ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

‘‘ေရႊအိုေရာင္ေန႔ရက္ရွည္ လိေမၼာ္ ေရာင္ေက်ာင္းႀကီးတြင္ ဘယ္အ ခ်ိန္ျပန္ေတြး..ေတြး လြမ္းစရာ ေလး...အတိတ္ဆီကို ေဝေဝဝါး ဝါးေဝ ေရးေရးၾကည့္ရင္းေလ... ေပ်ာ္စရာ ၾကည္ႏူးစရာရင္နင့္စရာ အျဖစ္မ်ားနဲ႔ဘဝကို...ေရႊေရာင္စို ေစေျမ...လိေမၼာ္ေရာင္ေကာလိပ္ (သို႔မဟုတ္)လိေမၼာ္ေရာင္အလြမ္း ေက်ာင္းတကၠသိုလ္ေျမ’’

ႏုိင္ငံေက်ာ္ေတးသံရွင္ ကိုင္ ဇာ၏ေတးသီခ်င္းသံၿငိမ့္ၿငိမ့္က ကားကက္ဆက္စပီကာအတြင္းမွ လြင့္ပ်ံလာသည္။ ေတးသြားကို သီခ်င္းတိုးတိုးလိုက္ညည္းရင္း ေဒၚစႏၵာၿငိမ္းတစ္ေယာက္   သူ ေမာင္းႏွင္လာေသာ ကားေလးကို လမ္းခ်ိဳးတစ္ခုသို႔ ေကြ႕ဝင္လုိက္ သည္။

တကၠသိုလ္မ်ား(လိႈင္နယ္ ေျမ)ဟူသည့္ စာတန္းပါ အဝင္မုခ္ ဦးေအာက္အေရာက္တြင္ေတာ့ ႏွစ္ ၂၀ ေက်ာ္ၾကာ ေဝးကြာခဲ့ရ ေသာ ကုကၠိဳပင္မ်ား ခပ္စိပ္စိပ္ ၿခံရံထားသည့္ လမ္းကေလးကို ေတြ႕လိုက္ရသည္။ အသက္(၁၆)၊ (၁၇)ႏွစ္အရြယ္ ၁၉၇၉၊ ၈၀ ႏွစ္မ်ားဆီက ဒီလမ္းေလးကို ေန႔စဥ္ တစ္ေန႔ ႏွစ္ႀကိမ္ျဖတ္ေလွ်ာက္ခဲ့ဖူး သည္။ သူမတို႔ငယ္စဥ္က နာမည္ႀကီးခဲ့ေသာ လိႈင္နယ္ေျမကုကၠိဳ တန္း၊ လိေမၼာ္ေရာင္အုတ္ခ်ပ္မ်ား ျဖင့္ ေဆာက္ထားသည့္ လိေမၼာ္ေရာင္ ေကာလိပ္ေခၚ ေဒသေကာ လိပ္(၂)ေက်ာင္းေတာ္ဆီသို႔ သြား ရာလမ္းကေလးပင္ျဖစ္သည္။

ရန္ကုန္တကၠသိုလ္၏ ပထမႏွစ္ေက်ာင္းသူအျဖစ္    ယေန႔ေက်ာင္းစတင္တက္ေရာက္မည့္ သမီးျဖစ္သူအား သူမ ငယ္ဘဝရွင္ သန္ခဲ့ရာ လိႈႈင္နယ္ေျမသို႔ လိုက္ပို႔ ရသည့္ ရင္ခုန္မႈကို သမီးျဖစ္သူ ကလည္း ခံစားမိပါလိမ့္မည္။

ေက်ာင္းထဲသို႔ ေျခခ်မိသည္ ႏွင့္ ျမင္လုိက္ရသည့္ ‘ပထမႏွစ္  ေမာင္မယ္သစ္လြင္မ်ားကို ႀကိဳ ဆိုပါ၏’ ဟူသည့္ဗီႏုိင္းမ်ားခ်ိတ္ ဆြဲထားသည့္ လိေမၼာ္ေရာင္အုတ္ ခ်ပ္မ်ားကာရံထားေသာ   အ ေဆာက္အအံုမ်ားက ႏွစ္ ၂၀ ေက်ာ္ၾကာသည္အထိ ပိတ္သိမ္းခံထား ရေသာ္လည္း ယခင္ကလုိပင္ ေမာင္မယ္သစ္လြင္ မ်ိဳးဆက္သစ္ ေလးမ်ားကို ေမြးထုတ္ေပးရန္ အ သင့္ျဖစ္ေနပါၿပီ။

ရန္ကုန္တကၠသိုလ္ (လိႈင္ နယ္ေျမ) ျပန္လည္ဖြင့္လွစ္သည့္ ဒီဇင္ဘာ ၄ ရက္တြင္ မ်ိဳးဆက္သစ္မ်ားႏွင့္အတူ ေဒၚစႏၵာၿငိမ္းက့ဲသို႔ မ်ိဳး ဆက္သစ္မ်ား၏ မိဘေက်ာင္း သားေဟာင္းမ်ားလည္း ေက်ာင္း ႀကီးသို႔ အလြမ္းေျပလာေရာက္ခဲ့ ၾကသည္။

