လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

ရန္ကုန္တုိင္းေဒသႀကီး ဒလၿမိဳ႕နယ္ ကမာကဆစ္ ကူးတုိ႕ဆိပ္၌ ဒီဇင္ဘာ ၂၀ ရက္ေန႕ နံနက္ ၄ နာရီ ၃၀ မိနစ္ အခ်ိန္က ကမာကဆစ္ကူးတို႔ ဆိပ္ကမ္းနားဘက္မွ ရန္ကုန္ဘက္ကမ္းသုိ႕ ကူးရာ၌္ ကမာကဆစ္ စက္ သမၺာန္ဆိပ္ေရွ႕အနီးတြင္ စက္ေလွပန္ကာ (ဒုိက္) အမႈိက္မ်ားၿငိ၍ အမႈိက္ဆင္းရွင္းရာ ေရစီးႏွင့္အတူ ေမ်ာပါသြားၿပီး ျမစ္အတြင္း ေက်ာက္ခ်ရပ္နားထားေသာ စီဘီကုန္တင္တြဲႏွင့္ ကန္႔လန္႔ ခံတုိက္မိရာမွ ယာဥ္နစ္ျမဳပ္မႈျဖစ္ပြားခဲ့ေၾကာင္း ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးမွဴးရုံးမွ သိရသည္။

ဒလၿမိဳ႕နယ္ ကမာကဆစ္ကူးတို႔ သမအသင္းပုိင္ စက္ေလွေမာင္း ေမာင္ဇင္မင္းသူ အသက္(၃၁)၊ (ဘ) ဦးေသာင္းစိန္ ၊ အမွတ္(၁၇၅)၊ ဂႏၶမာလမ္း ကမာကဆစ္ရပ္ကြက္ေနသူ ေမာင္းႏွင္ေသာ သမၺာန္ကူးတုိ႕ ေရယာဥ္ အမွတ္-၇/၁၅ (ျမင့္ျမတ္သဇင္) ယာဥ္ေပၚတြင္ စီးနင္းလုိက္ပါလာေသာ ခရီးသည္ႏွင့္ ယာဥ္ေမာင္း အပါအ၀င္ က်ား(၁၁)ဦး၊ မ(၃)ဦး စုစုေပါင္း(၁၄)ဦး အနက္မွ က်ား(၉)ဦးႏွင့္ မ(၂)ဦးတုိ႕အား ျပန္လည္ ဆယ္ယူနုိင္ခဲ့ၿပီး၊ ယာဥ္ေမာင္း အပါအ၀င္ က်ား(၂)ဦး၊ မ(၁)ဦးတုိ႕မွာ ယခုအခိ်န္ထိ ေပ်ာက္ဆုံးေနသျဖင့္ ရန္ကုန္ျမစ္အတြင္း၌ ကူးတုိ႔ သမစက္ေလွအသင္းမွ တာ၀န္ရွိသူမ်ား၊ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႕ႏွင့္ လူမႈေရးအသင္း အဖြဲ႕မ်ားမွ ကယ္ဆယ္ရွာေဖြေရးလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္းႏွင့္ဓာတ္ပုံ-နုိင္လင္းေက်ာ္(ဒလ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MOI Webportal Myanmar

# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမာကဆစ် ကူးတို့ဆိပ်၌ ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ် အချိန်က ကမာကဆစ်ကူးတို့ ဆိပ်ကမ်းနားဘက်မှ ရန်ကုန်ဘက်ကမ်းသို့ ကူးရာ၌် ကမာကဆစ် စက် သမ္ဗာန်ဆိပ်ရှေ့အနီးတွင် စက်လှေပန်ကာ (ဒိုက်) အမှိုက်များငြိ၍ အမှိုက်ဆင်းရှင်းရာ ရေစီးနှင့်အတူ မျောပါသွားပြီး မြစ်အတွင်း ကျောက်ချရပ်နားထားသော စီဘီကုန်တင်တွဲနှင့် ကန့်လန့် ခံတိုက်မိရာမှ ယာဉ်နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ဒလမြို့နယ် ကမာကဆစ်ကူးတို့ သမအသင်းပိုင် စက်လှေမောင်း မောင်ဇင်မင်းသူ အသက်(၃၁)၊ (ဘ) ဦးသောင်းစိန် ၊ အမှတ်(၁၇၅)၊ ဂန္ဓမာလမ်း ကမာကဆစ်ရပ်ကွက်နေသူ မောင်းနှင်သော သမ္ဗာန်ကူးတို့ ရေယာဉ် အမှတ်-၇/၁၅ (မြင့်မြတ်သဇင်) ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသည်နှင့် ယာဉ်မောင်း အပါအဝင် ကျား(၁၁)ဦး၊ မ(၃)ဦး စုစုပေါင်း(၁၄)ဦး အနက်မှ ကျား(၉)ဦးနှင့် မ(၂)ဦးတို့အား ပြန်လည် ဆယ်ယူနိုင်ခဲ့ပြီး၊ ယာဉ်မောင်း အပါအဝင် ကျား(၂)ဦး၊ မ(၁)ဦးတို့မှာ ယခုအချိန်ထိ ပျောက်ဆုံးနေသဖြင့် ရန်ကုန်မြစ်အတွင်း၌ ကူးတို့ သမစက်လှေအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လူမှုရေးအသင်း အဖွဲ့များမှ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)

ဖိုးသူတော် (www.phothutaw.com)
Credit: MOI Webportal Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top