.
★ ★ နောက်တစ်ခုက လက်ရှိသိပ္ပံပညာထါန်းကားတဲ့ခေတ်မှာတောင်မှ ... တန် ၁၀၀ အလေးချိန်ရှိတဲ့ပစ္စည်းရွှေ့ပြောင်းဖို့ဆိုရင် ... အစိုးရအနေနဲ့ ... တော်တော်တိုင်ပတ်နေချိန်မှာ ... ငဇင်ကာက တန် ၃၀၀ ရှိတဲ့ခေါင်းလောင်းကို .... လှေနှစ်စင်းမှာ ဝါးဖောင်တင်ပြီး .. သယ်တယ်ဆိုတဲ့ အချက်ကို ... ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ... .သေသေချာချာဥဏှောက်နဲ့ စဉ်းစားသင့်ပါတယ်
.
★ ★ ဘာပဲဖြစ်ဖြစ် .... ဂမ္ဘီရ ပညာဆိုတာ ဆန်းကြယ်ပါတယ် ... ဒါကြောင့် .. မောင်လေး ညီမလေးတို့ကလဲ  ... ကာလာမသုတ္တံကို လက်ကိုင်ထားလို့ ... ဘုရားရှင်အလိုတော်အတိုင်း ... ဝိဘဇ္ဇ နိုင်ကြပါလို့ ... ပြောပါရစေရှင် ...
.
ကျမ်းကိုးများကတော့
ဆရာချစ်စံဝင်းရဲ့ ဓမ္မစေတီခေါင်းလောင်းကြီး၏လျှို့ဝှက်ချက်မျာ ...
ဓမ္မစေတီခေါင်းလောင် အထာက်အထားများ .....
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ဓမ္မစေတီ
နှင့် အခြား ကျမ်းကိုးများကတော့ စာထဲမှာ ပါ ပါတယ် ....
.
ချမ်းမြေ့ကြပါစေ

ဖိုးသူတော် (www.phothutaw.com)
Credit: မာလု
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top