ႏွစ္ေပါင္း ၂၀ ေက်ာ္ တကၠသိုလ္ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားတက္ေရာက္ခြင့္မရွိဘဲ ပိတ္သိမ္းခံထားခဲ့ရသည့္ လိေမၼာ္ ေရာင္ေကာလိပ္သည္ ၂၀၁၇ ဒီဇင္ဘာ ၄ ရက္တြင္ေတာ့ မ်ိဳးဆက္သစ္လိေမၼာ္သီးေလးမ်ား၏ပံုရိပ္ မ်ားျဖင့္ လႈပ္လႈပ္ရွားရွား အသက္ ဝင္စျပဳလာၿပီျဖစ္သည္။

လိေမၼာ္ေရာင္ေကာလိပ္ (သို႔မဟုတ္) ရန္ကုန္တကၠသိုလ္(လိႈင္ နယ္ေျမ)တြင္ တက္ေရာက္ခြင့္ရ သည့္ေမာင္ရဲဝင့္က ‘‘ဒီေက်ာင္း ေနရာက အရင္က ႏွစ္ေတြအၾကာ ႀကီးပိတ္ထားတာေတာ့ စာေတြထဲ မွာ ဖတ္ဖူးတယ္။ အခုႏွစ္ ျပန္ဖြင့္ တဲ့အခ်ိန္ ပထမဆံုးတက္ခြင့္ရ မယ္ဆိုေတာ့ ဘယ္လိုေက်ာင္းမ်ိဳး ျဖစ္ေနမလဲဆိုတာ ေက်ာင္းမလာ ခင္ကတည္းက စိတ္လႈပ္ရွားမိ တယ္’’ဟု ေျပာျပသည္။

ဦးသန္႔အေရးအခင္းျဖစ္ၿပီး ေနာက္ ၁၉၇၆ တြင္ ေဒသေကာ လိပ္မ်ား  ဖြင့္လွစ္ခဲ့ရာ လိႈင္ၿမိဳ႕ နယ္ရွိ လိေမၼာ္ေရာင္အေဆာက္ အအံုမ်ားသည္ ေဒသေကာလိပ္ (၂) ျဖစ္တည္လာခဲ့ရသည္။

၁၉၈၁ တြင္ ေဒသေကာလိပ္ ပညာေရးစနစ္ကို ဖ်က္သိမ္းခဲ့ရာ ရန္ကုန္ရွိ ေဒသေကာလိပ္(၁) ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ေဒသ ေကာလိပ္(၂) လိႈင္ၿမိဳ႕နယ္ႏွင့္ ေဒ သေကာလိပ္(၃) ၾကည့္ျမင္တိုင္ ၿမိဳ႕နယ္ဟူသည့္ ေဒသေကာလိပ္ သံုးခုကို RASU (ရာဇူး)ဟုေခၚ သည့္ ပင္မရန္ကုန္ဝိဇၨာသိပၸံတကၠ သိုလ္၏တကၠသိုလ္ခြဲမ်ားအျဖစ္ ဆက္ဆက္အသံုးျပဳခဲ့သည္။

၁၉၈၄ တြင္ေတာ့ အျခားၿမိဳ႕ နယ္မ်ားမွ ရန္ကုန္တကၠသိုလ္ခြဲ မ်ာကို ပိတ္သိမ္းလိုက္ၿပီး လိႈင္နယ္ေျမရွိ လိေမၼာ္ေရာင္အေဆာက္အ အံုကိုသာ ရန္ကုန္တကၠသိုလ္ (လိႈင္နယ္ေျမ)ဟူ၍ ၁၉၉၆ အထိ ဆက္လက္အသံုးျပဳခဲ့သည္။

ထို႔ေနာက္ ေက်ာင္းသားမ်ား ဆႏၵျပမႈ တစ္ေက်ာ့ျပန္ျဖစ္ပြားခဲ့ သည့္ ၁၉၉၆ ေက်ာင္းသားလႈပ္ ရွားမႈေနာက္ပိုင္းမွစကာ ရန္ကုန္ တကၠသိုလ္အပါအဝင္ ၿမိဳ႕တြင္းရွိ တကၠသိုလ္ႏွင့္ေကာလိပ္ေက်ာင္း အမ်ားစုကို ပိတ္သိမ္းခဲ့ၿပီး တကၠ သိုလ္၊ ေကာလိပ္ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ၿမိဳ႕စြန္၌ ေက်ာင္းမ်ားေဆာက္လုပ္၍ ေရႊ႕ ေျပာင္းတက္ေရာက္ေစခဲ့သည္။ လိေမၼာ္ေရာင္ေကာလိပ္ကိုလည္း လံုးဝအသံုးမျပဳဘဲ  ပိတ္သိမ္းခဲ့ သည္။

၂၀၀၀ ျပည့္ႏွစ္တြင္ လိေမၼာ္ ေရာင္ေကာလိပ္အေဆာက္အအံု မ်ားကို ျပန္လည္ဖြင့္လွစ္ခဲ့ေသာ္ လည္း တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ မဟုတ္ခဲ့ ဘဲ ရန္ကုန္ပညာေရးတကၠသိုလ္ ေလ့က်င့္ေရးအထက္တန္း ေက်ာင္း၏မူလတန္းေက်ာင္း သားေလးမ်ားတက္ေရာက္ရာ ေက်ာင္းခြဲေလးအျဖစ္  အသံုး ျပဳခဲ့သည္။

ယင္းသို႔ျဖင့္ ႏွစ္ ၂၀ ေက်ာ္ အၾကာ ၂၀၁၇ ဇြန္လခန္႔တြင္ေတာ့တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဝးကြာခဲ့ရ ေသာ လိေမၼာ္ေရာင္အေဆာက္ အအံုမ်ားကို တကၠသိုလ္ေက်ာင္း သား၊ ေက်ာင္းသူမ်ား ျပန္လည္အ သံုးျပဳႏိုင္ရန္ ျပင္ဆင္မြမ္းမံမႈမ်ား ျပဳလုပ္လာခဲ့သည္။

