စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အသက္(၁၀)ႏွစ္အရြယ္သမီးအရင္းႏွင့္ တူေတာ္စပ္သည့္ ကေလးငယ္တို႔အား ႏွိပ္စက္ခဲ့သူ ကို အေရးယူျခင္းရွိ၊ မရွိေစာင့္ ၾကည့္မည္ျဖစ္ၿပီး ထိထိေရာက္ေရာက္အေရးယူရန္လည္း တိုက္ တြန္းမည္ဟု အမ်ဳိးသားလူ႔အခြင့္ အေရးေကာ္မရွင္အဖြဲ႕၀င္ ဦးယု လြင္ေအာင္က ေျပာၾကားသည္။

ဓႏုျဖဴၿမိဳ႕ (၁၀) ရပ္ကြက္အ ေနာက္ျခမ္း နန္းေတာ္ကုန္းအုပ္စု ေန ဦးရဲေလးသည္ ၎၏ သမီးကို ႐ိုက္ႏွက္ႏွိပ္စက္ၿပီး ဆံုးမ၍ မရပါက သုသာန္တြင္ သၿဂႋဳဟ္မည္ဟုၿခိမ္းေျခာက္ခဲ့ေၾကာင္း ယင္းအ ျပင္ ၎၏တူကိုလည္း ႐ိုက္ႏွက္ၿပီး ေရအိုင္တြင္ ႏွစ္ခဲ့ေၾကာင္း ဓႏုျဖဴၿမိဳ႕မရဲစခန္းမွ ဒုရဲမွဴး ေအးမင္းက ေျပာသည္။

ယင္းျဖစ္စဥ္အေပၚ အမႈဖြင့္ အေရးယူေပးရန္ အမ်ဳိးသားလူ႕ အခြင့္အေရးေကာ္မရွင္က တိုက္ တြန္းၿပီး လူမႈ၀န္ထမ္းဦးစီးဌာနကိုလည္း သြားေရာက္စစ္ေဆးရန္ အေၾကာင္းၾကားခဲ့ေၾကာင္း ေကာ္ မရွင္အဖြဲ႕၀င္ ဦးယုလြင္ေအာင္က ေျပာသည္။ ယင္းအျပင္ ဒီဇင္ဘာ၁၉ ရက္တြင္ ေကာ္မရွင္တာ၀န္ရွိ သူမ်ား ကြင္းဆင္းစစ္ေဆးခဲ့ သည္။

သမီးအရင္းႏွင့္ တူတို႔ကို ႏွိပ္စက္ခဲ့သည့္ျဖစ္စဥ္အေပၚ ဧရာ၀တီတိုင္းလူမႈ၀န္ထမ္းဦးစီးဌာန က ဒီဇင္ဘာ ၁၄ ရက္တြင္ ကြင္း ဆင္းစစ္ေဆးခဲ့ၿပီး ၁၅ ရက္တြင္ ဓႏုျဖဴရဲစခန္းက တရားလို ျပဳလုပ္ အမႈဖြင့္ခဲ့သည္။

ကေလးမ်ားကို ႏွိပ္စက္ခဲ့ သည့္ ဖခင္ကို အျပင္းအထန္နာ က်င္ေစမႈ ပုဒ္မ ၃၂၅၊ ပိတ္ေလွာင္ထားမႈပုဒ္မ ၃၄၂ ၊ ၿခိမ္းေျခာက္မႈ ၅၀၆ ၊ ကေလးသူငယ္ဥပေဒပုဒ္မ ၆၆ (ဃ) တို႔ျဖင့္ ဓႏုျဖဴၿမိဳ႕နယ္ တ ရား႐ုံးတြင္ တရားစြဲခဲ့ေသာ္လည္း တရား႐ုံးက အာမခံျဖင့္ ျပန္လႊတ္ေပးထားသည္။

‘‘အဲဒီျဖစ္စဥ္တစ္ေလွ်ာက္လံုး ကို ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ေန မယ္။ ထိထိေရာက္ေရာက္အေရး မယူရင္ အေရးယူဖို႔ တိုက္တြန္း သြားမယ္။ တရားသူႀကီးကလည္း လူသားခ်င္းစာနာစိတ္နဲ႔ မွန္မွန္ ကန္ကန္ဆံုးျဖတ္မယ္ထင္ပါ တယ္’’ဟု ဦးယုလြင္ေအာင္က ေျပာသည္။

