မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

 ႏွင္းဆီအဖြဲ႕အေနျဖင့္ ပရိ သတ္ကို မေဖ်ာ္ေျဖသည္က တစ္ ႏွစ္ခန္႔ၾကာျမင့္ၿပီျဖစ္၍ ဒီဇင္ဘာ ၃၀ ရက္ ညတြင္ ေတာ္ဝင္ေဖာင္ ေဒးရွင္းအတြက္ ျပဳလုပ္မည့္ ေတာ္ ဝင္ႏွစ္သစ္ႏွင္းဆီ အၿငိမ့္၌ ပါဝင္ ေဖ်ာ္ေျဖရမည္ျဖစ္၍    ဝမ္းသာ ေပ်ာ္ရႊင္မိေၾကာင္း သ႐ုပ္ေဆာင္ ေမကဗ်ာက ေျပာသည္။

‘‘ႏွင္းဆီကအၿမဲတမ္း မလုပ္ ျဖစ္ဘူးေလ။ တစ္ႏွစ္တစ္ခါမွ  လုပ္ျဖစ္ၾကတယ္။ အခုလုပ္တဲ့ပြဲ ကလည္း တစ္ပြဲက ေတာ္ဝင္ဂါး ဒင္းမွာ ေတာ္ဝင္ေဖာင္ေဒးရွင္းအ တြက္တစ္ပြဲ၊ ေနာက္တစ္ပြဲက ရခိုင္ရန္ပံုေငြအတြက္ လုပ္တဲ့ပြဲ ပါ။ ရခိုင္ရန္ပံုေငြအတြက္ လုပ္ မယ့္ပြဲကေတာ့ ရက္အတိအက် မသိရေသးပါဘူး။ ဘာပဲျဖစ္ျဖစ္ ကဗ်ာတို႔ တတ္ႏိုင္တဲ့အားေလးနဲ႔ ရန္ပံုေငြပြဲေလးေတြမွာ ပါဝင္ခြင့္ ရတဲ့အတြက္ ေက်းဇူးအမ်ားႀကီး တင္ပါတယ္။ ပရိသတ္ကလည္း ေမွ်ာ္လင့္ၾကတယ္’’ ဟု ၎က ေျပာသည္။

ထို႔အျပင္ ယခုရက္ပိုင္းအ တြင္း ေဖ်ာ္ေျဖေရး ခရီးမ်ားထြက္ ျဖစ္ေနၿပီး အၿငိမ့္အတြက္ အက တိုက္ရန္ သီခ်င္းအပ္ထား ေၾကာင္း ေျပာသည္။

‘‘လူရႊင္ေတာ္ေတြနဲ႔ ေျပာတဲ့ အခန္းဆိုလည္း မတိုက္ထားဘူး။ စင္ေပၚေရာက္မွ ေျပာခ်င္တာ ေျပာၾကတာပါ။ ကိုယ္ေတြက လည္း ျပန္မေျပာတတ္၊ ႏွစ္တုိင္း သူတို႔ေျပာတာပဲ လွိမ့္လွိမ့္ၿပီးခံရ တာေပါ့ေနာ္။ ႀကိဳေျပာထားရင္ ကိုယ္က စဥ္းစားထားလို႔ ရမွာေပါ့ ေနာ္။ နင့္ကိုဘာေျပာမယ္ဆိုၿပီး လံုးဝႀကိဳမေျပာဘူး။ စင္ေပၚ ေရာက္မွ ေျပာတာဆိုေတာ့ ဒီႏွစ္ ေတာ့ ကိုယ္လည္းသူတို႔ကို ျပန္ဖဲ့ မယ့္ျပက္လံုးကို စဥ္းစားထား တယ္’’ ဟု ေမကဗ်ာကေျပာသည္။