‘‘ျပန္ဖြင့္မယ္ စၾကားက တည္းက ေပ်ာ္ခဲ့ရတာ။ ဘယ္အ တန္းေတြ ထားမယ္ေတာ့ ကိုယ္ မသိဘူးေပါ့ေနာ္။ သမီးက ရန္ကုန္ တကၠသိုလ္ေလွ်ာက္ထားေပမယ့္ ဒီမွာတက္ရလိမ့္မယ္မထင္ဘူး။ ေက်ာင္းအပ္မွ ဒီမွာဆိုေတာ့ သမီး ထက္ ကိုယ္က ပိုေပ်ာ္သြားတယ္။ ဒီလုိျမင္ခ်င္တာ ၾကာၿပီေလ’’ဟု ေဒသေကာလိပ္(၂)ေက်ာင္းသူ ေဟာင္း ေဒၚစႏၵာၿငိမ္းကဆိုသည္။

ေမွ်ာ္လင့္ခဲ့သည့္အတုိင္း ၂၀၁၇-၁၈ ပညာသင္ႏွစ္တြင္ ရန္ကုန္တကၠသိုလ္၏ပထမႏွစ္ အထူးျပဳဘာသာရပ္ ၂၅ ခုသို႔ တက္ေရာက္ခြင့္ရေသာ ေက်ာင္း သား၊ ေက်ာင္းသူမ်ားသည္ လိေမၼာ္ေရာင္ေကာလိပ္ (သို႔မ ဟုတ္) ရန္ကုန္တကၠသိုလ္ (လိႈင္ နယ္ေျမ)တြင္ ေျခခ်ခြင့္ရခဲ့ၾကၿပီ ျဖစ္သည္။ ယခုႏွစ္မွစကာ ရန္ကုန္ တကၠသိုလ္ ပထမႏွစ္၊ ဒုတိယႏွစ္ အတန္းမ်ားကို လိႈင္နယ္ေျမတြင္ ဖြင့္လွစ္မည္ျဖစ္ၿပီး တတိယႏွစ္ႏွင့္ ေနာက္ဆံုးႏွစ္ေရာက္ခ်ိန္တြင္ ရန္ ကုန္တကၠသိုလ္ပင္မတြင္ တက္ ေရာက္ခြင့္ရမည္ျဖစ္သည္။

‘‘ရန္ကုန္တကၠသိုလ္ပင္မ ဘက္ကလည္း ဘြဲ႕ႀကိဳတန္းေတြ ျပန္ဖြင့္တာ ေလးႏွစ္ဆိုေတာ့ စာ သင္ေဆာင္ေတြ ျပည့္ေနၿပီ။ လိႈင္ နယ္ေျမက ဒီေနရာကလည္း အစ ကတည္းက ရန္ကုန္တကၠသိုလ္ အပိုင္ဆိုေတာ့ ဒါကို ျပန္ျပင္ၿပီး ပထမႏွစ္ေတြ ထားတာေပါ့’’ဟု ရန္ကုန္တကၠသိုလ္(လိႈင္နယ္ေျမ) ျပန္ဖြင့္ရျခင္းအေၾကာင္းကို အ ဆင့္ျမင့္ပညာဦးစီးဌာန ၫႊန္ၾကား ေရးမွဴးခ်ဳပ္ ေဒါက္တာသိန္းဝင္း က ေျပာသည္။

ေက်ာင္းပရဝဏ္အတြင္းရွိ လိေမၼာ္ေရာင္အေဆာက္အအံုစာ သင္ေဆာင္ သီေရတာႀကီးမ်ားက လြန္ခဲ့ေသာ ႏွစ္ ႏွစ္ဆယ္ခန္႔ကကဲ့ သို႔ပင္ ခံ့ခံ့ညားညားျဖင့္ မ်ိဳးဆက္ သစ္မ်ားကို ႀကိဳလင့္ေနသည္။ သင္တန္းသားအနည္းဆံုး ၃၀၀ ခန္႔ ဝင္ဆံ့ၿပီး ျမင့္ရာမွ နိမ့္ရာသို႔ ေလွ်ာဆင္းသြားေသာ စာသင္ခံု တန္းႀကီးမ်ားႏွင့္ သစ္လြင္ေသာ သီေရတာႀကီးမ်ားသည္ မ်ိဳးဆက္ သစ္ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားအထူးစိတ္ဝင္စားသည့္ အရာ မ်ားျဖစ္သည္။

‘‘တကၠသိုလ္ဆို State ေက်ာင္းတုန္းကလို ခံုရွည္ေလး ေတြနဲ႔ပဲျမင္ဖူးတာ။ အခုက စာသင္ခန္းအက်ယ္ႀကီးနဲ႔ ခံုရွည္ႀကီးေတြ ပါတဲ့ သီေရတာေတြ၊  အဲဒါ သ ေဘာအက်ဆံုးပဲ’’ဟု ပထမႏွစ္ ေက်ာင္းသူ မေအးသန္႔ဇင္က ေျပာသည္။

