ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အသက္အရြယ္အလို ေဟာ္မုန္းဓါတ္ေျပာင္းလဲျခင္းေၾကာင့္ လူ ၈၀ ရာခိုင္းခန့္ဟာ ၀က္
 ျခံ မ်ား ေပါက္ေလ့ရွိၾကပါတယ္။

ေဘးထြက္ဆိုးက်ိဳး အလြန္မ်ားတဲ့ ဓါတုေဘဒေဆး၀ါးမ်ားပါ၀င္သည့္ လိမ္းေဆးမ်ားကို မလိမ္းပဲ အိမ္တြင္း သဘာ၀ကုထံုးမ်ားျဖင့္ ကုသလိုသူမ်ားအတြက္ ေဆးနည္းကို ညြန္ေပးလိုက္ပါတယ္။

ေဆးနည္း (၁) သခြါးသီး

သခြါးသီးဟာ အသားအေရလွပရန္အတြက္ အေကာင္းဆံုး အသီးတစ္မ်ိဳးျဖစ္ပါတယ္။ အေၾကာင္းကေတာ့ သခြါးသီးမွာ ပါ၀င္တဲ့ ဓါတ္တစ္မ်ိဳးဟာ ၀က္ျခံႏွင့္ အမာရြက္မ်ားကို ေခ်ဖ်က္ေပးႏိုင္ျပီး အသားအေရကို ႏူးညံ့လွပေစပါတယ္။

သခြါးသီးကို အကြင္းလုိက္ လွီးျပီး မ်က္ႏွာေပၚကို ၁၅ မိနစ္ခန့္ ကပ္ေပးထားပါ။ ျပီးလွ်င္ မ်က္ႏွာကို သစ္လိုက္ပါ။ တစ္ပတ္ကို အနည္းဆံုး တစ္ၾကိမ္ အျမဲလုပ္ေပးႏိုင္ပါတယ္။

ေဆးနည္း (၂) ရွားေစာင္းလက္ပပ္

ရွားေစာင္းလက္ပပ္ကို အတြင္းသား ဂ်ယ္လီလို အသားကို စြန္းျဖင့္ ျခစ္ယူျပီး မ်က္ႏွာေပၚကို ၁၅ မိနစ္ခန့္ လိမ္းေပးပါ။ အမာရြတ္မ်ားကို စုပ္ယူေပးပါလိမ့္မည္။ ရွားေစာင္းအသားကို သၾကားနွင့္ ေဖ်ာ္ရည္လုပ္၍ ေသာက္ႏိုင္ပါသည္။ အသားအရည္ကို ေခ်ာမြတ္ လွပေစပါသည္။

ေဆးနည္း (၃) သံလြင္ဆီ

သံလြင္ဆီဟာ အလြန္ အစြမ္းထက္သည့္ သဘာ၀ေဆးဖက္၀င္တစ္မ်ိဳး
ျဖစ္ပါသည္။ သံလြင္ဆီကို ေရခ်ိဳးခါနီး မ်က္ႏွာေပၚကို သုတ္လိမ္းျပီး မိနစ္အနည္းငယ္ ၾကာေအာင္ထားျပီး မ်က္ႏွာကို သစ္ေပးႏုိင္ပါသည္။ အေရျပားႏွင့္ မ်က္ႏွာေပၚမွ အဖုမ်ား၊ အမာရြတ္မ်ားကို ရွင္းလင္းေပးႏိုင္စြမ္းရွိပါသည္။

ေဆးနည္း (၄) နံ့သာျဖဴႏွင့္ ႏွင္းဆီေရ

နံ့သာျဖဴနွင့္ ႏွင္းဆီေရကို ဆတူ ေရာစပ္ျပီး မ်က္ႏွာေပၚကို လိမ္းေပးကာ နာရီ၀က္ခန့္ထားျပီး မ်က္ႏွာသစ္ပါ။ အေရျပားေပၚရွိ ၀က္ျခံႏွင့္ အမာရြတ္မ်ား သိသာစြာ ေပ်ာက္ကင္းသြားပါလိမ့္မည္။ တစ္ပတ္ကို ၂ ၾကိမ္ခန့္ လုပ္ေပးႏိုင္ပါသည္။ (Rose Water ေခၚ ႏွင္းဆီေရကို အလွကုန္ဆုိင္မ်ားမွာ ေမး၀ယ္၍ ရႏုိင္ပါသည္)

ေဆးနည္း (၅) ေရ

ေရဓါတ္ဟာ လူ့ခႏၶာကိုယ္၏ က်န္းမာေရးအတြက္ အလြန္အေရးၾကီးရံုတင္မကပဲ အသားအေရစိုေျပလွပဖို့အတြက္ အထူးလိုအပ္လွပါတယ္။ တစ္ေန့ကို အနည္းဆံုး ေရ (၈) ဖန္ခြက္ခန့္ ေသာက္သံုးေပးပါက ေရဓါတ္ျပည့္၀လာျပီး အသားအရလည္း စိုေျပလာသလို အေရျပားေပၚမွာ ဆဲလ္အသစ္မ်ား ေျပာင္းလဲေပးႏိုင္ျပီး ၀က္ျခံ၊ အမာရြတ္မ်ားႏွင့္ အညစ္အေၾကးမ်ားကို သန့္စင္ေပးႏိုင္ပါသည္။