ယခုအခါ ႏွိပ္စက္ခံရသည့္ ကေလးငယ္ႏွစ္ဦးကို ဧရာ၀တီ တိုင္းလူမႈ၀န္ထမ္းဦးစီးဌာနလက္ ေအာက္ရွိ ပုသိမ္ကေလးျပဳစုေရးဌာနတြင္ ထိန္းသိမ္းေစာင့္ေရွာက္ ထားေၾကာင္း ဧရာ၀တီတိုင္းလူမႈ ၀န္ထမ္းဦးစီးဌာန ဦးစီးအရာရွိ ေဒၚခင္မိုးမိုးက ေျပာသည္။

ဓႏုျဖဴၿမိဳ႕တြင္ ဖခင္က သမီး ရင္းကို ႐ိုက္ႏွက္ႏွိပ္စက္ေနသည္ ကို ပတ္၀န္းက်င္ကလည္း မေျပာရဲမဆိုရဲ ျဖစ္ေနေၾကာင္း ဒီဇင္ဘာ၁၃ ရက္က လူမႈကြန္ရက္စာမ်က္ ႏွာ၌ ကေလးငယ္၏ ဓာတ္ပံုႏွင့္ တကြ သတင္းမ်ားပ်ံ႕ႏွံ႔ခဲ့သည္။

(၁၀) ႏွစ္အရြယ္ ကေလးငယ္ ၏ ေျခေထာက္ႏွင့္ လက္တို႔တြင္ ဒဏ္ရာမ်ားရရွိထားၿပီး ဦးေခါင္း တြင္လည္း ဆံပင္မ်ားကြၽတ္ေန ကာ ဒဏ္ရာမ်ားရွိေနသည္။ သို႔ ေသာ္ ဦးေခါင္းရွိဒဏ္ရာသည္ ကေလးငယ္၏ ဖခင္ျဖစ္သူက ႐ိုက္ႏွက္ထားျခင္းမဟုတ္ဘဲ ေရေႏြးေလာင္ထားသျဖင့္ မိဘမ်ားက ဆံပင္ရိတ္ေပးထားျခင္း ျဖစ္ေၾကာင္း ဓႏုျဖဴၿမိဳ႕မရဲစခန္းမွ ဒုရဲမွဴးေအးမင္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ#
အသက်(၁၀)နှစ်အရွယ်သမီးအရင်းနှင့် တူတော်စပ်သည့် ကလေးငယ်တို့အား နှိပ်စက်ခဲ့သူ ကို အရေးယူခြင်းရှိ၊ မရှိစောင့် ကြည့်မည်ဖြစ်ပြီး ထိထိရောက်ရောက်အရေးယူရန်လည်း တိုက် တွန်းမည်ဟု အမျိုးသားလူ့အခွင့် အရေးကော်မရှင်အဖွဲ့ဝင် ဦးယု လွင်အောင်က ပြောကြားသည်။

ဓနုဖြူမြို့ (၁၀) ရပ်ကွက်အ နောက်ခြမ်း နန်းတော်ကုန်းအုပ်စု နေ ဦးရဲလေးသည် ၎င်း၏ သမီးကို ရိုက်နှက်နှိပ်စက်ပြီး ဆုံးမ၍ မရပါက သုသာန်တွင် သင်္ဂြိုဟ်မည်ဟုခြိမ်းခြောက်ခဲ့ကြောင်း ယင်းအ ပြင် ၎င်း၏တူကိုလည်း ရိုက်နှက်ပြီး ရေအိုင်တွင် နှစ်ခဲ့ကြောင်း ဓနုဖြူမြို့မရဲစခန်းမှ ဒုရဲမှူး အေးမင်းက ပြောသည်။