သစ္ပင္ႀကီးမ်ား၊ ကုကၠိဳပင္ တန္းမ်ား အရိပ္ျဖင့္ ေအးျမသည့္ လိေမၼာ္ေရာင္ေကာလိပ္နယ္ေျမ က်ယ္က်ယ္က ေက်ာင္းသား၊ ေက်ာင္းသူမ်ား စာသင္ခ်ိန္အၿပီး ေပ်ာ္ရႊင္ရယ္ေမာစကားဝိုင္းဖြဲ႕ႏုိင္ မည့္ ေနရာေကာင္းမ်ားျဖစ္သည္။

လြန္ခဲ့ေသာ ႏွစ္ ၂၀ ေက်ာ္ ႏွင့္ ယခုအခ်ိန္ကာလ မ်ားစြာျခား နားေသာ္လည္း ေခတ္အဆက္ ဆက္ဖက္ရွင္ေရစီးမ်ားကို ေလ့ လာႏိုင္သည့္ တကၠသိုလ္ေက်ာင္း သူမ်ား၏ ဝတ္စားဆင္ယင္မႈက သမိုင္းတစ္ပတ္လည္သည္ဟူ သည့္စကားအတြက္ သက္ေသဟု ဆိုရမလိုျဖစ္သည္။

ေဒၚစႏၵာၿငိမ္းတို႔ေခတ္က ေဒသေကာလိပ္ေက်ာင္းသူမ်ား သည္ ခ်ည္လံုခ်ည္၊ အက်ႌခါးတို ကို ဝတ္ဆင္ေလ့ရွိခဲ့သည္။ ယေန႔ ႏွစ္ ၂၀ ေက်ာ္ၾကာခ်ိန္တြင္လည္း ဖက္ရွင္ေရစီးတစ္ပတ္လည္ကာ မ်ိဳးဆက္သစ္ ေက်ာင္းသူေလး မ်ားက ယင္းဖက္ရွင္အတိုင္း။ မ ေျပာင္းလဲသည့္ လိေမၼာ္ေရာင္အ ေဆာက္အအံုမ်ားကို ၎တို႔ေခတ္ က ဖက္ရွင္ျဖင့္ ေက်ာင္းသူေလး မ်ား၏ပံုရိပ္က အားျဖည့္လိုက္ သည့္အခါ လိေမၼာ္ေရာင္ကို လြမ္း ေသာ အလြမ္းမ်ား ေျပသြားေစခဲ့ သည္ဟု ေဒၚစႏၵာၿငိမ္းကဆိုသည္။

ႏွစ္ ၂၀ ေက်ာ္ၾကာ တကၠ သိုလ္ေက်ာင္းသားမ်ားအတြက္ အသံုးမျပဳခဲ့သည့္ လိေမၼာ္ေရာင္ ေကာလိပ္နယ္ေျမသာယာေရးအ တြက္ ရန္ကုန္တကၠသိုလ္မွတာဝန္ရွိသူမ်ားကလည္း   ႀကိဳးစားျပင္ ဆင္ေနၾကဆဲျဖစ္သည္။

‘‘စာသင္ခန္းေတြကေတာ့ အဆင္သင့္ပါပဲ။ ေက်ာင္းပရဝဏ္ ကေတာ့ ျပင္ဆင္ေရးေတြ၊ တခ်ိဳ႕ အပိုင္းေတြလုပ္တုန္းေပါ့။ အစ ကေတာ့ ဒီလုိပဲေပါ့။ တစ္ပတ္၊ ႏွစ္ပတ္ေလာက္ဆိုရင္ေတာ့ အ ဆင္ေျပသြားမွာပါ။ ျပန္ဖြင့္တာ ကကို ေပ်ာ္စရာပဲေလ’’ဟု ရန္ကုန္တကၠသိုလ္မွ ကထိကဆရာမ တစ္ဦးက ေျပာသည္။

လိႈင္နယ္ေျမရွိ    စာသင္ ေဆာင္မ်ားအနက္ တစ္ထပ္စာ သင္ေဆာင္မ်ား၊ သီေရတာမ်ား ပါဝင္သည့္ စာသင္ေဆာင္ႀကီး မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားအသံုးျပဳမည့္ ေက်ာင္းအိမ္ သာမ်ားကို ျပန္လည္ျပင္ဆင္ေန ၿပီး ျပင္ဆင္ေရးလုပ္ငန္းမ်ားႏွင့္ ေက်ာင္းပရဝဏ္ရွင္းလင္းေရး လုပ္ငန္းမ်ားကို ေက်ာင္းဖြင့္လွစ္ သည့္ေန႔အထိ ေဆာင္ရြက္ေနဆဲ ျဖစ္သည္။ 

ထုိ႔အျပင္     တကၠသိုလ္ ေက်ာင္းသားဘဝ၏အမွတ္တရ မ်ားရွိေနမည့္ တကၠသိုလ္အ ေဆာင္မ်ားကိုလည္း နယ္မွ ရန္ကုန္ၿမိဳ႕သို႔ လာတက္သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအ တြက္ စီစဥ္ေပးထားသည္။ လိေမၼာ္ေရာင္ေကာလိပ္ႏွင့္ မေဝးသည့္ လိႈင္နယ္ေျမတြင္ပင္ ရန္ကုန္တကၠသိုလ္ခုနစ္ထပ္ ေက်ာင္းသား၊ ေက်ာင္းသူအေဆာင္သစ္ႀကီးမ်ား ေဆာက္လုပ္ေပးထားသည္။ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအ တြက္ ေနထုိင္ရန္အသင့္၊ အခန္း တြင္း အသံုးအေဆာင္ပစၥည္းအ ျပည့္အစံု၊ လံုၿခံဳေရးေဆာင္ရြက္ ထားမႈမ်ားက ၁၉၉၆ ေနာက္ပိုင္း ျမန္မာတကၠသိုလ္ေက်ာင္းသား မ်ားအတြက္ မရဖူးေသာ အခြင့္ ထူးမ်ားျဖစ္သည္။