ျမင္သူတကာ ေငးယူေလာက္သည့္ မ်ာက္ႏွာအလွမ်ားကို ပိုင္ဆိုင္နိုင္ၾကပါေစ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer
#Unicode Version#
အသက်အရွယ်အလို ဟော်မုန်းဓါတ်ပြောင်းလဲခြင်းကြောင့် လူ ၈၀ ရာခိုင်းခန့်ဟာ ဝက်ခြံများ ပေါက်လေ့ရှိကြပါတယ်။

ဘေးထွက်ဆိုးကျိုး အလွန်များတဲ့ ဓါတုဘေဒဆေးဝါးများပါဝင်သည့် လိမ်းဆေးများကို မလိမ်းပဲ အိမ်တွင်း သဘာဝကုထုံးများဖြင့် ကုသလိုသူများအတွက် ဆေးနည်းကို ညွန်ပေးလိုက်ပါတယ်။

ဆေးနည်း (၁) သခွါးသီး

သခွါးသီးဟာ အသားအရေလှပရန်အတွက် အကောင်းဆုံး အသီးတစ်မျိုးဖြစ်ပါတယ်။ အကြောင်းကတော့ သခွါးသီးမှာ ပါဝင်တဲ့ ဓါတ်တစ်မျိုးဟာ ဝက်ခြံနှင့် အမာရွက်များကို ချေဖျက်ပေးနိုင်ပြီး အသားအရေကို နူးညံ့လှပစေပါတယ်။

သခွါးသီးကို အကွင်းလိုက် လှီးပြီး မျက်နှာပေါ်ကို ၁၅ မိနစ်ခန့် ကပ်ပေးထားပါ။ ပြီးလျှင် မျက်နှာကို သစ်လိုက်ပါ။ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ် အမြဲလုပ်ပေးနိုင်ပါတယ်။

ဆေးနည်း (၂) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ကို အတွင်းသား ဂျယ်လီလို အသားကို စွန်းဖြင့် ခြစ်ယူပြီး မျက်နှာပေါ်ကို ၁၅ မိနစ်ခန့် လိမ်းပေးပါ။ အမာရွတ်များကို စုပ်ယူပေးပါလိမ့်မည်။ ရှားစောင်းအသားကို သကြားနှင့် ဖျော်ရည်လုပ်၍ သောက်နိုင်ပါသည်။ အသားအရည်ကို ချောမွတ် လှပစေပါသည်။

ဆေးနည်း (၃) သံလွင်ဆီ

သံလွင်ဆီဟာ အလွန် အစွမ်းထက်သည့် သဘာဝဆေးဖက်ဝင်တစ်မျိုး
ဖြစ်ပါသည်။ သံလွင်ဆီကို ရေချိုးခါနီး မျက်နှာပေါ်ကို သုတ်လိမ်းပြီး မိနစ်အနည်းငယ် ကြာအောင်ထားပြီး မျက်နှာကို သစ်ပေးနိုင်ပါသည်။ အရေပြားနှင့် မျက်နှာပေါ်မှ အဖုများ၊ အမာရွတ်များကို ရှင်းလင်းပေးနိုင်စွမ်းရှိပါသည်။

ဆေးနည်း (၄) နံ့သာဖြူနှင့် နှင်းဆီရေ

နံ့သာဖြူနှင့် နှင်းဆီရေကို ဆတူ ရောစပ်ပြီး မျက်နှာပေါ်ကို လိမ်းပေးကာ နာရီဝက်ခန့်ထားပြီး မျက်နှာသစ်ပါ။ အရေပြားပေါ်ရှိ ဝက်ခြံနှင့် အမာရွတ်များ သိသာစွာ ပျောက်ကင်းသွားပါလိမ့်မည်။ တစ်ပတ်ကို ၂ ကြိမ်ခန့် လုပ်ပေးနိုင်ပါသည်။ (Rose Water ခေါ် နှင်းဆီရေကို အလှကုန်ဆိုင်များမှာ မေးဝယ်၍ ရနိုင်ပါသည်)

ဆေးနည်း (၅) ရေ

ရေဓါတ်ဟာ လူ့ခန္ဓာကိုယ်၏ ကျန်းမာရေးအတွက် အလွန်အရေးကြီးရုံတင်မကပဲ အသားအရေစိုပြေလှပဖို့အတွက် အထူးလိုအပ်လှပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ (၈) ဖန်ခွက်ခန့် သောက်သုံးပေးပါက ရေဓါတ်ပြည့်ဝလာပြီး အသားအရလည်း စိုပြေလာသလို အရေပြားပေါ်မှာ ဆဲလ်အသစ်များ ပြောင်းလဲပေးနိုင်ပြီး ဝက်ခြံ၊ အမာရွတ်များနှင့် အညစ်အကြေးများကို သန့်စင်ပေးနိုင်ပါသည်။

မြင်သူတကာ ငေးယူလောက်သည့် မျာက်နှာအလှများကို ပိုင်ဆိုင်နိုင်ကြပါစေ

ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top