ယင်းဖြစ်စဉ်အပေါ် အမှုဖွင့် အရေးယူပေးရန် အမျိုးသားလူ့ အခွင့်အရေးကော်မရှင်က တိုက် တွန်းပြီး လူမှုဝန်ထမ်းဦးစီးဌာနကိုလည်း သွားရောက်စစ်ဆေးရန် အကြောင်းကြားခဲ့ကြောင်း ကော် မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။ ယင်းအပြင် ဒီဇင်ဘာ၁၉ ရက်တွင် ကော်မရှင်တာဝန်ရှိ သူများ ကွင်းဆင်းစစ်ဆေးခဲ့ သည်။

သမီးအရင်းနှင့် တူတို့ကို နှိပ်စက်ခဲ့သည့်ဖြစ်စဉ်အပေါ် ဧရာဝတီတိုင်းလူမှုဝန်ထမ်းဦးစီးဌာန က ဒီဇင်ဘာ ၁၄ ရက်တွင် ကွင်း ဆင်းစစ်ဆေးခဲ့ပြီး ၁၅ ရက်တွင် ဓနုဖြူရဲစခန်းက တရားလို ပြုလုပ် အမှုဖွင့်ခဲ့သည်။

ကလေးများကို နှိပ်စက်ခဲ့ သည့် ဖခင်ကို အပြင်းအထန်နာ ကျင်စေမှု ပုဒ်မ ၃၂၅၊ ပိတ်လှောင်ထားမှုပုဒ်မ ၃၄၂ ၊ ခြိမ်းခြောက်မှု ၅၀၆ ၊ ကလေးသူငယ်ဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် ဓနုဖြူမြို့နယ် တ ရားရုံးတွင် တရားစွဲခဲ့သော်လည်း တရားရုံးက အာမခံဖြင့် ပြန်လွှတ်ပေးထားသည်။

‘‘အဲဒီဖြစ်စဉ်တစ်လျှောက်လုံး ကို ကျွန်တော်တို့ စောင့်ကြည့်နေ မယ်။ ထိထိရောက်ရောက်အရေး မယူရင် အရေးယူဖို့ တိုက်တွန်း သွားမယ်။ တရားသူကြီးကလည်း လူသားချင်းစာနာစိတ်နဲ့ မှန်မှန် ကန်ကန်ဆုံးဖြတ်မယ်ထင်ပါ တယ်’’ဟု ဦးယုလွင်အောင်က ပြောသည်။

ယခုအခါ နှိပ်စက်ခံရသည့် ကလေးငယ်နှစ်ဦးကို ဧရာဝတီ တိုင်းလူမှုဝန်ထမ်းဦးစီးဌာနလက် အောက်ရှိ ပုသိမ်ကလေးပြုစုရေးဌာနတွင် ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း ဧရာဝတီတိုင်းလူမှု ဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမိုးက ပြောသည်။

ဓနုဖြူမြို့တွင် ဖခင်က သမီး ရင်းကို ရိုက်နှက်နှိပ်စက်နေသည် ကို ပတ်ဝန်းကျင်ကလည်း မပြောရဲမဆိုရဲ ဖြစ်နေကြောင်း ဒီဇင်ဘာ၁၃ ရက်က လူမှုကွန်ရက်စာမျက် နှာ၌ ကလေးငယ်၏ ဓာတ်ပုံနှင့် တကွ သတင်းများပျံ့နှံ့ခဲ့သည်။

(၁၀) နှစ်အရွယ် ကလေးငယ် ၏ ခြေထောက်နှင့် လက်တို့တွင် ဒဏ်ရာများရရှိထားပြီး ဦးခေါင်း တွင်လည်း ဆံပင်များကျွတ်နေ ကာ ဒဏ်ရာများရှိနေသည်။ သို့ သော် ဦးခေါင်းရှိဒဏ်ရာသည် ကလေးငယ်၏ ဖခင်ဖြစ်သူက ရိုက်နှက်ထားခြင်းမဟုတ်ဘဲ ရေနွေးလောင်ထားသဖြင့် မိဘများက ဆံပင်ရိတ်ပေးထားခြင်း ဖြစ်ကြောင်း ဓနုဖြူမြို့မရဲစခန်းမှ ဒုရဲမှူးအေးမင်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top