ေက်ာင္းပရဝဏ္က်ယ္ဝန္း ျခင္းေၾကာင့္ ပထမဆံုး ေက်ာင္းစ ဖြင့္လွစ္သည့္ေန႔တြင္ စာသင္ခန္း ရွာမေတြ႕ျခင္းကလည္း ေက်ာင္း သားသစ္မ်ားကို တစ္ဦးႏွင့္တစ္ဦး ရင္းႏွီးမႈတိုးေစခဲ့သည္။

ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္တကၠ သိုလ္ေက်ာင္းသား၊ ေက်ာင္းသူ ဘဝကို ၿမိဳ႕ျပင္တြင္ ရွာေဖြေနရ သည့္ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားအတြက္ သမိုင္းအစဥ္အလာ ေကာင္းမ်ားရွိခဲ့သည့္ ရန္ကုန္ တကၠသိုလ္(လိႈင္နယ္ေျမ) ျပန္ လည္ဖြင့္လွစ္ျခင္းက စာအုပ္ထဲ တြင္သာ ဖတ္ခြင့္ရခဲ့ေသာ တကၠ သိုလ္ဘဝ၊ တကၠသိုလ္အလွကို ကိုယ္တုိင္ခံစားရေတာ့မည့္အခြင့္ အေရးရရွိလာျခင္းပင္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
‘‘ရွှေအိုရောင်နေ့ရက်ရှည် လိမ္မော် ရောင်ကျောင်းကြီးတွင် ဘယ်အ ချိန်ပြန်တွေး..တွေး လွမ်းစရာ လေး...အတိတ်ဆီကို ဝေဝေဝါး ဝါးဝေ ရေးရေးကြည့်ရင်းလေ... ပျော်စရာ ကြည်နူးစရာရင်နင့်စရာ အဖြစ်များနဲ့ဘဝကို...ရွှေရောင်စို စေမြေ...လိမ္မော်ရောင်ကောလိပ် (သို့မဟုတ်)လိမ္မော်ရောင်အလွမ်း ကျောင်းတက္ကသိုလ်မြေ’’

နိုင်ငံကျော်တေးသံရှင် ကိုင် ဇာ၏တေးသီချင်းသံငြိမ့်ငြိမ့်က ကားကက်ဆက်စပီကာအတွင်းမှ လွင့်ပျံလာသည်။ တေးသွားကို သီချင်းတိုးတိုးလိုက်ညည်းရင်း ဒေါ်စန္ဒာငြိမ်းတစ်ယောက်   သူ မောင်းနှင်လာသော ကားလေးကို လမ်းချိုးတစ်ခုသို့ ကွေ့ဝင်လိုက် သည်။

တက္ကသိုလ်များ(လှိုင်နယ် မြေ)ဟူသည့် စာတန်းပါ အဝင်မုခ် ဦးအောက်အရောက်တွင်တော့ နှစ် ၂၀ ကျော်ကြာ ဝေးကွာခဲ့ရ သော ကုက္ကိုပင်များ ခပ်စိပ်စိပ် ခြံရံထားသည့် လမ်းကလေးကို တွေ့လိုက်ရသည်။ အသက်(၁၆)၊ (၁၇)နှစ်အရွယ် ၁၉၇၉၊ ၈၀ နှစ်များဆီက ဒီလမ်းလေးကို နေ့စဉ် တစ်နေ့ နှစ်ကြိမ်ဖြတ်လျှောက်ခဲ့ဖူး သည်။ သူမတို့ငယ်စဉ်က နာမည်ကြီးခဲ့သော လှိုင်နယ်မြေကုက္ကို တန်း၊ လိမ္မော်ရောင်အုတ်ချပ်များ ဖြင့် ဆောက်ထားသည့် လိမ္မော်ရောင် ကောလိပ်ခေါ် ဒေသကော လိပ်(၂)ကျောင်းတော်ဆီသို့ သွား ရာလမ်းကလေးပင်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်၏ ပထမနှစ်ကျောင်းသူအဖြစ်    ယနေ့ကျောင်းစတင်တက်ရောက်မည့် သမီးဖြစ်သူအား သူမ ငယ်ဘဝရှင် သန်ခဲ့ရာ လှိုှုင်နယ်မြေသို့ လိုက်ပို့ ရသည့် ရင်ခုန်မှုကို သမီးဖြစ်သူ ကလည်း ခံစားမိပါလိမ့်မည်။

ကျောင်းထဲသို့ ခြေချမိသည် နှင့် မြင်လိုက်ရသည့် ‘ပထမနှစ်  မောင်မယ်သစ်လွင်များကို ကြို ဆိုပါ၏’ ဟူသည့်ဗီနိုင်းများချိတ် ဆွဲထားသည့် လိမ္မော်ရောင်အုတ် ချပ်များကာရံထားသော   အ ဆောက်အအုံများက နှစ် ၂၀ ကျော်ကြာသည်အထိ ပိတ်သိမ်းခံထား ရသော်လည်း ယခင်ကလိုပင် မောင်မယ်သစ်လွင် မျိုးဆက်သစ် လေးများကို မွေးထုတ်ပေးရန် အ သင့်ဖြစ်နေပါပြီ။