ဇာတ္ကား႐ိုက္ကူးမႈမ်ား ဆက္တိုက္မ႐ိုက္ျဖစ္ေသာ္လည္း လက္ရွိတြင္ ႏိုင္းႏိုင္း၊ ေမျမင့္မိုရ္ တို႔ႏွင့္အတူ ကမၻာႏွစ္ထပ္ ႐ုပ္ရွင္ တြင္ ႏိုင္းႏိုင္း၏ဇနီးအျဖစ္ ပါဝင္ သ႐ုပ္ေဆာင္ေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
နှင်းဆီအဖွဲ့အနေဖြင့် ပရိ သတ်ကို မဖျော်ဖြေသည်က တစ် နှစ်ခန့်ကြာမြင့်ပြီဖြစ်၍ ဒီဇင်ဘာ ၃၀ ရက် ညတွင် တော်ဝင်ဖောင် ဒေးရှင်းအတွက် ပြုလုပ်မည့် တော် ဝင်နှစ်သစ်နှင်းဆီ အငြိမ့်၌ ပါဝင် ဖျော်ဖြေရမည်ဖြစ်၍    ဝမ်းသာ ပျော်ရွှင်မိကြောင်း သရုပ်ဆောင် မေကဗျာက ပြောသည်။

‘‘နှင်းဆီကအမြဲတမ်း မလုပ် ဖြစ်ဘူးလေ။ တစ်နှစ်တစ်ခါမှ  လုပ်ဖြစ်ကြတယ်။ အခုလုပ်တဲ့ပွဲ ကလည်း တစ်ပွဲက တော်ဝင်ဂါး ဒင်းမှာ တော်ဝင်ဖောင်ဒေးရှင်းအ တွက်တစ်ပွဲ၊ နောက်တစ်ပွဲက ရခိုင်ရန်ပုံငွေအတွက် လုပ်တဲ့ပွဲ ပါ။ ရခိုင်ရန်ပုံငွေအတွက် လုပ် မယ့်ပွဲကတော့ ရက်အတိအကျ မသိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ကဗျာတို့ တတ်နိုင်တဲ့အားလေးနဲ့ ရန်ပုံငွေပွဲလေးတွေမှာ ပါဝင်ခွင့် ရတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ပရိသတ်ကလည်း မျှော်လင့်ကြတယ်’’ ဟု ၎င်းက ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းအ တွင်း ဖျော်ဖြေရေး ခရီးများထွက် ဖြစ်နေပြီး အငြိမ့်အတွက် အက တိုက်ရန် သီချင်းအပ်ထား ကြောင်း ပြောသည်။

‘‘လူရွှင်တော်တွေနဲ့ ပြောတဲ့ အခန်းဆိုလည်း မတိုက်ထားဘူး။ စင်ပေါ်ရောက်မှ ပြောချင်တာ ပြောကြတာပါ။ ကိုယ်တွေက လည်း ပြန်မပြောတတ်၊ နှစ်တိုင်း သူတို့ပြောတာပဲ လှိမ့်လှိမ့်ပြီးခံရ တာပေါ့နော်။ ကြိုပြောထားရင် ကိုယ်က စဉ်းစားထားလို့ ရမှာပေါ့ နော်။ နင့်ကိုဘာပြောမယ်ဆိုပြီး လုံးဝကြိုမပြောဘူး။ စင်ပေါ် ရောက်မှ ပြောတာဆိုတော့ ဒီနှစ် တော့ ကိုယ်လည်းသူတို့ကို ပြန်ဖဲ့ မယ့်ပြက်လုံးကို စဉ်းစားထား တယ်’’ ဟု မေကဗျာကပြောသည်။

ဇာတ်ကားရိုက်ကူးမှုများ ဆက်တိုက်မရိုက်ဖြစ်သော်လည်း လက်ရှိတွင် နိုင်းနိုင်း၊ မေမြင့်မိုရ် တို့နှင့်အတူ ကမ္ဘာနှစ်ထပ် ရုပ်ရှင် တွင် နိုင်းနိုင်း၏ဇနီးအဖြစ် ပါဝင် သရုပ်ဆောင်နေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top