ရန်ကုန်တက္ကသိုလ် (လှိုင် နယ်မြေ) ပြန်လည်ဖွင့်လှစ်သည့် ဒီဇင်ဘာ ၄ ရက်တွင် မျိုးဆက်သစ်များနှင့်အတူ ဒေါ်စန္ဒာငြိမ်းကဲ့သို့ မျိုး ဆက်သစ်များ၏ မိဘကျောင်း သားဟောင်းများလည်း ကျောင်း ကြီးသို့ အလွမ်းပြေလာရောက်ခဲ့ ကြသည်။

နှစ်ပေါင်း ၂၀ ကျော် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များတက်ရောက်ခွင့်မရှိဘဲ ပိတ်သိမ်းခံထားခဲ့ရသည့် လိမ္မော် ရောင်ကောလိပ်သည် ၂၀၁၇ ဒီဇင်ဘာ ၄ ရက်တွင်တော့ မျိုးဆက်သစ်လိမ္မော်သီးလေးများ၏ပုံရိပ် များဖြင့် လှုပ်လှုပ်ရှားရှား အသက် ဝင်စပြုလာပြီဖြစ်သည်။

လိမ္မော်ရောင်ကောလိပ် (သို့မဟုတ်) ရန်ကုန်တက္ကသိုလ်(လှိုင် နယ်မြေ)တွင် တက်ရောက်ခွင့်ရ သည့်မောင်ရဲဝင့်က ‘‘ဒီကျောင်း နေရာက အရင်က နှစ်တွေအကြာ ကြီးပိတ်ထားတာတော့ စာတွေထဲ မှာ ဖတ်ဖူးတယ်။ အခုနှစ် ပြန်ဖွင့် တဲ့အချိန် ပထမဆုံးတက်ခွင့်ရ မယ်ဆိုတော့ ဘယ်လိုကျောင်းမျိုး ဖြစ်နေမလဲဆိုတာ ကျောင်းမလာ ခင်ကတည်းက စိတ်လှုပ်ရှားမိ တယ်’’ဟု ပြောပြသည်။

ဦးသန့်အရေးအခင်းဖြစ်ပြီး နောက် ၁၉၇၆ တွင် ဒေသကော လိပ်များ  ဖွင့်လှစ်ခဲ့ရာ လှိုင်မြို့ နယ်ရှိ လိမ္မော်ရောင်အဆောက် အအုံများသည် ဒေသကောလိပ် (၂) ဖြစ်တည်လာခဲ့ရသည်။

၁၉၈၁ တွင် ဒေသကောလိပ် ပညာရေးစနစ်ကို ဖျက်သိမ်းခဲ့ရာ ရန်ကုန်ရှိ ဒေသကောလိပ်(၁) ဗိုလ်တထောင်မြို့နယ်၊ ဒေသ ကောလိပ်(၂) လှိုင်မြို့နယ်နှင့် ဒေ သကောလိပ်(၃) ကြည့်မြင်တိုင် မြို့နယ်ဟူသည့် ဒေသကောလိပ် သုံးခုကို RASU (ရာဇူး)ဟုခေါ် သည့် ပင်မရန်ကုန်ဝိဇ္ဇာသိပ္ပံတက္က သိုလ်၏တက္ကသိုလ်ခွဲများအဖြစ် ဆက်ဆက်အသုံးပြုခဲ့သည်။

၁၉၈၄ တွင်တော့ အခြားမြို့ နယ်များမှ ရန်ကုန်တက္ကသိုလ်ခွဲ မျာကို ပိတ်သိမ်းလိုက်ပြီး လှိုင်နယ်မြေရှိ လိမ္မော်ရောင်အဆောက်အ အုံကိုသာ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)ဟူ၍ ၁၉၉၆ အထိ ဆက်လက်အသုံးပြုခဲ့သည်။

ထို့နောက် ကျောင်းသားများ ဆန္ဒပြမှု တစ်ကျော့ပြန်ဖြစ်ပွားခဲ့ သည့် ၁၉၉၆ ကျောင်းသားလှုပ် ရှားမှုနောက်ပိုင်းမှစကာ ရန်ကုန် တက္ကသိုလ်အပါအဝင် မြို့တွင်းရှိ တက္ကသိုလ်နှင့်ကောလိပ်ကျောင်း အများစုကို ပိတ်သိမ်းခဲ့ပြီး တက္က သိုလ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူများကို မြို့စွန်၌ ကျောင်းများဆောက်လုပ်၍ ရွှေ့ ပြောင်းတက်ရောက်စေခဲ့သည်။ လိမ္မော်ရောင်ကောလိပ်ကိုလည်း လုံးဝအသုံးမပြုဘဲ  ပိတ်သိမ်းခဲ့ သည်။

၂၀၀၀ ပြည့်နှစ်တွင် လိမ္မော် ရောင်ကောလိပ်အဆောက်အအုံ များကို ပြန်လည်ဖွင့်လှစ်ခဲ့သော် လည်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် မဟုတ်ခဲ့ ဘဲ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်း ကျောင်း၏မူလတန်းကျောင်း သားလေးများတက်ရောက်ရာ ကျောင်းခွဲလေးအဖြစ်  အသုံး ပြုခဲ့သည်။

ယင်းသို့ဖြင့် နှစ် ၂၀ ကျော် အကြာ ၂၀၁၇ ဇွန်လခန့်တွင်တော့တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် ဝေးကွာခဲ့ရ သော လိမ္မော်ရောင်အဆောက် အအုံများကို တက္ကသိုလ်ကျောင်း သား၊ ကျောင်းသူများ ပြန်လည်အ သုံးပြုနိုင်ရန် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်လာခဲ့သည်။

‘‘ပြန်ဖွင့်မယ် စကြားက တည်းက ပျော်ခဲ့ရတာ။ ဘယ်အ တန်းတွေ ထားမယ်တော့ ကိုယ် မသိဘူးပေါ့နော်။ သမီးက ရန်ကုန် တက္ကသိုလ်လျှောက်ထားပေမယ့် ဒီမှာတက်ရလိမ့်မယ်မထင်ဘူး။ ကျောင်းအပ်မှ ဒီမှာဆိုတော့ သမီး ထက် ကိုယ်က ပိုပျော်သွားတယ်။ ဒီလိုမြင်ချင်တာ ကြာပြီလေ’’ဟု ဒေသကောလိပ်(၂)ကျောင်းသူ ဟောင်း ဒေါ်စန္ဒာငြိမ်းကဆိုသည်။

မျှော်လင့်ခဲ့သည့်အတိုင်း ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၏ပထမနှစ် အထူးပြုဘာသာရပ် ၂၅ ခုသို့ တက်ရောက်ခွင့်ရသော ကျောင်း သား၊ ကျောင်းသူများသည် လိမ္မော်ရောင်ကောလိပ် (သို့မ ဟုတ်) ရန်ကုန်တက္ကသိုလ် (လှိုင် နယ်မြေ)တွင် ခြေချခွင့်ရခဲ့ကြပြီ ဖြစ်သည်။ ယခုနှစ်မှစကာ ရန်ကုန် တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ် အတန်းများကို လှိုင်နယ်မြေတွင် ဖွင့်လှစ်မည်ဖြစ်ပြီး တတိယနှစ်နှင့် နောက်ဆုံးနှစ်ရောက်ချိန်တွင် ရန် ကုန်တက္ကသိုလ်ပင်မတွင် တက် ရောက်ခွင့်ရမည်ဖြစ်သည်။

‘‘ရန်ကုန်တက္ကသိုလ်ပင်မ ဘက်ကလည်း ဘွဲ့ကြိုတန်းတွေ ပြန်ဖွင့်တာ လေးနှစ်ဆိုတော့ စာ သင်ဆောင်တွေ ပြည့်နေပြီ။ လှိုင် နယ်မြေက ဒီနေရာကလည်း အစ ကတည်းက ရန်ကုန်တက္ကသိုလ် အပိုင်ဆိုတော့ ဒါကို ပြန်ပြင်ပြီး ပထမနှစ်တွေ ထားတာပေါ့’’ဟု ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) ပြန်ဖွင့်ရခြင်းအကြောင်းကို အ ဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းဝင်း က ပြောသည်။

ကျောင်းပရဝဏ်အတွင်းရှိ လိမ္မော်ရောင်အဆောက်အအုံစာ သင်ဆောင် သီရေတာကြီးများက လွန်ခဲ့သော နှစ် နှစ်ဆယ်ခန့်ကကဲ့ သို့ပင် ခံ့ခံ့ညားညားဖြင့် မျိုးဆက် သစ်များကို ကြိုလင့်နေသည်။ သင်တန်းသားအနည်းဆုံး ၃၀၀ ခန့် ဝင်ဆံ့ပြီး မြင့်ရာမှ နိမ့်ရာသို့ လျှောဆင်းသွားသော စာသင်ခုံ တန်းကြီးများနှင့် သစ်လွင်သော သီရေတာကြီးများသည် မျိုးဆက် သစ် ကျောင်းသား၊ ကျောင်းသူ များအထူးစိတ်ဝင်စားသည့် အရာ များဖြစ်သည်။

‘‘တက္ကသိုလ်ဆို State ကျောင်းတုန်းကလို ခုံရှည်လေး တွေနဲ့ပဲမြင်ဖူးတာ။ အခုက စာသင်ခန်းအကျယ်ကြီးနဲ့ ခုံရှည်ကြီးတွေ ပါတဲ့ သီရေတာတွေ၊  အဲဒါ သ ဘောအကျဆုံးပဲ’’ဟု ပထမနှစ် ကျောင်းသူ မအေးသန့်ဇင်က ပြောသည်။

သစ်ပင်ကြီးများ၊ ကုက္ကိုပင် တန်းများ အရိပ်ဖြင့် အေးမြသည့် လိမ္မော်ရောင်ကောလိပ်နယ်မြေ ကျယ်ကျယ်က ကျောင်းသား၊ ကျောင်းသူများ စာသင်ချိန်အပြီး ပျော်ရွှင်ရယ်မောစကားဝိုင်းဖွဲ့နိုင် မည့် နေရာကောင်းများဖြစ်သည်။

လွန်ခဲ့သော နှစ် ၂၀ ကျော် နှင့် ယခုအချိန်ကာလ များစွာခြား နားသော်လည်း ခေတ်အဆက် ဆက်ဖက်ရှင်ရေစီးများကို လေ့ လာနိုင်သည့် တက္ကသိုလ်ကျောင်း သူများ၏ ဝတ်စားဆင်ယင်မှုက သမိုင်းတစ်ပတ်လည်သည်ဟူ သည့်စကားအတွက် သက်သေဟု ဆိုရမလိုဖြစ်သည်။

ဒေါ်စန္ဒာငြိမ်းတို့ခေတ်က ဒေသကောလိပ်ကျောင်းသူများ သည် ချည်လုံချည်၊ အကျႌခါးတို ကို ဝတ်ဆင်လေ့ရှိခဲ့သည်။ ယနေ့ နှစ် ၂၀ ကျော်ကြာချိန်တွင်လည်း ဖက်ရှင်ရေစီးတစ်ပတ်လည်ကာ မျိုးဆက်သစ် ကျောင်းသူလေး များက ယင်းဖက်ရှင်အတိုင်း။ မ ပြောင်းလဲသည့် လိမ္မော်ရောင်အ ဆောက်အအုံများကို ၎င်းတို့ခေတ် က ဖက်ရှင်ဖြင့် ကျောင်းသူလေး များ၏ပုံရိပ်က အားဖြည့်လိုက် သည့်အခါ လိမ္မော်ရောင်ကို လွမ်း သော အလွမ်းများ ပြေသွားစေခဲ့ သည်ဟု ဒေါ်စန္ဒာငြိမ်းကဆိုသည်။

နှစ် ၂၀ ကျော်ကြာ တက္က သိုလ်ကျောင်းသားများအတွက် အသုံးမပြုခဲ့သည့် လိမ္မော်ရောင် ကောလိပ်နယ်မြေသာယာရေးအ တွက် ရန်ကုန်တက္ကသိုလ်မှတာဝန်ရှိသူများကလည်း   ကြိုးစားပြင် ဆင်နေကြဆဲဖြစ်သည်။

‘‘စာသင်ခန်းတွေကတော့ အဆင်သင့်ပါပဲ။ ကျောင်းပရဝဏ် ကတော့ ပြင်ဆင်ရေးတွေ၊ တချို့ အပိုင်းတွေလုပ်တုန်းပေါ့။ အစ ကတော့ ဒီလိုပဲပေါ့။ တစ်ပတ်၊ နှစ်ပတ်လောက်ဆိုရင်တော့ အ ဆင်ပြေသွားမှာပါ။ ပြန်ဖွင့်တာ ကကို ပျော်စရာပဲလေ’’ဟု ရန်ကုန်တက္ကသိုလ်မှ ကထိကဆရာမ တစ်ဦးက ပြောသည်။

လှိုင်နယ်မြေရှိ    စာသင် ဆောင်များအနက် တစ်ထပ်စာ သင်ဆောင်များ၊ သီရေတာများ ပါဝင်သည့် စာသင်ဆောင်ကြီး များ၊ ကျောင်းသား၊ ကျောင်းသူ များအသုံးပြုမည့် ကျောင်းအိမ် သာများကို ပြန်လည်ပြင်ဆင်နေ ပြီး ပြင်ဆင်ရေးလုပ်ငန်းများနှင့် ကျောင်းပရဝဏ်ရှင်းလင်းရေး လုပ်ငန်းများကို ကျောင်းဖွင့်လှစ် သည့်နေ့အထိ ဆောင်ရွက်နေဆဲ ဖြစ်သည်။

ထို့အပြင်     တက္ကသိုလ် ကျောင်းသားဘဝ၏အမှတ်တရ များရှိနေမည့် တက္ကသိုလ်အ ဆောင်များကိုလည်း နယ်မှ ရန်ကုန်မြို့သို့ လာတက်သည့် ကျောင်းသား၊ ကျောင်းသူများအ တွက် စီစဉ်ပေးထားသည်။ လိမ္မော်ရောင်ကောလိပ်နှင့် မဝေးသည့် လှိုင်နယ်မြေတွင်ပင် ရန်ကုန်တက္ကသိုလ်ခုနစ်ထပ် ကျောင်းသား၊ ကျောင်းသူအဆောင်သစ်ကြီးများ ဆောက်လုပ်ပေးထားသည်။ ကျောင်းသား၊ ကျောင်းသူများအ တွက် နေထိုင်ရန်အသင့်၊ အခန်း တွင်း အသုံးအဆောင်ပစ္စည်းအ ပြည့်အစုံ၊ လုံခြုံရေးဆောင်ရွက် ထားမှုများက ၁၉၉၆ နောက်ပိုင်း မြန်မာတက္ကသိုလ်ကျောင်းသား များအတွက် မရဖူးသော အခွင့် ထူးများဖြစ်သည်။

ကျောင်းပရဝဏ်ကျယ်ဝန်း ခြင်းကြောင့် ပထမဆုံး ကျောင်းစ ဖွင့်လှစ်သည့်နေ့တွင် စာသင်ခန်း ရှာမတွေ့ခြင်းကလည်း ကျောင်း သားသစ်များကို တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုတိုးစေခဲ့သည်။

ဆယ်စုနှစ် နှစ်ခုကျော်တက္က သိုလ်ကျောင်းသား၊ ကျောင်းသူ ဘဝကို မြို့ပြင်တွင် ရှာဖွေနေရ သည့် ကျောင်းသား၊ ကျောင်းသူ များအတွက် သမိုင်းအစဉ်အလာ ကောင်းများရှိခဲ့သည့် ရန်ကုန် တက္ကသိုလ်(လှိုင်နယ်မြေ) ပြန် လည်ဖွင့်လှစ်ခြင်းက စာအုပ်ထဲ တွင်သာ ဖတ်ခွင့်ရခဲ့သော တက္က သိုလ်ဘဝ၊ တက္ကသိုလ်အလှကို ကိုယ်တိုင်ခံစားရတော့မည့်အခွင့် အရေးရရှိလာခြင်းပင်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top